← Chapters

အားလုံးကို အံ့ဩသင့်စေမူ

Vol. 45 Ch. 675

အားလုံးကို အံ့ဩသင့်စေမူ

Vol. 45 Ch. 675

#ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းမှ နေ့လည်အထိ..။

လူတိုင်းဟာ..ညောင်းညာတဲ့ ခံစားချက်တွေကို ရနေခဲ့ကြပါပြီ..။

ကျန်းကျောင်ရှန်းလည်း စတင်ပြီး စိုးရိမ်လာခဲ့တယ်..။

"အကြီးအကဲ တာအို..ကျုပ်တော့ အကြီးအကဲလင်းကို စိတ်ပူမိတယ်..။သူက..အနားမယူပဲ ဆက်တိုက် အလုပ်လုပ်နေတာ အတော်ကြာပြီလေ..တစ်ခုခုများ ဖြစ်သွားနိုင်မလား.."

တာအိုရှီဂန် လည်း စိတ်ပူနေခဲ့တယ်..။

"မပြောတတ်ဘူး..တကယ်လို့ ဒီလိုဆိုရင်တောင်..ကျုပ်တို့ဘာတတ်နိုင်မှာလဲ..။တကယ်လို့..ကျုပ်တို့ အထဲကို ဝင်သွားရင်လည်း နောက်ဆက်တွဲက.."

ကျန်းကျောင်ရှန်း ပြန်ပြောလိုက်တယ်..။

"အကြီးအကဲ လင်းတောင် ဒီလောက်အကြာကြီးဆွဲရပုံထောက်ရင် ပန်းချီကားက အတော်ခက်ခဲလို့ပဲဖြစ်ရမယ်..။ဒါက အရင်ပန်းချီကားတွေနဲ့ မတူလောက်ဘူး..။ဒါပေမဲ့ ဒါကြောင့် အကြီးအကဲ လင်း တစ်ခုခု ဖြစ်သွားမှာကိုကျုပ် စိတ်ပူမိတယ်..."

တာအိုရှီဂန် ခနလောက်တိတ်ဆိတ်နေပြီးမှ..ပြောလိုက်တယ်..။

"ကျုပ်တို့ နည်းနည်းလောက် ထပ်စောင့်နေလိုက်ရအောင်..။တကယ်လို့ အဲတာတောင် သူမပြီးသေးဘူးဆိုရင်..ကျုပ်တိူ့ အထဲဝင်ပြီး သူ့ကို ရပ်ဖို့ ပြောကြမယ်လေ..။ပန်းချီကားဆိုတာက ဒုတိယပဲ..ကျန်းမာရေးက ပိုအရေးကြီးတယ်.."

အကြီးအကဲကျန်း ​ေခါင်းညိမ့်လိုက်ပြီး..

"အင်း..ဒါမဆိုဘူး.."

နေ့လည်ဘက် ၃ နာရီ..။

လင်းဖန် မရပ်သေးပါဘူး..။ပြီးတော့ ဒီတစ်လျောက်လုံစ သူက ရေနည်းနည်းတောင် မသောက်ခဲ့ပေ..။ဘယ်လိုလူက ဒါမျိုး နေနိုင်မှာလဲ..။

"ကျုပ်အထဲ ဝင်သွားတော့မယ်.."

အကြီးအကဲ ကျန်း ထပ်ပြီးတောင် မတွေးတော့ပါဘူး..။သူ အကြီးအကဲ လင်းကို ဆက်မဆွဲစေချင်တော့ပေ..။မဟုတ်ရင် အဆုံးမှာ သူ တစ်ခုခု ဖြစ်သွားပါလိမ့်မယ်..။

အရင်တုန်းကလညး် ဒီလို အခြေအနေမျိုးတွေ ရှိခဲ့ဖူးပါတယိ။သူတို့ ရဲ့ သွေးတွေ ..ချွေးတွေ မျက်ရည်နဲ့ စိတ်ဝိညာဥ် တွေကို အချိန်အကြာကြီး ထည့်သွင်းရေးဆွဲရင်းနောက်ဆုံးမှာ သေသွားခဲ့တာပါ..။

ကျွီ...

တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်တယ်..။အကြီးအကဲ ကျန်း..အကြီးအကဲလင်း အနှောက်အယှက် မဖြစ်အောင်လို့ ညှင်ညှင်သာသာပဲ လှုပ်ရှားနေခဲ့တာပါ..။

သို့ပေမယ့် သူ အထဲကို ခြေတစ်လှမ်းသာ ဝင်ပြီး ရပ်တန့်လိုက်တယ်..။

"အကြီးအကဲ ကျုပ်ကို မနှောက်ယှက်ပါနဲ့.ကျုပ် အဆင်ပြေပါတယ်.."

လင်းဖန် သူ့စကားဆုံးတာနဲ့ နောက်ထပ် မပြောတော့ပဲ..ပိတ်ကားပေါ်မှာသာ အာရုံပြန်စိုက်ထားခဲ့ပါတယ်..။

ကျန်းကျောင်ရှန်း အဲ့မှာ ရပ်နေပြီး အချိန်အတော်ကြာအောင် တွေဝေနေခဲ့တယ်..။ယင်းနောက်..သူ ခြေထောက်ကို ပြန်ဆုတ်ပြီး တံခါးကို ပြန်ပိတ်ထားလိုက်ပါတယ်..။သူ ခေါင်းကို ခါယမ်းပြီး လူတိုင်းကို ပြောလိုက်တယ်..။

"အကြီးအကဲလင်းက သူ့ကို အနှောက်မယှက် မပေးစေချင်ဘူး.."

"ဒါက..."

"သွား..လူနာတင်ယာဥ် ​ေခါ်ထားလိုက်..။အကြီးအကဲလင်း..ပန်းချီဆွဲပြီးတဲ့ အချိန် သူ ဘာမှ မဖြစ်အောင်လို့ သေချာ စီစဥ်ထားရမယ်.."

ကျန်းကျောင်ရှနး် ညွှန်ကြားလိုက်တာပါ..။

"သိပါပြီ.."

အဖွဲ့အစည်းရဲပ မန်ဘာဝင်တွေက သရဲတစ်ကောင်ကို မြင်နေရတဲ့ အတိုင်းပါပဲ..။သူတို့ ..ဒီလို လူမျိုး ကမ္ဘာပေါ်မှာ ရှိနေလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ကြပေ..။

အရင်တုန်းက မျှော်လင့်ချက်တွေနဲ့ စောင့်နေခဲ့ကြပေမယ့် အခုတော့ မာစတာလင်း တစ်ခုခုဖြစ်သွားမှာကို ကြောက်ရွံ့နေခဲ့ကြပါပြီ..။

အဲ့အချိန်မှာပဲ..အဖွဲ့အစည်းက လူတစ်ယောက်ဟာ ကျန်းကျောင်ရှန်း အနားလာပြီး တီးတိုးပြောလိုက်တယ်..။

"အကြီးအကဲ ခေါင်းဆောငိတစ်ချို့က ဒီနေ့ အဖွဲ့အစည်းကို အလည်အပတ် ရောက်လာတယ်..။ကျွန်တော်တို့ ဘာလုပ်သင့်လဲ.."

ကျန်းကျောင်ရှန်း သူတို့ကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး..။သူ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"သူ တို့က အမြန်ပြန်ခိုင်းလိုက်..။အကြီးအကဲလင်း ပြီးတဲပ အချိန်အထိ အဖွဲ့အစည်းကို ဘယ်သူမှ လာလည်ပတ်လို့ မရဘူး.."

တကယ်လို့ တစ်ခြား တစ်ယောက်ယောက်ဆိုရင် ဒီစကားလုံးတွေက လက်မခံနိုင်စရာပါပဲ..။သို့ပေမယ့်..သူတိုရဲ့ ဥက္ကဌက ဘယ်လို လူမျိုးလဲဆိုတာကို သိနေတော့ ပြန်သွားပြောဖို့သာ တတ်နိုင်ပါတော့တယ်..။

အဖွဲ့အစည်းဝင်ပေါက်တွင်..။

အနက်ရောင်..အစိုးရ ကားတွေဟာ..ပါကင်ထိုးထားခဲ့တယ်..။

ခေါင်းဆောငိ တစ်ယောက်ဟာ..ကားထဲမှာ ထိုင်နေခဲ့ပါတယ်..။သူ အဖွဲ့အစည်းရဲ့ ဝင်ပေါက်ကို မြင်တဲ့ အချိန်မှာ သိချင်သွားခဲ့တယ်..။ဘာလို့ တရုတ်အနုပညာအဖွဲ့အစည်းရဲ့ ဝင်ပေါက်က ပိတ်ထားရတာလဲ..။အရင်က ဒီလို မဟုတ်ပါဘူး..။

ခေါင်းဆောင်တစ်ယောက်ဟာ ရယ်မောပြီး ပြောလိုက်တယ်..။

"တရုတ်အနုပညာက နိုင်ငံရဲ့ ရတနာပဲ..။ဒီတစ်ခေါက် အနုပညာ ပြပွဲက သိပ်ပြီး အရေးမကြီးပေမယ့်..ကျုပ်တို့ ဒီ ခေါင်းဆောင် ဟောင်းကြီးနဲ့တော့ တွေ့ထားသင့်တယ်လေ.."

"အမှန်ပဲ.ဒီခေါင်းဆောင်ဟောင်းကြီးနဲ့ ရင်းနှီးပြီး သူ့ပန်းချီလက်ရာကို အိမ်မှာ ချိတ်ဆွဲနိုင်ရင် အံ့ဩစရာ ဖြစ်ကုန်မှာ..."

သို့ပေမယ့် ဒီလူတွေ စကားပြောလို့ မကြာခင်မှာပဲ အဖွဲ့အစည်းရဲ့ မန်ဘာတစ်ယောက်ဟာ ရောက်လာခဲ့တယ်..။

"ခေါင်းဆောငိတို့..ကျွန်တော် တကယ်တောင်းပန်ပါတယ်..။ကျွန်တော်တို့ရဲ့ ဥက္ကဌက အရေးကြီး ကိုင်တွယ်စရာ ကိစ္စရှိနေလို့ ဧည့်သည် တွေကို လက်မခံသေးပါဘူး..။ပြီးတော့ ဒီနေ့ လည်ပတ်ခွင့် မပြုဖူးလို့လည်း ပြောလိုက်ပါသေးတယ်.."

ခေါင်းဆောင်တွေဟာ..ဒီစကားတွေကို ကြားတဲ့ အချိန်မှာ ပြောစရာစကားမရှိပဲ အချိန်အတော်ကြာအောင် ငြိမ်သွားခဲ့ကြတယ်..။တစ်ကယ်လို့ တစ်ခြားတစ်ယောက်ယောက်သာ သူတို့ကို အဲလိုလာပြောရင် သူတို့ ကျိန်းသေ စိတ်ဆိုးကြမှာပါ..။သိူ့ပေမယ့် ဒီစကားတွေကို အကြီးအကဲ ကျန်းက ပြောတာဖြစ်နေတဲ့ အတွက် သူတို့ မဆန့်ကျင်ရဲပါဘူး..။

"အကြီးအကဲ ကျန်းက ဘာဖြစ်လို့လဲ..။သူတစ်ခုခု ဖြစ်နေလို့လား.."

ဒီခေါင်းဆောင်ကတော့ လက်မလျော့ ချင်သေးပါဘူး..။သူ ဘာတွေဖြစ်နေတာလဲ တကယ်သိချင်မိပါတယ်..။တကယ်လို့ ပြသနာ တစ်ခုခု ရှိရင် ကူညီခွင့် ရတာပါပဲ..။

"ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ နံပါတ် ၁ မာစတာက ပန်းချီရေးဆွဲနေတာပါ..။အကြီးအကဲ ကျန်းက ခေါင်းဆောင်တို့ကို ဧည့်ခံဖို့ အချိန်မရှိသလို.. ပန်းချီဆွဲနေတဲ့ မာစတာကို လည်း အနှောက်ယှက်မဖြစ်စေချင်ပါဘူး.."

အဖွဲ့ဝင်ဟာ ပြောလိုက်တာပါ..။

ခေါင်းဆောငိဟာ ဒါကိုကြားတဲ့ အ​ချိန်ာကျေနပ်သွားခဲ့တယ်..။

"ရဲဘော်..ဒါက ဒီလို ဆိုရင် ဘာလို့ ငါတို့ကို အထဲခေါ်မသွားတာလဲ..။ငါတို့လည်း တရုတ်အနုပညာကို ချစ်တဲ့လူတွေဆိုတော့ အတူတူစောင့်ကြည့်လို့ရတာပေါ့.."

တကယ်လို့ တစ်ခြားတစ်ယောက်ယောက် သူ ဆိုရင် ဒါက ပြသနာ မရှိပါဘူး..။သိူ့ပေမယ့် မာစတာလင်းက အတော်ကို ခက်ခဲတဲ့ ပန်းချီကားကို ရေးဆွဲနေတဲ့ပုံပါ..။တကယ်လို့ သူသာ ဒီလိုတွေကို ..အထဲဝင်ခိုင်းလိုက်လို့..ဥက္ကဌ အပြစ်တင်တာခံရရင် နောက်ပိုင်းအတွက်က ကံဆိုးမူကြီးပါပဲ..။ဒါကြောင့် သူ ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်တယ်..။

"ချစ်လှစွာသော ခေါင်းဆောငိတို့..ကျွန်တော် တောင်းပန်ပါတယ်..။ဥက္ကဌ က သေချာပြောထားတာ မို့လို့ပါ..။ဒီနေ့ အဖွဲ့အစည်းထဲကို အပြင်လူ လာလို့မရပါဘူး.."

အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဟာ..လေးနက်တဲ့ အသံနဲ့ ပြောလိုက်တာပါ..။

ခေါင်းဆောင်တွေဟာ ကြောင်အသွားခဲ့တယိ..။ဒါက ဘာအနေအထားလဲ..။အထဲဝင်ပြီး ကြည့်ချင်တာတောင် ကြည့်လို့မရဘူးလား..။

သို့ပေမယ့် သူတို့မှာလည်း ဘာ အင်အားမှ ရှိမနေခဲ့ပါဘူး..။

…

အထဲတွင်..။

ကျန်းကျောင်ရှန်း တံတွေးကို မြိုချနေခဲ့တယ်..။လူတိုင်းက စောင့်နေခဲ့ကြပါတယ်.။ ဒီလို လေးလံတဲ့ လေထုကို ခံစားရတာက သူ့အတွက်တော့ ပထမဆုံးအကြိမ်ပါပဲ..။

လူနာတင်ယာဥ်လည်း ရောက်နေခဲ့တယ်..။

ဒေါက်တာနဲ့ သူနာပြုတွေဟာလည်း စောင့်နေခဲ့ကြပါတယ်..။သူတို ဘယ်လို အခြေအနေမှာရောက်နေလည်း မသိပေမယ့်..ဒီတိုင်း စိတ်ရှည်ရှည်နဲ့သာ စောင့်နေခဲ့ကြပါတယ်..။

အခန်းထဲတွငိ..။

လင်းဖန် ဆက်ပြီးရေးဆွဲနေခဲ့တယ်..။သူ ဘာအမှားမှ မလုပ်ရဲပါဘူး..။

စွယ်စုံကျမ်းထဲက အချက်အလက်အရဆိုရင်..'မြစ်ကြောင်း ပန်းချီကားပေါ်က စစ်မှန်တဲ့ တောက်ပမူ' ကို အဆုံးသတ်ဖို့ တစ်နှစ်လောက်ကြာပါတယ်..။သို့ပေမယ့် သူက အချိန်အတိုအတွင်းပြီးအောင် ရေးဆွဲနေတာဖြစ်ပြီးး..စွယ်စုံကျမ်းထဲက ပန်းချီကားထက်လည်း ပိုကောင်းမွန်ပါတယ်..။လိုအပ်တဲ့ သက်လုံ နဲ့ အာရုံစိုက်မူကတော့ အများကြီးပါပဲ..။

ညအချိန်ပြန်ရောက်သွားခဲ့တယ်..။

အကုန်လုံး သည်းမခံနိုင်ကြတော့ပါဘူး..။

သူတို့ရဲ့ အကန့်အသတ်ကို ရောက်နေခဲ့ကြပါပြီ..။တစ်ရက် တစ်ညက လွယ်ကူပါတယ်..။သို့ပေမယ့် နှစ်ရက် နှစ်ညဆိုတာကတော့ လူတစ်ယောက်ကို လဲကျဖို့ လုံလောက်နေခဲ့ပါပြီ..။

၃ ရက်မြောက် မနက်အစောတွင်..။

ကျွီ

လင်းဖန် အတော်ပင်ပန်းနေခဲ့တယ်..။သူ အပြင်ကို ထွက်လာတဲ့ အချိန်မှာ အကုန်လုံးက ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေခဲ့ကြတာ မြင်ပြီး အကူညီမဲ့စွာ ရယ်မောလိုက်ပါတယ်..။လက်ရှိအချိန်မှာ သူ အတော်ဆာနေပြီး တစ်ခုခု စားဖို့ လိုအပ်ပါတယ်..။

ဒီလူတွေကို မနိုးပဲ သူ ထွက်လာခဲ့တယ်..။

သသ လူနာတင်ယာဥ်ကို မြင်တဲ့ အချိန်မှာ ထပ်ပြီး ရယ်မောလိုက်ပါတယ်..။ဘာတွေဖြစ်နေတာလဲ..။သူတို့က ငါသေသွားမှာကို ကြောက်နေတာလား..။

အချိန်အတော်ကြာပြီး နောက်တွင်..။

တစ်ချို့ဟာ နိုးလာခဲ့ကြတယ်..။မာစတာလင်းက..ဆွဲနေသေးလား ဆိုတာကို သူတို့ စဥ်းစားမိလိုက်ကြပါတယ်..။

သို့ပေမယ့် အခန်းထဲမှာ ဘာသက်ရှိမှာ မရှိတာကို မြင်ပြီး သူတို့ အံဩသွားခဲ့ကြတယ်..။

"မာစတာလင်း သွားပြီ.."

"ဥက္ကဌ ဥက္ကဌ ..မာစတာလင်း က သွားပြီ.."

ကျန်းကျောင်ရှန်းနဲ့ ကျန်တဲ့လူတွေဟာ နိုးလာခဲ့ကြတယ်..။သူတို့လည်း မာစတာလင်း ထွက်သွားပြီ ဆိုတာ သိတဲ့အချိန်မှာ အံ့ဩသွားခဲ့ကြပါတယ်..။

"စိတ်မပူနဲ့..အကြီးအကဲလင်းက ပြီးလို့ ထွက်သွားတာပဲ ဖြစ်ရမယ်..။မင်းတို့ အကုန်လုံးက ဘယ်လိုဖြစ်ပြီး အိပ်​ပျော်သွားတာလဲ.."

"ကျုပ်တို့လည်း ပင်ပန်းသွားတာလေ..။ထပ်ပြီးတောင့်မခံနိုင်တော့ဘူး.."

"အကြီးအကဲ လင်းက အနားယူဖို့သွားတာဖြစ်မယ်..။အထဲဝင်ပြီး ကြည့်လိုက်ရအောင်.."

အဲ့အချိန်မှာတော့ လူတိုင်း အသက်ရူသံ ရပ်တန့်နေခဲ့ကြတယ်..။သူတို့ လေးလံတဲ့ ခြေလှမ်းတွေနဲ့ အထဲကို ဖြည်းဖြည်းချင်း ဝင်လိုက်ကြပါတယ်..။

ပန်းချီကားဟာ တော့ တိတ်ဆိတ်စွာ ရှိနေခဲ့တယ်..။သို့ပေမယ့် သူတို့ အားလုံးအတွက်တော့ ဒီပန်းချီကားက အပင်ပန်းခံ ဆွဲထားရတဲ့ ရလာဒ်ပါ..။

ပန်းချီကားက ဘယ်လိုလဲ ဆိုတာ သူတို့ အကုန်လုံး သိချင်နေမိခဲ့ပါတယ်..။

ကျန်းကျောင်ရှန်း ထပ်မစောင့်နိုင်ပဲ..သူ့အကြည့်တွေက ပိတ်ကားပေါ်ကို ရောက်သွားခဲ့တယ်..။

"ဒါ..ဒါက.."

ရုတ်တရက် ကျန်းကျောင်ရှန်း သူ့လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်တဲ့ အချိန်မှာ..နှလုံးခုန် မြန်လာတာကို ခံစားလိုက်ရပါတယ်..။

သူ့မှာ ရှိတဲ့ ခံစားချက်ကတော့ တစ်ခုပဲ ရှိပါတယ်..။

အံ့ဩသင့်မူ..

ဒါက ကမ္ဘာကိုတောင် တုန်လှုပ်နိုင်တဲ့ ပန်းချီကားပဲ..။

နိုင်ငံရဲ့ ရတနာ..

အဖိုးမဖြတ်နိုင်ဘူး..

ဒီလို ပန်းချီကားက နောက်ထပ် ဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်ဘူး..။

ရုတ်တရက်..သတိပေးသံတွေ ထွက်လာခဲ့တယ်..။

"မကောင်းတော့ဘူး..အကြီးအကဲ ဝမ် အရမ်းစိတ်လှုပ်ရှားပြီး သူ့ရဲ့ နှလုံးရောဂါ ပြန်ထလာပြီ ဆရာဝန် ဘယ်မှာလဲ.."

အစကတော့ သူတို့ အချိန်တွေ အကြာကြီး စောင့်နေရလို့ စိတ်ထဲမှာ ..မကျေမနပ်ဖြစ်နေခဲ့ကြတာပါ..။သိူ့ပေမယ့် ဒီ ကမ္ဘာကို တုန်လှုပ်နိုင်တဲ့ ပန်းချီကားကို မြင်တဲ့ အချိန်မှာ အဲဒီစိတ်တွေ အကုန် ပျောက်ကွယ်သွားခဲ့တယ်..။

ဒါကို ဘယ်လိုခေါ်ရမှာလဲ..

နတ်ဘုရားဆန်တဲ့ အနုပညာ..

သမိုင်းတစ်လျောက် အကောင်းဆုံး...

အစကတော့ လူနာတင်ယာဥ်ကို မာစတာလင်းအတွက် ခေါ်ထားပေမယ့်..အခု လိုအပ်တဲ့ လူတွေက သူတို့ဖြစ်သွားခဲ့ပါတယ်..။

ဒေါက်တာနဲ့ သူနာပြုတွေဟာလည်း တစ်စုံတစ်ယောက် ပန်းချီကားကြည့်ရင်း နှလုံးရောဂါ ရသွားတာကိုကြားပြီး မယုံကြည်နိုင်ဖြစ်နေခဲ့ကြတယ်..။

All Chapters