တွေ့ဆုံခြင်း
Vol. 22 Ch. 322
ထိပ်ပြောင်လူသည် သူ၏ဖုန်းကို အမြန်ထုတ်လိုက်ပြီး ပန်ကူသတင်းခေါင်းစီးဆိုတညကိုရိုက်နှိပ်ရှာလိုက်လေသည်။
နောက်အခိုက်အတန့်မှာပဲသူ့နဖူးပေါ်ကနေချွေးတွေထွက်ပေါ်လာပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖွေးသွားတော့သည်။
ဤနှစ်များအတွင်း သူပြုလုပ်ခဲ့သော မကောင်းမှုများကို အသေးစိပ်မှတ်တမ်းတင်ထားခဲ့မယ်လို့သူမထင်ထားပေ။
ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မလဲ။ !
ပြီးပါပြီ၊ရှီယန် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကတော့လုံးဝပြီးဆုံးသွားပြီ။
လီရှောင်ဖန်က သူ့အစ်ကိုဝမ်းကွဲက ဖုန်းကိုကိုင်ပြီး စကားမပြောတာကို တွေ့လိုက်ရသောအခါသူ့စိတ်ထဲမှာ ခံစားချက်တွေ ဆိုးလာတော့သည်။
သို့သော်လည်း သူက “အစ်ကိုဝမ်းကွဲဘာဖြစ်လို့လဲ” ဟု မေးလိုက်သေးသည်။
လီရှောင်ဖန့၏အသံကိုကြားပြီးနောက်၊ ထိပ်ပြောင်လူသည် ရုတ်တရက် ခေါင်းကိုမော့ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
ထိပ်ပြောင်အမျိုးသားသည်လင်းဖန်နှင့်ပတ်သက်တဲ့ အချက်အလက်အားလုံးကို ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း လင်းဖန် သည် လင်းယန် အတွက် ဖျော်ဖြေပွဲကျင်းပရန်အတွက် ပန်ကူသတင်း၊ ခေါင်းစီး.......ယူဘီဘရောက်ဇာတျု့ကနေလူသိရှင်ကြား ထုတ်ပြန်ခဲ့ကြောင်း ထိပ်ပြောင်လူသိသည်။
ယခုမူ၊ ပင်ဂွင်းသတင်း၊ပန်ကူသတင်း......တို့တွင် လီရှောင်ဖန်နှင့် ရှီယန် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတို့၏မကောင်းမှုလုပ်ထားတာကိုတင်ထားလေသည်။
ဒါကိုတွေကိုလင်းဖန်လုပ်တာပဲဖြစ်သည်။
လီရှောင်ဖန်။
ဒါတွေအားလုံးက လီရှောင်ဖန်ကြောင့်ပဲ။
လင်းဖန်ကို ထိပ်ပြောင်လူအပြစ်မတင်ပေ။
ဒါကို စဉ်းစားရင်းထိပ်ပြောင်လူ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုကနေဒေါသတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ့သည်လက်သီးကို ဆုပ်လိုက်ပြီး လီရှောင်ဖန်၏ မျက်နှာကို ဆောင့်ထိုးလိုက်တော့သည်။
ထိပ်ပြောင်လူ၏အဆက်မပြတ်ထိုးနှက်ချက်များကြားဆွင်လီရှောင်ဖန်သည်နာကျင်လွန်းသောကြောင့်မျက်ရည်များကျရင်း “ဝမ်းကွဲဝမ်းကွဲ၊ဘာလို့ငါ့ကိုထိုးတာလဲ......”
“ကျေးဇူးပြုပြီး ငါ့ကိမြထိုးပါနဲ့တော့.....”
သို့သော်လည်း ထိပ်ပြောင်အမျိုးသားသည် ၎င်းကို မကြားဟန် ရှိပြီး ဆက်လက် ထိုးနှက် နေသည်။
သူသည် လီရှောင်ဖန်အပေါ် သူ၏ဒေါသအားလုံးကို ဖြေဖျောက်နေသည်။
မိနစ်အနည်းငယ်အကြာတွင် လီရှောင်ဖန်သည် သွေးများဖုံးလွှမ်းကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။
ထိပ်ပြောင်သူသည်တစ်ခုခုကို တွေးနေပုံရပြီး ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
သို့သော်...
ထိုအချိန်တွင် ရုံးခန်းတံခါးတွန်းဖွင့်ခံလိုက်ရလေသည်။
စုံစမ်းရေးမှူးတစ်ဖွဲ့ ဝင်လာပြီး “မင်းတို့ကို ဖမ်းလိုက်ပြီ!”
ထိပ်ပြောင် အမျိုးသား၏ လက်ကိုင်ဖုန်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားလေတော့သည်။
…………
ရှောင်ဘိုင်သည် ထိုအခြေအနေများကိုလင်းဖန်ကို အမြန်ပြောပြလိုက်သည်။
ဒါကိုကြားတော့လင်းဖန်အလွန်ကျေနပ်သွားသည်။
“ဒင်!”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားတော့သည်။
12:00! စာအိတ်နီတွင်ပေါ်လာလေသည်။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် 18888ရရှိသည်။”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း အစားအသောက်ကတ်ကိုရရှိသည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 999 ယွမ် ရခဲ့သည်”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ဂိုရန် အဆောက်အဦးကို ရရှိသည်။”
ယခုတစ်ကြိမ်စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း 54889 ယွမ်၊ အစားအသောက်ကတ်နှင့် ဂိုရန်အဆောက်အဦးကို လက်ခံရရှိခဲ့သည်။
လင်းဖန်54889 ယွမ်ကိုတိုက်ရိုက်အလျစ်လျူရှုလိုက်သည်။
အစားအသောက်ကတ်နှင့် ပတ်သက်၍လင်းဖန် သည် ၎င်းနှင့် အတော်လေး ရင်းနှီးသည်။ စားသောက်ပြီးနောက်၊ သူသည် စားသုံးမှုပြန်အမ်းငွေ၏ အဆ 100 မှ 10,000 အထိ ကျပန်းရရှိနိုင်သည်။
ဂိုယန်အဆောက်အဦးရဲ့အချက်လက်ကိုလင်းဖန်သည်အင်တာနက်ပေါ်တွင် တွေ့ခဲ့ရသည်။ ဤသည်မှာ ကျန်ပေ့ခရိုင်ရှိ ကြယ်နှစ်ပွင့် စားသောက်ဆိုင်ဖြစ်သည်။သူတျု့ရဲ့ ဟင်းတွေက အရမ်းအရသာရှိတယ်လို့အင်တာနက်ပေါ်ကလူတွေကဆိုကြသည်။
အရင်တုန်းက လင်းဖန်သည်ဂိုရန်အဆောက်အဦးမှာညစာစားဖို့ကိုစိတ်ကူးခဲ့ဖူးသည်။
သို့သော်စျေးအရမ်းကြီးတာကြောင့်စွန့်လွှတ်ရန်သာရွေးချယ်ခဲ့သည်။
မမျှော်လင့်ထားတာကတော့ယခုသူသည်ဤဂိုရန်အဆောက်အဦးသည် အမှန်တကယ်ပင် သူ့အပိုင်ဖြစ်လာခဲ့သည်။
လင်းဖန် က “ငါဒီနေ့ ကံကောင်းနေတာပဲ!”
“ဘာမှလုပ်စရာမရှိဘူးတော့ဒီဂိုရန် အဆောက်အဦးကို သွားကြည့်ရအောင်”
ပြောပြီးတာနဲ့လင်းဖန်သည် က Mercedes-Benz G (ကား)ကို မောင်းပြီး ကီလိုမီတာ 50 ဝေးတဲ့ဂိုရန်အဆောက်အဦးဆီ မောင်းသွားခဲ့သည်။
လင်းဖန်သည် အလွန်ကျွမကျင်သော ကားမောင်းစွမ်းရှိသော်လည်း လူစည်ကားသော လမ်းများကြားမှ သူ့ဦးတည်ရာသို့ ရောက်ရန် တစ်နာရီကျော် အချိန်ယူခဲ့ရသည်။
ရှောင်ရီ သည် အစားအသောက်ကို နှစ်သက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။
ဒီနေ့ မှာတော့သူမသည်ဂိုရန်အဆောက်အဦးဆီ တည့်တည့်မောင်းပြီး ထိုင်စရာနေရာရှာပြီးထိုက်လိုက်လေသည်။
ရျောင်ရီသည် အနက်ရောင်ဆံပင်ကို သပ်ရပ်စီးထားပြီးသူမ၏အသွင်အပြင်သည်အလွန်ချစ်စရာကောင်းနေလေသည်။
မကြာခင်မှာ ပတ်ဝန်းကျင်က လူတွေရဲ့ အာရုံစိုက်မှုကို သူမခံခဲ့ရသည်ယာ
အသက် 30 ခန့် ရှိသောအမျိုးသား သည် သူမစီသို့လာကာ“ဒီအလှလေး က တစ်ယောက်တည်း ဖြစ်ပုံရတယ် ၊ ငါ မင်းဘေးမှာထိုင်ရင်းထမင်းစတာကိုစိတ်မရှိဘူးမလား?”
ရှောင်ရီဟာ လူ့အဖွဲ့အစည်းမှာ ဆယ်နှစ်ကျော်ကြာကျင်လှည်ခဲ့သောကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့တစ်ဖက်လူရဲ့အတွေးကိုသူမသိလိုက်သည်။
ထို့ကြောင့်ရှောင်ရီ၏ လှပသော မျက်နှာပေါ်တွင် ရွံရှာဖွယ် အကြည့်တစ်ချက် ပေါ်လာသည်။
သူမ စကားပြောမလို့လုပ်လိုက်သည့်အချိန်တွင်သူမ၏ လှပသော မျက်လုံးများထဲတွင် ရင်းနှီးသော အသွင်အပြင်ကို တွေ့လိုက်သည်။ အဲဒါကတော့လင်းဖန်ပင်ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်သည် လဲရှောင်ရီကို မြင်လိုက်ရသည်။
လင်းဖန်သည် တစ်ချိန်က ရှောင်ပန်နှင့်ရှောင်အန်းတို့သည် ရှောင်ရီနှင့်ရေမွှေးနံ့ချစ်ခင်မြတ်နိုးမှုကို(ရေမွှေးသုံးတာတာတာကိုပြောတာပါ)အခြေခံ၍ ဆွေမျိုးများအဖြစ် သတ်မှတ်ခဲ့သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့၏ ဆွေမျိုးများသည် သူ၏ ဆွေမျိုးများပင်ဖြစ်သည်။
ထို့ကြောင့်လင်းဖန် က ရှေ့ကို လှမ်းပြီး နှုတ်ဆက်လိုက်လေသည်။”မစ္စရှောင်ဟဲလို၊မင်းကိုဒီမှာတွေ့မယ်လို့ငါမထင်ထားဘူး”
နောက်ဆုံးစကားပြောဆိုရာမှ လင်းဖန်သည် ရှောင်ရီကရှောင်ပန်နှင့်ရှောင်အန်းတို့နဲ့သူမရဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားကြောင်း သိလိုက်ရသည်။
ထို့ကြောင့်လင်းဖန်သည်မစ္စရှောင်ဟုခေါ်လိုက်ရခြင်းဖြစ်သည်။
ရှောင်ရီ က ပြုံးပြီး “ဟုတ်တယ်၊ငါလဲနင့်ကိုဒီမှာတွေ့မယ်လို့မထင်ထားဘူး!”
ရှောင်ရီက သူ့ဘေးနားရှိ အနောက်တျုင်းဝတ်စုံဝတ်ဆင်ထားသော ယောက်ျားကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းဖန်ကို ကြည့်ပြီးပြုံးပြလိုက်ပြီး “ဘာလို့ ဒီနေ့ငါနဲ့အတူ ထမင်းမစားတာလဲ”
စနစ်မစ်ရှင်ပြီးမြောက်ဖို့အတွက် လင်းဖန်ကရှောင်ရီ ကို စတားဆိုင် မှာ ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့တာကိုမှတ်မိနေသေးသည်။
ဒါကြောင့်သူမ ဒီစကားပြောတာက အဓိပ္ပါယ်ရှိတယ်လို့လင်းဖန်ထင်သည်။
လင်းဖန်က ပြုံးပြီး “ဒါဆိုလဲအားမနာတော့ဘူးနော်”ဟုပြောလိုက်သည်။
ရှောင်ရီရဲ့အကျင့်ဟောင်းပေါ်လာလေသည်။ “တကယ်လား? ဒါပေမယ့် ဒီလူက ငါ့နဲ့အတူ ညစာလာစားချင်နေတယ်”
သူ့ဘေးနားက နာမည်ကြီးအနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားက “မစ္စ ရှောင်၊ဒီက ငှက်သိုက်၊ တူနာငါး၊ ပင်လယ်ငါးကင်... အားလုံး အရသာ အရမ်းကောင်းတယလို့ဆိုကြတယ်” လို့ ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူ၏နာရီDenton Zonghai Watch(နာရီအမည်ပါ)ကို တမင်တကာ ထုတ်ပြလိုက်လေသည်။
ထို့နောက် ၎င်းက ဆက်လက်၍ “ထို့ပြင်၊ဒီနေရာမှာကစျေးနှုန်းအလွန်ကြီးတယ်။သာမန်လူတွေမတတ်နိုင်မှာစိုးမိတယ်။’’
သူသည် ဈေးကြီးသော ဟင်းပွဲများစွာအကြောင်း တမင်တကာ ပြောခဲ့ပြီး တစ်ချိန်တည်းတွင် နာမည်ကြီး အမှတ်တံဆိပ် နာရီကို ထုတ်ဖော်ပြသခဲ့သည်။
ဒါကသူသည်သူကြွယ်(သူဌေး)တစ်ဦးအဖြစ် ကြောင်းပြသနေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး