← Chapters

ဆက်ပြီး အံ့ဩမူ..

Vol. 45 Ch. 672

ဆက်ပြီး အံ့ဩမူ..

Vol. 45 Ch. 672

#ဘာသာပြန် = စနိုးဝှိုက်

လူတိုင်းဟာ ပန်ချီကားထဲမှာ နစ်မြုပ်နေခဲ့ကြတယ်..။တရုတ်အနုပညာ အဖွဲ့အစည်းက..မာစတာက အဆင့်အတန်းမြင့် ပေမယ့်..ဒီလို ပုံစံမျိူး ဆွဲလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။

တကယ်လို့ သူတို့စဥ်းစားနိုင်ရင်တောင် သူတို့ လိုက်ဆွဲနိုင်မယ်လို့ မဆိုလိုပါဘူး..။

နေရာ တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်..။ဘယ်မျက်လုံးကမှ..ပန်ချီကားကနေ ခွာမသွားခဲ့ပါဘူး..။အစကနေ အဆုံးအထိ ..မြင်ကွင်းတစ်ခုလုံးဟာ..အားလုံးကို ကြောင်အနေခဲ့ပါတယ်..။

ဒီပန်ချီကားက အရင်တုန်းက..တစ်ခါမှ မရှိဖူးတံ့ ပန်ချီကားမျိုးပါပဲ..။ခေတ်အဆက်ဆက် နဲ့ မျိုးဆက် အဆက်ဆက်က..ဆင်းသက်လာတဲ့..ပန်ချီကားတွေတောင် ဒီလောက် လှပမှာ မဟုတ်ပါဘူး..။

မရှိတာတောင် ဖြစ်နိုင်ပါတယ်..။

လက်ဆင့်ကမ်းလာတဲ့ ပန်ချီကားတွေက..လွန်ခဲ့တဲ့ နှစ်ပေါင်းတစ် ကျော်က ဆင်းသက်လာတာကြောင့်..အချိန်ရဲ့ တန်ဖိုး..သမိုင်းရဲ့ တန်ဖိုး..နဲ့ ယဥ်ကျေးမူ တန်ဖိုးတွေလည်း ရှိပါတယ်..။ဒါက အဲဲဒီ ပန်ချီကားတွေရဲ့ တန်ဖိုးတွေကိုတောင် နောက်ချန်ထားနိုင်ခဲ့တာပါ..။

သို့ပေမယ့်..ပန်ချီကားကို မြင်ပြီးတဲ့ နောက်မှာ အကုန်လုံး တူညီတဲ့ အတွေးရှိနေခဲ့တယ်..။ဒီ ပန်ချီကားက အကုန်လုံးကို ကျော်လွန်သွားခဲ့ပါပြီ..။

အတော်ကြာပြီးနောက်..။

လူတိုင်းဟာ..ပန်ချီကားကို အရမ်းကျေနပ်နေခဲ့ကြတယ်..။ယင်းနောက် ..ကျန်းကျောင်ရှန်းဟာ..အကူညီမဲ့စွာ ရေရွတ်လိုက်တယ်..။

"တကယ်လို့ ဒီပန်ချီကားကိုသာ အကြီးအကဲ လင်း ငါ့ကို လက်ဆောင်ပေးမယ်ရင် ..ဘယ်လောက် တောင် ကောင်းလိုက်မလဲ.."

ယွဲ့ချီဂျုရှီ ပြောလိုက်တယ်..။

"အကြီးအကဲ ကျန်း..ဒီ အကြောင်းကို တွေးတောင် မတွေးလိုက်နဲ့..။ဒီ ပန်ချီကား ရဲ့ တန်ဖိုးက နှိုင်းယှဥ်လို့တောင် မရဘူး..။ကျုပ်ချဲ့ကားပြီး ပြောတာတော့ မဟုတ်ဘူး ဒါပေမဲ့ ဒီပန်ချီကားက..နိုင်ငံရဲ့ အမွေအနှစ် ပန်ချီကားတွေထက်တောင် သာသေးတယ်..။ကျုပ် အမြင်အရတော့..နောက်ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာ လောက်ဆိုရင် ဒီပန်ချီကား..က သမိုင်းရဲ့ အမွေအနှစ်ဖြစ်သွားလိမ့်မယ်.."

တာအိုရှီဂန် ခေါင်းညိမ့်လိုက်တယ်..။သူတို့ ဒီပန်ချီကားကို ချီးမြောက်ပြီး ပြောနေကြတယ် ဆိုပေမယ့် ဒါက အမှန်တရားတွေပါ..။ဒီပန်ချီကားက တကယ်ကို အရမ်းမြင့်တဲ့ အဆင့်အတန်း ရှိတာပါ..။

ကျန်းကျောင်ရှန်း ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ကျုပ်သိပါတယ်..ဒီပန်ချီကားက လူတိုင်းရယူနိုင်တဲ့ ပန်ချီကား မဟုတ်ဘူး..။ကျုပ်က ဒီတိုင်း တွေးကြည့်ယုံတင်ပါ.."

အဖွဲ့အစည်းရဲ့ မာစတာ တစ်ယောက်ဟာ ပြောလိုက်တယ်..။

"ကျုပ် ဒီပန်ချီကားကို မြင်ခွင့်ရဖို့..အသက်ရှင်နေတာနဲ့တင် ပြည့်စုံနေပါပြီ..။မာစတာ လင်း ဆွဲ့မယ့် ကျန်တဲ့ ပန်ချီကား ၉ ချပ်လည်း ဘယ်လိုနေဦးမလဲ မသိဘူး.."

ကျန်းကျောင်ရှန်း ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"မင်းတို့ အများကြီး မတွေးကြနဲ့ဦး..။ဒီပန်ချီကားတွေက ရိုးရိုးရှင်းရှင်း ဆိုရင်တောင် အဆင်ပြေတယ်လေ..။တကယ်လို့ ဒီပန်ချီကား တစ်ချပ်ထဲကိုပဲ..နိုင်ငံတကာ အနူပညာ ပြပွဲကို ပြနိုင်ရင် အကောင်းဆုံး ဖြစ်နေပြီ.."

"ပြီးတော့ .. ဒီပန်ချီကားက ခံစားချက်တွေကို အတော်ဖြစ်ပေါ်စေတယ်..။ဒီလို ပန်ချီကားမျိုးက ဘဝမှာ တစ်ကြိမ်လောက်သာ ကြုံတွေ့ရတာပဲ..။ကျန်တဲ့ ပန်ချီကား ၉ ချပ်ကတော့ ဒီပန်ချီကားကို ..ယှဥ်နိုင်မှာ မဟုတ်ဘူးလေ.."

တာအိုရှီဂန် ပြောလိုက်တာပါ..။သူ့အမြင်အရဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ ပန်ချီကားက ထွက်လာဖို့ လွယ်ကူမှာ မဟုတ်ပါဘူး..။

အဲ့အချိန်မှာတော့ ကျန်းကျောင်ရှန်း အခက်တွေ့နေခဲ့တယ်..။သူ ပြောလိုက်တယ်...

"ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ..။ငါတို့ ဒီပန်ချီကားကို ဘယ်လိုထိန်းသိမ်းကြမလဲ..။ဒါကို ဒီတိုင်းထားထားလို့ အဆင်ပြေမှာ မဟုတ်ဘူး..။တကယ်လို့ ထိခိုက်တာပဲဖြစ်ဖြစ် ပျက်ဆီးသွားတာပဲ ဖြစ်ဖြစ် ဆိုရင် ကပ်ဆိုးဆိုက်သွားလိမ့်မယ်.."

တာအိုရှီဂန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အမှန်ပဲ ကျုပ်လည်း အဲတာကိုပဲ တွေးနေတာ..။ကျုပ်တို့ အာမခံ ကုမ္ပဏီ တစ်ခုကို ရှာရင်ရော ဘယ်လိုလဲ..။ကျုပ်တို့ ဒီပန်ချီကားကို..အဖွဲ့အစည်းမှာ မထားနိုင်သလို တစ်စုံတစ်ယောက် စီမှာ ထားထားလို့လည်း မဖြစ်ဘူးလေ..။ပြီးတော့ ဒီပန်ချီကားက..အရမ်းကြီးတော့..မှင်တွေကလည်း ခြောက်ဖို့က ကြာဦးမှာ..။ကျုပ်ကတော့..လောလောဆယ် ဒီမှာနေပြီး မှင်တွေ ခြောက်တဲ့အထိ ကင်းစောင့်ပေးချင်တယ်.."

ယွဲ့ချီဂျုရှီ ပြန်တုန့်ပြန်လိုက်တယ်..။ယ

"အကြီးအကဲ တာအို တစ်ယောက်တည်းတော့ မလုပ်နဲ့လေ..။ကျုပ်လည်း အတူ ကင်းစောင့်ပေးပါ့မယ်..."

"ကျုပ်လည်း ကင်းစောင့်ပေးမယ်.."

"ကျုပ်လည်း ဒီမှာ နေပေးမယ်.."

အဲ့အချိန်မှာတော့ လူတိုင်းဟာ..စုစည်းနေခဲ့ကြတယ်..။သူတို့ ဒီပန်ချီကားရဲ့ မွေးဖွားလာမူကို မြင်တွေ့ခဲ့ရတာကြောင့် အချိန်အကြာကြီး ကြည့်ချင်နေခဲ့ကြပါတယ်..။မဟုတ်ရင် သူတို့ နောက်တစ်ခါ မြင်ရမယ့် အချိန်က နိုင်ငံတကာ အနုပညာ ပြပွဲကြမှ ဖြစ်တော့မှာပါ..။

ကျန်းရှောင်ရှန်း လည်း ထွက်မသွားချင်ခဲ့ပါဘူး..။

"အင်း ကြည့်ရတာ လူတိုင်းက ဒီမှာနေချင်နေကြတဲ့ ပုံပဲ...။ကျုပ် အာမခံ ကုမ္ပဏီ တစ်ခုရှာပြီး သူတို့နဲ့ ဆက်သွယ်လိုက်ဦးမယ်..။သူတို့ ကျိန်းသေ ဘာအမှားမှ ဖြစ်လို့မရဘူး.."

"ဟေး..အကြီးအကဲ လင်းရော ဘယ်သွားတာလဲ..။သူ့ကို သွားကြည့်ဦးမှ ထင်တယ်..။သူ အရမ်းကြီး ပင်ပန်းပြီး ခန္တာကိုယ်တွေ မနာကျင်နေဖို့ မမျှော်လင့်ပါဘူး..."

အကြီးအကဲ ကျန်း ပြောလိုက်တာပါ..။

တာအိုရှီဂန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"သူ အစောကပဲ ..အပြင်မှာ ရပ်နေသေးတယ်..။အခု သွားအနားယူနေပြီ ထင်တယ်.."

…

နောက်တစ်ရက်..။

တရုတ်အနုပညာ အဖွဲ့အစည်းဟာ စည်ကားနေခဲ့တယ်..။

ဒါက မနက်အစောကြီး သာ ရှိသေးပေမယ့် အဖွဲ့အစည်းရဲ့ မန်ဘာတွေ အကုန်လုံး အနုပညာ စတူဒီယို ရဲ့...အပြင်ဘက်မှာ မတ်တတ်ရပ်နေခဲ့ကြပါတယ်..။

လူအနည်းငယ်ဟာ ဒါကို မြင်ပြီး ဘာတွေဖြစ်နေတာလဲ ဆိုတာကို သိချင်သွားကြပါတယ်..။

ဒီလို မြင်ကွင်းက အတော် ရှားပါးတာပါ..။အဖွဲ့အစည်းမှာက ထူးထူးခြားခြားတွေ ဖြစ်လေ့မရှိပါဘူး..။မကြာခင်မှာပဲ သူတို့ တစ်ယောက်ပြီး တစ်ယောက်အနားကို ရောက်လာခဲ့ကြတယ်..။

အဲ့အချိန်မှာတော့..မနေ့က "မြစ်နတ်သမီး အိုဒီ" ရဲ့ ပန်ချီကားကို မြင်ထားတဲ့ အဖွဲ့ဝင်တွေဟာ ထွက်ခွာ မသွားချင်ကြပါဘူး..။သူတို့ ဒီကို အစောလာကြတယ် ဆိုတာက မာစတာလင်း ဒီတစ်ကြိမ် ဘယ်လို ပန်းချီကားကို ဆွဲမလဲ သိချင်လို့ပါ..။

သူတို့ အတွက်ကတော့..မာစတာလင်းက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်..။ဒါကိုသူတို့ မျက်လုံးနဲ့ မမြင်ရဘူးဆိုရင် သူတို့ ..ယုံကြည်နိုင်မှာတောင် မဟုတ်ပါဘူး..။

အထူးသဖြင့် အာမခံ ကုမ္ပဏီက လာရောက်ကြတဲ့အချိန်မှာ အရမ်းကို ဂရုစိုက်ခဲ့ကြရတာပါ..။

ဥက္ကဌ ကျန်းက အာမခံ ကုမ္ပဏီကို အကာအကွယ် ပစ္စည်းကောင်းကောင်းတွေကိုသာ သုံးခိုင်းထားခဲ့ပါတယ်..။ဒီ တန်ကြေးက အရမ်းကို မြင့်မားလှပါတယ်..။ဒါက နိုင်ငံရဲ့ ရတနာကို ကာကွယ်နေကြရသလိုပါပဲ...။အာမခံ ကုမ္ပဏီက ဆိုရင် ပန်ချီကားကို ယူဆောင်ဖို့ လူဆယ်ယောက်လောက်တောင် လွတ်လိုက်ပါတယ်..။

အကြီးအကဲ ကျန်းကတော့ အစကနေ အဆုံးအထိ ကိုယ်တိုင် လိုက်ကြီးကြပ်နေခဲ့တယ်..။သူ ဘာအမှားကိုမှ အလိုမရှိပါဘူး..။တကယ်လို့ တစ်ခုခု ဖြစ်လာရင် ဒီကောင်တွေ ကုမ္ပဏီကို စစ်ဆေးပြီး ဖမ်းချုပ်ခိုင်းလိုက်မှာပါ..။သိူ့ပေမယ့် အများကြီး တွေးပြီးနောက်မှာ ဒီလိုမျိုးဖြစ်လာစရာ အကြောင်း မရှိဘူးလို့ တွေးလိုက်မိပါတယ်..။

အပြင်ဘက်..။

"ကောင်လေးတို့ ကြည့်လိုက်..မာစတာလင်း အတွေးနက်နေပြန်ပြီ.."

"ဒါက အတွေးနက်နေတာမဟုတ်ဘူး..။ဒါက စိတ်ကို ထိန်းချုပ်နေတာ..အတွေးတွေကို ငြိမ်သက်ပြီး..ဆွဲရမယ့်ပုံကို နှလုံးသားနဲ့ ဖန်တီးနေတာပဲဖြစ်ရမယ်.."

"မာစတာလင်းရဲ့ ပန်ချီကားတွေကို ကြည့်ရင် အနုပညာကို အတော်လေးစားမိတာပဲ..။တစ်စုံတစ်ယောက်ရဲ့ ပန်ချီကားကို ကြည့်ရတာ ဒီလောက် ခံစားလို့ကောင်းနေမယ် လို့ ငါမထင်ထားခဲ့ဘူး..."

"ကြည့်ရတာ..မာစတာလင်းက ပန်ချီကား အကြီးကြီး ဆွဲပြီး ပင်ပန်းသွားတဲ့ ပုံပဲ..။ဒီနေ့ ပန်ချီကားက မနေ့ကထက်စာရင်တော့ သေးလောက်မယ်.."

"ပြောမနေနဲ့တော့..ခွန်အားဆိုတာ အကန့်အသတ်ရှိတယ်..။မာစတာလင်းက စူပါမန်းမဟုတ်တော့သူလည်း ကျိန်းသေပင်ပန်းမှာပဲလေ.."

…

အခန်းထဲတွင်..။

လင်းဖန် ဒီနေ့ သူ ဘယ်ပန်ချီကားကို ဆွဲရမလဲ စဥ်းစားနေတာပါ..။

"အင်ပါယာ တိုင်ဇောင် က ကိုယ်ပိုင်အုပ်ချုပ်တဲ့ နယ်မြေတစ်ခုကနေ သံတမန် ရခဲ့တာက သမိုင်းကြောင်းတွေ အများကြီးရှိပါတယ်..။ဒါက တိဘက် ဒေသရဲ့ ဘုရင် ဆောင်ကျိန်း ဂန်ဘို..ဖြစ်ပြီး သူက တန်အင်ပါယာ ရဲ့ ယဥ်ကျေးမူကို အတော်လေးစားနေခဲ့သူပါ..။သူက

လုဒေါင်ဇန် ရှီတဲ့ ချန်အန်းကို သံတမန်ပို့ပြီး ဆက်သွယ်ရေး တံခါးကို ဖွင့်လှစ်ပေးခဲ့ပါတယ်..။ဒီပန်ချီကားကတော့ အင်ပါယာ တန်တိုင်ဇောင် လူအုပ်ကြီးကြားထဲမှာ သံတမန် လက်ခံရရှိနေတဲ့ ပန်ချီကားပါ..။

သူ ရှာကြည့်လိုက်တဲ့ အချိန်မှာလည်း အချက်အလက်က စွယ်စုံကျမ်း အထဲကနဲ့ တစ်ပုံစံတည်းပါပဲ...။ဒီပန်ချီကားက ဘာအခက်အခဲမှလဲ ရှိမှာ မဟုတ်ပေ..။

ပြီးတော့ ဒီအကြောင်းအရာက တန်အင်ပါယာ ရဲ့ သမိုင်းကြောင်းမှာ ရှိပေမယ့် ပန်းချီကားတော့ တစ်ချပ်မှ မရှိသေးပေ..။

ရလာဒ်အနေနဲ့ လင်းဖန် ဒီပန်ချီကားကို စွယ်စုံကျမ်းထဲက တိုက်ရိုက်ကူးချလိုက်ရင် ဘာပြသနာမှ ရှိလာမှာမဟုတ်ပါဘူး..။

သူ ဦးနှောက်ကို ရှင်းလိုက်ပြီး စတင်ရေးဆွဲလိုက်တယ်..။ဒါက အရမ်းရိုးရှင်းပြီး..အားမပါပဲ..ချောမွေ့စွာ စီးဆင်းနေခဲ့တာပါ..။သူ ဆွဲနေတုန်းလုံးဝ ရပ်တန့်မသွားခဲ့ပါဘူး..။

အဖွဲ့အစည်းရဲ့ မာစတာတွေကတော့ အသက်ရူသံတွေတောင် ရပ်တန့်ထားကြပြီး ဘာအသံမှ မထွက်ရဲကြပေ..။

သူတို့သာ မာစတာလင်းကို နှောက်ယှက်မိရင် အပြစ်ပေးခံရမှာပါ..။

သူတို့ အတွက်ကတော့ မာစတာလင်းရဲ့ လက်ရာက တကယ်ကို အကောင်းဆုံးပါပဲ..။အဖွဲ့အစည်းက လူတွေ အကုန်ပေါင်းရင်တောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ပါဘူး..။

.

မာစတာလင်း ဘယ်လိုတောင် လေ့ကျင့်ခဲ့တာလဲ ဆိုတာကို သူတို့ အံ့ဩခဲ့ရပါတယ်..။မာစတာလင်းနဲ့ ယှဥ်လိုက်ရင်တော့ သူတို့ လေ့ကျင့်လာခဲ့ရသမျှရဲ့ ရလာဒ်က တကယ်ကို စိတ်ပျက်စရာပါပဲ..။

All Chapters