← Chapters

ဖိတ်ကြားခြင်း

Vol. 22 Ch. 319

ဖိတ်ကြားခြင်း

Vol. 22 Ch. 319

ကျောင်းသားများသည် ကဏန်းနှင့်ပုစွန်များကို ကောက်ယူကာ စားသောက်ကြသည်။

ထမင်းစားပြီးနောက် လူအချို့သည်ဂိမ်းကစားရန် ရွေးချယ်ကြပြီး အချို့က အချိုပွဲများကို မြည်းစမ်းရန် ရွေးချယ်ကြသည်၊တစ်ချို့ကတော့လှပ​သောမိန်းကလေးများနှိပ်ပေးသောအနှိပ်ခန်းသို့သွားလေသည်။

အနှိပ်ခန်းတွင် ခြေတံရှည်ပြီးချောမောလှပသော အမျိုးသမီးများရှိကြသည်။

ဤအလှလေးများကိုမြင်ပြီးနောက် ကျောင်းသားများသည်အမြန်အနှိပ်ခံချင်သွားတော့သည်။

သို့သော် သူတို့ဘေးက အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်ကိုတွေ့တော့ သူတို့တုံ့ဆိုင်းသွားပြန်သည်။

စုရန်ဒေါင်က “မင်းတို့တွေ ဘာတွေကြည့်နေတာလဲ မြန်မြန်စွားလဲကြလေ”

စကားပြောပြီးနောက် သူ့သည်သူ့ရှေ့ရှိအနှိပ်စားပွဲပေါ်မှာ လဲလျောင်းလိုက်သည်။

ပိန်သွယ်သွယ်လျ အမျိုးသမီး သည်သူမ၏ သွယ်လျသောလက်ချောင်းများကို ဆန့်ထုတ်ကာ စုရန်ဒေါင်ကို စတင်နှိပ်ပေးတော့သည်။

“မင်း အားနည်းနည်းထပ်သုံးလို့ ရပါတယ်”

“အောက်ကိုနည်းနည်းဆင်းပါ။”

စုရန်ဒေါင်သည် ၎င်းကို အလွန်နှစ်သက်သည်ကို တွေ့လိုက်ရသဖြင့် ကျောင်းသားများသည် အနှိပ်စားပွဲပေါ်တွင် တယောက်ပြီး တယောက် လှဲလျောင်းကာ မျက်လုံးမှိတ်ရင်းနှိပ်တာကိုခံစားနေကြတော့သည်။

.......

ည ၁၀ နာရီလောက်ကြာမှလူတိုင်းသည်Acကလပ်ကနေတုံ့ဆိုင်းစွာ စုရုံးပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြသည်။

လင်းဖန်သည် ကောင်တာသို့ လာကာ “ငွေရှင်းမယ်” ဟုပြောသည်။

“ စုစုပေါင်း ယွမ် ၈၉၈၉၀၀ပါ”

ဤပွဲကျင်းပရာတွင် လူ ၃၆ ဦး ရှိသည်၊ ဆိုလိုသည်မှာ တစ်ဦးစီသည် ယွမ် ၃၀,၀၀၀ အောက်သာရှိပြီး အလွန်စျေးသက်သာသည်ဟု ဆိုနိုင်သည်။

ဤငွေအနည်းငယ်အတွက် လင်းဖန်သည် လုံးဝဂရုမစိုက်ပေ။ထို့ကြောင့်ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်ပေးကာငွေချေလိုက်သည်။

ဘဏ်ကတ်ကို POS စက်ပေါ်တွင် ညင်သာစွာ ပွတ်ဆွဲလိုက်သောအခါ ရှင်းရှင်းလင်းလင်း အသံထွက်ပေါ်လာပြီးနောက် အသစ်စက်စက် ဘေလ်တစ်ခု ပေါ်လာတော့သည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

【ဒင်း! အဆ၁၀၀၀ကတ် ကို သင်အသုံးပြုလိုပါသလား။ 】

လင်းဖန်သည် ဤကတ်ကို မသုံးရသေးသည့်မှာအလွန်ကြာပြီဖြစ်ကြောင်းကို သတိရမိလိုက်သည်။

နည်းနည်းစဉ်းစားပြီးမှ စိတ်ထဲကနေ သုံးမယ်လို့ပြောလိုက်လေသည်။

【ဒင်း! အောင်မြင်စွာအသုံးပြုပြီးပါပြီ၊ ဂုဏ်ယူပါတယ် မင်း ယွမ် 898,900,000 ရရှိသည်။ 】

ထို့နောက် ချက်ချင်းပင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည်အနည်းငယ် တုန်ခါသွားသည်။

“တရုတ်ဘဏ်မှ ယွမ် ၈၉၈.၉ သန်း ရရှိသည်။”

ဒါကိုကြည့်ရင်းလင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူရာကိုပြသလိုက်လေသည်။

ထိုအချိန်တွင် မူဇောင်က သက်ပြင်းချလိုက်ပြီး “ဒီတစ်ခါတော့898900 ကိုသုံးခဲ့တယ်.”

လင်းဖန်က ပြုံးပြီး မူဇောင် ပုခုံးကို ပုတ်လိုက်သည်။ သူပြောချင်တာက- တကယ်တော့ ငါပိုက်ဆံမကုန်တဲ့အပြင် သန်း 890တောင်ရခဲ့တယ်။ဆိုတာပင်ဖြစ်သည်။

ဒါပေမယ့် သူဒီလိုပြောရင် အကုန်လုံးကယုံမည်မဟုတ်တာကိုသူသိသည်။

ဒါကြောင့်သူသည်အများကြီး မပြောတော့ပေ။

ဒီနေ့မှာတော့ လင်းဖန်ဟာအိပ်ဆောင်မှာပဲအိပ့်ခဲ့လေသည်။

တစ်နေကုန်နီးပါးပျော်ထားသောကြောင့်အားလုံးကသက်တောင့်သက်သာရှိစွာဖြင့် အိပ်ပျော်သွားကြသည်။

ဒုတိယနေ့တွင် ကျောင်းသားအားလုံးသည် မနေ့ညစားပွဲအကြောင်းကိုအခါအားလျော်စွာ ဆွေးနွေးနေကြသည်။

အရင်တုန်းကတော့ ကျောင်းသားတွေကစုရန်ဒေါင်နဲ့တွေ့တဲ့အခါ ‘မင်္ဂလာပါဆရာ’ လို့ ယဉ်ကျေးသိမ်မွေ့စွာနှုတ်ဆက်ကြသည်။

ဒါပေမယ့် မနေ့က အတူတူ အနှိပ်ခံပြီးနောက်မှတော့’’ဟေးမစ္စတာစု’’လို့နှုတ်ဆက်လိုက်ကြလေသည်။

........

အတန်းဖော်များကြား စကားစမြည်ပြောရင်း တစ်ရက်တာသင်တန်းသည် မကြာမီပင် ပြီးဆုံးသွားခဲ့သည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ လင်းယန်ခေါ်ဆိုတယ်ဆိုတာကိုသိလိုက်သည်။

လင်းယန်ရဲ့ နာမည်ကို မြင်လိုက်ရတော့ လင်းဖန်က ဖျော်ဖြေပွဲရဲ့ မြင်ကွင်းကိုပြန်ပြီးမျတ်မိလိုက်သည်။

“မင်းအလုပ်ကရော ဘယ်လိုနေလဲ၊အဆင်ပြေလား” ဖုန်းကိုင်ပြီးနောက် လင်းဖန်က မေးလိုက်သည်။

လင်းယန်က “မခက်ပါဘူး၊အဆင်ပြေပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ငါအမြဲတမ်း လုပ်ချင်တဲ့အရာတွေပဲလေ”

“ဒါ့အပြင်ဒေါင်ဝမ်(ဝမ်ဟန်ဟူရှောင်မီအင်တာနက်ရဲ့ဥက္ကဌ) နဲ့ ကျွန်တော့ရဲ့ အေးဂျင့် ညီမ လီတို့က ငါ့ကို ကောင်းကောင်း ဆက်ဆံကြပါတယ်။”

လင်းဖန်က ကျေနပ်စွာနဲ့ “ဒါဆိုလဲ​ကောင်းပြီလေ’’

လင်းယန်က “စကားမစပ် လင်းဖန် ၊ ဒီည7 နာရီမှာ အဲလစ်ဟိုတယ် မှာ ဧည့်ခံပွဲလုပ်စရာရှတယ်။မင်းအားရင်လာခဲ့လို့ရလား”

လင်းဖန်က ပြုံးပြီး “ငါလာခဲ့မယ်လေ”

လင်းယန် က “ဒါဆိုငါစောင့်နေမယ်နေည်” ဟု ဝမ်းသာအားရပြောလိုက်သည်။

နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောပြီးနောက် ဖုန်းချလိုက်ကြသည် ။

လင်းဖန်သည် အဆောင်ထဲတွင် ခဏနေလိုက် သည်။ ကောင်းကင်မှောင်လာတာကိုမြင်တော့ သူက Mercedes-Benz Big G(ကား)ဖြင့် အဲလစ်ဟိုတယ်ဆီသို့မောင်းသွားလိုက်သည်။

အဲလစ်ဟိုတယ် သည် ကျန်ပေ့တွင် ကြယ်လေးပွင့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်။

အင်ပါယာ(ဧကရာဇ်)ဟိုတယ် နဲ့ ယှဉ်ရင် တော့ကွာဟချက် ရှိသေးသည်။

ဒါပေမယ့် ကျန်ပေ့မှာတော့ ထိပ်တန်းအဆင့်တော့ဝင်သည်။

ယနေ့တွင် လင်းယန်သည် ဒူးပေါ်ဂါဝန်အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ပြောင်မြောက်လှသော သူမရဲ့ကျောက်စိမ်းခြေထောက်တစ်စုံကိုဖော်ပြထားပြီးကြည်လင်သော ဒေါက်မြင့်ဖိနပ်များကိုစီးထားသည်။ သူမသည် ကော်ဇောနီပေါ်တွင် လျှောက်လာသောအခါတွင် သူမသည် နတ်သမီးတစ်ဦးဖြစ်ပုံရသည်။ သူမသည် အလွန်လှပသောကြောင့်လူတိုင်း၏အာရုံကို စွဲဆောင်နိုင်ခဲ့သည်။

“လှတယ်!”

“အရမ်းလှတာပဲ”

ချီးမွမ်းသံနှင့် ဆွေးနွေးသံများဆက်တိုက်ထွက်လာလေသည်။

ခန်းမထဲတွင်... အနောက်တိုင်းဝတ်စုံဝတ်ထားသော ထိပ်ပြောင်သော အမျိုးသားတစ်ဦးလည်း လင်းယန်ကို သတိထားမိသည်။

သူ၏ ရွှံ့မျက်လုံးများ သည်အနည်းငယ်တောက်ပလာပြီး လင်းယန် ဆီသို့ လျှောက်သွားလိုက်သည်။

“မင်္ဂလာပါမိန်းမလှလေး။”

လင်းယန်သည် ဖျော်ဖြေရေးနယ်ပယ်ထဲကို မ၀င်ခင်ကတည်းက သူမဟာ ဖျော်ဖြေရေးနယ်ပယ်ကို သေချာနားလည်ခဲ့သည်။

ဒါကြောင့်လင်းယန်သည် အခြားပါတီ(လူ)ကို တစ်ချက်ကြည့်တာနဲ့ မှတ်မိလိုက်လေသည်။ ၎င်းမှာ နာမည်ကြီး ဒါရိုက်တာ လီရှောင်ဖန် ဖြစ်သည်။

ဒါကြောင့် “ဒါရိုက်တာလီ၊ မင်္ဂလာပါ။”ဟုနှုတ်ဆက်လိုက်လေသည်။

“အိုး? အလှလေးကငါ့ကို သိတာပဲ၊ဒါကငါ့အတွက်တကယ်ဂုဏ်ယူစရာပဲ” လီရှောင်ဖန်က ဝမ်းသာအားရ ပြောလိုက်သည်။

ခေတ္တနားပြီးနောက် လီရှောင်ဖန် က “စကားမစပ်၊ အခုလောလောဆယ်မှာကြီးမားတဲ့ဇာတ်ကားတစ်ခု ပြင်ဆင်နေပါတယ်။အမျိုးသမီးဇာတ်လိုက်နဲ့ ဒုတိယမြောက် အမျိုးသမီးသရုပ်ဆောင်တွေ ကျန်သေးတယ်။ပြီးတော့မင်းကအရမ်းတော်တယ်လို့ငါထင်တယ်။ဒါကြောင့်မင်းကိုဒီဇာတ်ကားမှာပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။မင်းစိတ်ဝင်စားလားမသိဘူး။”

လင်းယန်က တုံ့ဆိုင်းသွားပြီး”ဒါက ဘာကားလဲဆိုတာငါမေးလို့ရလား” လို့ မေးလိုက်သည်။

လတ်တလောမှာတော့ သူမဟာ ဖျော်ဖြေပွဲတစ်ခုသာ ပြုလုပ်ခဲ့ပြီး သီချင်းဗီဒီယိုတွေလည်း ရိုက်ကူးခဲ့သည်။

သို့သော်သူမသည်ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ အဆက်အသွယ် သိပ်မရှိပေ။

လီရှောင်ဖန်က ပြုံးပြီးပြောလိုက်သည်။ “အခြေအနေအတိအကျကို ငါတို့ အရက်သောက်ပြီး အသေးစိပ်သွားပြောရအောင်”

သူပြောပြီးတာနဲ့လင်းယန်၏လက်ကို ဆုပ်ကိုင်ဖို့လုပ်လိုက်သည်။

ဒီလိုမျိုး လုပ်ရပ်မျိုးကို လူထုရှေ့မှာတော့ငြင်းမှာမဟုတ်ဘူးလို့သူထင်သည်။

ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံရိုက်ရင်တောင် ကျင့်ဝတ်နဲ့ တုံ့ပြန်တယ်လို့ပြောလိုက်လို့ရလို့ပင်ဖြစ်သည်။

လီရှောင်ဖန်က နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို တွေးပြီး သူ့စိတ်တွေ ပူလောင်လာတော့သည်။

သို့သော်……

တစ်ချို့အရာတွေက စိတ်ကူးနဲ့ လက်တွေ့ကကွဲပြားလေသည်။

လင်းယန်သည် လီရှောင်ဖန်ရဲ့လက်ကို ရှောင်ရင်း ရွံ့ရှာဖွယ် လေသံဖြင့် “ဒါဆိုလဲတောင်းပန်ပါတယ် ကြီးကြီးမားမားဇာတ်ကားတွေကိုရိုက်ဖို့စိတ်မဝင်စားသေးဘူး” လို့ ဆိုလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters