← Chapters

အကူအညီတောင်ခံရခြင်း

Vol. 22 Ch. 316

အကူအညီတောင်ခံရခြင်း

Vol. 22 Ch. 316

စုနမ်သည်ယာဉ်မောင်းလိုင်စင် စာမေးပွဲကို ဖြေဆိုပြီးနောက် သူမ၏ လုပ်ဖော်ကိုင်ဖက်များကသူမ ကားမောင်းတာကို မေ့သွားအောင် တားဆီးရန် ကြိုးစားခဲ့ကြလေသည်။

......

ဒါတွေကိုတော့လင်းဖန်မသိပေ။

ယခုအချိန်တွင်လင်းဖန်သည်စုနမ်ကိုကားနှင့်ရင်းနှီးကျွမ်းဝင်အောင်ညွှန်ကြားပြသပေးနေလေသည်။

စုနမ်သည်အလွန်ဥာဏ်ကောင်းသောကြောင့်ခဏတာလင်းဖန်၏ လမ်းညွှန်မှုအောက်တွင် ပန်လုံဗီလာကို အနည်းငယ် လှည့်ပတ်ပြီးနောက် တစ်ယောက်တည်း လမ်းပေါ် မှာမောင်းခြင်းသည် ပြဿနာတစ်ရပ်မဟုတ်တော့ပေ။

ထို့ကြောင့် လင်းဖန်က Mercedes-Benz Grand G(ကား) ကို မောင်းနှင်ပြီး စုနမ်က Lamborghini Urus (ကား)တစ်စီးကိုမောင်းနှင်ပြီး ဝမ်ကျင်းဟန်ဆီကို အရှိန်နဲ့မောင်းသွားလေသည်။

...

ဝမ်ကျင်းဟန်ကိုရောက်ပြီးခဏအကြာတွင်စုနမ်တို့အဘွားနေသောတံခါးကိုဖွင့်လိုက်သောအခါတွင် အရသာရှိလှသော အစားအသောက်ရံနံ့များလွင့်ပျံလာလေသည်။

စုရန်သည်အခန်းထဲကနေခုန်ထွက်လာပြီး “အစ်ကို၊အစ်မ ပြန်လာပြီလား။နေ့လယ်စာ စားလို့ရပြီ!”

လက်းဖန်သည်လဲဗိုက်ဆာနေတာနဲ့စုနမ်တို့နဲ့အတူစားလိုက်လေသည်။

.....

နေ့လည်စာစားပြီး။

လင်းဖန်က “အဖွားနဲ့ စုရန်က အခုမှပြောင်းလာတာဆိုတော့အဝတ်အစားနဲ့ နေ့စဥ်သုံးပစ္စည်းတွေ မရှိသေးဘူးမလား။ ကျွန်တော်တို့နဲ့အတူပစ္စည်းတွေသွားဝယ်ကြရအောင်”

ထိုအခါအဖွားက “နေ့စဥ်လိုအပ်တာတွေကိုတော့စုနမ်နဲ့အတူသွားဝယ်လိုက်ပါ။ငါတျု့ဘာဆိုဒ်ဝတ်တာလဲဆိုတာစုနမ်သိဆော့သူမကကြည့်ကြပ်ပြီးဝယ်လာပေးပါလိမ့်မည်။ဒါကြောင့်ငါတို့မလိုက်တော့ဘူး။”

စုရန်သည်လိုက်ချင်သော်လည်းပင်ပန်းနေသော အဖွားကို ကြည့်လိုက်မိပြီးနောက်သူမက’’ဟုတ်တယ်၊ညီမလည်းမလိုက်တော့ဘူးလေ။အမတို့ဘာသာကြည့်ကြပ်ပြီးဝယ်လာလိုက်ပါ’’

ယင်းနှင့်ပတ်သက်၍လင်းဖန်သည်သူမတို့ကိုလိုက်ရန်အတင်းမတောင်းဆိုတော့ပေ။

....

ပြီးနောက်လင်းဖန် နှင့် စုနမ်တို့သည် ကားတစ်ယောက်တစ်စီးမောင်းနှင်ပြီး ကေအမ်မော် သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။

ကေအမ်မော်မှာရှိတဲ့အဝတ်အစားတွေက ဈေးကြီးပေမယ့် အသက်အရွယ်မရွေး အမျိုးသားရော အမျိုးသမီးပါ လိုက်ဖက်တဲ့ စတိုင်တွေ အများကြီးရှိလေသည်။

ထို့အပြင် ကေအမ်မော်သည် လင်းဖန်အပိုင်ဖြစ်သောကြောင့် သူ့ကိုယ်ပိုင်ကုန်တိုက်အား ပြန်အားပေးခြင်းသည်ဒါကမဆိုးသောကိစ္စဟုသူထင်မြင်မိသည်။

အချိန်တိုအတွင်း သူတို့သည် အ၀တ်အထည် ၂၀ နီးပါးနှင့် ဖိနပ် ၆ ရံကို စုစုပေါင်း ယွမ် ၈၈၉,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ပျမ်းမျှအားဖြင့် အဝတ်အထည်တစ်ထည်စီသည် ယွမ် ၃၀၀၀၀ အောက်သာရှိပြီး အလွန်သက်သာသည်ဟုလင်းဖန်တွေးမိသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ဖုန်းတွင် စာအိတ်အနီ 88 စောင်ရောက်ရှိလို့လာလေသည်။

လင်းဖန်နဲ့ စုနမ်တျု့သည် မြေအောက်ကားပါကင်ကို ရောက်တဲ့အခါ လင်းဖန်သည်ကေအမ်မော်ကနေဝယ်လာသောအိတ်တစ်လုံးတွင်သူဖုန်းကျန်ကျန်ခဲ့သည်ကိုရုတ်တရက် သတိရသွားလေသည်။(ပြောချင်တာလင်းဖန်ဝယ်တာတွေကိုအဲ့မှာရှိတဲ့အိမ်အရောက်လိုက်ပို့ပေးတဲ့စီမှာအပ်ထားခဲ့တယ်။အဲ့အိတ်ထဲကတစ်ခုမှာသူ့ဖုန်းကျန်ခဲ့တာကိုပြောတာပါ)

တခြားအရာတွေဆိုရင်လင်းဖန်ကပြန်သွားယူရန် ရွေးချယ်မှာမဟုတ်ပေ။

သို့သော်လည်းသူ၏မိုဘိုင်းလ်ဖုန်းတွင် နေ့စဉ် စာအိတ်အနီများ ရှိသည်။

ဒါကြောင့်သဘာဝအတိုင်း စွန့်ပစ်လို့မရပေ။

ဒါနဲ့ သူက စုနမ်ကို “မင်းကားထဲမှာ ခဏစောင့်နေ၊ငါ့ဖုန်းကျန်ခဲ့လို့သွားယူလိုက်အုံးမယ်။”

စုနမ်က “ကောင်းပြီ။”

ထို့နောက် လင်းဖန်သည် ဓာတ်လှေခါးပေါ် ပြန်တက်သွားလေသည်။

စုနမ် သည် ကားရပ်နားရာနေရာဆီသို့ ဖြည်းညှင်းစွာလျှောက်လာလေသည်။

ထိုအချိန်တွင် သူ့မနောက်ကနေအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။

“ဒီကအလှလေး”

စုနမ်သည်အသံကြားပြီးနောက် သူမသည်မနောက်သို့လှည့်လိုက်လေသည်။

အနောက်တိုင်းဝတ်စုံကိုဝတ်ထားသောလူသည် စုနမ်၏မျက်နှာကိုမြင်ပြီးနောက် သူ့နှလုံးခုန်သံများချက်ချင်းမြန်ဆန်လို့သွားလေသည်။

အရမ်းလှတယ်။

သူမကကောင်းကင်က ဆင်းလာတဲ့ နတ်သမီးလေးလိုပါပဲ။ဟုထိုလူကတွေးလိုက်သည်။

စုနမ် က “မင်းမှာဘာကိစ္စရှိလို့လဲ?”

ကောင်းလိုက်တဲ့အသံ။

ထိုလူသည် သူ့စိတ်ထဲရှိစိတ်လှုပ်ရှားမှုကို ထိန်းထားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ထို့နောက် အနည်းငယ် ရှက်သောလေသံဖြင့် “ဒါကကျွန်တော်ရဲ့ BMW X5 ပါ။ဒါကို1 သန်းလောက် အကုန်အကျခံပြီးဝယ်ခဲ့တာပါ။ဘယ်နဲ့ ညာဘက်က နည်းနည်းကျဉ်းတယ်။ ကျွန်တော်ကားမောင်းစွမ်းရည်ကညံလို့ထိခိုက်မိမှာကိုစိုးရိမ်လို့ပါ။အကယ်၍မင်းကားမောင်းကျွမ်းရင်ငါ့ကားကိုမောင်းထုတ်ပေးလို့ရမလား”

စကားပြောနေရင်း ကားသော့ကို ထုတ်ယူကာ ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။

BMW X5 (ကား)ရှေ့ မီးနှစ်ခုလင်းသွားလေသည်။

ဒေါ်လာတစ်သန်းတန် ဇိမ်ခံကားတစ်စီး ပိုင်ဆိုင်ကြောင်း ဦးစွာ ထောက်ပြခဲ့သည်။

ထို့နောက် ကောင်းမွန်သော သဘောထားဖြင့် စုနမ်ကို အကူအညီတောင်းသည်။

ဤနည်းအားဖြင့် အကူအညီရရန်အလွန်လွယ်ကူသည်။

စုနမ်ကကူညီမည်ဟု ကတိပြုပြီး​တာနဲ့သူသည်စုနမ်က ကူညီပေးပြီးတာနဲ့စုနမ် ၏ ဝီချက်ထည့်သွင်းပြီး ညစာစားဖို့ ဖိတ်ခေါ်ရန်ဒီကူညီပေးမှုကို နောက်ပိုင်းတွင် အကြောင်းပြချက်အဖြစ် အသုံးပြုမည်ဖြစ်သည်။

ထိုလူ၏ နှလုံးသားထဲတွင် စုနမ် နှင့် သူတျု့နှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်နေလေသည်။

သို့သော်စုနမ်ဘာမှပြန်မပြောခင်မှာခပ်လှမ်းလှမ်းမှ ခြေသံများထွက်ပေါ်လာသည်။

ထို့နောက်လင်းဖန်သည်စုနမ်အနားကိုလာပြီးနောက်စုနမ် ၏ ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်လေသည်ယာ

ဒါကိုကြည့်ပြီးထိုလူ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ မနာလိုသော အမူအရာများ သူ့မျက်နှာအနှံ့တွင်ပေါ်လာသည်။

ခဏအကြာတွင်သူသည်စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးနောက်သူက”မင်းကဘယ်သူလဲ”

လင်းဖန် က “ကျွန်တော်က သူမရဲ့ရည်းစားပါ”

လင်းဖန်က “စုနမ်မင်းသူ့ကို သိလား”

စုနမ် က “ငါသူ့ကိုခုမှတွေ့ဖူးတာ”

ထို့နောက် စုနမ် သည် ၎င်းတို့နှစ်ဦးကြား ယခုလေးတင် စကားပြောဆိုမှုကို အကြမ်းဖျင်းလင်းဖတ်ကိုပြောပြလိုက်သည်။

လက်းဖန်သည် အလွန်ဉာဏ်ကောင်းသောကြောင့်တစ်​ဖက်သူရဲ့ အတွေးတွေကို ချက်ခြင်းနားလည်လိုက်လေသည်။

လင်းဖန်ကသူ့ရှေ့က BMW X5 (ကား)ကို လက်ညှိုးထိုးပြပြီး “အဲဒါကမင်းကားလား။”

ထိုလူက လည်ပင်းကို အနည်းငယ်မြှောက်ကာ “ဟုတ်တယ်” ဟုဆိုလိုက်သည်။

လင်းဖန် က “စုနမ် မင်းကားကြောင့်သူ့ကားထုတ်လို့မရဖြစ်နေတယ်။ဒါကြောင့်မင်းကားကိုအရင်မောင်းထုတ်လိုက်ပါ။”ဟုဆိုလိုက်သည်။

စုနမ်က “ကောင်းပြီ။”

စကားပြောအပြီးတွင် သူမသည် Lamborghini Urus၏(ကား)ကားသော့ကို ဦးစွာထုတ်ကာ ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။

ထို့နောက် တံခါးဖွင့်၍ ထိုင်ကာ ကားကို မောင်းထုတ်လိုက်လေသည်။

ဒဒါကိုကြည့်ပြီးထိုလူသည် ခဏမျှ အံ့အားသင့်သွားကာ “Lam... Lamborghini Urus(ကား)...”

ထင်ရှားသည်မှာ၊ သူသည် ကားများနှင့် ပတ်သက်၍သေချာနားလည်သည်ဆိုတာပင်ဖြစ်သည်။

လင်းဖန်သည် ထိုလူသည်နေရာတွင်ရပ်ကာမလှုပ်မရှားရပ်နေသည်ကို မြင်လိုက်ရတော့ “မောင်းလို့မရသေးဘူးလား?”

ထို့ကြောင့်သူသည်ထိုသူ၏ဘေးရှိ Mercedes-Benz(ကား) တံခါးကိုဖွင့်ပြီး ကားကို မောင်းထွက်သွားလိုက်သည်။

“Mercedes-Benz(ကား).....” ထိုလူက အံသြတစ်ကြီးရေရွတ်လိုက်သည်။

လင်းဖန်က ကားပြတင်းပေါက်မှန်ကိုချလိုက်ပြီး “ဘယ်လိုလဲ၊ အခုအတော်ကျယ်နေပြီထင်တယ်။မင်းကားကို အေးဆေးမောင်းထုတ်လို့ရပြီ” ဟု ပြောလိုက်သည်။

ချက်ချင်းပင် ထိုလူ၏ မျက်နှာတစ်ခုလုံး နီရဲလို့လာသည်။

သူသန် 1သန်းတန် ဇိမ်ခံကားတစ်စီးကိုပိုင်ဆိုင်တော့ကောဘာဖြစ်လဲ။

တစ်ဖက်လူဟာ2သန်းကျော်တန်ကြေးရှိသော Mercedes-Benz Big G (ကား)ကို ပိုင်ဆိုင်သည်။

ပြီးတော့Lamborghini Urus(ကား)တစ်စီးသည် တန်ဖိုး 3 သန်းကျော်ရှိသည်။

ထိုလူသည်သူအရမ်းမိုက်မဲသည်ဟုခံစားလိုက်ရသည်။

ထိုအချိန်တွင် သူသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေပြီဖြစ်သည်။

ထို့ကြောင့် ထိုလူက လင်းဖန်ပြောတာကိုပြန်မ​ဖြေဘဲ BMW X5(ကား)ပေါ်သို့တက်ကာအရှိန်တင်မောင်းလိုက်လေသည်။

“ဗွမ်း!”

သို့သော် သူ သတိလက်လွတ်ဖြစ်သွားကာ ရှေ့ရှိတိုင်ကို ဝင်တိုက်မိလိုက်သည်။

အဲဒီလူက ကားထဲက ဆင်းပြီးတဲ့ နောက်မှာ ကွဲနေတဲ့ ရှေ့မီးနဲ့ ပိန်နေသောကားစက်ဖုံးကို ကြည့်လိုက်ရင်းသူ့နှလုံးထဲကနေသွေးတွေထွက်နေလေသည်။

“ငါအခုမှဝယ်ထားတဲ့ BMW X5(ကား)လေး”20၂၀

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters