ကူညီရန်မလိုအပ်ခြင်း
Vol. 22 Ch. 320
လင်းယန်သည် သုံးနှစ်အရွယ် ကလေးမဟုတ်သောကြောင့်လီရှောင်ဖန်၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။
ထို့နောက်သူမသည်တစ်ဖက်သို့လှည့်ပြီးလျှောက်သွားလေသည်။
ဒါကိုကြည့်ရင်းလီရှောင်ဖန်သည်ရှက်ရွံ့သောအမူအရာတစ်ခုသူ့မျက်နှာပေါ်တွင်ပေါ်လာလေသည်။
အချိန်ကြာလာသည်နှင့်အမျှ အခန်းထဲတွင် လူများ ပိုများလာသည်။
အများစုမှာ နာမည်ကြီး အဆိုတော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြပြီးသူမတို့အားလုံးသည် လှပသော ၀တ်စုံများ ဝတ်ဆင်ကာ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။
ပရိတ်သတ်တွေရှေ့မှာတော့ သူတို့က အေးစက်မှု၊ ဉာဏ်ပညာ အစရှိတဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုပြလေ့ရှိသည်။
ဒါပေမယ့် ဒီမှာတော့သူမတို့အားလုံးသည် သာမန်လူများကဲ့သို့ပင် နှစ်ယောက်၊ သုံးယောက်ပေါင်း၍ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ဦးက “ နှစ်သစ်ပြီးပြီးချင်းမှာပဲ ဆရာ ဟွမ်ချင် ရဲ့ “ဓားကမ္ဘာ” ဟာ ထူးထူးခြားခြား ရလဒ်တွေ ရခဲ့တယ်!”
“ဒါက ကျွန်တော်တို့ရဲ့ ဖျော်ဖြေရေးသမားတွေအတွက် သေချာပေါက် ကောင်းမွန်တဲ့ စတင်မှုတစ်ခုပါပဲ။ ဒါကြောင့် ဆရာဟွမ်ချင်ကို ကျွန်တော်တို့အားလုံး သောက်ဖို့(ဂုဏ်ပြုဖို့)အကြံပြုချင်ပါတယ်”
ထိုအချိန်တွင်ဟွမ်ချင်က ကမန်းကတန်းပြောလိုက်သည်။”ငါမခံယူဝံပါဘူး!”
“ဓားကမ္ဘာ” ရဲ့ ရလဒ်က ဒါရိုက်တာ လီရှောင်ဖန်ကြောင့်ဖြစ်လာတာပါ’’
“ဒါ့အပြင် ကျွန်တော်တို့ မျိုးဆက်သစ်တွေဟာ ဒီနေ့ရဲ့ အောင်မြင်မှု အနည်းနဲ့အများတော့ရှိပါတယ်။ဒါတွေအားလုံးကဒါရိုက်တာ လီရှောင်ဖန် ရဲ့ ဂုဏ်ကျေးဇူးတွေပါ”
“ဒါကြောင့် ငါတို့အားလုံး ဒါရိုက်တာလီရှောင်ဖန်ကိုဝိုင်တစ်ခွက်နဲ့အတူတူဂုဏ်ပြုသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။”
ဤစကားထွက်လာသည်နှင့်တပြိုင်နက် လူအများက လိုက်၍ ဝိုင်ခွက်များကို တယောက်ပြီးတယောက် ကောက်ယူလိုက်ကြသည်။
လီရှောင်ဖန် က “ဟွမ်ချင်၊ မင်းမြောက်ပြောတာနဲ့တင်ငါရှက်နေပြီ!”
အပြစ်တင်သော်ငြားသူမျက်နှာတွင်တော့အပြုံးများကိုမဖုံးကွယ်ထားပေ။
ဟွမ်ချင်က “ဒါရိုက်တာလီ၊ မင်းက အရမ်းနှိပ့်ချတာပဲ။”ဟုပြောလိုက်သည်။
ထိုအချိန်တွင်လီရှောင်ဖန်သည် ထောင့်တွင်ရပ်နေသော လင်းယန် ကို သတိပြုမိကာ “ငါတို့ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဖျော်ဖြေရေးနယ်ပယ်လက်ရှိအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အကြောင်းအရင်းကို ပြောပါရစေ။ “
“အဲဒါက ငါတို့မှာ ထူးချွန်တဲ့လူငယ်တွေ တဖွဲဖွဲ ဝင်လာလို့ပဲ”
“ဒါကြောင့် လူငယ်တွေကို ပိုပြီးတော့ စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်အောင် ပိုပြီးလုပ်သင့်တယ်လို့ကျွန်တော်ထင်တယ်”
စကားပြောနေစဉ် လီရှောင်ဖန်သည် ဝိုင်ထည့်ထားသောခွက်နှစ်လုံးကို ကောက်ယူလိုက်ပြီး လင်းယန်စီသို့သွားလိုက်လေသည်။
သူသည်လင်းယန် ရှေ့ရောက်တာနဲ့လင်းယန်ကိုဝိုင်နီတစ်ခွက်ကိုပေးပြီး “မစ္စ လင်းဟာ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့တာပါ။ လူတိုင်းက သူမကို ပိုပြီး အားပေးသင့်တယ်လို့ကျွန်တော်ထင်တယ်”
စကားပြောပြီးနောက် သူက ဝိုင်နီအနည်းငယ်သာထည့်ထားသောဝိုင်ကိုတစ်ချက်တည်း မော့သောက်လိုက်သည်။
လီရှောင်ဖန် သည် လင်းယန် ၏အမည်ကိုကျန်ပေ့တွင် အကြီးစားဖျော်ဖြေပွဲကျင်းပသောကြောင့်သိရှိထားခြင်းဖြစ်သည်။ သူမမှာ နက်နဲတဲ့ နောက်ခံရှိတယ်လို့ ကောလဟာလတွေတောင် ထွက်နေလေသည်။
ဒါပေမယ့် ဒါတွေကိုလီရှောင်ဖန်က လုံးဝ ဂရုမစိုက်ပေ။
သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်အတော်ကြာ ဝင်ရောက်လာခဲ့ပြီး ၎င်းတျု်၏ နက်နဲသော နောက်ခံသမိုင်းကြောင်းကို ဟာသတစ်ခုအဖြစ် မှတ်ယူထားပြီးဖြစ်သည်။
သူတို့မှာ ဒီလို လေးနက်တဲ့ နောက်ခံတွေ တကယ်ရှိမယ်ဆိုရင် ဖျော်ဖြေရေးနယ်ပယ်ထဲကို ဘယ်လို့ရောက်လာတော့မလဲ။
ဒါကလည်း သူ့ကိုယ်ပိုင်စဉ်းစားတာပင်ဖြစ်သည်။
လင်းယန်မှာ နောက်ခံ တစ်ချို့ ရှိရင်တောင် ဘာဖြစ်လဲ။
လီရှောင်ဖန် က သူ့နောက်ခံကို ပိုယုံလေသည်။
အခန်းထဲတွင် လိမ္မာပါးနပ်သူများနှင့် ပြည့်နေသည်။ လီရှောင်ဖန်သည် လင်းယန် ကို တမင်စီစဉ်နေမှန်း သူတို့ နားလည်လေသည်။
ထို့ကြောင့်သိူု့အားလုံးသည်လင်းယန်ဝိုင်သောက်အောင်တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတော့သည်။
“ဒါရိုက်တာလီက ကိုယ်တိုင်ပြောတာက မယုံနိုင်စရာပဲ!”
“ဝိုင်လိုက်သောက်လိုက်လေ”
“ဟုတ်တယ်!”
...
လင်းယန်က ဝိုင်မသောက်သေးတာကိုမြင်တော့ မြင်လိုက်ရတော့ လီရှောင်ဖန် က အေးစက်တဲ့ လေသံနဲ့ “ဒါက စီးပွားရေးအရပြောပေးတဲ့ဝိုင်ပါ။(သူကကြောညာပေးတဲ့အတွက်သောက်ခိုင်းတာပါ)ဒါကြောင့်မင်း များများသောက်ရမှာပေါ့!”
လီရှောင်ဖန်ရဲ့ရုပ်ဆိုးသောမျက်နှာကိုကြည့်ရင်း လင်းယန် တုန်လှုပ်သွားပြီး ခြေနှစ်လှမ်းနောက်ဆုတ်လိုက်လေသည်။
အခုအချိန်တွင်လင်းယန်သည်သူမဆစ်ယောက်တည်းအထီးကျန်ပြီးကူကယ်ရာမဲ့နေရာသူမ ဘာလုပ်ရမှန်းမသိပဲဖြစ်နေသည်။
ရုတ်တရက် သူ့နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“များများသောက်ခိုင်းတာလားကောင်းတာပေါ့!”
ဤအသံကိုကြားတာနဲ့လင်းယန်၏ နှလုံးသားထဲရှိ အကြောက်တရားအားလုံးကို တစ်ရှိန်ထိုး ချေဖျက်ပစ်လိုက်သည်။
ဒီအသံကလင်းဖန်ဆိုတာကိုသူမသိလို့ပင်ဖြစ်သည်။
လင်းဖန်သည်လင်းယန်၏ နံဘေးသို့ လျှောက်သွားပြီး သူမကို သူ့ရင်ခွင်ထဲ ညင်သာစွာ ပွေ့ဖက်ကာ “ကိုယ်လာပြီမို့အားလုံးအဆင်ပြေသွားမှာပါ” ဟု ပြောလိုက်သည်။
“အင်း” လင်းယန်က အားတက်သရော ခေါင်းညိတ်သည်။
ထို့နောက် လင်းဖတ်က ‘’ဝမ်လီ၊ သူ့ကိုဝိုင်များများသူ့ကိုတိုက်လိုက်ပါ”
ဤ အဲလစ်ဟိုတယ်၏ လုံခြုံရေးကို ဖန်လုံကုမ္ပဏီ မှ ငှားရမ်းခဲ့ခြင်းသည် တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။
ယနေ့တွင် ဖန်လုံကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဝမ်လီသည် အဲလစ် ပိုင်ရှင်နှင့် စကားပြောပြီးထွက်လာခဲ့သည်။
ဝမ်လီသည် လင်းဖန်ကို ဟိုတယ်တံခါးဝတွင်တွေ့သောအခါ ညီငယ်တစ်ယောက်လိုလင်းဖန်နောက်သို့ ချက်ချင်းလိုက်သွားခဲ့သည်။
ဝမ်လီ က “ဟုတ်ကဲ့!”
ပြီးတော့ သူက လုံခြုံရေးကိုလှမ်းခေါ်လိုက်သည်။
ခဏအကြာတွင် လုံခြုံရေးအစောင့်အကြပ်ကြီး တစုတဝေးကြီး ပြေးလာကြဆော့သည်။
ဒါကိုတွေ့တော့လီရှောင်ဖန်သည်အထိတ်တလန့်ဖြစ်ကာသူက “မင်း... မင်းဘာလုပ်နေတာလဲ၊ ငါက ဒါရိုက်တာကြီးလီရှောင်ဖန်ပဲ၊ပြီးတော့ငါ့ဝမ်းကွဲက ရှီယန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားရဲ့ သူဌေးပဲ...”
ဒါပေမယ့်ဝမ်လီကမကြားသလိုဟန်ဆောင်ကာ “သူ့ကို သေချာချုပ်ထား!”
လုံခြုံရေးအစောင့်တွေက ဧည့်သည်တွေကို အနိုင်ကျင့်တယ်ဆိုတာက ဘယ်လောက်ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်လဲ။
အချို့သော လုံခြုံရေးကုမ္ပဏီတစ်ခုသည် ထိုသို့သောအမှုကို ပြုလုပ်ကြောင်း သိရှိပါက လုံခြုံရေးကုမ္ပဏီကိုအနာဂတ်တွင် မည်သည့်လုပ်ငန်းမျှ ငှားမည်မဟုတ်တော့ပေ။
သို့သော်လည်း ဝမ်လီ သည် ဘာမှမစဉ်းစားပဲလက်းဖန်ပြောတာကိုမဆိုင်းမတွ လုပ်ခဲ့သည်။
ဝမ်လီသည် လီရှောင်ဖန်၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး နောက်တစ်ဖက်ကဝိုင်နီပုလင်းကြီးကို ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။
“ဂုရု၊ ဂုရု!”
အရက်(ဝိုင်)ထည့်တာ အရမ်းမြန်တာကြောင့်လီရှောင်ဖန်သည်မျိုမချနိုင်ဖြစ်ကာဝိုင်များသီးသွားသောကြောင့်ချောင်းဆိုးသွားလေသည်။
ယင်းနှင့်ပတ်သက်၍ဝမ်လီသည်ဂရုမစိုက်ပဲတစ်ပုလင်းကုန်နောက်တစ်ပုလင်း......ကို ယူကာ လီရှောင်ဖန်၏ပါးစပ်ထဲသို့ ဆက်လက်လောင်းထည့်လိုက်သည်။
နောက်ဆုံးတွင် လီရှောင်ဖန် သည်ကိုယ့်ကိုကိုယ်မထိန်းနိုင်ဘဲမြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လင်းဖန်သည် ခန်းမရှိလူများကိုအေးစက်စွာ စိုက်ကြညိ့လိုက်ပြီး “လီရှောင်ဖန်ပြောတာကိုထောက်ခံတဲ့သူတွေကိုအပြစ်ပေးတဲ့အနေဖြင့် ဝိုင်နှစ်ပုလင်းကို အခုသောက်ရမယ်။ ငါ့အကူအညီ မလိုဘူးလို့တော့ မျှော်လင့်တယ်”
လင်းဖန်၏ မျက်လုံးနှင့်ဆုံးသွားသည့်လူတိုင်း တုန်လှုပ်သွားကြသည်။
လီရှောင်ဖန်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်သူတိုင်းသည် လုံးဝမတွန့်ဆုတ်ဝံ့ကြပဲ ဝိုင်နီများကို ကောက်ယူပြီးသူတို့ ပါးစပ်ထဲသို့ အမြန်လောင်းထည့်လိုက်ကြသည်။
“ဂုရု၊ ဂုရု!”
“ဂုရု၊ ဂုရု!”
ပွဲတက်ရောက်သူတိုင်းသည်ဝိုင်နီများကိုအနည်းငယ်သာသောက်သုံးကြသည်။
ထို့ကြောင့်ဝိုင်နီနှစ်ပုလင်းကို တပြိုင်နက်သောက်ခြင်းသည် သူတို့အတွက် သည်းမခံနိုင်တဲ့အရာပင်ဖြစ်သည်။
“မေည့”
ခဏကြာတော့ တစ်ယောက်ယောက်ကမနေနိုင်ဘဲအန်လိုက်လေသည်။
တစ်ချို့လူတွေက ခြေလှမ်းအနည်းငယ်လှမ်းပြီး မြေပြင်ပေါ် လဲကျသွားကြသည်။
ဒါတွေကိုလင်းဖန်ကလျစ်လျူရှုလိုက်ပြီး လင်းယန်၏ သွယ်လျသော ကျောက်စိမ်းလက်ကို ကိုင်ကာ အဲလစ်ဟိုတယ်၏ အပြင်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး