ဘေဂျင်းသို့ အပြန်
Vol. 45 Ch. 669
#ဘာသာပြန် = စနိုးဝှိုက်
ယူနန်တောင်တန်း ဒေသရှိ အိမ်သေးသေးလေး ထဲတွင်..။
ဒီဂျီ နို အံ့ဩနေတဲ့ အချိန်မှာတော့ ကျိုးမင်ချင်းဟာ ဂုဏ်ယူနေခဲ့တယ်..။သူတောင်မှ မယုံကြည်နိုင်ဖြစ်ရပါတယ်..။ယင်းနောက် သူ မှတ်စုစာအုပ်အထူကြီးမှာ ချရေးလိုက်တယ်..။သူ ခနလောက် တွေဝေသွားခဲ့ပြီး ဒါက အရင်တုန်းက မသင်ယူခဲ့ဖူးဘူးဆိုတာကို နာလည်လိုက်ပါတယ်..။
"အကြီးအကဲ ကျိုး..ခင်ဗျားရဲ့ ဆရာ အကြောင်း ပြောပြပေးနိုင်မလား.."
ဒီဂျီနို မျှော်လင့်ချက်တွေနဲ့ မေးလိုက်တာပါ..။တစ်စုံတစ်ယောက်က နှလုံးပိုင်း ဆိုင်ရာမှာ ဒီလောက်အထိ ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
သူ အမေရိကမှာ ကျော်ကြားတဲ့ နှလုံးအထူးကု ဆရာဝန်လို့ ပြောလို့ရပြီး သူ ဒီထက်မက သင်ယူချင်ပါသေးတယ်..။လင်းဖန်က အကြောင်းအရာကို ခနလောက်သာ..ခွဲခြမ်းပြီး လိုအပ်ချက်ကို ချက်ချင်းထောက်ပြပေးနိုင်ခဲ့ပါတယ်..။သူက ပိုကောင်းတဲ့ ကုသမူမျိုးကိုတောင် ညွှန်ကြားပေးခဲ့တာဖြစ်ပြီး ဒါမျိုးကို ဒီဂျီနို အရင်က မမြင်ဖူးပေ..။
ဒါကို အခြေခံရမယ် ဆိုရင် ဒီလိုလူမျိုးနဲ့ တွေ့ရဖို့ကို သူ အတော်လေး စိတ်ဝင်စားမိပါတယ်..။
ကျိုးမင်ချင်းဟာ လေးစားရတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ တကယ်ကို ကျေနပ်ရပါတယ်..။သို့ပေမယ့်..သူ့ဆရာ ဒီလူနဲ့ တွေ့ပါ့မလားဆိုတာတော့ သူလည်း မသေချာပါဘူး..။
"အကြီးအကဲ ဒီ ဒါကို မပြောနဲ့ဲဦး..ကျုပ်တို့မှာ ပိုပြီး အရေးကြီးတာ လုပ်ဖို့ ရှိသေးတယ်လေ.."
ကျိုးမင်ချင်း ပြုံးပြီး ပြောလိုက်တယ်..။ချီဂျီ နဲ့ ကျန်းတောင်တောင် တို့လည်း ဒီခရီးစဥ္မှာ အတော်ကို လေ့လာနိုင်ခဲ့ကြပါတယ်..။ဒါက တကယ်ကို မျက်စိပွင့်တဲ့ အတွေ့အကြုံတစ်ခုပါပဲ..။
ဒီဂျီနို ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ် ကျုပ်တို့မှာ ပိုပြီး အရေးကြီးတာ ရှိသေးတယ်..။ဒါပေမဲ့ အကြီးအကဲ ကျိုး ကျုပ်ကို ကျိန်းသေ သူနဲ့ မိတ်ဆက်ပေးရမယ်နော်..."
…
လေဆိပ်တွင်..။
ကျိုးမင်ချင်းရဲ့ မေးခွန်းက အရမ်းကြီးလည်း မခက်ခဲပါဘူး..။သူ့မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်..။သို့ပေမယ့် သူတို့ကို ပိုပြီး အကျိုးရှိတဲ့ နည်းလမ်းကိုပဲ ပြောပြခဲ့ပါတယ်..။
အချိန်ကို ကြည့်လိုက်တဲ့ အခါမှာတော့..လေယာဥ္ပျံက ထွက်ခါနီးနေခဲ့ပါပြီ..။
ဘေဂျင်း..။
ကျန်းကျောင်ရှန်း သူ့ရဲ့ ပစ္စည်းတွေကို ယူလိုက်ပြီး..
"လီဝမ်..ငါ့ကို လေဆိပ်ကို လိုက်ပို့.."
လီဝမ် ဆိုတာက ကျန်းကျောင်ရှန်းရဲ့ လူယုံတော်ပါ..။သူက ဘေးနားမှာ နေ့တိုင်းရှိနေတယ်လို့လည်း ပြောလို့ရပါတယ်..။ထပ်ပြောရရင် သူ ကျန်းမိသားစု အတွက် အမူထမ်းနေတာက ၁၀ နှစ်လောက် ရှိပါပြီ..။သူ့ ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကျေနပ်သလို ဂုဏ်လည်း ဂုဏ်ယူရပါတယ်..။
"အကြီးအကဲ ကျန်း..ဒီနေ့ ဘာတွေများ ပျော်စရာ ကိစ္စရှိနေလို့လဲ.."
လီဝမ် ကားမောင်းရင်းနဲ့ အကြီးအကဲ ကျန်း ပြုံးနေတာကို မြင်ပြီး မေးလိုက်တာပါ..။
အကြအကဲ ကျန်း ပြုံးလိုက်ပြီး..
"လီဝမ် အကြီးအကဲ လင်းက ပြန်လာပြီလေ..။ဒါက ကျိန်းသေ ပျော်စရာ ကိစ္စပဲပေါ့.."
လီဝမ် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး...
"မာစတာလင်း ပြန်လာပြီလား..။ဒါက ကျိန်းသေ ပျော်စရာ ကိစ္စပဲပေါ့.."
အကြီးအကဲ ကျန်းရဲ့ မြေးလေးကို မာစတာလင်းက ကုသပေးခဲ့တာပါ..။လီဝမ် အတွက်ကတော့..အကြီးအကဲ ကျန်းရဲ့ ကျေးဇူးရှင်ကလည်း သူ့ရဲ့ ကျေးဇူးရှင်ပါပဲ..။ဒါကြောင့် သူလင်းဖန်ကို အတော် လေးစားပါတယ်..။
အကြီးအကဲ ကျန်း ပြုံးလိုက်ပြီး.
"ဒီတစ်ကြိမ် အကြီအကဲလင်းရဲ့ အကူညီနဲ့ဆိုရင် နိုင်ငံတကာ အနုပညာပြပွဲက ချောချောမွေ့မွေ့နဲ့ ပြီးသွားလိမ့်မယ်..။ဒါက လွန်ခဲ့တဲ့ ၃ နှစ်နဲ့ လုံးဝ တူညီမှာ မဟုတ်တော့ဘူး.."
လွန်ခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံတကာ အနုပညာ ပြပွဲမှာ သူတို့ရဲ့ အဆင့်အတန်းက တကယ်ကို ရှက်စရာပါပဲ...။သူတို့နောက်ဆုံးကနေ ရေတွက်ရင် ဒုတိယ သာ ရရှိခဲ့ကြပါတယ်..။သူတို့ နိုင်တာဆိုလို့ အိန္ဒိယ တစ်နိုင်ငံတည်းပါပဲ..။ဒါကို ဘယ်လိုလက်ခံနိုင်ရ မှာလဲ...။
ဒီတစ်ကြိမ်မှာတော့ သူ့မှာ ယုံကြည်မူ အပြည့်ရှိပါတယ်..။ဒါကအကြီးအကဲ လင်းကြောင့်ပါပဲ..။ထပ်ပြောရရင် အကြီးအကဲလင်းက ပန်ချီကား ၁၀ ချပ်ပေးမှာပါ..။ဒါကိုမှ ထပ်ပြီး အမှတ်တွေ နည်းနေဦးမယ်ဆိုရင် တကယ်ကို အကူညီမဲ့စရာပါပဲ..။
ညနေ ၅ နာရီ..။
လေဆိပ်တွင်..။
ဇိမ်ခံကားတစ်စီးဟာ အပြင်ဘက်မှာ ပါကင်ထားလိုက်တယ်..။လီဝမ် ကားပေါ်က ချက်ချင်းဆင်းပြီး အကြီးအကဲ ကျန်းရဲ့ ကားတံခါးကိုဖွင့်ပေးလိုက်ပါတယ်.။
"အကြီးအကဲ ကျန်း ကျွန်တော် မာစတာလင်းကို သွားကြိုလိုက်မယ်လေ..။ကားထဲကနေ စောင့်နေလိုက်ပါလား.."
လီဝမ် ပြောလိုက်တာပါ..။
အကြီးအကဲ ကျန်း လက်ဝေ့ယမ်းလိုက်ပြီး..
"ဒါက အဆင်ပြေတယ်..။ငါ့ သူငယ်ချင်းက အဝေးကြီးကနေ တောင် လာခဲ့ရတာလေ..။ကားထဲမှာနေလို့ အဆင်ပြေမှာ မဟုတါဘူး..။သွားရအောင်..."
လီဝမ် ဘာမှ ထပ်မပြောတော့ပဲ သူဘောတူလိုက်ပါတယ်..။
လင်းဖန်ကတော့ လေယာဥ္ပေါ်က ဆင်းပြီးနေခဲ့ပါပြီ..။အကြီးအကဲ ကျန်း သူ့ကို လာကြိုမယ် ဆိုတာကို သူသိထားပြီးသားပါ..။ဘေဂျင်းအတွက်ကတော့ ဒါက အမြဲတမ်း နေရာကောင်းတစ်ခုလို့ ခံစားရပါတယ်..။ဘာပဲဖြစ်ဖြစ် ဒါက မြို့တော် ဖြစ်တာကြောင့် တစ်ခြား..မြို့တွေက ယှဥ္နိုင်ဖို့ မဖြစ်နိုင်ပါဘူး..။
သူ အထုတ်အပိုးတွေ သယ်ပြီး ထွက်လာတဲ့ အချိန်မှာ ပဲ အကြီးအကဲ ကျန်းနဲ့ လီဝမ်ကို တွေ့လိုက်ပါတယ်..။သူ ပြုံးကာ ရှေ့ကို သွားလိုက်ပြီး..
"အကြီးအကဲ ကျန်း..ဒီကိုကိုယ်တိုင်လာခဲ့ရလို့ ပြသနာ ဖြစ်ရပြီ.."
အကြီးအကဲ ကျန်း ပြုံးလိုက်ပြီး..
"အကြီးအကဲလင်း..ကျုပ်က ကြယ်တွေ လတွေကို ကြည့်နေတာလေ..။နောက်ဆုံးတော့ အကြှီးအကဲလင်း ဒီီကို ရောက်လာပြီပဲ.."
လီဝမ် ရှေ့ကို တက်သွားလိုက်ပြီး..
"မာစတာလင်း..အထုတ်တွေ ကျွန်တော်သယ်ပေးမယ်.."
"ကျေးဇူးပါ လီဝမ်.."
လင်းဖန် ခေါင်းညိမ့်ပြလိုက်တယ်..။ယင်းနောက် သူ ဘာမှ ထပ်မပြောတော့ပဲ..အထုတ်အပိုးတွေကို ပေးလိုက်ပါတယ်..။
အကြီးအကဲ ကျန်း သံသယဖြစ်စွာပြောလိုက်တယ်..။
"အကြီးအကဲလင်းကို မကြိုဆိုတာ မဟုတ်ပါဘူး..။ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်ချလာတာလဲ..။တစ်ခုခု လုပ်စရာ ရှိသေးလို့လား.."
လင်းဖန် အစေားကြီး မလာချင်ပါဘူး..သို့ပေမယ့် နိုင်ငံတကာ အနုပညာပြပွဲက အတော်ကို အရေးကြီးပါတယ်..။ ထပ်ပြောရရင် သင့်တော်တဲ့ ကိရိယာတွေကို ရှာဖွေဖို့က အတော်ခက်ခဲတာပါ.။ဒါကြောင့် အဖွဲ့အစည်းမှာ ဆွဲတာက အကောင်းဆုံးပါပဲ..။
အကြီးအကဲ ကျန်းဟာဒါကိုကြားတဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။သူလိုချင်တဲ့ ပစ္စည်းကိရိယာတွေဆိုတော့..သာမန် ပန်ချီကား ဆွဲယုံမဟုတ်လောက်တော့ပါဘူး..။အကြီးအကဲ လင်းက ဘယ်လို ပန်ချီကားမျိုးကို ဆွဲမှာလဲ...။
ဒါကို တွေးမိတဲ့ အချိန်မှာ အကြီးအကဲ ကျန်း စိတ်လှုပ်ရှားသွားခဲ့တယ်..။သူလည်း မျှော်လင့်ချက်တွေိနဲ့ ပြည့်နေခဲ့ပါတယ်..။သူ အချိန်ကို ကြည့်လိုက်တဲ့အချိန်မှာပဲ ဒီအတွေးတွေဟာ ပျောက်ကွယ်သွားခဲ့တယ်..။
"ကောင်းပြီ ဒီအကြောင်း မပြောပဲ နေရအောင်..။အိမ်လိုက်ခဲ့လိုက် ငါ့မိန်းမက ညစာ ချက်ပြုတ်ပေးနေတယ်.."
လင်းဖန် ပြုံးလိုက်ပြီး.
"ကောင်းပြီလေ ကျွန်တော် အတော်ကံကောင်းတာပဲ.."
ယင်းနောက်လင်းဖန် တစ်ခုခုကို တွေးမိသွားပြီး မေးလိုက်တယ်..။
"အကြီးအကဲ ကျန်း ချင်ကျိုးက မာမူဖန်းကို သိလား..."
ကျန်းကျောင်ရှန်း ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေါ့ သိတာပေါ့..။ဒီလို လူမျိုးတည်ရှိနေလိမ့်မယ်လို့ ကျုပ်တောင် မထင်ထားခဲ့ဘူး..။ဒါက တကယ်ကို ရှက်စရာပဲ..။အစိုးရကလည်း သေချာ စုံးစမ်းစစ်ဆေးပြီး ဖမ်းဆီးဖို့ ညွှန်ကြားထားပြီးပြီလေ..။ဒါပေမဲ့ အကြီးအကဲလင်း..နောက်တစ်ခါ ဒီလိုလူမျိုးတွေနဲ့ တွေ့ရင် ကျုပ်ကို အကြောင်းကြားပါ..။ကျုပ်က အနားယူထားပြီးပြီ ဆိုပေမယ့် လူပ်ပိုင်ခွင့်တွေရှိပါသေးတယ်..."
လင်းဖန် ပြုံးလိုက်ပြီး..
"အကြီးအကဲ ကျန်း ကျွန်တော် အဲတာကို ပြေနေတာ မဟုတ်ဘူး..။မာမူဖန်းရဲ့နောက်မှာ နောက်ထပ် လူတစ်ယောက် ရှိသေးတယ်..။ကျွန်တော်လည်းအစက မသိဘူး ဒါပေမဲ့ အဲ့လူက ဖုန်းခေါ်ခဲ့တယ်လေ..။ကျွန်တော့်ရဲ့ စုံစမ်းမူအရတော့ ဒီလူက ဘေဂျင်းက ဖြစ်လိမ့်မယ်..။ဘယ်သူမှန်းလဲသာ မသိတာ..။ဘယ်သူကများ ဒီလို နောက်ကွယ်ကနေရအောင် စွမ်းဆောင်နိုင်မယ်လို့ ထင်လဲ..။သူက အင်အားကြတဲ့လူပဲဖြစ်ရမယ်.."
ကျန်းကျောင်ရှန်း ကြောင်အသွားခဲ့တယ်..။
"ဒီလို အရာရှိနေတာလား..။ဒီလိုဆိုရင်တော့ အကောင်ကြီး တစ်ကောင်ပဲဖြစ်ရမယ်..။ဒိီနောက်ကွယ်မှာ တစ်ခြားအရာတွေ ရှိနေမလား ဆိုတာတောင် စိုးရိမ်မိတယ်.."
ဒါကို ပြောပြီးနောက်မှာ ကျန်းကျောင်ရှန်း ပိုလေးနက်သွားခဲ့တယ်..။ကြည့်ရတာ သူ ဒီကိစ္စကို ဖြေရှင်းဖို့ အတော်လေးနက်နေတဲ့ ပုံပါပဲ..။
သို့ပေမယ့် နောက်ကွယ်မှာ ဘာတွေဖြစ်နေမလဲ ဆိုတာ မသိသေးပေ..။
ယင်းနောက် ကျန်းကျောင်ရှန်း ပြုံးလိုက်ပြီး..
"ဒါကို မတွေးနဲ့ဦး..။ငါတို့ အမြန်ပြန်ကြရအောင်..။ငါ မိန်းမ စိတ်မရှည်ဖြစ်နေဦးမယ်.."
ယင်းနောက် သူ လေးနက်စွာ ထပ်ပြောလိုက်တယ်..။
"ဒါပေမဲ့ ဒီကိစ္စကို အလျင်စလို မလုပ်နဲ့..။နောက်ကွယ်က လူတွေက သာမန် မဟုတ်လောက်ဘူး..။သူတို့က ကျိန်းသေ အကောင်ကြီးတွေပဲ ဖြစ်ရမယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် သိပါတယ်.."
တကယ်လို သူသာ ဘယ်သူလဲ ဆိုတာ ရှာတွေ့ရင် လုံးဝ အလွှတ်ပေးမှာ မဟုတ်ပါဘူး..။လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်အရ ဘာကိုမှ ကြောက်စရာ မလိုပေ..။