← Chapters

ဂုဏ်ပြုပွဲ

Vol. 22 Ch. 317

ဂုဏ်ပြုပွဲ

Vol. 22 Ch. 317

ဒါကိုကြည့်ရင်းလင်းဖန်က “စုနမ် မင်းမြင်လား။ ကားမောင်းရင် မထိတ်လန့်ပါနဲ့ မဟုတ်ရင် ဒီလိုတိုက်မိတတ်တယ်”

စုနမ်ကခေါင်းညိတ်ပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား အရှိန်မြှင့်စက်ကိုနှင်းကာအဝေးသို့မောင်းသွားလေသည်။

လင်းဖန်နှင့် စုနမ် တို့သည်ဝမ်ကျင်းဟန် စံအိမ်သို့ရောက်ပြီး မကြာမီတွင် သူတို့ဝယ်ခဲ့သော အဝတ်အစားများနှင့် ဖိနပ်များအားလုံးသည်လဲမကြာခင်ရောက်လာခဲ့လေသည်။

ကောင်းကင်ကြီး မှောင်စပြုလာသည်ကို မြင်လိုက်ရသည်နှင့် လင်းဖန်သည် ဝမ်ကျင်းဟန်တွင် အကြာကြီးမနေဘဲ ပန်းလုံဗီလညသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။

နူးညံ့သော ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းကိုထုတ်ပြဖိး စာအိတ်အနီကို အာရုံစိုက်လိုက်သည်။

“အခု​​စာအိတ်အနီ ၁၀၅ စောင်ရှိတယ်။အဲ့ဒါတွေကနေဘာရမလဲကြည့်ရအောင်”

ထင်ရှားသည်မှာကတော့ဤသည်မှာ မကြာသေးမီရက်များအတွင်း အဝတ်အစား၊ ဖိနပ်တို့ကိုဝယ်ယူရာတွူင်ရသောစာအိတ်အနီဖြစ်သည်။

“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း ၈ ယွမ် ရသည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရသည်”

...

“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရရှိသည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 8888ရရှိသည်။ဖ”

...

အနီရောင်စာအိတ် 105 စောင်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း 98,103 ယွမ် နှင့် 1 ကတ်ပြားကို ရရှိခဲ့သည်။

၁ ယွမ် ကတ်သည် ၁ ယွမ် သုံးပြီးနောက်ချက်ချင်း ယွမ် သန်း ၁၀၀ ကို ရရှိ​နိုင်ကြောင်းသိသင့်သည်။

တစ်နည်းအားဖြင့်ပြောရရင်လင်းဖန်သည် အဝတ်အစားများဝယ်ယူခြင်း၊ စားခြင်းစသည်တို့အားလုံးကိုငွေကြေးအကုန်အကျမခံရုံသာမကဘဲ သန်း ၁၀၀ လည်း ရရှိခဲ့သည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။

ခေါ်ဆိုသူကတော့သူရဲ့ညီမ လင်းရှောင်ရီ ထံမှ ဖြစ်သည်။

ထို့ကြောင့် လင်းဖန်သည် အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“အစ်ကို၊ မင်း စူပါဘက်ထရီကို တီထွင်ခဲ့တာလား။” လင်းရှောင်ရီကစိတ်လှုပ်ရှားသောလေသံဖြင့်မေးလိုက်လေသည်။

လင်းဖန်က “ဟုတ်တယ်” ဟု ပြန်ဖြေလိုက်သည်။

“ဒါဆို... ဟွာအုပ်စုက မင်းနဲ့ 1.5 ဘီလီယံတန် စာချုပ် ချုပ်ဆိုခဲ့တာလား။” လင်းရှောင်ရီကထပ်မေးလိုက်သည်။

“ဟုတ်တယ်။” လင်းဖန်ကပြန်ပြောသည်။

“ဝါး....အရမ်းအံသြဖို့ကောင်းတာပဲ!” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းဖန်က’’ကောင်မလေးနက့်အကိုကအံသြဖို့ကောင်းတာကိုအခါမှသိတာလား’’ဟုစနောက်လိုက်လေသည်။

......

ယခုအချိန်တွင် ကျန်ပေ့တက္ကသိုလ်။

ကျောက်နီသည် ခပ်သွက်သွက် ခြေလှမ်း လှမ်းပြီး အိပ်ဆောင်သို့ ပြန်လာခဲ့သည်။

ရှောင်ပန် နဲ့ ရှောင်အန်းတို့သည် စားပွဲမှာစာကို ဂရုတစိုက်ဖတ်နေတာကိုတွေ့တော့ သူမ မထိန်းနိုင်ဘဲ ပြုံးပြီး နှုတ်ဆက်လိုက်လေသည်။ “အရမ်းနောက်ကျနေတာတောင် မင်း တျု့ကစာကျက်နေသေးတာလား”

စကားပြောနေစဉ်တွင် သူမကရှောင်ပန် နှင့် ရှောင်အန်းတို့၏ စာအုပ်များကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

မကြာခင်မှာပဲကျေညက်နီ ရဲ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောအရိပ်အမြွက်ပြလိုက်လေသည်။

“4Li-4e=4Li+? ဒါက ဓာတုဗေဒတွက်နည်းမဟုတ်ဘူးလား။ ဓာတုဗေဒစာအုပ်တွေကိုဘာလို့ဖတ်နေတာလဲ” ဟုကျောက်နီ က မေးလိုက်သည်။

သိရန်ရှောင်ပန် နှင့် ရှောင်အန်း တို့သည် ကွန်ပြူတာသိပ္ပံဌာနတွင် ထူးချွန်သူများဖြစ်ကြပြီး ယမန်နှစ်တွင် အဆင့်မြင့်ပညာရေးဖလားကိုပင် ရရှိခဲ့သည်။

အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အကြောင်းရင်း အများစုဟာ လင်းဖန် ကြောင့်လို့ လူအများက ပြောကြသည်။

သို့သော်လည်း သူမတို့၏ လွန်ကဲသော ကွန်ပျူတာစွမ်းရည်ကိုငြင်းဆို၍မရပေ။

ရှောင်ပန် နှင့် ရှောင်အန်းတို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်တစ်ညီတစ်ညွှတ်တည်းပြောလိုက်လေသည်။ “ငါတို့ခဏလေ့လာကြည့်တာ..”

ဒါကိုကြားတော့ကျောက်နီက ပခုံးတွန့်ပြီး “အင်း၊ ဒါဆိုလဲဆက်ပြီးလေ့လာနေ”

ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။

ရှောင်ပန်နှင့် ရှောင်အန်း တို့သည် သိပ္ပံဂျာနယ်၏ မျက်နှာဖုံးတွင် ထင်ရှားသော ခေါင်းစဉ်ကို ငုံ့ကြည့်လိုက်လေသည်။ “စူပါဘက်ထရီများ၏ အခြေခံများနှင့် အသုံးပြုပုံများ”

ထို့နောက် နှစ်ယောက်သား သည်ဓာတုဗေဒစာအုပ်များကို ပို၍ ဂရုတစိုက်လေ့လာလိုက်ကြသည်။

...

မနေ့ညကလင်းဖန်သည် စုနမ်ကို မနက်စာပြင်ဆင်ရန် လာရန် မလိုအပ်ကြောင်း သတိပေးခဲ့သည်။

ပထမအချက်မှာ လင်းဖန်သည် သူမဒီကို မနက်စောစောလာရန်မှာခက်ခဲလွန်းသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။

နောက်တစ်ချက်ကတော့ ဒီနေ့မျီာသူကကျောင်းတက်ချင်လို့ပင်ဖြစ်သည်။

ကျန်ပေ့တက္ကသိုလ်မှ ခေါင်းဆောင်များကသူ့ကိုလွတ်လပ်မှုပေးထားလေသည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ကျောင်းသားသာဖြစ်သည်။ကျောင်းမတက်တာ ကြာရက်ဒါကသိပ်မကောင်းတော့ပေ။

ဒါကြောင့် လင်းဖန်ဟာ Mercedes-Benz Big G (ကား)ကို မောင်းပြီး အနီးနားက အဆင့်မြင့် စားသောက်ဆိုင်မှာ မနက်စာ စားခဲ့လိုက်လေသည်။ စားသောက်ဆိုင်တံခါးမှ ထွက်လာသောအခါ ၎င်းဘေးရှိ စူပါမားကတ်ငယ်လေးတွင် ရေတစ်ဗူးဝယ်လိုက်သည်။

【ဒင်း! 1 ယွမ် ကတ်ကိုသုံးမှာလား။ 】

“ဟုတ်တယ်!”

【ဒင်း! ယွမ် သန်း 100 ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ 】

ရုတ်တရက် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားလေသည်။

“တရုတ်ဘဏ်မှ ယွမ်သန်း ၁၀၀ ရရှိသည်။”

ထို့နောက် လင်းဖန် သည် Mercedes-Benz Big G(ကား)ဖြင့်ကျန်းပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။

ကျောင်းမတက်တာ ရက်အတော်ကြာပေမယ့် ကျောင်းကတော့ဘာမှမပြောင်းလဲပေ။

တံခါးရှေ့တွင် စူပါဘက်ထရီ တီထွင်မှုအတွက် ဂုဏ်ပြုသည့် ဆိုင်းဘုတ်တစ်ခု ရှိသည်။

လင်းဖန်သည် ကားကိုရပ်ပြီး စာသင်ခန်းဆီသို့ လျှောက်လာသောအခါတွင် ပြင်းထန်သောအသံတစ်ခု သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

“လင်းဖန်၊ မင်္ဂလာနံနက်ခင်းပါ!”

လင်းဖန်သည် ဖြည်းညှင်းစွာ လှည့်ကာ “မင်္ဂလာနံနက်ခင်းပါ ဆရာစုရန်ဒေါင်” ဟု ပြောလိုက်သည်။

စုရန်ဒေါင်သည်လင်းဖန်စီသို့အမြန်လျှောက်လာပြီးသူက “မင်းဘာလို့ ငါ့ကိုဒီလောက် ယဉ်ကျေးနေရတာလဲ”

လင်းဖန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားလေသည်။

ယဉ်ကျေးတာလား

လူဆစ်ယောက်ကိုတွေ့ရင်ငါ့ကအရင်မနှုတ်ဆက်ရဘူးလား

စုရန်ဒေါင် က “ဒါနဲ့လင်းဖန်မင်းက အရမ်းတော်တာပဲ!”

“မင်းမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတယ်လို့ ငါပြောခဲ့ပါတယ်။မင်းက ငါတို့အတန်းအတွက် ဂုဏ်ယူစရာတွေကိုမထင်မှတ်ပဲဆောင်ယူလာခဲ့တယ်။မင်းကိုမထင်ထားတာကမင်း စူပါဘက်ထရီကိုတောင် တီထွင်နိုင်တယ်ဆိုတာပဲ!”

လင်းဖန်၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားပြန်သည်။

ဒါလည်း ထူးချွန်ပြီး အတန်းအတွက် ဂုဏ်ယူစရာပဲလား...

ဆရာစုရန်ဒေါင်မင်းမှာချီးကျူးစရာကဒီနှစ်ခုပဲရှိတာလား။

စုရန်ဒေါင်က “စူပါဘက်ထရီကို တီထွင်ပြီး ဒီလိုကြီးကြီးမားမား စာချုပ်ချုပ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ဂုဏ်ပြုပွဲ​တွေဘာတွေမကျင်းပဘူးလား”

ကြီးမားတဲ့စာချုပ်။

လင်းဖန်က ဒီကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ သူ့အမြင်မှာ ၁.၅ ဘီလီယံကယွမ်၁၅၀နဲ့အတူတူပဲမို့ပင်ဖြစ်သည်။

တကယ်တော့ သူ့ရဲ့ တစ်နေ့တာ အနိမ့်ဆုံး ၀င်ငွေက သန်း 20 နီးပါး ရှိသည်။၁ယွမ် ကတ်ကို ယနေ့ အသုံးပြုပြီးနောက်တွင်အပို သန်း ၁၀၀ ရရှိခဲ့သည်။

ဂုဏ်ပြုပွဲကျင်းပတာလား။

ဘီလီယံဆယ်ဂဏန်းတန်သော ရုံးခန်းအဆောက်အအုံများနှင့်ကုမ္ပဏီရှယ်ယာ ဘီလျံရာနှင့်ချီ၍ မကြာခဏ ၀ယ်ယူလေ့ရှိသည်။

အချိန်တိုင်းဂုဏ်ပြပွဲဆင်နွှဲနေပါကသူသည်အားချိန်တောင်ရှိမည်မဟုတ်ပေ။

ဒါပေမယ့် ဒါတွေကို တခြားသူတွေတော့ မသိကြပေ။

လင်းဖန်က ခဏလောက်စဉ်းစားပြီး “ မနက်အတန်းပြီးရင် အတန်းဖော်တွေနဲ့ ဂုဏ်ပြုပွဲကျင်းပပါမယ်။ဆရာစုရော လာမှာလား။”

စုရန်ဒေါင်က တုံ့ဆိုင်းသွားပြီးနောက်”ငါလာမယ်ဆိုရင် အဆင်ပြေပါ့မလား”

လင်းဖန်က မလာချင်လဲကိစ္စမရှိပါဘူးလို့ပြောဖို့ ပါးစပ်ဖွင့်လိုက်သည်။

ဒါပေမယ့် စုရန်ဒေါင် က ချက်ချင်းပြုံးပြီး “ကောင်းပြီ၊ နေ့ခင်းကျရင် ငါ့အလုပ်တွေ အပြီးသပ်ပြီးလာခဲ့မယ်!”

ထို့နောက် သူသည် လင်းဖန်၏ ပခုံးကိုရိုက်ကာ ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။

လင်းဖန်သည်ထူးဆန်းသောအမူအရာဖြင့်စုရန်ဒေါင်၏ကျောကိုကြည့်နေလိုက်သည်။

ခဏအကြာတွင်လင်းဖန်သည် ခေါင်းခါလိုက်ပြီး ဒီကိစ္စလေးကို မေ့ထားပြီး အတန်းထဲကို တန်းတန်းမတ်မတ်ဝင်သွားလိုက်လေသည်။

စုရီက စိတ်လှုပ်ရှားစွာနဲ့ “အစ်ကို လင်း၊မင်းဒီကိုရောက်လာမယ်လို့မထင်ထားဘူး။ငါထင်တာကမင်း 1.5 ဘီလီယံယူပြီးဘဝကိုကောင်းမွန်စွာနေထိုင်နေမယ်လို့ငါထင်ထားတာ!”

လင်းဖန်က ပြုံးပြီးပြောလိုက်သည်။” မူလက ကျောင်းထွက်ပြီး အိမ်ပြန်ချင်ပေမယ့် ကျောင်းမှာရှိတဲ့ငါ့ရဲ့ခင်စရာကောင်းတဲ့အတန်းဖော်တွေကို တွေးပြီး ကျောင်းပြန်တက်ခဲ့တာ”

“အစ်ကို လင်း...”

စုရီသည် လင်းဖန်ကို ပွေ့ဖက်ရန်သူ၏လက်နှစ်ဖက်ကို ဆတ့်ထုတ်လိုက်လေသည်။

လင်းဖန်ကထိုအရာကိုမြင်တော့ ချက်ချင်း ပဲ”အခုချက်ချင်းရပ်လိုက် ဒါကိုငါဝါသနာမပါဘူး”ဟုပြောလိုက်လေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters