← Chapters

သူဘယ်သူလဲ

Vol. 22 Ch. 324

သူဘယ်သူလဲ

Vol. 22 Ch. 324

စားပွဲထိုးထွက်သွားပြီးနောက်လေထုသည်အနည်းငယ်တိတ်ဆိတ်သွားတော့သည်။

လင်းဖန်ကဆော့တည်တည်ငြိမ်ငြိမ်ပဲထိုင်နေလေသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသား၏ မျက်နှာတွင်လည်းအပြုံးများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်သည် အနောက်ဆိုင်းဝတ်စုံဝတ်ထားသည့်လူမှာထားသောဟင်းလျများကိုလာချပေးတော့သည်။

စားစရာတစ်ခုစီကအနံ့​လေးကလဲမွှေး​နေပြီးစားချင်​စရာ​လဲကောင်း​နေလေသည်။

ဒါကိုတွေ့တော့အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက အသက်ပြင်းပြင်းရှူကာ တံတွေးမျိုချလိုက်သည်။

ထို့နောက်သူကလင်းဖန်အား “ဒီလူကြီးက ဟင်း ၂၀၀ ကျော် မှာထားတာဆိုတော့လာချပေးဖို့က အချိန်တော်တော်ကြာလိမ့်မယ်ထင်တယ်...။”

ဒီလိုပြောပြီး ဝတ်စုံဝတ်ထားတဲ့လူက ရယ်လိုက်လေသည်။

နောက်ပိုင်းမှာ ဟင်းပေါင်း ၂၀၀ ကျော် လာချမြင်ကွင်းနဲ့ လင်းဖန် က ပိုက်ဆံမပေးနိုင်တဲ့ မြင်ကွင်းကို တွေးရင်း သူ အရမ်းပျော်လာလေသည်။

ခဏအကြာတွင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက ပြုံးကာ “မစ္စရှောင်မင်း ငါ့ဆီ အရင်လာစားလို့ရတယ်” လို့ပြောလိုက်သည်။

အနောက်တိုင်းဝတ်စုံဝတ်ထားသည့်လူသည်ရှောင်ရီ သည် သူနှင့်သေချာပေါက်စားမည်ဟု ယုံကြည်သည်။

သို့သော်.ဒါတွေအားလုံးက သူ့စိတ်ကူးသာဖြစ်သည်။

ရှောင်ရီ က “လင်းဖန် က အရသာရှိတဲ့ ဟင်းပေါင်း 200 ကျော်နဲ့ ဝိုင်ကောင်းကောင်း တွေကိုမှာယူခဲ့တယ်။ဒီဟင်းတွေထက်သေချာပေါက်ပရသာရှိမှာသေချာတယ်။ ဒါကြောင့်လင်းဖန်စီကပဲစားလိုက်တော့မယ်။”

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူက ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်သည်။

ဤအချိန်တွင် လင်းဖန်ဟင်းပွဲမှာလိုက်သောစားပွဲထိုးသည် အနက်ရောင်ဝတ်စုံဝတ် ထားသောလူလတ်ပိုင်းတစ်ဦးကို ခေါ်ဆောင်လာလေသည်။

စားပွဲထိုးက လင်းဖန် ကို လက်ညှိုးထိုးပြပြီး “အထွေထွေမန်နေဂျာ၊ ဒါက ဟင်းပွဲ 202 ခုနဲ့ ဝိုင်ဒါဇင်ပေါင်းများစွာကို မှာယူတဲ့ ကန်စတန်မာပါ” ဟု ပြောကြားလိုက်သည်။

အထွေထွေမန်နေဂျာသည် စားပွဲထိုးညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင်သူ့မျက်လုံးတွေကျုံသွားလေသည်။

ယနေ့တွင် ဂိုရန် အဆောက်အဦးတွင် ပိုင်ရှင်အသစ်ရှိကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။

သူဌေးအသစ်၏အမည်မှာ လင်းဖန်ဖြစ်သည်။

အထွေထွေမန်နေဂျာသည် လင်းဖန်၏ ဓာတ်ပုံကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။

ဘလို့ဆိုလင်းဖန်ကအလွန်ငယ်လွန်းသောကြောင့်ဖြစ်သည်။

အထွေထွေမန်နေဂျာက ဒီသူဌေးအသစ်လေးကို ဘယ်တော့တွေ့မလဲလို့ စဉ်းစားနေသည်။

မျက်စိတစ်မှိတ်အတွင်း သူဌေးအသစ်ကိုသူတွေ့မယ်လို့မမျှော်လင့်ထားပေ။

အထွေထွေမန်နေဂျာသည် လင်းဖန်ထံသို့ ပြေးသွားကာ အနည်းငယ်ကွေးညွှတ်ပြီး အလွန်လေးစားသောလေသံဖြင့် “မစ္စတာလင်း၊ မင်္ဂလာပါ”

လင်းဖန်က ခေါင်းကိုမော့ပြီး “မင်းက”

အထွေထွေမန်နေဂျာက “ကျွန်တော်က ဂိုရန်အဆောက်အဦး ရဲ့ အထွေထွေမန်နေဂျာ တန်ကျူ ပါ”

ဒါကိုကြားတော့လင်းဖန်က ခေါင်းညိတ်လိုက်သည်။

တန်ကျူက “မစ္စတာလင်းမင်းဒီကိုလာမှာကိုမသိခဲ့ဘူး၊ သိခဲ့ရင်မင်းကို တံခါးဝမှာ ကြိုဆိုဖို့ ဂိုရန်အဆောက်အဦးရဲ့ ဝန်ထမ်းအားလုံးကို ခေါ်ထားမှာ”

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မင်း ဒီလောက်ထိလုပ်စရာမလိုပါဘူး” လို့ပြောလိုက်သည်။

တန်ကျူက “စားပွဲထိုးဆီက ငါကြားတယ်၊ မင်းဟင်း ၂၀၀ ကျော် မှာထားတယ်ဆို။ ဧည့်သည်တချို့နဲ့ညစာစားဖို့ ဖိတ်ထားတာလား။ဒါဆိုရင် ငါတို့အပေါ်ထပ်မှာ ဇိမ်ခံအခန်းတစ်ခုရှိတယ်၊ ဒါကိုမင်းအတွက် ငါစီစဉ်ပေးမယ်လေ”

လင်းဖန်က ခေါင်းယမ်းပြီး “ရပါတယ်မလိုတော့ဘူး၊ဒါပေမယ့် ကျွန်တော့် ဟင်းပွဲတွေချက်ပြီးတာနဲ့ ဖောက်သည်မှာယူတာကိုရပ်လိုက်ပြီး ဝန်ထမ်းအားလုံးကို ဒီကိုခေါ်လိုက်ပါ” လို့ ပြောလိုက်သည်။

“ကောင်းပြီ!” တန်ကျူက ပြောသည်။

သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း အနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားက အံသြသွားလေသည်။

ဂိုရန်၏ အထွေထွေမန်နေဂျာက အဘယ်ကြောင့် လင်းဖန်ကိုသိနေရသနည်း။

တန်ကျူ ထွက်သွားတော့မည်ကို မြင်လိုက်ရတော့ အနောက်တိုင်းဝတ်စုံဝတ်ထားသည့်လူက “ဒါ....မစ္စတာလင်းက ဘယ်သူလဲ” လို့ မေးလိုက်သည်။

တန်ကျူက “သူကငါတို့ဂိုရန် အဆောက်အဦးရဲ့ သူဌေးလေ!”

တိတ်တိတ်!

လေထုတစ်ခုလုံးရုတ်တရက် တိတ်ဆိတ်သွားလေသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူက လုံးဝကို အံသြသွားသည်။

ရှောင်ရီ ၏ မျက်နှာပေါ်တွင်လဲအံသြသောအမူအရာအပြည့်ရှိလေသည်။

လင်ဖန်းတွင် စူပါကားများ ရှိသည်ကို သူမသိသောကြောင့် ဟင်းပွဲ 200 ကျော်နှင့် ဝိုင်ကောင်း ဒါဇင်ပေါင်းများစွာကို မှာယူခဲ့လျှင်ပင် လင်ဖန်းသည် ငွေပေးချေမှု ပြဿနာ လုံးဝမရှိသည်ကိုသူမသိလေသည်။

သို့သော် ရှောင်ရီသည် ဂိုရန်အဆောက်အဦးကို လင်းဖန် ပိုင်သည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ရှောင်ရီ သည် ဝန်ထမ်းအရေအတွက်နှင့်ပတ်သက်သော လက်းဖန်၏မေးခွန်းကို စိတ်ထဲမှာ အနည်းငယ်နားလည်သွားလေသည်။

ထိုအချိန်တွင်ဟင်းပွဲများ တစ်ခုပြီးတစ်ခု လာချပြီး အနီးနားရှိ စားပွဲ ၁၀ လုံးကခဏချင်းအပြည့်ဖြစ်သွားလေသည်။

လင်းဖန်၏ စားပွဲပေါ်တွင် သူအရင် မှာထားသည့် ဟင်းအချို့သာ ရှိသေးသည်။

ထို့နောက် ချက်ခြင်းပဲကြီးကြပ်ရေးမှူး၊ စားပွဲထိုးများ၊ စားရင်းကိုင်များ၊ စားဖိုမှူးများ အပါအဝင် ဂိုရန်အဆောက်အဦမှ ဝန်ထမ်း တစ်ရာနီးပါးသည် ပစ္စည်းများဖယ်ထားကာ ဧည့်ခန်းဆီသို့ ရောက်လာကြသည်။

လင်းဖန် က “မင်းတို့ယခုကစပြီးထိန်းထားဖို့ မလိုတေည့ဘူး လွတ်လွတ်လပ်လပ် သာစားကြပါ... မင်းတျု့ဒီမှာ အလုပ်လုပ်ရတာအရမ်းပင်ပန်းနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါကြောင့် ဒီနေ့တော့ အားလုံးကို နှစ်သိမ့်တဲ့အနေနဲ့ထမင်းကျွေးတာမို့အားမနာကြပါနဲ့ ...”

“ဒီနေ့ မင်းတို့အလုပ်က ကောင်းကောင်းစားဖို့နဲ၊ကောင်းကောင်းသောက်ဖို့ပဲ”

ဝန်ထမ်းတွေအားလုံးက ဒီစကားကိုကြားတော့ မျက်လုံးတွေ တောက်ပလာပြီး “ကျေးဇူးတင်ပါတယ် သူဌေး!”ဟုတစ်ပြိုင်နက်ပြောလိုက်ကြလေသည်။

ယခုအချိန်တွင်ဂိုရန်ရဲ့ အရသာရှိတဲ့ ဟင်းပွဲတွေအားလုံးကဒီမှာ ထားရှိလေသည်။

ထို့အပြင်၊တန်ဖိုးရှိသည့်ဝိုင်တွေလဲရှိသေးသည်။

ထို့နောက် ဝန်ထမ်းများသည် သူတို့သိသော လူများနှင့် စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။

လင်ဖန်းသည် ပန်းကန်ပြားတစ်ခုထဲအမဲသားနှပ်ကို ပါးစပ်ထဲသို့ထည့်ပြီးနောက် ခေါင်းညိတ်ကာ “အရသာရှိလိုက်တာ...မစ္စ ရှောင်မင်းလည်း စားလို့ရတယ်” လို့ပြောလိုက်သည်။

“ကောင်းပြီ!” ရှောင်ရီ က ပြုံးပြီး တုံ့ပြန်လိုက်လေသည်။

နောက်စားပွဲမှာထိုင်နေတဲ့ အနောက်တျုင်းဝတ်စုံဝတ်လူက ရှောင်ရီ နဲ့ လင်းဖန်တို့ရယ်မောပြီး စကားပြောနေတာကို ကြည့်လိုက်သည်။ထို့နောက်သူသည်ထပြီး တိုက်ရိုက်ထွက်ဖို့ စဉ်းစားလိုက်သည်။

သို့သော်လည်းအနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားသည် ယွမ် ၅၀,၀၀၀ အကုန်အကျခံထားသည့် ဟင်းပွဲများကို ကြည့်ကာ မထွက်သွားတော့ပေ။

ထို့နောက်သူသည် အရသာရှိသော ဟင်းလျာများကို ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်လိုက်သည်။

အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့်လူနှင့် နှိုင်းယှဉ်ပါက လင်းဖန် နှင့်ရှောင်ရီ တို့သည် အလျင်စလိုမဟုတ်ပဲ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြသည်။

ထမင်းစားပြီးနောက် လင်းဖန်က ပါးစပ်ကို လက်ကိုင်ပါဝါခပ်ပါးပါးလေးဖြင့်သုတ်လိုက်ပြီးအနောက်တိုင်းဝတ်စုံဝတ်ထားသူအား “ကဲလူတိုင်းပဲအသီးရွက်တွေကိုတန်ဖိုးထားပေးပါဗျ။မှာပြီးပြီဆိုလဲကုန်အောင်စားပေးပါ၊မကုန်ရင်မမှာပါနဲ့နောက်လူတွေစားလို့ရအောင်လို့ပည’’လို့ပြောလိုက်သည်။

ဒါကိုကြားတော့အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူရဲ့ မျက်နှာနီရဲသွားလေသည်။

ဒီစကားတွေကိုသူကလင်းဖန်ကို အရင်က ပြောဖူးသည်။

ယခုတော့ထိုစကားကိုသူကပြန်အပြောခံနေရလေသည်။

လင်းဖန်သည်အနောက်တိုင်းဝတ်စုံဝတ်ထားသောလူကို လျစ်လျူရှုကာ တန်ကျူအား “ငွေဘယ်လောက်ကျလဲကြည့်ရအောင်” လို့ပြောလိုက်သည်။

စကားပြောနေရင်း ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။

တတ်ကျူ က တုံ့ဆိုင်းသွားပြီး “မစ္စတာ လင်း၊ ဒါက...”

လင်းဖန်သည်ဂိုရန်အဆောက်အဦး၏ ပိုင်ရှင်အသစ်ဖြစ်သည်။

သူဌေးက ဝန်ထမ်းတွေကို သူရဲ့ကိုယ်ပိုင် စားသောက်ဆိုင်မှာ စားပြီး ပိုက်ဆံရှင်းခိုင်းဖို့ ဘယ်လိုတောင်းဆိုနိုင်မလဲ။

လင်းဖန် က “ဒါကလူတိုင်းစားဖို့ ဖိတ်ခေါ်တာကြောင့်ပေးရတာပေါ့၊ ဒါအပြင် လူတိုင်းက ဒီဟင်းပွဲတွေအတွက် အချိန်နဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဒီစွမ်းဆောင်ရည်လေးကိုတောင် ထည့်မတွက်ထားဘူးဆိုရင် ငါ့သူဌေးက အကြင်နာမဲ့လွန်းနေပြီမဟုတ်လား “

တန်ကူက အလွန်ကျေးဇူးတင်သောလေသံ​ဖြင့် “ကျေးဇူးတင်ပါတယ် သူဌေး!”ဟုပြောလိုက်သည်။

POS စက်ပေါ်ရှိ ဘဏ်ကတ်ကို ပွတ်ဆွဲလိုက်သောအခါ ဘေလ်ရှည်တစ်ခု ပေါ်လာသည်။

စုစုပေါင်း ယွမ် ၉၀၁,၈၈၉ကုန်ကျခဲ့သည်။

ရှင်းပါတယ်၊ ဒါက အရင်က ခန့်မှန်းထားတာထက် နည်းနည်းပိုတဲ့ဆိုတာ။

လင်းဖန် ကတော့ ဒါကို လုံးဝ ဂရုမစိုက်ပေ။

တစ်ချိန်တည်းမှာပင် သူ့လက်ကိုင်ဖုန်းပေါ်တွင် စာအိတ်အနီ 90 နှင့် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာလေသည်။

[ဒင်! အစားအသောက်ကတ် ကို သင်အသုံးပြုချင်ပါလား။ 】ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters