← Chapters

ရုပ်ရှင်ကြည့်ခြင်း

Vol. 22 Ch. 326

ရုပ်ရှင်ကြည့်ခြင်း

Vol. 22 Ch. 326

ထိုလူ သည်စကားပြောပြီးနောက် ဆက်လက်ထွက်ခွာသွားခဲ့သည်။

လမ်းကြားတစ်ခုသို့ လျှောက်သွားသောအခါတွင် လက်ကိုင်ဖုန်းကို ထုတ်ကာ ခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် ဖုန်းဆက်လိုက်သည်။

“အစ်ကိုကျောက်လား?”

“ဘာဖြစ်လို့လဲ?” ဖုန်းထဲတွင် အသံနက်ကြီးတစ်ခုထွက်ပေါ်လာလေသည်။

“ကိုယ်အင်္ဂါတွေ ရောင်းချင်ပါတယ်” ထိုလူက ပြောလိုက်သည်။

“အိုး၊ မင်းကဘယ်သူလဲ၊ ငါ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲလဲ”

“ကျုပ်ကကင်ဆာဖြစ်နေပြီ၊ လူနာတစ်ယောက်ဆီကနေ မင်းအကြောင်းတွေကိုတော့လူနာတစ်ယောက်စီကကြားတာပါ။ဝယ်လား၊မဝယ်ဘူလား” ထိုလူကပြောလိုက်သည်။

“ဝယ်တာပေါ့xxxxxxကိုလာခဲ့” လို့ပြောလိုက်သည်။

...

ယင်းနှင်းပတ်သက်၍ လမ်းသွားလမ်းလာများ၊လင်းဖန်နှင့် ချမ်ရှောင်တို့ကမသိကြပေ။

ချမ်ရှောင်က “လင်းဖန်၊ မင်းလူကို ဘယ်လိုကယ်တင်လိုက်တာလဲ?”

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ “ဒါက တိုက်ဆိုင်သွားလို့ပါ”

ချမ်ရှောင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။”ခုနကငါအရမ်းစိတ်လှုပ်ရှားနေတာ၊ငါစိတ်ထင်ဒီလူသေတော့မယ်လို့ထင်တာပြန်ကောင်းမယ်လို့မထင်ထားဘူး...”

ဒီအဖြစ်အပျက်ကိုပြောရင်း ချမ်ရှောင်ဟာ အဲဒီအမျိုးသားရဲ့ အသက်ရှုနိုင်စွမ်း ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတဲ့ မြင်ကွင်းကိုပြန်မှတ်မိကာ သူမရဲ့ လှပတဲ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

ခဏအကြာတွင် ချမ်ရှောင် က “ဒါတွေကို ရုပ်ရှင်ထဲမှာပဲမြင်ဖူးတာ။အပြင်မှာကိုယ်တိုင်ကိုယ်ကျ ကြုံဖို့မမျှော်လင့်ထားဘူး။”

လင်းဖန်က ခေါင်းညိတ် သဘောတူလိုက်သည်။

ချမ်ရှောင် က ထပ်ပြီး ပြုံးလိုက်ပြန်ကာ” ငါတို့က စားပွဲတစ်ခုမှာ အတူတူထိုင်တုန်းက ရုပ်ရှင်အတူတူကြည့်မယ် လို့ပြောခဲ့ကြတယ်လေ။ရလဒ်အနေနဲ့ ငါကတခြားကျောင်းကို ပြောင်းသွားရတာကြောင့်မကြည့်ဖြစ်လိုက်ဘူး”

ဒါကိုပြောပြီးနောက် ချမ်ရှောင် ၏ လှပသောမျက်နှာတွင်နောင်တရသော အမူရာကိုပြသလိုက်သည်။

ထို့နောက် ချမ်ရှောင် က မျှော်လင့်သော လေသံဖြင့် “လင်းဖန်ငါတို့ အခု ရုပ်ရှင်သွားကြည့်ကြမှာလား”

“ကောင်းပြီ!” လင်းဖန်က ပြုံးပြီးကြောလိုက်သည်။

ချမ်ရှောင်က “ငါ့ကားက ရှေ့မှာပဲ...”

သူစကားပြောနေတုန်း ကားသော့ကို ထုတ်ပြီး နှိပ်လိုက်လေသည်။

မနီးမဝေးတွင် အနီရောင် BMW MINI(ကား) ရှေ့မီး အနည်းငယ် လင်းလက်လာသည်။

ဒါကိုကြည့်ရင်းလင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူရာကိုပြသလိုက်သာ်။

BMW MINI(ကား)ပဲလား။

ဒါက တကယ်ပဲ သူ့နဲ့ဆက်စပ်နေတဲ့ မိန်းကလေးတစ်ယောက်လား။

သူတို့နှစ်ဦးသည် မဝေးလှသော စခရင်ရုပ်ရှင်ရုံသို့ ရောက်ရှိရန် အချိန်အတော်ကြာခဲ့သည်။

လင်းဖန်နဲ့ ချမ်ရှောင်တို့ဟာ သူတို့ရောက်တဲ့အချိန်မှာပြသမယ့်ရုပ်ရှာင်တစ်ခုကိုရွေးလိုက်လေသည်။

........

ရုပ်ရှင်ပြီးသွားတဲ့အခါ လင်းဖန်နဲ့ ချမ်ရှောင်တို့ဟာ မြင်နိုင်လောက်အောင် နီးကပ်လာခဲ့သည်။(ရင်းနှီးတာကိုပြောတာပါ)

နှစ်ယောက်သား ရုပ်ရှင်ရုံထဲက ထွက်သွားရင်းသူတို့ဘေးနားကနေ အာမေဋိတ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ချမ် ရှောင်”

မီးခိုးရောင် တီရှပ်၊ အပြာရောင် ဂျင်းဘောင်းဘီနှင့် မျက်နှာတန်ဖိုး ၈၀ ခန့်ရှိ မိန်းကလေးတစ်ယောက်သည်လမ်းလျှောက်လာခဲ့သည်။

ချမ်ရှောင် လှည့်ပြီး “ကျောက်မင်”

ကျောက်မင်က သူ့မဘေးနားကလင်းဖန်ကို အရင်ကြည့်ကာ ပြုံးပြီးပြောလိုက်သည် “မင်း ငါနဲ့ ဒီဇာတ်ကားကို အတူမကြည့်တာ အံ့သြစရာဘူးပဲ။နင်ကအဆင်လေးနဲ့ ချိန်းထားတာကို”

ဒါကိုကြားတော့ချမ်ရှောင်၏ လှပသော မျက်နှာသည် နီရဲသွားပြီး “ကျောက်မင်...”

“ကောင်းပြီ၊ ငါနားလည်တယ်၊ ငါနားလည်ပါတယ်၊ ဒီနေ့ မင်းနဲ့ ကိုယ်လူချောတို့အချိန်ကို ငါ မနှောက်ယှက်တော့ပါဘူး၊ ဒါပေမယ့် ငါအခွင့်အရေးရရင် မင်း ငါတို့ကို ညစာလာစားဖို့ ဖိတ်ခေါ်သင့်တယ်!” ကျောက်မင်ပြုံးပြီးပြောလိုက်သည်။

ထို့နောက် သူမက ထပ်မံ၍ သက်ပြင်းချကာ “ဟေး ငါတို့ဆေးရုံမှာ ချောမောတဲ့ကောင်တွေ အားလုံး အသည်းကွဲသွားကြတာကဘယ်လောက်သနားစရာကောင်းသလဲ”

ထို့နောက် ကျောက်မင်သည်ချမ်ရှောင်ရှင်းပြရန် မစောင့်ဘဲ အဝေးသို့ လျှောက်သွားခဲ့သည်။

ချမ်ရှောင်က လင်းဖန်ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး “သူမ...သူမကဟာသပြောရတာကို ကြိုက်တာါဒါကြောင့်သူမပြောတာကိုအတည်မယူပါနဲ့” ဟုပြောလိုက်သည်။

ခေတ္တနားပြီးနောက် ချမ်ရှောင် က “ခုနက ရုပ်ရှင်ထဲက ဇာတ်ကောင်က ဟော့ပေါ့စားနေတညမလား။ငါလဲဗိုက်ဆာနေတာနဲ့အတော်ပဲ အနီးနားမှာ ဟော့ပေါ့ စားသောက်ဆိုင်ရှိတယ်။ အတူတူ သွားစားရအောင်”

လင်းဖန်က ပြုံးပြီး “ငါလဲဟော့ပေါ့ စားချင်နေတာနဲ့အတော်ပဲ၊ သွားစားကြရအောင်” လို့ပြောလိုက်သည်။

ချမ်ရှောင်သည် ထိုစကားကိုကြားသောအခါ သူမ၏လှပသောမျက်နှာသည် ချက်ချင်းပင် ပြုံးသွားသည် ။

ဟွမ်ရီလို့အမည်ပေးထားတဲ့ ဟော့ပေါ့ စားသောက်ဆိုင်ကို သူတို့နှစ်ယောက် ရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

တံခါးဆီသို့ လျှောက်သွားလိုက်သည်နှင့် စူးစူးရှရှ အနံ့သင်းသင်းလေး ထွက်ပေယ်လယလေသည်။

မျက်လုံးနဲ့ကြည့်လိုက်တာနဲ့ စားပွဲအများစုမှာ လူတွေပြည့်နေပြီး သူတို့တွေ စားသောက်နေကြတယ်ဆိုတာကို​တွေ့လိုက်သည်။

လင်းဖန်နှင့် ချမ်ရှောင်တို့သည်ထိုင်ပြီးနောက်တွင် ပုဇွန်ချောင်းများနှင့် အမဲသားလိပ်များ၊ သိုးသားလိပ်များကို မှာယူလိုက်ကြသည် ။

သူတို့နှစ်ယောက်သည်ဟော့ပေါ့စားရင်းအထက်ဆန်းကျောင်းတုန်းကဟာတွေကိုရယ်မောစွာပြောနေကြလေသည်။

သူတို့နှစ်ယောက်ဟော့ပေါ့ကို အချိန်အတော်ကြာအောင်စားပြီး ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်နေတာကို မြင်လိုက်ရမှ ဖြည်းဖြည်းချင်း စားတာကိုနားလိုက်ကြသည်။

ယခုအချိန်တွင်လင်းဖန် နှင့်ချမ်ရှောင် တို့သည် အကွေ့အကောက်များသော လမ်းများပေါ်တွင် လမ်းလျှောက်နေကြလေသည်။

...

ထိုအချိန်တွင် လင်းဖန်ကူညီပေးခဲ့သောအမျိုးသားသည်မျက်စိမှိတ်ခံရကာပျက်စီးနေသော စက်ရုံသို့ ရောက်လာသည်။

မျက်စိကာကို ချွတ်လိုက်သောအခါတွင် ရက်စက်ကြမ်းကြုတ်သော ယောက်ျားများစွာ သူ့ပတ်ဝန်းကျင်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှေ့​ဆုံးရှိလူက “မင်းနာမည်ဘယ်လိုခေါ်လဲ”

ထိုအမျိုးသားကတုန်တုန်ရင်ရင်နဲ့

“လီ...လီဟွမ်”ဟုပြောလိုက်သည်။

အစ်ကို ကျောက် က “မင်းမှာ ကင်ဆာဖြစ်နေပြီဆိုတော့ကိုယ်အင်္ဂါတွေကို ရောင်းချင်တာလား။”

“ဟုတ်ပါတယ်” ထိုအမျိုးသားကပြန်ပြောလိုက်သည်။

“ဒါပေမယ့် မင်းသိလား? ကင်ဆာရောဂါ ခံစားနေရပြီးတဲ့ နောက်မှာ ကိုယ်တွင်းအင်္ဂါတွေ အားလုံးက ရောဂါတွေ ဖြစ်ကုန်ပြီဆိုတာကိုလေ။မင်းကငါ့ကိုနောက်ပြောင်နေတာလား။” အစ်ကိုကျောက်က အော်ပြောလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော အမျိုးသားအုပ်စုတစ်စုသည် ထိုအမျိုးသားဆီသို့ လျှောက်လာကြသည်။

ဒါကိုတွေ့တော့ထိုအမျိုးသားသည် ထိတ်လန့်တုန်လှုပ်သွားပြီး “ငါ...ဘာမှမသိဘူး၊ ငါရောင်းချင်တာပဲသိတယ်.....”

အစ်ကို ကျောက်က ခဏလောက်စဉ်းစားပြီး “ကိုယ်တွင်းအင်္ဂါတွေ မကောင်းဘူးဆိုပေမယ့် မင်းရဲ့မျက်ကြည်လွှာကိုတော့အသုံးပြုနိုင်(ရောင်းနိုင်)သေးတယ်!”

ဒီစကားလာတာနဲ့ တပြိုင်နက် ပတ်ဝန်းကျင်ရှိ လူဆိုးတွေကသွားနေတာကနေတယောက်ပြီး တယောက် ရပ်သွားကြသည်။

ဒါကိုကြားမှထို အမျိုးသားလည်း သက်ပြင်းချမိလိုက်သည်။

တကယ်တော့ ဒါက ကျောက်ဂမ်ရဲ့ စမ်းသပ်မှုပင်ဖြစ်သည်။

သူတို့ရဲ့လုပ်ငန်းက အရမ်းအန္တရာယ်များပြီး သတိလက်လွတ်ဖြစ်ရင် ထောင်ထဲမှာ နေနေရမယ်ဆိုတာကိုသူသိလေသည်။

ထိုလူ၏စွမ်းဆောင်မှုသည် ယခုအခါတွင်၊ ညီအစ်ကို ကျောက်၏စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

“ဒါဆို ငါ့မျက်ကြည်လွှာကို ဘယ်လောက်နဲ့ရောင်းရမှာလဲ” လို့ ထိုအမျိုးသားက မေးသည်။

“၅၀၀၀၀!” ကျောက်ဂမ်က ပြောလိုက်သည်။

ဒါကိုကြားတော့ထိုအမျိုးသားက သွားတွေကို အံကြိတ်ပြီး “ကောင်းပြီ!”ဟုပြောလိုက်သည်။

အစ်ကို ကျောက်က “မင်းကိုစပေါ်ငွေ 20,000 ယူထညးဝယ်သူကို ရှာတွေ့တဲ့အခါ မျက်ကြည်လွှာကို ယူပြီး ကျန်ငွေကို ပေးချေပေးမယ်”

စကားပြောနေစဉ်တွင် သူသည် အနီရောင် ငွေစက္ကူ နှစ်ထုတ်ကို တိုက်ရိုက်ထုတ်ပေးလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters