← Chapters

လက်စားချေခြင်း

Vol. 22 Ch. 321

လက်စားချေခြင်း

Vol. 22 Ch. 321

လင်းဖန်သည်လင်းယန် ကို ပန်းလုံဗီလာ သို့ ခေါ်ဆောင်သွားခဲ့သည်။

မတွေ့တာကြာပြီဆိုတော့ နှစ်ယောက်လုံးကအရမ်းလွှမ်းနေပြီဖြစ်သောကြောင့်ရောက်တာနဲ့စပြီးချစ်ကြတော့သည်။

.....

နောက်တစ်နေ့။

လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထိုအချိန်တွင် ကုတင်ပေါ်မှာသူတစ်ယောက်ထဲကျန်နေသည်ကိုတွေ့လိုက်သည်ာယ

လင်းဖန်သည် ဧည့်ခန်းသို့ရောက်သောအခါ လင်ယန်သည် ခေါက်ဆွဲကြော်ကိုကိုင်ကာမီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။

လင်းဖန်ကိုတွေ့ပြီးနောက် သူမက “ဗိုက်ဆာနေပြီမလား? ခေါက်ဆွဲအရင်စားရအောင်”

လင်းဖန်က “ကောင်းပြီ။”

ခေါက်ဆွဲကိုကောက်ကိုင်ပြီး ပါးစပ်ထဲ ထည့်ထည့်လိုက်သည်။

စုနမ် ရဲ့ ခေါက်ဆွဲက ကောင်းတယ်။

လင်းယန်ရဲ့ခေါက်ဆွဲကလဲကောင်းတယ်။

တစ်ခုချင်းစီတွင်၎င်း၏ကိုယ်ပိုင်လက္ခဏာများရှိပြီးနှစ်ခုလုံးသည်အလွန်အရသာရှိကြသည်။

ခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို လျဌင်လျှင်မြန်မြန်စားလိုက်သည် ။

လက်းယန်သည် လင်းဖန်၏ ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာပေါ်တွင်အပြုံးများနှင့်ပြည့်နှက်လို့နေသည်။

ဒီအခိုက်အတန့်မှာ သူမဟာ တစ်ခုခုကို တွေးမိကာ”စကားမစပ်ရှောင်မီအင်တာနက်ကုမ္ပဏီရဲ့ဝမ်ဟန်ဟူက မင်းစီကိုလာလည်ချင်လို့တဲ့”

လင်းဖန် က “ဒါဆိုလဲသူ့ကိုခေါ်လာခဲ့လေ”

“အွန်း” လပ်းယန်က ပြန်ဖြေလိုက်သည်။

“ဒင်ဒေါင်!”

သိပ်မကြာခင်မှာပဲ အပြင်ကနေတံခါးဘဲသံ ထွက်ပေါ်လာလေသည်။

လင်းယန်တံခါးကိုဖွင့်လိုက်တာနဲ့ရှောက်မီအင်တာနက်ကုမ္ပဏီရဲ့ဝမ်ဟန်ဟူဝင်လာလေသည်။

ဝမ်ဟန်ဟူ သည် အလွန်စိတ်လှုပ်ရှားစွာ ဝင်လာပြီးနောက် သူသည်အနည်းငယ် ငုံ့ကာ “ကောင်းသောနံနက်ခင်းပါမစ္စတာလင်း” ဟု လေးလေးစားစား ပြောလိုက်သည်။

လင်းဖန်က “ဟုတ်တယ်”

စကားတစ်ခွန်းမျှသာဖြစ်သော်လည်းဝမ်ဟန်ဟူ ၏နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားပြီး “မစ္စတာလင်း၊ မနေ့ညက အဲလစ်မှာ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး…”

လင်းဖန်သည် ရှောင်မီအင်တာနက် ကို ၀ယ်ထားကြောင်း ဝမ်ဟန်ဟူသိရှိရသောအခါ လင်းဖန် အပေါ် သူ၏သဘောထားသည် ပို၍ လေးစားလာခဲ့သည်။

ဒါပေမယ့် မနေ့ကအဲလစ်ဟိုတယ်မှာ ဖြစ်ပျက်ခဲ့တာကို သူသိပြီးနောက် လင်းဖန်ကို ပိုကြောက်သွားခဲ့သည်။

ယခုအချိန်တွင်ကြယ်ပွင့်များနှင့် ဒါရိုက်တာအများအပြားသည် မလှုပ်ရှားနိုင်ဘဲ ဆေးရုံတွင် လဲလျောင်းနေရဆဲဖြစ်သည်။

လင်းဖန်သည် စကားမပြောဘဲ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ မွှေးကြိုင်သော ဝိညာဉ်ရေး လက်ဖက်ရည်ကို သောက်လိုက်လေသည်။

လင်းဖန်ဘာမှမပြောတာကိုတွေ့တော့ဝမ်ဟန်ဟူ သည် ပို၍ တုန်လှုပ်လာပြီး နဖူးပေါ်မှ ချွေးအလွှာများ တဖြည်းဖြည်း စီးကျလာသည်။

သူ့ဘေးနားရှိ လင်းယန် သည်ဝမ်ဟန်ဝူ၏ပြောင်းလဲမှုများကိုမြင်ပြီး “ဒေါင်ဝမ်(ဝမ်ဟန်ဟူ)က ကျွန်မကိုအမြဲဂရုစိုက်လေ့ရှိပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ မတော်တဆမှုကလီရှောင်ဖန်ကြောင့်ပါ။”

လင်းဖန် က “လင်းယန် က မင်းကိုပြောပေးတဲ့အတွက်ဒီတစ်ခါငါမင်းကိယုံလိုက်မယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်မဖြစ်စေချင်ဘူး။ ငါဆိုလိုတာကို မင်းနားလည်လား”

ဝမ်ဟန်ဟူ က ခေါင်းညိတ်ပြပြီး “နားလည်ပါတယ် နားလည်ပါတယ် နောင်ဘယ်တော့မှ ဒိလိုထပ်မဖြစ်စေရတော့ဘူးလို့ ကတိပေးပါတယ်။”

ထို့နောက် လင်းဖန်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး “မင်းမှာ ဘာပြောစရာရှိသေးလဲ” လို့ မေးလိုက်သည်။

“မရှိတော့ပါဘူး...မစ္စတာလင်း၊ မစ္စလင်း၊ ငါအရင်သွားတော့မယ်...” ဝမ်ဟန်ဟူသက်သာရာရစွာပြောလိုက်သည်။

လင်းဖန်သည် ပန်းလုံဗီလာတွင် နောက်နှစ်ရက်ကြာအောင်လင်းယန် နှင့် အတူနေခဲ့သည်။

သုံးရက်မြောက်နေ့တွင် လင်းယန်သည်လင်းဖန် နှင့် နံနက်စာစားပြီးနောက်ပန်းလုံဗီလာမှထွက်ကာ ရှောင်မီအင်တာနက်ကုမ္ပဏီသို့သွားခဲ့လိုက်သည်။

နောက်ဆုံးတွင်၊ သူမ၏အိပ်မက်နှင့်အသက်မွေးဝမ်းကျောင်းရှိသေးသည်။

လင်းဖန်သည် လင်းယန်ထွက်သွားတာကိုကြည့်ရင်းသူက”ရှောင်ဘိုင်”

“ရှိပါတယ် ဆရာကြီး!” လင်းဖန်၏လက်ကောက်ဝတ်ရှိ နာရီသည် တုန်ခါသွားကာ အလွန်ပြတ်သားသော အသံထွက်ပေါ်လာသည်။

“လီရှောင်ဖန်ရဲ့ မှောင်ခိုပစ္စည်းများ(ငွေ၊ကြေး)နှင့် ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းပေးပါ။” လင်းဖန်က ပြောလိုက်သည်။

“ဟုတ်ကဲ့ဆရာ!” ရှောင်ဘိုင် က ပြောသည်။

ရှင်းရှင်းပြောရရင် လင်းဖန်က လီရှောင်ဖန်ကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ရည်ရွယ်ချက်မရှိပေ။

...

ထိုအချိန်တွင် လီရှောင်ဖန်သည်ရှီယန်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားသို့ ရောက်လာသည်။

လီရှောင်ဖန်သည်သူ့မျက်နှာဖြူရင်းလမ်းလျှောက်လို့လာခဲ့သည်။

သူဒီလိုဖြစ်တာလအံသြစရာမဟုတ်ပေါယ

အရက်အလွန်အကျွံသောက်ခြင်းသည် ​ဘေးအန္တရယ်ဖြစ်စေသည်။ ကံကောင်းထောက်မစွာနဲ့ သူ့သည်အန္တရာယ်ကနေ လွတ်မြောက်အောင် ဆေးရုံကဆောင်ရွက်ပေးခဲ့သည်။

အချိန်အတော်ကြာ ခက်ခက်ခဲခဲ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် လီရှောင်ဖန်သည် ဥက္ကဋ္ဌရုံးခန်းသို့ ရောက်လာသည်။

“အကိုဝမ်းကွဲ၊ မင်း ငါ့ကို လက်စားချေပေးရမယ်!” လီရှောင်ဖန်ကငိုပြီးပြောလိုက်သည်။

အထဲမှာထိုင်နေတဲ့ ထိပ်ပြောင်တဲ့လူက “ရှောင်ဖန်၊ စိတ်မပူပါနဲ့၊ မင်းအတွက် ငါလက်စားချေပေးမယ်!”

“ရှီယန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလူကိုထိတွေ့ဝံ့တဲ့သူကိုငါသောချာကောက်သူ့ကိုဒီအတိုင်းမထားဘူး။ငါ အဲဒီလူရဲ့ အထောက်အထားကို မတွေ့ရသေးလို့ပါ။တွေ့ရင်တော့.......”

ရှီယန်တွင် အလွန်ကျွမ်းကျင်သော အချက်အလက်ဌာနတစ်ခုရှိသည်။

လီရှောင်ဖတ် မတော်တဆမှုဖြစ်ပြီးနောက်တွင် ထိပ်ပြောင်သူသည် လင်းဖန်​အကြောင်းကို စုံစမ်းစစ်ဆေးရန် လူများကို တောင်းဆိုခဲ့သည်။

သို့သော် နှစ်ရက်ကြာသည့်တိုင်၎င်းတို့သည် ဘာမှ မစုံစမ်းနိုင်ခဲ့ပေ။

ဒါက ထိပ်ပြောင်လူကို ပဟေဠိဖြစ်စေသည်။

တကယ်တော့ဒါကလဲပုံမှန်ပင်ဖြစ်သည်။

လင်းဖန်သည် သင်္ချာပညာရှင်ကြီး၊ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်... သူသည် မည်သည့်အင်တာဗျူးကိုမျှ လက်ခံ​ဖြေကြားမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်သောကြောင့် တာဝန်ရှိသူများက သူ၏အချက်အလက်များကို ဖုံးကွယ်ရန် အစွမ်းကုန်ကြိုးစားကြသည်။

ထို့အပြင် လင်းဖန်သည်နဂါးအဖွဲ့ ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

“ဒေါက်ဒေါက်ဒေါက်’’

ထိုအချိန်တွင် အပြင်ဘက်ကနေတံခါးကိုအဆက်မပြတ်ခေါက်တဲ့အသံထွက်ပေါ်လာလေသည်။

ထိပ်ပြောင်လူက “ဝင်လာပည!”

ထို့နောက် ငွေရောင်မျက်မှန်တပ်ထားသော အမျိးသားတစ်ဦးသည်တက်ဘလက်ကွန်ပြူတာကိုင်ဆောင်ရင်းကမန်းကတန်း လျှောက်လာခဲ့သည်။ သူလျှောက်တာအရမ်းမြန်တာကြောင့်မတော်တဆ မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။

ထိပ်ပြောင်လူက မျက်မှောင်ကြုတ်ကာ “ငါဘယ်နှစ်ခါပြောပြီးပြီလဲ၊ ကိစ္စတစ်ခုကိုဖြည်းဖြည်းလုပ်ပါလို့”

ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက ကမန်းကတန်းထကာ “ဟုတ်ကဲ့ပါ”

ထိပ်ပြောင်လူက “ဘာကိစ္စရှိလို့လဲ”

ငွေရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက “ဒါရိုက်တာ လီရှောင်ဖန် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ရှိပါတယ်’’

“ငါ့ကိစ္စ ဘာရှိလို့လဲ” လီရှောင်ဖန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက ချီတုံချတုံဖြစ်ကာ “၂၀၁၃ ခုနှစ် မေလမှာလီရှောင်ဖန်သည် လီယွင်းရဲ့အမာခံပရိသတ်တစ်ဦးကိုသတ်ခဲ့သည်။2013 ခုနှစ် ဇွန်လတွင် လီရှောင်ဖန်သည် ဖျော်ဖြေရေးသမားတစ်စုကိုခြိမ်းခြောက်ကာရှိယန် အတွက် ရုပ်ရှင်တစ်ကားကို ရိုက်ကူးခိုင်းခဲ့သည်။ ရှိယန် ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ...... “

လီရှောင်ဖန် နှင့် ထိပ်ပြောင်လူ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး “ပါးစပ်ပိတ်ထား!”ဟုတစ်ပြိုင်တည်းပြောလိုက်လေသည်။

သူတို့နှစ်ယောက်သည် ငွေရောင်မျက်မှန်တပ်ထားသော လူကို အလွန်အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ဤအရာများအားလုံးကို သူတို့နှစ်ယောက်ဖုံးကွယ်ထားကြသည်။သိပါက......

ငွေရောင်မျက်မှန်တပ်ထားသော အမျိုးသားသည် နှစ်ယောက်သားကြောင့်ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရာ နဖူးပေါ်မှ ချွေးများထွက်ပေါ်လာသည်။

ထိပ်ပြောင်လူက အေးစက်စွာပြောလိုက်သည်။”မင်းဒါကိုဘယ်လိုသိတာလဲ?”

ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက “သတင်းမှာ... အခု... အခုသတင်းတိုင်းမှာခေါင်းစီးသတင်းအနေနဲ့တက်လာနေတယ်...”

“မင်းဘာပြောတာလဲ?!” ထိပ်ပြောင်သူ၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားကာပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters