အကြံပေးခြင်း
Vol. 22 Ch. 318
လင်းဖန်က “ငါတို့နေ့လည်အတန်းမရှိဘူး မဟုတ်လား၊ငါ 1.5 ဘီလီယံစာချုပ်ချုပ်ဆိုနိုင်တဲ့အတွက်အဲ့အချိန်ကျရင်ငါတစ်တန်းလုံးနဲ့အတူဂုဏ်ပြုပွဲကျင်းပမယ်”
“ဒါကိုမင်းဘယ်လိုထင်ပါလဲ၊ပီးတော့အဲ့မှာဘာစားရင်ကောင်းမလဲ?”
မူလက စုရီသည် လင်းဖန်ကသူဖက်တာကိုမခံတာကြောင့်အနည်းငယ်စိတ်ပျက်ခဲ့သည်။
သို့သော် လင်းဖန်၏စကားကိုကြားပြီးနောက် သူချက်ချင်းစိတ်လှုပ်ရှားသွားပြန်သည်။
စုရီကပြောလိုက်သည်။’’ကောင်းတာပေါ့၊ဒါကအကောင်းဆုံးမယ်’’
လင်းဖန်သည် သူ့ဘေးနားရှိမူဇောင် ကို လှမ်းကြည့်လိုက်ပြန်သည်။
ဒါကိုတွေ့တော့မူဇောင်သည်လင်းဖန်က သူ့ထင်မြင်ချက်ကို တောင်းနေတယ်ဆိုကို နားလည်လိုက်သည်။” ဟော့ပေါ့စားကြမလား?”
“ပင်လယ်စာစားရအောင်!”
“စီချွမ် အစားအစာ စားပြီးသောက်ရင်ရော”
အစပိုင်းတွင် လင်းဖန်နှင့်အနီးရှိ ကျောင်းသားများကသာ အကြံဥာဏ်တွေပေးနေကြသည်။
ဒါပေမယ့် မကြာခင်မှာပဲ အတန်းထဲက တခြားကျောင်းသားတွေလည်း လင်းဖန်က နေ့ခင်းဘက်မှာ ပွဲကျင်းပမယ်ဆိုတာ သိသွားလေသည်။
ထို့ကြောင့် အကြံပြုချက် များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
တဖြည်းဖြည်းနဲ့ စာသင်ခန်းတစ်ခုလုံး ဆူညံလို့လာခဲ့သည်။
ယခုအချိန်တွင် စကားမပြောရသေးသော ဇောင်ချင်းဘို က “ငါကတော့ AC ကလပ်ကို သွားတာကအကောင်းဆုံးလို့ထင်တယ်။အဲ့မှာ ပင်လယ်စာ၊ဘာဘီကျူး၊ ဟော့ပေါ့၊ စီချွမ်အစားအစာတွေကို လဲစားလို့လဲရတယ်။ သောက်ချင်လည်းသောက်လို့ရတယ်... အနှိပ်ခံချင်လို့လည်း ရတယ်!”
ထိုစကားထွက်လာသည်နှင့် တပြိုင်နက် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လင်းဖန်သည် ဤသို့တိတ်ဆိတ်နေခြင်းသည် အားလုံးကသဘောတူကြောင်းကို နားလည်လိုက်သည်။
ထို့ကြောင့်သူက”ကောင်းပြီ၊ဒါဆိုAcကလပ် ကိုသွားရအောင်”
.....
“ဒီး....ဒီး”
ထိုအချိန်တွင် ကျောင်းဝင်းအတွင်း သာယာသော ခေါင်းလောင်းသံတစ်ခုထွက်ပေါ်လာလေသည်။
ထို့နောက် ပရော်ဖက်ဆာဟောင်းသည် ဖြည်းညှင်းစွာ လျှောက်လာကာ အတန်းကို စတင်တော့သည်။
ပါမောက္ခဟောင်းရဲ့ သင်ခန်းစာတွေကပျင်းဖို့ကောင့းသည်။
ဒီနေ့မှာတော့ပိုလို့တောင် ပျင်းဖို့ကောင်းသည်။
ထို့ကြောင့်ကျောင်းသားအများအပြားသည် စာသက်တာကိုစိတ်မဝင်စားဘဲမကြာခဏဆိုသလို ၎င်းတို့၏လက်ကိုင်ဖုန်းကို ထုတ်ကာ အချိန်ကို တိတ်တဆိတ်ကြည့်နေကြသည်။
“ဒီး...ဒီး...”
နောက်ထပ် ခေါင်းလောင်းသံ မြည်ပြီးနောက် ကျောင်းသားအားလုံး၏မျက်နှာများတောက်ပလာကြသည်။
အတန်းဖော်အားလုံးက လင်းဖန်ကို ဝိုင်းပြီး “အစ်ကိုလင်း ငါတို့ အခုသွားကြတော့မလား။
ခေါင်းလောင်းသံကြောင့် နိုးလာသော လင်းဖန်သည် အိပ့်ချင်သောစိတ်ဖြင့်ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်စုရန်ဒေါင်က လှမ်းဝင်လာပြီး သူက ပြုံးပြီးပြောလိုက်လေသည်။ “အတန်းဖော်တွေ အားလုံး ရှိနေတာပဲ။လင်းဖန်မင်း ဘယ်မှာ ပွဲကျင်းပဖို့ စိတ်ကူးထားလဲ”
လင်းဖန် က “AC ကလပ်”
ဒါကိုကြားတော့စုရန်ဒေါင်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားကာ”Acကလပ်လား?ဒါဆိုလဲ သွားကြရအောင်” လို့ ပြောလိုက်သည်။
အတန်းထဲရှိကျောင်းသားအားလုံး အံ့ဩသွားကြသည်။
ဆရာစုလည်းငါတို့နဲ့ အတူတူလိုက်မှာလား?
စုရန်ဒေါင် သည်လင်းဖန်အတန်းဖော်များနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။
သို့သော်ဆရာက ဆရာပင်ဖြစ်သည်။
အတူတူ ကလပ်သွားမှာလား
စုရန်ဒေါင် က လင်းဖန်ရဲ့အတန်းဖော်တွေ နှုတ်ဆိတ်နေတာကို မြင်တော့ “လူတိုင်း သွားကြရအောင်လေ ၊ဘာလုပ်နေတာလဲ” လို့ မေးလိုက်သည်။
ပြီးနောက် သူက “လင်းဖန်ငါတို့ Acကလပ်ကို ဘယ်လိုသွားမလဲ”
လင်းဖန်က “ဘတ်စ့်နဲ့သွားမှာ။အခုအချိန်လောက်ဆိုဘတ်စ်ကားက ကျောင်းကိုလာသင့်ပြီ’’
စုရန်ဒေါင် က “ကောင်းပြီ၊ဒါဆိုလဲအခုသွားရအောင်။”
စကားပြောပြီးသွားသောအခါ စုရန်ဒေါင်က ဦးဆောင်ပြီးသွားလိုက်လေသည်။
လင်းဖန်ရဲ့အတန်းဖော်တွေအားလုံးသည်တစ်ယောက်မျက်နှာ၊တစ်ယောက်ကြည့်ပြီးနောက်စုရန်ဒေါင်နောက်သို့လိုက်သွားကြလေသည်။
လင်းဖန်ပြောသည့်အတိုင်းပဲ Mercedes-Benzဘတ်စ်ကားတစ်စီးသည်ကားရပ်နားရာနေရာတွင်ရောက်ရှိနေသည်။
ဖန်လုံကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဝမ်လီသည် လင်းဖန်အား အဝေးမှမြင်ပြီးနောက် လင်းဖန်နားအလျင်အမြန်လာပြီးနှုတ်ဆက်ကာ “မစ္စတာ လင်း၊ ကျေးဇူးပြုပြီး ဒီဘက်ကြွပါ”
ကားပေါ်တက်ပြီးနောက် စုရန်ဒေါင်က “ဒါဟာ Mercedes-Benz ဘတ်စ်ကားကို ပထမဆုံးစီးဖူးတာပဲ။”
ထို့နောက် စုရန်ဒေါင်က “မင်း သုတေသနမလုပ်ဘဲ စူပါဘက်ထရီကို တီထွင်ခဲ့ပြီးတော့ 1.5 ဘီလီယံလောက် ရခဲ့တယ်။ မင်းက အရမ်းထူးချွန်တာပဲ”
ရှေ့မှာထိုင်နေတဲ့ ဝမ်လီရဲ့ နှလုံး အနည်းငယ်ခုန်သွားလေသည်။
ထိုကာလအတွင်းကျန်ပေ့တက္ကသိုလ်မှလင်းဖန်သည် စူပါဘက်ထရီကို တီထွင်ခဲ့သည်ဟူသော သတင်းများကို အင်တာနက်ပေါ်တွင် မကြာခဏ မြင်တွေ့ခဲ့ရသည်။
ဝမ်လီသည် ‘လင်းဖန်’ ဟူသောအမည်ကို ပထမဆုံးအကြိမ်တွေ့သောအခါတွင် သူသည် သူ၏သူဌေးကို ချက်ချင်းစဉ်းစားခဲ့သည်။
သို့သော် သူသည် ထိုနှစ်ယောက်ကတစ်ယောက်တည်းဟူ၍သူဘယ်တော့မှမစဉ်းစားမိပေ။
သူ့အထင်အမြင်အရ၊ သူ၏သူဌေးသည် အဲဂရု၊ ပန်ကူ ကဲ့သို့သော စူပါဘီလူးကြီးများနှင့် သာနက်ရှိုင်းသောဆက်ဆံရေးရှိသည့် မြင့်မြတ်သောလူဖြစ်သည်။
ဘက်ထရီကို လေ့လာဖို့ သူ့မှာ အချိန်အများကြီး မရှိသင့်ပေ။
ဒါပေမဲ့ယခုမှာတော့ဤအရာသည် သူသူဌေးတကယ် တီထွင်ခဲ့ခြင်းဖြစ်သည်!
ငါ့ရဲ့သူဌေးက ချမ်းသာရုံတင်မကဘဲ သိပ္ပံပညာရှင်လဲဖြစ်သေးတာလား?
စုရန်ဒေါင် သည် ဝမ်လီ၏ အတွင်းစိတ်လှုပ်ရှားမှုများကို မသိခဲ့ပေ။
သူသည်လင်းဖန်အား’’ လင်းဖန်၊ မင်း ဓာတုဗေဒကျောင်းကို ဘယ်တော့သွားမလဲ။’’ဟုမေးလိုက်သည်။
ဘတ်စ်ကားပေါ်ရှိ ကျောင်းသားအားလုံး ကလင်းဖန်အဖြေကိုအာရုံစိုက်လိုက်ကြသည်။
လင်းဖန်နှင့် အတန်းဖော်ဖြစ်ရခြင်းအတွက် သူတို့အမြဲဂုဏ်ယူနေခဲ့သည်။
လင်းဖန်သည် အခြားအတန်းသို့ ရုတ်တရတ်သွားလျှင်.........
လင်းဖန်က “သင်္ချာအတန်းက တော်တော်ကောင်းတယ်လေ။ ဘာလို့ ဓာတုဗေဒသင်တန်းကို သွားရမှာလဲ။”
ဒါကိုကြားမှစုရန်ဒေါင်က သက်ပြင်းချပြီးပြုံးကာ “ဟုတ်တယ်၊ ငါတို့ရဲ့ သင်္ချာအကယ်ဒမီက အရမ်းကောင်းတယ်လေ”
ကျန်းပေ့တက္ကသိုလ်သည် AC ကလပ်နှင့် မဝေးလှသောကြောင့်သွားမည့်နေရာသို့ အမြန်ရောက်ရှိခဲ့သည်။
ထိုသို့သော လူအုပ်ကြီးကို မြင်ပြီးနောက် ခြေတံရှည် အလှမယ် နှစ်ယောက်က “မင်္ဂလာပါ AC ကလပ်ကနေကြိုဆိုပါတယ်” ဟူ၍ အလွန်ချိုမြိန်သော အသံဖြင့် ပြောလိုက်သည်။
စုရန်ဒေါင် သည် ခြေတံရှည် အလှ၏ ပါးလွှာသော အဝတ်အစားများနှင့် နှင်းလိုဖြူ ပြီးရှည်လျားသော ခြေတံများကို ကြည့်ပြီး သူသည်တံတွေးမျိုချလိုက်ရုံမှ မတတ်နိုင်ပေ။ထို့တောက်သူက “လင်းဖန်၊ ဒီမှာကအဆင်ပြေပါ့မလား”
လင်းဖန် က “စိတ်မပူပါနဲ့ ဒီနေရာက စားသောက်ခန်းရောအနှိပ်ခန်းပါရှိတယ်။ ငါတို့အားလုံး ဒီကိုအရင်ကရောက်ဖူးတယ်”
“အိုး..ဒါဆိုလဲပြီးရောလေ” စုရန်ဒေါင်က ပြောလိုက်သည်။
သို့သော် လင်းဖန်သည် သူ့လေသံကြားတွင် နောင်တအရိပ်အယောင်ကို ယောင်ဝါးဝါးကြားလိုက်ရသည်။
ထင်ယောင်ထင်မှားများဖြစ်နေတာလား?
လှပသော စားပွဲထိုး၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် အစားသောက်အခန်းစီသို့ လာပြီး ထိုင်လိုက်ကြသည်။
များမကြာမီတွင် ကဏန်း၊ သြစတြေးလျပုဇွန်၊ ဝက်ကင်၊ ကြက်သားကင်များ၊ အမဲသားကင်၊ ဟော့ပေါ့၊ ပင်လယ်ဥများ၊ ... အားလုံးကို စားပွဲပေါ်သို့လာချပေးလေသည်။
ဇောင်ချင်းဘို ပြောသည့်အတိုင်း ပင်လယ်စာ၊ အသားကင်၊ ဟော့ပေါ့၊ စီချွမ်ဟင်းလျာ၊ ဝိုင်၊ အရာအားလုံးရှိလေသည်။
အားလုံးက အရသာရှိတဲ့ အစားအသောက်တွေ ပြည့်နေတဲ့ စားပွဲကြီးကို ကြည့်ပြီးတံတွေးကိုမျိုချလိုက်လေသည်။
ထိုအချိန်တွင် ဝမ်လီ သည်ဝိုင်တစ်ခွက်ကို ကိုင်ကာ “စူပါဘက်ထရီကို တီထွင်နိုင်တဲ့လင်းဖန်ကို ဂုဏ်ပြုလိုက်ရအောင်”
ဒါကိုကြားတော့စုရန်ဒေါင်နဲ့ လင်းဖန်ရဲ့အတန်းဖော်တွေအားလုံးက ဝိုင်ခွက်တွေကို ကောက်ကိုင်လိုက်ကြသည်။
“စူပါဘက်ထရီကို တီထွင်နိုင်တဲ့လင်းဖန်ကိုဂုဏ်ပြုပါတယ်။”
“ဂုဏ်ပြုပါတယ်!”
လင်းဖန်ကလဲဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး “အားလုံးကို ကျေးဇူးတင်ပါတယ်။”ဟုပြောလိုက်လေသည်။
ထို့နောက် လူတိုင်းသည် ဝိုင်ကို သောက်လိုက််ကြသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး