← Chapters

မနက်ဖြန်ကနောက်ဆုံးတစ်ခုပဲ

Vol. 45 Ch. 673

မနက်ဖြန်ကနောက်ဆုံးတစ်ခုပဲ

Vol. 45 Ch. 673

#ဘာသာပြန် = စနိုးဝှိုက်

အချိန်က ဖြည်းဖြည်းချင်း ကုန်သွားခဲ့တယ်..။

သူတို့ ဘယ်လောက်ပဲ စောင့်ရစောင့်ရ ထွက်သွားကြဖို့ အစီစဥ် မရှိကြပါဘူး..။သို့ပေမယ့်..ဒီနေ့ ပန်ချီဆွဲတာက အတော်မြန်ပြီး..ပန်းချီကားကလည်း မနေ့ကလောက် မကြီးပါဘူး..။

လင်းဖန် စုတ်တံကို ဘေးနားချလိုက်ပြီး လမ်းလျောက်ထွက်လာခဲ့တယ်..။

"ခင်ဗျားတို့ အချိန်ယူပြီး ကြည့်လိုက်ကြဦး..ကျုုပ်အရင်သွားတော့မယ်..."

ဘယ်သူမှ ဘာစကားမှ မပြောပဲ..လင်းဖန် လမ်းလျောက်ထွက်သွားတာကိုပဲ ကြည့်နေခဲ့ကြပါတယ်..။ယင်းနောက် သူတို့ အခန်းထဲကို ပျားတွေလို ဝင်သွားလိုက်ကြပါတယ်..။

သူတို့ ပန်းချီကားကို မြင်တဲ့ အချိန်မှာ အကုန်လုံး အံ့ဩသင့်သွားခဲ့ကြတယ်..။ဒါပေါ့..သူတို့ရဲ့ အံ့ဩမူက မနေ့ကလောက် မကြီးမား ပေမယ့်လည်း..တည်ငြိမ်လောက်တဲ့ အထိတော့ မထိန်းထားနိုင်ခဲ့ကြပါဘူး..။

"တကယ်ကောင်းတဲ့ လက်ရာပဲ.."

"အရမ်းတော်လွန်းတယ်..."

"မနေ့က ဆွဲတဲ့ 'မြစ်နတ်သမီး အိုဒီ' ပန်ချီကားကို မယှဥ်နိုင်ပေမယ့် ထိပ်တန်းလက်ရာ တစ်ခုတော့ ဖြစ်နေတုန်းပဲ.."

ကျန်းကျောင်ရှန်း သူ့ရဲ့ မျက်လုံးကိုတောင် နေရာမလွှဲနိုင်တော့ပါဘူး..။ဒါက သူ အတွေးတွေတောင် ပျောက်ကွယ်သွားသလိုပါပဲ..။သူ ပြောလိုက်တယ်...

"ဒါကို သေချာ ဂရုစိူက်ကြည့်ကြစမ်း..။ဒါက မနေ့က ပန်းချီကား အတိုင်းပဲ လို့မထင်ဘူးလား..။ပန်းချီကား နှစ်ခုလုံးက ငါ့ကို သမိုင်းထဲ ဆွဲခေါ်သွားနေသလိုပဲ.."

လူတိုင်းဟာ..ဥက္ကဌ ရဲ့ စကားကို ကြားတဲ့ အချိန်မှာ ခေါင်းညိမ့်လိုက်ကြပါတယ်..။

တာအို ရှီဂန် ရေရွတ်လိုက်တယ်..။

"ဒီမြင်ကွင်းက တိဘက် ဘုရင်က တန်

အင်ပါယာ တန်တိုင်ဇောင်ကို သံတမန်ပို့လိုက်တဲ့ မြင်ကွင်းပဲဖြစ်ရမယ်..။ဒီအတွက် သမိုင်းကြောင်းတွေ အများကြီး ရှိတယ်လေ.."

"ဟုတ်တယ် ဒါအမှန်ပဲ..မာစတာလင်း ဒီမြင်ကွင်းကို ဆွဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ဒါက ..ဒါက တကယ်ကို အသစ်အဆန်းပဲ.."

"ဒီ ပန်ချီကားက မကြီးပေမယ့်လည်း အထဲက လူတွေကိုကြည့်လိုက်..။သူတို့ ရဲ့ အဝတ်အစားတွေ ..အမူအရာတွေ.နဲ့ တစ်ခြား အသေးစိတ်အချက်အလက်တွေက ..တကယ်ကို ထိပ်တန်းလက်ရာတွေပဲ.."

"ဒါက နောက်မျိုးဆက်တွေ အတွက် လက်ဆင့်ကမ်းရမယ့် ပန်ချီကား တစ်ချပ်ပဲ.."

လူတိုင်းအံ့ဩသင့်နေခဲ့ကြပါတယ်..။ဒါက အနေ့က ပန်းချီကားကို မယှဥ်နိုင်ပေမယ့် ထိပ်တန်းလက်ရာ တစ်ပုဒ်ပါ..။အထဲက လူတွေဟာလည်း အတော်ကို အသက်ဝင်လှပြီးဒါက သူတို့ စွမ်းဆောင်နိုင်စွမ်းနဲ့ လိုက်မမှီနိုင်တဲ့ ပန်းချီကားတစ်ချပ်ပါပဲ..။

ဒီ တစ်ကမ္ဘာလုံးမှာတောင် မာစတာလင်း တစ်ယောက်ပဲ ဒါမျိုး လုပ်နိုင်တာဖြစ်နိုင်ပါတယ်..။

ကျန်းကျောင်ရှန်း စိတ်ထဲကနေ ကျေနပ်နေခဲ့တယ်..။သူ နိုင်ငံတကာ အနုပညာပြပွဲမှာ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကိုတောင် စိတ်ကူးကြည့်နေမိပါတယ်..။သို့ပေမယ့် သူ အနည်းငယ်လည်း စိတ်လှုပ်ရှားနေမိပြီး..အဲ့နေ့ရောက်ဖို့ကို မစောင့်နိုင်တော့ပါဘူး..။

"အာမခံကုမ္ပဏီကို ဆက်သွယ်ပြီး..အဲ့လူတွေကို လာယူဖို့ လူလွတ်ခိုင်းလိုက်..။ဒီ ပန်ချီကားတွေက အဆင့်မြင့် အကာအကွယ်တွေကို လိုအပ်တယ်..။ကျုပ်တို့ ဘာမှ အဖြစ်မခံနိုင်ဘူး.."

ကျန်းကျောင်ရှန်း ပြောလိုက်တာပါ..။

လူတိုင်းဟာ ဥက္ကဌ ကျန်း ရဲ့ စကားကို သဘောတူညီစွာပဲ..ခေါင်းညိမ့်လိုက်ကြတယ်..။ဒီ ပန်ချီကားကို ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် ဘယ်လောက်ပဲ ကုန်ကျ ကုန်ကျ ဒါက ထိုက်တန်ပါတယ်..။သူတို့ ဘာမှ အဖြစ်မခံနိုင်ပါဘူး..။

၃ ရက်မြောက်နေ့..။

အဖွဲ့အစည်းရဲ့ လူတိုင်း ဟာ သိချင်စွာ စောင့်နေခဲ့ကြတယ်..။လူတိုင်းရဲ့ မျက်နှာဟာ..ပန်ချီကားကို မြင်လိုက်တဲ့ အချိန်မှာ ..ကြောက်အသွားခဲ့ပါတယ်..။ဒါက သူတို့ အိပ်မက်မက် နေသလိုပါပဲ..။

'တန် နန်းတော်ရဲ့ မိန်းမလှလေးများ.' .ပန်းချီကား....။ဒါက အကုန်လုံးကို ဆွံ့အစေခဲ့ပါတယ်..။သူတို့ အရင်နေ့က ပန်းချီကား နှစ်ချပ်ကို..မြင်ဖူးထားတာကြောင့်..အရမ်းကြီး ချဲ့ကားတဲ့ အမူအရာတော့ မဖြစ်ကြတော့ပါဘူး..။

သို့ပေမယ့် လင်းဖန် ရဲ့..အနုပညာဟာ..အတော်ကို အရည်အသွေးမြင့်တာပါ..။

ပန်းချီလက်ရာတိုင်းက ထိပ်တန်းလက်ရာမှာ ရှ်ိနေပြီး ဘယ်သူမှ ဒီလို ဆွဲနိုင်ဖို့ အိပ်မက်မမက်ရဲပါဘူး..။

ပြီးတော့ သူတို့ကို နောက်ထပ် အံ့ဩသင့်စေတာက မာစတာလင်းရဲ့ ပန်းချီလက်ရာတွေ က အကြီးကြီးတွေပါ..။လက်ရှိအချိန်အထိက အကြီးဆုံး ပန်းချီကားတောင်..၂ မီတာလောက် ရှိပါတယ်..။

၄ ရက်မြောက်နေ့..။

'နွားထီး ငါးကောင် ပန်းချီကားက မွေးဖွားလာခဲ့တယ်..."

၅ ရက်မြောက်နေ့..။

'ဟန်ဟိုင်ဇီ ရဲ့ ညဘက်ပျော်ရွှင်မူ ပန်းချီကားဟာ မွေးဖွားလာခဲ့တယ်..။ဒီပန်းချီ ကားကလည်း ၃ မီတာလောက် ရှည်ပါတယ်..။ကျန်တဲ့ လူတွေ အတွက်ကတော့ မာစတာလင်း ခွန်အားတွေ ပြန်ပြည့်လာလို့ ပန်းကြီးကား အကြီးကြီး ပြန်ဆွဲတာပါ..။

ပြီးတော့ ဒီပန်းချီးကားက သမိုင်းကို လည်း အခြေခံထားပါသေးတယ်..။ဒါက အတော်ကို တန်ဖိုးရှိတဲ့ ပန်းချီကားပါ..။

အဲ့အချိန်မှာတော့ ကျန်းကျောင်ရှန်းဟာ နေ့တိုင်း အပြုံးလေးတွေနဲ့ ပြည့်နေခဲ့တယ်..။ဒါက ပန်းတွေ ပွင့်နေသလိုပဲ တောက်ပစွာ ပြုံးနေခဲ့တာပါ..။တကယ်လို့ တစ်ယောက်ယောက်တွေ့ရင်လည်း ဒိီလူအိုကြီး ပျော်ရွှင်နေတယ် ဆိုတာကို ကျိန်းသေတွေ့နိင်မှာပါ..။

၆ ရက်မြောက်နေ့..။

အဖွဲ့အစည်းက လူတွေဟာ အပြင်ဘက်မှာ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ကြတယ်..။

"သူ နောက်ထပ် ပန်းချီကား အကြီးကြီး ကို ဆွဲနေပြန်ပြီ..။ဒီနေ့က မနေ့ကထက်ပိုပြီး ကြီးတယ်.."

"သူ ငါတို့ကို အမြဲတမ်း စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ..။ဒီရက်အနည်းငယ် အတွင်းမှာတင် ငါ ရင်ခုန်ရလွန်းလို့ သေတော့မယ်..."

"သူ ဒီနေ့ ဘယ်လို ပန်းချီကားမျိုးကို ဆွဲမှာလဲ မသိဘူး..။အခုတောင် ငါ့နှလုံးတွေက ခုန်ထွက်ဖို့ လုပ်နေပြီ.."

ငါ့ နှလုံးရောဂါ အတွက် ခုံပေါ်က ဆေးတွေ ယူလာခဲ့သေးလား..။ငါ တောင့်မခံနိုင်မှာတောင် စိုးရိမ်မိတယ်.."

"အင်း အင်း..ငါယူခဲ့တယ်.."

