← Chapters

အပြည့်အဝ အံ့ဩမူ..

Vol. 45 Ch. 671

အပြည့်အဝ အံ့ဩမူ..

Vol. 45 Ch. 671

#ဘာသာပြန် = စနိုးဝှိုက်

မြင်ကွင်းတစ်ခုလုံးကို ကြည့်လိုက်တဲ့ အချိန်မှာ လင်းဖန် ကျေနပ်သွားခဲ့တယ်..။ကျေနပ်လွန်းလို့ စိတ်ထဲမှာတောင် အနည်းငယ် လှုပ်ရှားသွားခဲ့ပါတယ်..။စွယ်စုံကျမ်းက ဒီလိုကျော်ကြားတဲ့ ပန်ချီဆရာကြီးတွေရဲ့ ကျွမ်းကျင်မူတွေကို သူ့ဆီကို ပို့ပေးခဲ့တာပါ..။

ပြီးတော့ သူ ဆွဲလိုက်တဲ့ ပန်ချီတိုင်းကလည်း အရင်တုန်းက ရှိခဲ့ဖူးတဲ့ စွယ်စုံကျမ်းထဲက ပန်းချီကားတွေနဲ့ တစ်ထပ်တည်းပါပဲ..။

နောက်တစ်ရက်..။

တရုတ်အနု့ပညာ အဖွဲ့အစည်းက လူတွေ အကုန်လုံး စိတ်လှုပ်ရှားနေခဲ့ကြတယ်..။သူတို့ထဲက တစ်ချို့ဆိုရင် အနုပညာ ခန်းမကိုတောင် သွားပြီးစောင့်နေလိုက်ကြပါတယ်..။လင်းဖန် စတင်ပြီး ဆွဲနေပြီ ဆိုတာကို သူတို့ သိထားကြပြီးသားပါ..။

အဖွဲ့အစည်းကို နောက်ပိုင်းမှ ဝင်ရောက်လာကြတဲ့လူတွေဟာ ပြတင်းပေါက်ကနေ တဆင့်ချောင်းကြည့်ဖို့တောင် ကြိုးစားနေခဲ့ကြတယ်..။သူတို့က ကိုယ်ပိုင်အရည်အချင်းအပေါ် ယုံကြည်မူရှိကြတဲ့ လူတွေဖြစ်ပြီး..မာစတာလင်းက အဖွဲ့အစည်းရဲ့ နံပါတ် ၁ ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ သူတို့ သိချင်သွားခဲ့ပါတယ်..။ဒီ ငနဲက ဘယ်လောက်တောင် ထူးချွန်လို့ အကုန်လုံးက အခုလိူ နွေးနွေးထွေးထွေး ကြိုဆိုနေကြတာလဲ ဆိုတာကို သိချင်နေခဲ့ကြတာပါ..။

သူက အရမ်းငယ်ပါသေးတယ်...။ဒါကြောင့် သူတို့ထဲက တစ်ချို့က လင်းဖန်ကို သူတို့ မယှဥ်နိုင်ဘူးဆိုတာ လက်မခံနိုင်ကြပါဘူး..။

သိူ့ပေမယ့် ဥက္ကဌ ကျန်းက မာစတာလင်းကို ဘယ်သူမှ မနှောက်ယှက်ရဘူးလို့ အမိန့်ပေးပြီးသားပါ..။ဒါကြောင့် သူတို့အခန်း အပြင်မှာ ရပ်နေရင်တောင် ဘာသံမှ မထွက်ကြပါဘူး..။

ဒါပေါ့..အစကတော့..အကြီးအကဲ ကျန်း ရဲ့ စကားဖြစ်တဲ့ ဘယ်သူမှ အနားမကပ်ရဘူးဆိုတဲ့ စကားကို နားထောင်ကြပါတယ်..။သို့ပေမယ့် ကြာလာတဲ့ အချိန်မှာတော့ ဒီစကားက မပြောခဲ့သလိုပါပဲ..။

ဘာပဲဖြစ်ဖြစ် မာစတာလင်းရဲ့ ပန်းချီကား ဆွဲတာကို မြင်နိုင်တဲ့ အခွင့်အရေးက သိပ်အများကြီး မရှိပေ..။သူတို့ ဒီကိုရောက်နေပြီ ဆိုမှတော့ တစ်ခုခုတော့ သင်ယူရမှာပါ..။

အဲ့အချိန်မှာပဲ..ကျန်းကျောင်ရှန်း ..ယွဲ့ချီဂျုရှီ နဲ့ တာအိုရှီဂန် တို့ ရောက်လာခဲ့ကြတယ်..။

လူတိုင်းက ပြောလိုက်တယ်..။

"ဥက္ကဌ.."

" ရူး "

ကျန်းကျောင်ရှန်း လူတိုင်းကို တိတ်တိတ်နေဖို့ ညွှန်ပြလိုက်တယ်..။ယင်းနောက် သူ ပြတင်းပေါက်ကနေ တဆင့် အထဲကို ကြည့်လိုက်ပါတယ်..။လင်းဖန် က မတ်တတ်ရပ်နေပြီး လုံးဝ မလှုပ်တာကို သူ မြင်လိုက်တယ်..။သူ့ကြည့်ရတာ အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လိုပါပဲ..။

ကျန်းကျောင်ရှန်း တီးတိုးပြောလိုက်တယ်..။

"အားလုံးပဲ ကြည့်ထားကြ..။ဒါက တကယ့်မာစတာ အစစ်အမှန်တွေ က အတွေးတွေးကို တည်ငြိမ်စေပြီး ပန်ချီမဆွဲမှီစိတ်ကို ငြိမ်သက်အောင်လုပ်နေတာပဲ..။သူ စုတ်တံကို ကိုင်လိုက်တာနဲ့..နတ်ဘုရားတစ်ယောက် ပြောင်းသွား သလို ဖြစ်သွားလိမ့်မယ်..။လူတိုင်းက ဒီလိူ အဆင့်ရောက်ဖို့ ကြိုးစားနေကြပေမယ့် လူအနည်းငယ် လောက်ကပဲ ဒီအဆင့်ကို ရောက်နိုင်ကြတယ်လေ.."

လူတိုင်းဟာ အံ့ဩသွားပြီး သက်ပြင်းချလိုက်တယ်..။မာစတာကတော့ တကယ်ကို မာစတာ ပါပဲ..။ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိူ အဆင့်အတန်းကို ရောက်နေတာက သူတိူ့ကို အံ့ဩသင့်စေပါတယ်..။

တကယ်လို့ လင်းဖန် သာ အကြီးအကဲ ကျန်း သူ့ကို ချီး​ကျူးနေတာကို သိရင် အတော်ကို ရှက်ရွ့ံမိမှာပါ..။အမှန်တကယ်တော့..လင်းဖန် ငြိမ်နေတယ် ဆိုတာက စွယ်စုံကျမ်းထဲက ဆွဲရမယ့် ပုံကို ကြည့်နေတာပါပဲ..။

သူက အမှန်တကယ်ပဲ ဒီလို လူမျိုးလား..

အမှန်တကယ်က ဘယ်ပုံကို စဆွဲရမလဲဆိုတာ ခက်နေလို့ပါပ​ဲ..။

အဲ့အချိန်မှာပဲ လင်းဖန် မျက်လုံးပွင့်လာခဲ့တယိ..။သူ ဘယ်ပုံစဆွဲ ရမလဲ ဆိုတာကို ဆုံးဖြတ်ပြီးသွားပါပြီ..။

"မြစ် နတ်သမီး အိုဒီ ရဲ့ ပန်ချီကား..."

ဒီပန်ချီကားမှာက..အလျား ၈ စင်တီမီတာ နဲ့ အကွာအဝေး ၁ စင်တီမီတာ စီခြား ဆွဲရမှာ ဖြစ်ပြီး ကျွမ်းကျင်မူ မြင့်မားတဲ့ ပုံတစ်ပုံအဖြစ်သတ်မှတ်ထားပါတယ်..။ဒီပန်ချီကား ဖန်တီးပြီးသွားရင် တစ်စုံတစ်ယောက်က ဒီနောက်ကွယ်က..ဇာတ်လမ်းကို ပါ နားလည်သဘောပေါက်နိုင်မှာပါ..။

"သူစနေပြီ သူစနေပြီ..မာစတာလင်း နောက်ဆုံးတော့ စုတ်တံကို ကိုင်လိုက်ပြီ.."

"သူ ပန်ချီဆွဲတဲ့ နှုန်းက အရမ်းမြန်လွန်းတယ်..။သူ့ကြည့်ရတာ စဥ်းစားစရာတောင် မလိုတဲ့ ပုံပဲ.."

ကျန်းကျောင်ရှန်း ကျန်တဲ့လူတွေကို သင်ခန်းစာ ပေးလိုက်တယ်..။

"မင်းတို့ ဘာသိလို့လဲ..။ဒါက အများကြီး တွေးဖို့လိုအပ်တာပေါ့..။ဒါပေမဲ့ ပန်ချီဆွဲတာမှာ

တကယ့်မာစတာဖြစ်သွားရင် သူ အတွေးစကို စတင်လိုက်တာနဲ့ နောက်ပိုင်းအတွေးတွေက ဖော်မြူလာအတိုင်း ဖြစ်ပေါ်လာပြီး . အားလုံးကို ဆက်တိုက် ရေးဆွဲနိုင်သွားလိမ့်မယ်.."

လူတိုင်းခေါင်းညိမ့်လိုက်ကြတယ်..။သူတို့ အကုန်လုံး မာစတာလင်းရဲ့ ကျွမ်းကျင်မူတွေကြောင့် အံ့ဩသင့်နေခဲ့ကြပါတယ်..။အဲ့အချိန်မှာပဲ သူတို့က မာစတာလင်းရဲ့ အဆင့်အတန်းနဲ့ အတော်အလှမ်းဝေးတယ်လို့ ခံစားလိုက်ကြရတယ်..။

သူ့ရဲ့ လှုပ်ရှားမူတွေနဲ့တင် လူအများစုရဲ့ စိတ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်..။

သို့ပေမယ့် လင်းဖန်က ဘာမှ တွေးမနေဘူးဆိုတာတော့ သူတို့ မသိခဲ့ပါဘူး..။သူက ဒီတိုင်း စွယ်စုံကျမ်း ထဲက ပန်းချီကားကို ကော်ပီ ကူးချနေတာပါ..။ဒါက ဘာမှ စဥ်စားစရာ မလိုအပ်တဲ့ အရာပါပဲ..။

အချိန်တွေဟာ တဖြည်းဖြည်း ဖြတ်ကျော်သွားခဲ့တယ်..။

၅ မီတာ ရှည်တဲ့ ပန်ချီကားချပ်ပေါ်မှာ ရုပ်ပုံက ပိုပိုပြီး ထွက်ပေါ်လာခဲ့ပါတယ်..။အပြင်က လူတွေဟာ ပန်ချီကားကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့်..ပန်ချီကားကနေ ဥာဏ်ပညာ မီးတောက် လေးတွေ လာပြီး ရိုက်ခတ်နေသလို တောင် ခံစားနေရပါတယ်..။

အဲ့အချိန်မှာတော့ အကုန်လုံး တိတ်ဆိတ်နေခဲ့တယ်..။ဘယ်သူကမှ ဘာစကားတစ်ခွန်းတောင် မပြောခဲ့ပါဘူး..။သူတို့ကြည့်ရတာ သူတို့ ပါးစပ်က စကားတစ်ခွန်းထွက်လိုက်တာနဲ့ မာစတာလင်းကိုအနှောက်အယှက် ဖြစ်သွားမယ့် ပုံပါပဲ..။

တစ်နာရီ ကုန်သွားတယ်..။

နှစ်နာရီ ကုန်သွားတယ်..။

လေးနာရီ ကုန်သွားတယ်..။

အထဲမှာ ရှိနေတဲ့ လှုပ်ရှားမူတွေကတော့..မရပ်မနားပါပဲ..။

ယွဲချီဂျုရှီ တီးတိုးပြောလိုက်တယ်..။

"အကြီးအကဲ လင်းက ပန်ချီဆွဲတာ အရမ်းပြင်းထန်နေပြီ..။သူ တစ်ခုခု ဖြစ်သွားနိင်လား.."

ကျန်းကျောင်ရှန်းလည်း စိတ်ပူနေပြီး ပြန်ပြောလိုက်တယ်..။

"ငါလည်း မသိဘူးလေ..ဒါပေမဲ့ အခုချိန်မှာ အကြီးအကဲ လင်းကို သွားနှောက်ယှက်လို့ မရဘူး..။တကယ်လို့ သူ တစ်ခုခုဖြစ်သွားရင် ဒါက အောင်မြင်ဖို့ ခြေတစ်လှမ်း အလိုမှာတင် ကျဆုံးသွားလိမ့်မယ်.."

တာအိုရှီဂန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ..။အကြီးအကဲ လင်း ပန်ချီဆွဲနေတာက ကျုပ်တို့နဲ့ မတူဘူး..။ကျုပ်တို့ ပန်ချီဆွဲရင် ကြားထဲမှာတော့ အနားယူကြတာပဲ..။ဒါပေမဲ့ အကြီးအကဲလင်းက အခုထိ စုတ်တံကို လက်က မချသေးတာ မြင်တယ်မလား..။တကယ်လို့ ကိုယ်တိုင်သာ..မမြင်ရပဲ သူများပြောတာ ကြားရရင် အတော်ကြောက်ဖို့ ကောင်းတယ်လို့ တွေးမိမှာ.."

ဘေးနားမှာ ရှိကြတဲ့ အဖွဲ့ဝင်တွေဟာ အထဲကို ကြောင်အစွာ ကြည့်နေခဲ့ကြတယ်..။အခုက အ နာရီ နီးပါး ရှိနေခဲ့ပါပြီ..။တကယ်လို့ သူတို့သာ ဆိုရင် ပင်ပန်းလို့ အစောကြီးကတည်းက အနားယူလိုက်ကြမှာပါ..။ဘယ်လိုဖြစ်ပြီး မာစတာလင်းက ဒီလောက် အပြင်းအထန်ကြိုးစားပြီး မရပ်နားသေးတာလဲ..။

တစ်ချို့ အဖွဲ့ဝင်တွေဟာ လက်ခံဖို့ ခက်ခဲနေခဲ့ကြတယ်..။သူတို့ စောင့်ကြည့်နေကြရင်းကနေ တောင် ကြောက်ဖို့ကောင်းတယ်လို့ ခံစားမိလိုက်ကြပါတယ်..။မာစတာလင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အချိန်တွေ အကြာကြီးကို ဆက်တိုက်ဆွဲနိုင်ရတာလဲ သူတို့ တကယ်နားမခည်နိုင်ကြတောပါဘူး..။

ဒါက တကယ် ကြောက်စရာပဲ..။

၇ နာရီ ကုန်သွားတယ်..။

ဒေါက်..

လူတိုင်းဟာ မာစတာလင်း စုတ်တံကို ချလိုက်ကို တွေ့လိုက်ကြပါတယ်.။လူတိုင်းဟာ နှလုံးခုန်သံတွေ မြန်နေပြီး ဒါက ဘယ်လိူအခြေအနေ မှန်းတောင် မသိကြတော့့ပါဘူး..။

ယင်းနောက် လင်းဖန် ချက်ချင်းပဲ..အသက်ကို ပြင်းပြင်းရူလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်..။သူ ဘယ်သူ့ကိုမှ ဘာမှ မပြောပဲ..သူ့ ခန္တာကိုယ်ကို အကြောဆန့်လိုက်တယ်..။

* ခရက် *

အရိုးတွေ ကနေ အသံတွေ ထွက်ပေါ်လာခဲ့တယ်...။

လူတိုင်းဟာ ဒီအသံကို ကြားတဲ့ အချိန်မှာကြောင်အသွားခဲ့ကြတယ်..။မာစတာလင်း ဘယ်လောက်တောင် ပင်ပန်းခဲ့လဲ ဆိုရင် ခန္တာကိုယ်ကို နည်းနည်းလေး လှုပ်တာနဲ့တောင် အရိုးတွေက အသံတွေ မြည်လာခဲ့တာပါ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ လူတိုင်း အခန်းထဲက ပန်ချီကားဆီ လှမ်းကြည့်လိုက်ကြတယ်..။

သူတို့ရဲ့ စိတ်ထဲမှာတော့ အရမ်းသိချင်နေခဲ့ကြပါတယ်..။ဒါက ထန်းလျှက်ခဲ တစ်လုံးပေါ်ပုံကို ပုရွတ်ဆိတ်တွေ ဝိုင်းအုံတော့မယ့် အတိုင်းပါပဲ..။သူတို့ အကုန်လုံးက အရင်ဆုံး ကြည့်ချင်နေကြတာပါ..။

ကျန်းကျောင်ရှန်းလေး အတူတူပါပဲ..။သို့ပေမယ့် သူမေးလိုက်တယ်..။

"အကြီးအကဲလင်း ပြီးသွားပြီလား..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အင်း..ကျွန်တော် ပြီးသွားပြီ..။ကျုပ်သွားပြီး အနားယူတော့မယ် ခင်ဗျားတို့ ကြည့်ချင်သွားကြည့်ကြလေ..။ဒါပေမဲ့ ပျက်ဆီးတာမျိုးတော့ မဖြစ်စေနဲ့ဦး.."

ဒါကို ကြားတဲ့ အချိန်မှာကျန်းကျောင်ရှန်းဟာ အရင်ဆုံး အထဲကို ဝင်လိုက်တယ်..။

ပြီးမှ သူ့နောက်က လူတွေကို ပြောလိုက်ပါတယ်..။

"ဘယ်သူမှ အနားအရမ်းကပ်ပြီး မထိရဘူးနော်..။အကုန်လုံး အဝေးကနေ ရပ်ပြီးပဲ ကြည့်ကြ.."

ဒါက အရေးကြီးတဲ့ ပန်းချီကားဖြစ်တာကြောင့်သူ အကုန်လုံးကို သတိပေးလိုက်တာပါ...

ဒါက သူတို့ အကြီးအကဲ လင်းရဲ့ ပန်ချီကို မမြင်ဖူးလို့ မဟုတ်ပါဘူး..။သို့ပေမယ့် သူ အချိန်ယူတဲ့ ပမာဏကို ကြည့်လိုက်ရင် အရင် ပန်ချီကားတွေနဲ့ ယှဥ်လို့မရမှန်း သိနိုင်ပါတယ်..။

ဘယ်လို ပန်ချီကားမို့လို့ အကြီးအကဲလင်းက အချိန် အကြာကြီး ယူထားတာလဲ...။

လူတိုင်း ပန်ချီကားကို မြင်လိုက်ရတဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြပါတယ်..။တစ်ခုတည်းသော ထွက်ပေါ်နေတဲ့ အသံကတော့ အသက်ရူသံတွေပါပဲ..။

သူတို့ စိတ်ကို အများကြီး ပြင်ဆင်ထားတာတောင် ဒါက မလုံလောက်ခဲ့ကြပေ..။

"ချီးပဲ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."

"ဒါက တကယ် ကြောက်ဖို့ ကောင်းတယ်.."

"ပန်ချီကားထဲက နတ်သမီးက အသက်ရှင်နေပြီး ငါ့ရှေ့မှာ လမ်းလျောက်နေသလို ခံစားနေရတယ်.."

ကျန်းကျောင်ရှန်းရဲ့ မျက်လုံးကြီးဟာ ပြူးကျယ်နေခဲ့ပါတယ်..။သူ့ မျက်နှာက လုံးဝ မရွေ့တော့ပါဘူး..။သူ ပန်ချီကားထဲမှာပဲ နစ်မြုပ်နေခဲ့ပါပြီ..။

ပန်ချီကားကို ထိမိမှာကြောင့် ဘယ်သူမှ အနားမကပ်ရဲ့ကြပေ..။သို့ပေမယ့် ကျန်းကျောင်ရှန်း ဟာ မသိစိတ်နဲ့ ရှေ့ကို တစ်လှမ်း တိုးမိသွားပြီး မျက်လုံးကတော့ တောက်ပနေခဲ့ပါတယ်..။

အထူးသဖြင့် ပန်းချီကားထဲက အသက်ဝင်နေတဲ့ ပုံရိပ်တွေက အမှန်တကယ်ပဲ..အပြင်လောကကြီးမှာ မြင်နေရသလို ခံစားနေရတာပါ..။

"အရမ်း အံ့ဩဖို့ကောင်းတာပဲ.."

ဒီလို ပန်းချီကားကို ဘယ်သူမှ အကဲဖြတ်ရဲမှာ မဟုတ်ပေ..။သူတို့အကုန်လုံးဟာ ဒီပန်းချီကားရဲ့ အဆင့်အတန်းမြင့်မှားမူကြောင့်..ကိုယ့်ကိုကိုတောင် သိမ်ငယ်စိတ်တွေ ဖြစ်လာမိခဲ့ပါတယ်..။

All Chapters