အကောင်းဆုံးက ပေါ်ထွက်လာတော့မယ်..
Vol. 45 Ch. 674
#ဘာသာပြန် = စနိုးဝှိုက်
၈ ရက်မြောက်နေ့..။
မနက်ခင်း..။
တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ ဝင်ပေါက်မှာတော့ လူတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ...
ဒီနေ့က နောက်ဆုံးပန်းချီကား ပေါ်ထွက်လာတော့မှာဆိုတော့..အဖွဲ့အစည်းက လူတိုင်းဟာ..မလွဲချော်ချင်ခဲ့ကြပါဘူး..။အထူးသဖြင့် ကျန်းကျောင်ရှန်းရဲ့ခံစားချက်တွေဟာ ဖော်ပြလို့ မရအောင်ဖြစ်နေခဲ့ပါတယ်..။
အမှန်တကယ်တော့ သူ မာစတာလင်းဆွဲခဲ့တဲ့ ပန်းချီကားတွေထဲမှာ 'မြစ်ပေါင်းတစ်ထောင်နဲ့..တောင်တန်းများ' ပန်းချီကား ကို အကြိုက်ဆုံးပါပဲ..။သို့ပေမယ့် အကြီးအကဲလင်း ဒီနေ့ ဘယ်လိူ အံ့ဩစရာ တွေယူလာဦးမလဲ ဆိုတာတော့ မသိသေးပေ..။
"မာစတာ လင်း ဘာလုပ်နေတယ် လို့ မင်းတို့ထင်လဲ..။သူ အဲ့တိုင်းရပ်နေတာ တစ်နာရီ နီးပါးလောက် ရှိနေပြီနော်..။အခုထိလည်း စုတ်တံကို မကိုင်သေးဘူး.."
"မသိဘူးလေ..ပုံမှန်ဆိုရင် သူ ဆယိမိနစ်လောက်ပဲ မဆွဲခင် စဥ္းစားတာ..။အခုဆို တစ်နာရီ နီးပါးတောင် ရှိနေပြီ..။ဒီနေ့က သူ အကုန်လုံးကို တုန်လှုပ်လောက်ရတဲ့ ပန်းချီကားကို ဆွဲပြတော့မယ် ထင်တယ်.."
"ငါ့ နှလုံးခုန်သံတွေတောင်မြန်လာပြီ.."
"အတူတူပဲ.."
လင်းဖန် သူ့ရဲ့နောက်ဆုံးပန်းချီကားကို ချင်းမင် ပန်းချီဆွဲပွဲတော်ရဲ့ 'မြစ်ရိုးတစ်လျောက်' ဆိုတဲ့ ပန်းချီကားကို ရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ဒီပန်းချီကားက ထင်မြင်ချက်တွေ အများကြီး ရှိတာပါ..။တစ်ချို့ လူတွေက ဒီပန်းချီကားကို ထိပ်ဆုံးမှာရှိတဲ့ ပန်းချီကား တစ်ချပ်လို့ ခံစားရတဲ့ အချိန်မှာ တစ်ချို့ကတော့.ဒီပန်းချီကားက.'မြစ်ပေါင်းတစ်ထောင်နဲ့ တောငိတန်းများ' ပန်းချီကားကို မမှီဘူးလို့ ခံစားနေရပါတယ်..။
ဒါက တကယ်ကို အရည်အသွေးမြင့်တဲ့ ပန်းချီကား ဖြစ်တာကြောင့် ကမ္ဘာ့အဆင့် ပန်းချီဆရာ တွေတောင် ဒီ ပန်းချီကားရဲ့ အသေးစိတ်အချက်အလက်တေတွေကို မှန်ကန်အောင် ရေးဆွဲနိုင်မှာ မဟုတ်ပါဘူး..။
ပြီးတော့ ဒီပန်းချီကားရဲ့ စုတ်ချက်တွေနဲ့ ဆေးရောင်ခြယ်သမူ အပိုင်းတွေကလည်း..အတော်ကို ဆန်းကျယ်တယ်လို့ပြောလို့ရပါတယ်..။ဒါကြောင့်လည လင်းဖန်ဟာ သူ့ရဲ့ အာရုံစူးစိုက်မူနဲ့ တိကျမူတွေကို အမြင့်ဆုံးမှာထားပြီး အကောင်းဆုံး..ဖြစ်တဲ့..ချင်မင်း ပန်းချီဆွဲပွဲတော်ရဲ့ မြစ်ရိုးတစ်လျောက် ပန်းချီကားကို ဆွဲဖိုး ပြင်ဆင်နေခဲ့တာပါ..။
သူ့မှာ စွယ်စုံကျမ်းရဲ့ ဆန်းကျယ်တဲ့ အကူအညီနဲ့အတူ..ပန်းချီပညာ အသိပညာ တွေ ရှိပေမယ့် ဒီလို ပန်းချီကားကို ဆွဲဖို့က လွယ်ကူဖို့ အထဲမှာ မပါပါဘူး..။ခက်ခဲမူ အဆင့်က အတော်ကို မြင့်မားပါတယ်..။
တစ်ခြားလူတွေ အတွက်ကတော့ ဒီပန်းချီကားလို လိုက်ဆွဲဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။သို့ပေမယ့် လင်းဖန် အတွက်ကတော့ ဒါက စိန်ခေါ်မူ တစ်ခုပါပဲ..။
"ဥက္ကဌ အကြီးအကဲ လင်းက ဘာလို့ မစသေးတာလဲ..။အရင်နေ့တွေက..အတိုင်းဆိုရငိ ဒါက ပုံမှန်မဟုတ်ဘူးလေ.."
ကျန်းကျောင်ရှန်း ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။
"ငါ လည်းမသိဘူး..သူ ဘာ ဆွဲမလို့လည်း ဆိုတာကို ..စဥ္းစားနေတယ် ထင်တာပဲ.."
တာအိုရှီဂန် သံသယ အနည်းငယ် ဖြစ်ပြီး ပြောလိုက်တယ်..။
"ဒါက..ဒီတိုင်းမဟုတ်သေးဘူး..။အကြီးအကဲလင်းရဲ့..အမူအရာကို ကြည့်လိုက်..သူအရမ်းလေးနက်နေတယ် ဆိုတာကို တွေ့လိမ့်မယ်..။ဒါက အရင်ပန်းချီကားတွေနဲ့ ကွာခြားမယ်လို့တော့ ထင်တာပဲ.."
"ဘာပဲဖြစ်ဖြစ် အရင်ပန်းချီကားတွေကတင် အတော် ကောင်းနေပြီလေ..။ကျုပ်တို့ အကြီးအကဲ လင်းကို ဖိအားတွေ မပေးကြရအောင်.."
ကျန်းကျောင်ရှန်း ပြောလိုက်တာပါ..။သူ အကြီးအကဲ လင်းကို အရမ်းကြီး မပင်ပန်းစေချင်ပါဘူး..။
ယွဲ့ချီဂျုရှီ အကြီးအကဲ ကျန်း ကို တားပြီးပြောလိုက်တယ်..။
"မပြောနဲ့တော့..အကြီးအကဲလင်း စဆွဲနေပြီ..။သူ့ကို မနှောက်ယှက်သင့်ဘူး.."
အဲ့အချိန်မှာပဲ လူတိုင်းစကားပြောနေတုန်းမှာ လင်းဖန် စတင် ရေးဆွဲလိုက်ပါတယ်..။
သူ ဘာလုပ်ရမယ် ဆိုတာကို စဥ္းစားပြီးပြီ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်ဆင်ထားခဲ့ပါတယ်..။
အကောင်းဆုံး ပန်းချီလက်ရာ တစ်ခုက သူ့လက်ထဲမှာ ထွက်ပေါ်လာတော့မှာပါ..။
သူ တရုတ်အနုပညာ အသိပညာကို ရပြီးကတည်းက ပထမဆုံး လေးလေးနက်နက် ဆွဲတဲ့ ပန်းချီကားပါပဲ..။
စွယ်စုံကျမ်းမှာဖော်ပြထားတဲ့ တစ်ခြားပန်းချီကားတွေက ဆွဲရတာ အနည်းငယ် ဖိအားဖြစ်ပေမယ့် ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး..။
အချိန်တဖြည်းဖြည်း ကုန်သွားခဲ့တယ်..။
၈ နာရီ ပြီးမြောက်သွားခဲ့တယ်..။
စောင့်နေ့ကြတဲ့ မာစတာတွေကတော့ မျက်နှာတွေမှာ အံ့ဩမူတွေ အပြည့်ပါပဲ..။အချိန် ၈ နာရီ ကျော်လာပေမယ့် မာစတာလင်းကတော့ ရပ်တန့်မယ်ပုံမရှိသေးပေ..။ထပ်ပြောရရင် သူ့ လက်တွေက အရင်ကနဲ့ မတူပဲ ဖြည်းဖြည်းချင်း ဆွဲနေခဲ့တာပါ..။
"အကြီးအကဲလင်းက ဘာပုံဆွဲနေတာလဲ.။ဘာလို့ ခက်ခဲတဲ့ပုံပေါ်နေတာလဲ.."
"ငါ တို့လည်း ဝေးနေတော့ သေချာ မမြင်ရဖူးလေ..။အကြအကဲလင်း ပြီးမှ ကြည့်ရမှာပဲ.."
"ငါဘာလို့ တစ်ခုခု ထူးခြားတာ ဖြစ်တော့မယ်လို့ခံစားနေရတာလဲ.."
လူတိုင်းရဲ့ အကြည့်ဟာ အကြီးအကဲ ယွဲ့ချီဂျုရှီ ဆီရောက်သွားခဲ့ပါတယ်..။အခုချိန်မှာတော့ သူတစ်ယောက်တည်း ဒီလို ခံစားနေကြရတာ မဟုတ်ပါဘူး..။သူတို့ အကုန်လုံး ခံစားနေကြရတာပါ..။
"ဒါက ဆွဲဖို့ အတော်ခက်တာပဲ.."
လင်းဖန် စိတ်ထဲကနေ ရေရွတ်လိုက်တယ်..။အချက်အလက်တိုင်းက အဆင့်အမြင့်ဆံူးလို့တောင် ပြောလို့ရပါတယ်..။တကယ်လို့ တစ်နေရာရာ မှာ မှားယွင်းသွားရင် ဒါ..ပန်းချီကားတစ်ခုလုံးကို ပျက်ဆီးစေတော့မှာပါ..။ဒါကြောင့် သူ ဘယ်နေရာမှာကို မှ အမှားမလုပ်ချင်ခဲ့ပါဘူး..။
၉ နာရီကျော်သွားတယ်..။
၁၀ နာရီ ကျော်သွားတယ်..။
သူတို့ထဲက တစ်ချို့ဆိုရင် သည်းမခံနိုင်ကြတော့ပါဘူး..။သူတို့ ပင်ပန်းလာသလို ခံစားနေကြရပြီး သူတို့ ခန္တာကိုယ်တွေက လက်လျော့ချင်လာခဲ့ကြပါတယ်..။
သို့ပေမယ့် ဘယ်သူကမှ တော့ စကားမပြောကြပါဘူး..။ဒါက သူတို့ မာစတာလင်းကို အနှောက်မယှက်ဖြစ်မှာ စိုးလို့ပါ..။
ယွဲ့ချီဂျုရှီ သူ့ကိုသူ ထပ်ပြီး မထိန်းထားနိုင်တော့ပေ...။
"အကြီးအကဲ ကျန်း..ဒါက သာမန် ပန်းချီကား မဟုတ်ဘူးလို့ ကျုပ် ခံစားနေရတယ်.."
အကြီးအကဲ ကျန်းဘာမှ မပြောပဲ ခေါင်းသာ ညိမ့်လိုက်ပါတယ်..။သူ အကြီးအကဲလင်းရဲ့ ဘေးကို လျောက်သွားပြီးသာ ကြည့်လိုက်ချင်ပါတော့တယ်..။
သို့ပေမယ့် သူ ဒီလို လုပ်လို့ မရပါဘူး..။ဒါက အကြီးအကဲလင်း ကြိုးစားထားရသမျှကို ပျက်ဆိီးသွားစေနိုင်ပါတယ်..။
၁၁ နာရီ ကျော်သွားတယ်..။
သူတို့ထဲက တစိချို့ ဆိုရင် သည်းမခံနိုင်တော့ပဲ ကြမ်းပြင်ပေါ်မှာတောင် ထိုင်နေကြပါပြီ..။
၁၂ နာရီ ကျော်သွားတယ်..။
ကျန်းကျောင်ရှန်း ပြောလိုက်တယ်..။
"မင်းတို့ အိမ်ပြန်နားသင့်ပြီ..ဒါက ထပ်ကြာနိုင်သေးတယ် ဆိုတော့ မင်းတို့ သည်းခံနိုင်ကြမှာ မဟုတ်ဘူး.."
"အာ..ဥက္ကဌ တိုးတိုးပြောပါ.."
တာအိုရှီဂန် လန့်ဖြန့်သွားပြီး အလျင်အမြန်သတိပေးလိုက်တာပါ..။
အကြီးအကဲလင်းက မရပ်မနား ဆွဲနေတာ..၁၂ နာရီလောက် ရှိပါပြီ..။ဘယ်သူကများ ဒါမျိုး လုပ်နိုင်မှာလဲ..။သူ့တစ်နေရာမှာ တစ်ခြား တစ်ယောက်ယောက် ဆိုရင် အစောကြီးကတည်းက လဲကျသွားတော့မှာ အသေအချာပါပဲ..။
သို့ပေမယ့် အကြီးအကဲ လင်းရဲ့ မျက်နှာကတော့ မပြောင်းလဲပေ..။သူ့ရဲ့ စုတ်တံတွေက ချောချောမွေ့မွေ့ပဲ စီးဆင်းနေပြီး..လုံးဝ ရပ်တန့်သွားခြင်း မရှိပါဘူး..။
ဒါက လူတိုင်းကို အံ့ဩသင့်ပြီး ကြောက်ရွံ့စေပါတယ်..။
"ကျုပ်တို့ အရင်ပြန်လိုက်တော့မယ်..ဒါပေမဲ့ မာစတာလင်းဆွဲလို့ပြီးသွားရင် အကြောင်းကြားပေးပါဦး..ချက်ချင်းပြန်လာခဲ့ကြပါ့မယ်.."
အသက်ကြီးကြီး မာစတာ တစ်ယောက်က ပြောလိုက်တာပါ..။
လူတိုင်း ခေါင်းညိမ့်လိုက်ကြတယ်..။
"ကောင်းပြီလေ.."
တစ်ချို့လူငယ်လေးတွေကတော့ မပြန်ခဲ့ကြပါဘူး..။သူတို့က မာစတာလင်း ဆွဲပြီးတဲ့ အထိ စောင့်နေကြဖို့ ဆုံးဖြတ်ထားကြတဲ့ ပုံပါပဲ..။
အလင်ရောင်ဟာ ပျောက်ကွယ်ပြီး အမှောင်ထု ရောက်လာခဲ့တယ်..။
အပြင်မှာ လူ အတော်များများ ရှိိနေသေးပေမယ့် ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေခဲ့ပါတယ်..။
ဒါက သည်းခံဖို့ ခက်ခဲတယ် ဆိုတာကို ကျန်းကျောင်ရှန်း နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..။သူလည်း နောက်ဆုံးတော့ အဖွဲ့အစည်းရဲ့ ရုံးခန်းကို ပြန်ပြီး အနားယူဖို့သာ တတ်နိုင်ပါတော့တယ်..။သူ ပြင်ဆင်စရာတွေ ရှိနေသေးတဲ့ အတွက် အိမ်ကိုတော့ ပြန်မှာ မဟုတ်ပါဘူး..။
မနက်ခင်း...။
အလင်းရောင် ပြန်ထွက်ပေါ်လာခဲ့တယ်..။အိမ်ပြန်ပြီး အနားယူကြတဲ့ တရုတ်တနုပညာ အဖွဲ့ဝင် တစ်ချို့တောင် ပြန်ရောက်လာကြပါပြီ..။သို့ပေမယ့် မာစတာလင်း ဆွဲနေတုန်း ဆိုတာကို မြင်ပြီး သူတို့ ကြောင်အသွားခဲ့ကြတယ်..။
"သူက လူရော ဟုတ်ရဲ့လား..."
ဘယ်လိုလုပ် ဒီအချိန်အထိ ဆွဲနိုင်ရတာလဲ..
ကျန်းကျောင်ရှန်း နာရီအနည်းငယ်လောက်သာ အနားယူခဲ့ပါတယ်..။ပြီးတာနဲ့ သူ အပြင်ကို အမြန်ပြန်ထွက်လာခဲ့ပါတယ်..။
ယွဲ့ချီဂျုရှီနဲ့ တာအိုရှီဂန် တို့လည်း အတူတူပါပဲ..။သူတို့က အသက်ကြီးနေပြီ ဖြစ်တာကြောင့် လူငယ်တွေလိုတော့ တောင့်မခံနိုင်ကြတော့ပေ..။
သူတို့ လင်းဖန် ဆွဲနေတုန်းဆိုတာကို မြင်ပြီး အံ့ဩသင့်သွားခဲ့ကြပါတယ်..။သူတို့ မြင်နေရတာတွေက ပုံရိပ်ယောင်လို ဖြစ်နေတဲ့ အတိုင်းပါပဲ..။
"အဖွဲ့အစည်းရဲ့ ဂိတ်ကို ပိတ်ထားခိုင်းလိုက်..။ဘယ်သူမှ ဝင်မလာစေနဲ့တော့..။ဒီနေရာကို လုံးဝ တိတ်ဆိတ်နေအောင် ထားထားရမယ်.."
ကျန်းကျောင်ရှန်း ပြောလိုက်တာပါ..။
အကြီးအကဲ လင်းကို ဘယ်သူကမှ အနောက်အယှက်ပေးတာကို သူ မလိုချင်ပါဘူး..။
တာအိုရှီဂန် ခေါင်းညိမ့်လိုက်တယ်..။
"ကျုပ်အခုပဲ..အကြောင်းကြားခိုင်းလိုက်မယ်.."
….
အခန်းထဲတွင်း..။
လင်းဖန်မှာက ဝူရှ အသိပညာအခန်းကို ဖွင့်လှစ်ထားတာကြောင့် ဒီလောက်အထိ တောင့်ခံနေနိုင်ခဲ့တာပါ..။မဟုတ်ရင် သူလည်း အစောထဲက လဲကျနေလောကိပါပြီ..။
သူမှာ တရုတ်အနုပညာ အသိပညာခန်း ရှိပေမယ့်လည်း ပုံမှန်ဆို ဒီလောက်အကြာကြီးတောင့်ခံနိုင်မှာ မဟုတ်ပါဘူး..။
လက်ရှိအချိန်မှာ သူ ပိုပြီး ဆက်ဆွဲလေလေ စိတ်လှုပ်ရှားလာလေပါပဲ..။ဘာလို့လဲဆိုတော့ မယုံနိုင်စရာ ပန်းချီကား တစ်ချပ်က သူ့လက်ထဲကနေ ထွက်လာတော့မှာပါ..။