…

လင်းဖန် စုတ်တံကိုကိုင်ပြီး ဒီနေ့ ဘာပုံဆွဲရမလဲဆိုတာကို စဥ်းစားနေခဲ့တယ်..။

သူနောက်ဆုံးတော့..ဖူချွန်းတောင်ပေါ်က တဲအိမ်လေး..ပုံကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

ဘယ်လို မာစတာပဲ ဖြစ်နေပါစေ..ပန်းချီကား အကြီးကြီးကို ရေးဆွဲပြီ ဆိုရင်တော့ ကျိန်းသေ..အချိန်လိုအပ်မှာပါ..။ဒါက တစ်ရက် နှစ်ရက် မဟုတ်ပါဘူး..ဒါက တစ်လ ကနေ နှစ်ဝက်လောက်အထိတောင်ကြာနိုင်ပါတယ်..။သိူ့ပေမယ့် လင်းဖန်ကတော့ သူတို့တွေနဲ့ မတူပါဘူး..။ပြီးတော့ သူ့ရဲ့ ခွန်အားနဲ့..အမြန်နှုန်းကလည်း တစ်ခြားလူတွေနဲ့ မတူပေ..။

ပြီးတော့ သူ ဆွဲနေတဲ့ ပုံတွေကလည်း စဥ်းစားစရာ မလိုပဲ..စွယ်စုံကျမ်းထဲကနေ ကူးချနေခဲ့တာပါ..။

ရိုးရိုးပြောရရင် သူက ပြိုင်ကား တစ်စီးလိုပါပဲ..။

သူက မြန်ရုံတင်မကပဲ..ထိပ်ဆုံးမှာပါ..ရပ်တည်နေနိုင်ပါသေးတယ်..။

စွယ်စုံကျမ်းရဲ့ ဆန်းကျယ်တဲ့ အားဖြည့်မူကလည်း သူ့ကို ခွန်အားတွေ ပေးနေခဲ့ပါတယ်..။ဒါက သူ့ကိုယ်ထဲမှာ တစ်ခုခု ပေါက်ကွဲနေသလိုပါပဲ..။

သာမန်အချိန်လိုပဲ..အကုန်လုံးဟာ အပြင်ဘက်မှာ အချိန်အကြာကြီး စောင့်နေခဲ့ကြတယ်..။

လင်းဖန် စုတ်တံကို ချလိုက်တဲ့ အချိန်မှာ..ကျန်တဲ့လူတွေဟာ ပြတင်းပေါက်ကနေ သိချင်စွာ ချောင်းကြည့်နေခဲ့ကြပါတယ်..။မာစတာလင်း စုတ်တံ ချလိုက်တာနဲ့..ပြီးသွားပြီ ဆိုတာကို သူတို့ရဲ့ အရင်အတွေ့အကြုံတွေအရ သိထားပြီးသားပါ..။

တံခါးဖွင့်ပြီး လင်းဖန် ထွက်သွားခဲ့တယ်..။

တရုတ်အနူပညာ အဖွဲ့အစည်းက မာစတာတွေဟာ..အထဲကို အမြန်ဝင်သွားခဲ့ကြပါတယ်..။

လူတိုင်းဟာ..ပန်းချီကားကို မြင်ပြီး ကြောင်အသွားခဲ့ကြတယ်..။

"ဒါက.."

"ဖူချွန်းတောင် က တဲအိမ်လေးလား..ဒါက ဘာကို ဆိုလိုတာလဲ.."

"ဒါက နောက်ထပ်လက်ရာကောင်းတစ်ခုပဲ..။မာစတာလင်းက နတ်ဘုရား အဆင့်ကိုများရောက်နေတာလား..။ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဆွဲနိုင်နေရတာလဲ.."

"ရုတ်တရက် ငါ့တစ်ဘဝလုံး ခွေးလို နေခဲ့တယ်လို့ ခံစားလာရတယ်..။ကံကောင်းချင်တော့ မာစတာလင်းက ငါတို့ အဖွဲ့အစည်းမှာ ရှိနေတာပဲ..။သူရှိနေလို့ ငါတို့ အတော် ကံကောင်းတာ..။မဟုတ်ရင် ဒီတစ်ခေါက် နိုင်ငံတကာ ပြပွဲအပြီးဆို ငါ့ကိုယ်ငါ သတ်သေမိနေလောက်ပြီ.."

၇ ရက်မြောက်နေ့..။

'မြစ်ပေါင်းတစ်ထောင် နဲ့ တောင်တန်းများ' ပန်းချီကား ထွက်ပေါ်လာတဲ့ အချိန်မှာ အဖွဲ့အစည်းမှာရှိတဲ့လူတိုင်းရဲ့ ပါးစပ်တွေဟာ လုံးဝ အဟောင်းသားပါပဲ..။

သမိုင်းမှာ အင်အားအကြီးဆုံး ပန်းချီကားကြီး ထွက်ပေါ်လာခဲ့ပါပြီ..။ဒါက ၁၂ မီတာ နီးပါးရှည်ပြီး..လှပတဲ့ ရောင်စုံတွေနဲ့..အမှန်တကယ်ပဲ ကိုယ့်ရှေ့မှာ မြစ်တွေ..တောင်းတန်းတွေကို မြင်နေရသလိုပါပဲ..။

"ဒီလိုတွေ ဆက်တိုက် ဆွဲနိုင်ရအောင် မာစတာလင်းက ခွန်အားတွေ ဘယ်ကရနေတာလဲ.."

"ဒါကို ငါ့မျက်လုံးနဲ့သာ မြင်ရတာ မဟုတ်ဘူးဆိုရင် ယုံနိုင်မှာတောင် မဟုတ်ဘူး..။ဒီလို အချိန်တိုတို အတွင်းမှာ ဒီလို ပန်းချီကားတွေ ဆွဲနိုင်ဖို့ ဆိုတာက..."

"ဘာတွေဖြစ်နေတာလဲ တကယ်မသိတော့ဘူး..။တစ်ခြားလူတွေ မြင်ရင် သူတို့ မူးမေ့သွားနိုင်လောက်တယ်.."

"ငါ မာစတာလင်းရဲ့ တပည့်ဖြစ်ချင်လိုက်တာ..။ငါမသိတာက မာစတာလင်း ငါ့ကို လက်ခံပါ့မလား ဆိုတာပဲ.."

"အဓိပ္ပါယ်မရှ်ိတာတွေ ပြောမနေနဲ့..သူက ကျိန်းသေ မင်းကို လက်ခံမှာ မဟုတ်ဘူး.."

…

အဲ့အချိန်မှာတော့ ကျန်းကျောင်ရှန်း နဲ့ ကျန်းတဲ့လူတွေဟာ တူညီတဲ့နေရာမှာပဲ ရပ်နေခဲ့ကြတယ်..။ဒီရက်ပိုင်း အတွင်းမှာ သူတို့ နှလုံးတွေ ကောင်းမကောင်း စမ်းသပ်နေတဲ့ အတိုင်းပါပဲ..။

ဒါက သူတို့ရဲ့ မျက်လုံးကို တိုက်ခိုက်ပြီး နှလုံးခုန်သံတွေကို မြန်လာစေပါတယ်..။ဒါက စကားလုံးတွေနဲ့ ဖော်ပြလို့ မရတဲပ အရာပါပဲ..။

လင်းဖန်ကတော့ ပြန်လည်ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။နောက်ဆုံး ပန်းချီကားကတော့ အကောင်းဆုံးဖြစ် မှာပါ..။သူ့ရဲ့ အရည်အချင်းနဲ့တောင်..အချိန်လိုအပ်မှာ အသေအချာပါပဲ..။

"အကြီးအကဲ ကျန်း မနက်ဖြန် နောက်ဆုံး ပန်းချီကားနော်..။ခင်ဗျားတို့ကို စပရိုက် အကြီးကြီးပေးနိုင်ဖို့ ကျုပ်မျှော်လင့်ပါတယ်.."

သူ ဒီစကားပြောပြီးတာနဲ့ ထွက်သွားခဲ့ပါတယ်..။

ကျန်းကျောင်ရှန်း အတော်ကြာမှ အသိစိတ်ဝင်ပြီး..လှမ်းအော်လိုက်တယ်..။

"အာ..အကြီးအကဲလင်း..ခုနက ဘာပြောတာလဲ.."

သို့ပေမယ့် လင်းဖန်က သူ့မြင်ကွင်းမှာ မရှိတော့ပါဘူး..။

All Chapters