အစားအစာမှာယူခြင်း
Vol. 22 Ch. 323
အနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားသည်မိန်းကလေးအကြောင်းကောင်းကောင်းသိတယ်လို့ဆျုရမည်ဖြစ်သည်။
ရှောင်ရီနေရာမှာတခြားလူဆိုရင် ဆွဲဆောင်ခံရမှာလုံးဝသေချာသည်။
သို့သော်ယခုပြောခံရသူမှာရှောင်ရီဖြစ်နေတာကသနားစရာပင်ဖြစ်သည်။
ရှောင်ရီက “တကယ်လား? မင်းဒီလိုပြောတော့ငါအရမ်းပဲအဲ့ဟင်းတွေကိုစားချင်သွားပြီ” လို့ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူမသည် တမင်တကာဆံတွေးမျိုချလိုက်လေသည်။
ခေတ္တနားပြီးနောက် ရှောင်ရီက “ဒါပေမယ့် နင်တို့နှစ်ယောက်က ငါ့နဲ့ထမင်းစားချင်ကြတော့ငါကဘယ်သူနဲ့စားရမှာလဲ”
“ဒါဆိုရင်ရောနင်တို့နှစ်ယောက်မှာချင်တာမှာဘယ်သူမှာတဲ့ဟင်းတွေကပို အရသာရှိတယ်ဆိုတာငါပြောပေးမယ်”
ဒါကိုကြားတော့အနောက်တိုင်းဝတ်စုံဝတ်ထားသူက လုံးဝမတွန့်ဆုတ်ဘဲ “ဒါက အကြံကောင်းပဲ!”ဟုပြောလိုက်သည်။
သူ့အမြင်မှာတော့ ရှောင်ရီ နဲ့လင်းဖန်တျု့သည် တစ်ယောက်နဲ့တစ်ယောက်အသိအဆင့်သာရှိသည်ဟုသူထင်သည်။
ဂိုရန်အဆောက်အဦးသည် ကျန်ပေ့တွင် လူသိများသော စားသောက်ဆိုင်တစ်ခုဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ လူများနှင့်ပြည့်နေလေ့ရှိလေသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူက လက်ကိုဝှေ့ယမ်းပြီး “ဝိတ်တာရေ(စားပွဲထိုး) စားစရာတွေ မှာမယ်”
ခဏကြာတော့ အရပ်ရှည်ရှည်ပိန်ပိန် အမျိုးသားစားပွဲထိုးတစ်ယောက် ရောက်လာလေသည်။
“ကျားခေါင်းငါးစွပ်ပြုတ်၊ငါးအသားလွှာ၊ဂျန်ပန်ဆူရှီ .... အဲဒါတွေကိုယူလာပေးပါ”
အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားသည် ဟင်းခုနစ်ပွဲ သို့မဟုတ် ရှစ်ပွဲဆက်တိုက် မှာယူခဲ့ပြီး စုစုပေါင်းစျေးနှုန်းမှာ ယွမ် ၂၀၀၀၀ ကျော်ဖြစ်သည်။
ဤဟင်းလျာများ၏ ပုံသဏ္ဍာန်၊ အရသာ သို့မဟုတ် စျေးကြီးတာတွေကိုရှောင်ရီကို ဆွဲဆောင်နိုင်မည်ဟု သူယုံကြည်သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသောလူက စကားပြောပြီးသွားသောအခါတွင် လင်းဖန်အား ကြည့်ရန်မမေ့ပေ။
အကြည့်ထဲတွင်’’ကောင်လေး၊ မင်းလည်း အစားအသောက်တွေ မှာလေ’’လို့ ပြောပုံရသည်။
လင်းဖန်ကတော့ယခုအချိန်တွင်ထူးဆန်းသောအမူအရာကိုပြသလိုက်လေသည်။
ဒါကငါ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်မှာကိုယ်တိုင်ပြန်မှာစားရမှာလား။
ဒါကအတေည်စိတ်ဝင်စားဖို့ကောင်းပုံရသည်။
သို့သော် လင်းဖန်သည် အစားအသောက်ကို ချက်ချင်းမမှာသေးဘဲ မီနူးကို ဖြည်းညှင်းစွာ လှန်လိုက်သည်။
နောက်ဆုံးတော့၊ ဒါက သူ့ကိုယ်ပိုင်စားသောက်ဆိုင်ဖြစ်သောလည်း ဘာကအရသာပိုရှိမှန်းတောင်သူမသိပေယ
ဂိုရန်အဆောက်အဦး ရဲ့ စွမ်းဆောင်ရည်က အရမ်းမြန်တယ်လို့ ပြောလို့ရသည်။
ခဏအကြာတွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားမှာယူထားသော အရသာရှိသောဟင်းပွဲများကိုလာချပေးလေသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူထင်ထားသလိုပဲ၊ ဒီအစားအစာတွေရဲ့အပြင်အဆင်ကလှပယုံသာမကရနံ့ကလဲမွှေးကြိုင်သောကြောင့်သေချာပေါက်အရသာရှိမယ်လို့သူယုံသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသူက ရှောင်ရီ ကို တစ်ခုခုပြောဖို့လုပ်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်သည် သူ့ဘေးနားရှိ စားပွဲထိုးအား “တို့ဟူး၊ ငှက်သိုက်......”
စားပွဲထိုးက သူ့မှတ်စုတွေကို အလျင်အမြန်သုံးပြီးမျတ်ကာ “ကောင်းပြီ၊ ခဏစောင့်ပေးပါ” ဟုပြောလိုက်သည်။
စကားပြောပြီးနောက် လှည့်ထွက်သွားလေသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက ချက်ချင်းစကားမပြောဘဲ အဲဒီအစား မီနူးကို ကောက်ယူပြီး လင်းဖန်မှာထားသော ဟင်းလျာတွေရဲ့ ဈေးနှုန်းကို တိတ်တဆိတ် တွက်ချက်လိုက်သည်။
တို့ဟူး တစ်ပွဲကို ယွမ် ၁၈၀၀၊ ငှက်သိုက် ၂၂၀၀ ယွမ်...
လင်းဖတ်သည် စုစုပေါင်း ယွမ် 20,000 နီးပါး မှာယူခဲ့သည်။
သင် မှာယူထားသော ဟင်းပွဲ 20,000 နဲ့ပေါင်း စုစုပေါင်း ယွမ် 40,000 ဖြစ်သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားသည် ခဏတာ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် အံကိုကြိတ်လိုက်ပြီးနောက်သူက”စားပွဲထိုး၊ သူမှာထားတဲ့ ဟင်းလျာတွေအပြင်အရသာရှိတဲ့ ပဲပြားကြော်၊ အာလူးအမဲသားင်း၊ငါးရှဉ့်အစပ်ကြော်......”
သူသည်ယနောက်ထပ် ယွမ် ၁၀,၀၀၀လောက်တန်တဲ့ ဟင်းလျာတွေကို ထပ်မှာလိုက်သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားသည်ရှောင်ရီကိုဆွဲဆောင်ရန်ယွမ် ၅၀၀၀၀ ကုန်ကျခဲ့သည်။ ၎င်းသည် သူ့ကို အလွန်နာကျင်စေသည်။
ထို့ကြောင့်အနောက်တျုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက “ဒါပဲမှာတော့မယ်။အသီးအရွက်တွေပဲထပ်မှာရင် စားပွဲကဆန့်တော့မှာမဟုတ်ဘူး။ပြီးရောအဲ့လောက်အသီးရွက်တွေကလဲစားလို့ကုန်မှာမှမဟုတ်တာ။ဒါကြောင့်နောက်လူတွေစားလို့ရအောင်မမှာတော့ဘူး။”
အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူက စကားပြောကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။
လင်ဖန်းသည် အသီးအရွက်များကို ဆက်လက်မှာပါကလူသည်လူလိုမသိတတ်ရာရောက်မည်ဖြစ်သည်။
လက်းဖန်ကသာ အစားအသောကထပ််မမှာဘူးဆိုရင်သူ့ဟင်းပွဲတွေကပိုအရသာရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုတော့ပေ။(မင်းကဟင်းပွဲအများကြီးကိုမှာတာကို)
လင်းဖန်အလွန် ဉာဏ်ကောင်းလေသည်။
ထို့ကြောင့်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသား၏ အဓိပ္ပါယ်ကို သူ အလွယ်တကူ နားလည်သော်လည်း ဂရုမစိုက်ပေ။
လင်းဖန်သည် မီနူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။
ဒါကိုမြင်တော့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားက သူ့မျက်နှာမှာမောက်မာတဲ့အကြည့်တွေ ပေါ်လာတော့သည်ယ
လင်ဖန်းသည် ဟင်းအမယ်များရဲ့စျေးနှုန်းကများလွန်းသဖြင့် မတတ်နိုင်ဟု သူထင်ခဲ့သည်။
ပနောက်တိုင်းဝတ်စုံဝတ်ထားသည့်လူသည် လင်းဖန်ကို မထီမဲ့မြင်ပြုကာ ပထမဦးစွာ စိုက်ကြည့်ပြီးနောက် အပြုံးဖြင့် ရှောင်ရီ ကို ကြည့်လိုက်သည်။
ရှောင်ရီက သူနဲ့ အတူ စားသောက်ရင်း စကားပြောပြီး ရယ်နေပုံကို သူစိတ်ကူးယဉ်လိုက်မိသည်။
ယခုအချိန်တွင်လင်းဖန်က “စားပွဲထိုး၊ မင်း တို့ဒီမှာ ဝန်ထမ်းဘယ်လောက်ရှိလဲ”
ဒါကိုကြားတော့စားပွဲထိုးသည် သိသိသာသာ အံ့သြသွားသော်လည်း ဖောက်သည်သည် နံပါတ်တစ်ဖြစ်သည်ဟူသော နိယာမကြောင့်
သူက “လူ 100 လောက်ကရှိပါတယ်။ဘာလို့မေးတာလဲဗျ “ လို့ ပြန်ဖြေလိုက်သည်။
လင်းဖန်သည် သူ့စိတ်ထဲတွင် အနည်းငယ် တွက်ချက်ကာ “ဒီမီနူးမှရှိတဲ့ဟင်းပွဲပေါင်း 202ခုရယ်၊နောက်ပြီး ဖန်တီပုလင်း 20၊ လောရမ် ပုလင်း 20၊ အချိုရည်မျိုးစုံ ပုလင်း 50ဒါတွေယူလာပေးပါ “
စားပွဲထိုးက နားထောင်ပြီးနောက် ထိတ်လန့်သွားသည် ။
တကယ်တော့ စားပွဲထိုးသာအံ့အားသင့်သွားရုံမက ရှောင်ရီနဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားသူ အားလုံး အံ့ဩသွားကြသည်။
ဟင်းလျာ 202ဖြင့်ဆိုလျှင် ပျမ်းမျှမားဖြင့်ယွမ် ၂၀၀၀၀၀ ကုန်ကျမည်ဖြစ်သည်။
ဖတ်တီ ပုလင်း ၂၀က တစ်ပုလင်းလျှင် ယွမ် ၅၀၀၀ ဖြစ်ပြီး၊ ယင်းသည် ယွမ် ၁၀၀၀၀၀ ဖြစ်သည်။
ဘောရမ် ပုလင်း 20 ကတစ်ပုလင်းလျှင် ယွမ် 20,000 ခန့်ဖြစ်ပြီး ယွမ် 400,000 ရှိသည်။
လင်းဖန် စောစောက မှာယူထားတဲ့ ဟင်းလျာတွေကို မရေတွက်ရင်တောင် ဒါက ယွမ် 700,000 ဖြစ်နေပြီဖြစ်သည်။
ရှောင်ရီ က သူမပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်သည်။
“စားပွဲထိုး၊ မင်းမကြားဘူးလား။ အမြန်ထပြီး ဒီလူကြီးမင်းပြောတဲ့အတိုင်းသွားလုပ်တော့လေ။”ဟုအနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားကပြောလိုက်လေသည်။
သူသည်လင်းဖန်၏ ရုပ်ဆိုးသောအသွင်အပြင်ကို မြင်ချင်သည်။(ပိုက်ဆံမရှင်းနိုင်တဲ့ပုံကိုပြောတာပါ)
ခေတ္တနားပြီးနောက်၊အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အမျိုးသားက “စကားမစပ်၊ ငါနဲ့သူနဲ့ကဘာမှမဆိုင်ဘူးနော်!”
လင်းဖန်နှင့် သူကြားဆက်ဆံရေးကိုသူက ကြိုတင်ရှင်းလင်းထားသည်။
မဟုတ်ရင် ခဏအကြာတွင် လင်းဖန်က အိပ်သာသွားမယ်ပြောပြီးထွက်သွားရင်....
လက်းဖန် တိတ်တိတ်ဆိတ်ဆိတ် မထွက်သွားခင်မှာ ကျတော့်’သူငယ်ချင်း’ က ငွေရှင်းပေးမယ်လို့ ပြောလိုက်ရင်ထိုအချိန်တွင် သူကိုကြီးကြီးမားမား ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။
စားပွဲထိုးက အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူရဲ့စကားကို ကြားလိုက်ပြီးနောက် သူ့အာရုံပြန်ရလာလေသည်။
ထို့နောက်သူက “ဤ......တွေကိုမှာချင်တာသေချာလား”
“ဟုတ်ပါတယ်။” လင်းဖန်က အတည်ပြုလိုက်သည်။
စားပွဲထိုးက ခဏတုံ့ဆိုင်းသွားပြီးနောက်”အိုကေ... ဒါဆိုလဲခဏစောင့်ပေးပါ”လို့ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး