ကူညီခြင်း
Vol. 22 Ch. 325
လင်းဖန်သည် ဤအသံကိုကြားတော့သူသည်မအံ့သြပေ။
သူသည် သူ့စိတ်ထဲတွင် တိတ်တဆိတ်ပြောလိုက်သည်။”ဟုတ်တယ်!”
[ဒင်! အောင်မြင်စွာအသုံးပြုပြီးပါပြီ၊ အကြိမ် 1000 ရရှိတဲ့အတွက်ဂုဏ်ယူပါတယ် ယွမ် 901889000 ရရှိသည်။ 】
ဝန်ထမ်းတွေကို ထမင်းစားဖိတ်ကာ900,000 သုံးစွဲခဲ့ပြီး ယွမ် သန်း 900 ရရှိခဲ့သည်။
ဒါကထိုက်တန်တာထက်ပိုနေလေသည်။
လင်းဖန်က တန်ကျူအား “ဒီလမှာ တစ်ယောက်ချင်းစီအတွက် ဘောနပ့်စ်ယွမ် 10,000 ရလိမ့်မယ်”
တကယ်တော့ ဒီဝန်ထမ်းတွေကြောင့်သူသန်း 900 ရရှိတာကြောင့်သူဘောနပ်စ့်ပြန်ပေးခြင်းကကျိုးကြောင်းဆီလျော်လေသည်။
“ကျေးဇူးတင်ပါတယ် သူဌေး!” ဝန်ထမ်းအားလုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
လင်းဖန်သည် စားသောက်နေဆဲဖြစ်သောအနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားကို ကြည့်လိုက်ပြီးနောက် ရှောင်ရီနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
ရှောင်ရီ က လင်းဖန် ကို တစ်ခုခုပြောခါနီးမှာ သူမရဲ့ အိတ်ကပ်ထဲက ဖုန်းက လျှင်မြန်စွာအသံမြည်လာလေသည်။
“ကောင်းပြီ...”
“ကောင်းပြီ ငါ အခုလာခဲ့မယ်။”
ဖုန်းချသွားပြီးနောက်ရှောင်ရီက လင်းဖန် ကို ကူကယ်ရာမဲ့စွာပြောလိုက်သည်။” မူလက ငါ မင်းနဲ့ အတူထပ်သောက်ချင်သေးပေမဲ့။အခုတော့ နောက်တစ်ကြိမ်မှပဲဖြစ်နိုင်တော့မယ်”
လင်းဖတ်က “အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာမှာပါ”
ရှောင်ရီ က ခေါင်းညိတ်ပြီး “နောက်တစ်ခေါက်ထပ်တွေ့ကြတာပေါ့”
စကားပြောပြီးနောက် သူမသည် Porsche ကားပေါ်တွင်ထိုင်ကာ အဝေးသို့မောင်းသွားလေသည်။
အမှန်ပင်၊ သူမသည် အလျင်လိုနေသည်။
လင်းဖန်သည် လည်း Mercedes-Benz G(ကား)ပေါ်တက်ပြီးအမြန်မောင်းသွားခဲ့သည်။
လမ်းဆုံတစ်ခုသို့ အရောက်တွင်Mercedes-Benz G(ကား)သည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဘာလို့ဆိုကားဘီးပေါက်သွားလို့ပင်ဖြစ်သည်။
လင်းဖန် သည် လမ်းဘေးတွင် ကားကိုရပ်လိုက်ပြီး တွဲဆွဲထရပ်ကားဖုန်းကို ခေါ်ဆိုလိုက်သည်။
Mercedes-Benz G(ကား) ကို ခဏကြာတွင် ဆွဲခေါ်သွားသောအခါတွင် ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာလေသည်။
“လင်း...လင်းဖန်?”
လင်းဖန်သည် အသံကြားရာကို လှမ်းကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများ အနည်းငယ်တောက်ပလာပြီး “ချမ်ရှောင်”
“တကယ် မင်းပဲ’’ ချမ်ရှောင်က ဝမ်းသာအားရပြောလိုက်သည်။
ထို့နောက် ချမ်ရှောင်သည် သူမ၏ သွယ်လျသော ခြေထောက်များဖြင့် လင်းဖန်ထံသို့ ပြေးလွှားသွားခဲ့သည်။
“တိုက်ဆိုင်လိုက်တာ၊ငါ ဒီမှာမင်းကိုတွေ့ဖို့ မမျှော်လင့်ထားဘူး။” ချမ်ရှောင်က ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါလည်း မမျှော်လင့်ထားဘူး။” လင်းဖန်က “စကားမစပ် မင်းမိဘတွေနဲ့ စီးပွားရေးလုပ်ဖို့ ပန်ချမ်သွားတာမဟုတ်ဘူးလား၊ မင်းဘာလို့ ကျန်ပေ့ကိုရောက်နေတာလဲ။”
အထက်တန်းပထမနှစ်တွင် ဆရာသည် ကျောင်းသားအချင်းချင်းစကားမပြောရစေရန်အတွက် ကျား-မ ရောနှောထိုင်နည်းကို ကျင့်သုံးခဲ့သည်။(ယောက်ကျားနှင့်မိန်းမတွဲထိုင်တာကိုပြောတာပါ)
လင်းဖန် နှင့် ချမ်ရှောင်တို့သည်တူညီသော စားပွဲတစ်ခုတွင်ထိုင်ရလေသည်။
ထိုအချိန်က လင်းဖန်သည် အရပ်ရှည်ပြီး ချောမောသည်။
ချမ်ရှောင်သည်လဲချောမောပြီး ချစ်စရာကောင်းသည်။
နှစ်ယောက်စလုံးကလဲ တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ သဘောထားတွေ ရှိသည်။ထို့ကြောင့်မနက်စာ အတူစား၊အတူကျောင်းသွားအိမ်စာ အတူတူ လုပ်ကြလေသည်။
သို့သော်သိပ်မကြာခင်ပဲချမ်ရှောင် ရဲ့မိဘတွေက စီးပွားရေးလုပ်ဖို့ ပန်ချမ်ကိုသွားချင်တာကြောင့် ပြောင်းရွှေ့ပြီး ထွက်သွားကြပြီး နှစ်ယောက်သားသည်သူငယ်ချင်ဆက်ဆံရေးကနေအဆက်မတက်နိုင်ခဲ့ပေ။
လင်းဖန်သည် ဒါကိုအချိန်အတော်ကြာအောင် နောင်တရခဲ့သည်။
ထိုအချိန်တွင် လင်းဖန်၏မိသားစုမှာ ဆင်းရဲနွမ်းပါးပြီး သူ့တွင် ဖုန်းပင်မရှိသောကြောင့် သူတို့နှစ်ဦး အဆက်အသွယ်ပြတ်သွားသော်လည်း နှစ်အနည်းငယ်ကြာပြီးနောက် မထင်မှတ်ဘဲ ဒီမှာပြန်တွေ့ဆုံခဲ့ကြသည်။
လင်းဖန်၏အမှတ်တရထဲတွင်ချမ်ရှောင်သည် အပြာနှင့်အဖြူရောင် ကျောင်းဝတ်စုံကို အမြဲဝတ်ထားပြီး သူမ၏ကိုယ်ခန္ဓာသည် အနည်းငယ်ပိန်လေသည်။
အဝါရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားသည့် ယနေ့ ချမ်ရှောင်သည် အနည်းငယ်ပြည့်ဝ(ဒါကပုံမှန်အမျိုးသမီးကိုပြောတာပါ)လာပြီး သူမ၏ အသားအရေသည် ယခင်ကထက် ပိုမိုဖြူလာလေသည်။
ယနေ့တွင်ချမ်ရှောင်သည် အလွန်လှပသော ပန်းတစ်ပွင့်ဖြစ်ပြီး လူအများကို စွဲဆောင်နိုင်သည်။
လင်းဖန် သည် ချမ်ရှောင်ကို အမှန်တရားမျက်လုံးဖြင့် ကြည့်ရှုလိုက်လေသည်။
[မျက်နှာတန်ဖိုး- 96]
[အကြိုက်ဆုံးဘွဲ့- 80]
ချမ်ရှောင်က “မကြာသေးမီနှစ်အတွင်းပန်ချမ်မှာရှိတဲ့ မြေဈေးက အရမ်းဈေးကြီးသွားတယ်လေ။ အဖေက ဈေးမတန်ဘူးလို့ ထင်တဲ့အတွက် ကျန်ပေ့ကို ပြောင်းလာတာ”
ထို့နောက် သူမက “မင်း ကျတ်ပေ့ မှာ အလုပ်လုပ်နေတာလား။”
လင်းဖန် က “လောလောဆယ် ငါ ကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေတယ်”
“ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတာလား။လင်းဖန်မင်းက အရမ်းတော်တာပဲ!” ချမ်ရှောင်သည် စကားပြောရင်း သူမရဲ်လှပသော မျက်လုံးများသည်အနည်းငယ်တောက်ပလာသည်။
လင်ဖန်းသည် ရှက်ရှက်ဖြင့်”မင်းကော၊ ကဖန်ပေ့မှာ အလုပ်လုပ်နေတာလား” လို့ ပြောလိုက်သည်။
“ဟုတ်တယ်။ ဗဟိုဆေးရုံမှာ သူနာပြုအဖြစ် လုပ်နေတယ်။” ချမ်ရှောင်က ပြောသည်။
ဒီအခိုက်အတန့်မှာ မနီးမဝေးရှိ လမ်းဘေးမှာ အသက် ၃၀ နီးပါး အမျိုးသားတစ်ဦး မြေပြင်ပေါ် လဲကျသွားလေသည်။
လမ်းသွားလမ်းလာတွေကအော်ဟစကာအကူအညီတောင်းခံကြတော့သည်။
“တစ်ယောက်ယောက် မူးလဲသွားတယ်!”
“သွားကြည့်ရအောင်”
“လူနာတင်ကားခေါ်လိုက်အုံးမယ်?”
...
ချမ်ရှောင်သည်သေလုမြောပါး ဒဏ်ရာရသူများကို ကယ်တင်ခြင်း နှင့် ကုသပေးခြင်းသည် သူမအား စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူဝမ်းမြောက်စေသည်။
ထို့ကြောင့် တစ်စုံတစ်ယောက် မူးလဲသွားသည်ဟု သူမကြားသောအခါ လင်းဖန်နှင့် စကားဆက်ပြောရန်ဂရုမစိုက်ဘဲ မူးလဲသွားသော အမျိုးသားဆီသို့ အလျင်အမြန်ပြေးကာ “ကျွန်မကဗဟိုဆေးရုံက သူနာပြုပါ ကျေးဇူးပြုပြီး ကျွန်မသူ့ကိုစမ်းသပ်ဖို့ကိုခွင့်ပြုပါ” လို့ အော်ပြောလိုက်သည်။
ကြည့်ရှုသူများ က ကမန်းကတန်းလမ်းဖွင့်ပေးလိုက်ကြသည်။
“သူနာပြု ဒီမှာ!”
“ကောင်းလိုက်တာ။”
...
ချမ်ရှောင်သည် လဲကျသွားသေညယောက်ျား၏ မျက်ခွံများကို အရင်ဆုံး လှန်လိုက်ပြီး အသက်ရှုစမ်းရန်ထိုယောက်ျား၏ နှာခေါင်းပေါ် လက်ကို တင်လိုက်သည်။
အဲဒီလူရဲ့ အသက်ရှုသံက အရမ်းအားနည်းတယ်လို့သူမခံစားလိုက်ရသည်။
ရလဒ်အနေဖြင့် ချမ်ရှောင် သည် ရှေးဦးသူနာပြုနည်းဖြင့်ထိုအမျိုးသား၏ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်လေသည်။
သို့သော်ထိုလူ၏အသက်ရှူသံသည် အချိန်မရွေးပျောက်မယ့်သကဲ့သို့ ဖြစ်လာသည်။
ပတ်ဝန်းကျင်က လမ်းသွားလမ်းလာတွေကလည်း ဒါကို သတိထားမိပြီး ချက်ချင်းဆွေးနွေးကြတေည့သည်။
“ဒီလူ အသက်မရှင်တော့ဘူး။”
“ဟုတ်တယ်”
“ဒီမိန်းမက သူနာပြုရောဟုတ်ရဲ့လား”
...
ကယ်တင်ခြင်းသည် အလွန်ရုပ်ပိုင်းဆိုင်ရာဖြစ်သည်။
ချမ်ရှောင်သည် မိနစ်အနည်းငယ်ကြာတဲ့အထိရင်ဖက်ကိုဖိလိုက်လုပ်နေသောကြောင့်သူမသည်ချွေးများ တဖြည်းဖြည်း စိမ့်ထွက်လာသည်။
သူမသည် ပတ်ဝန်းကျင်ရှိလူများ၏ မှတ်ချက်များကို နားထောင်ပြီး အသက်ရှုအားနည်းလာသောအမျိုးသားကိုကြည့်ကာသူမကိုယ်သူမအားမလိုအားမရဖြစ်လာလေသည်။
ဘာလို့ဆိုသူမ မကယ်နိုင်တော့ဘူးလို့ထင်လို့ပင်ဖြစ်သည်။
ဒီအချိန်မှာလင်းဖန်က “ငါသူ့ကို ကယ်နိုင်တယ်”
လင်းဖန်၏စကားများသည် ကြည်လင်သောနွေဦးစမ်းချောင်းကဲ့သို့ဖြစ်ပြီးချမ်ရှောင်၏ခြောက်သွေ့သောနှလုံးသားကို စမ်းရေများပြန်စီးဆင်းလာလေသည်။
စကားပြောနေစဉ်တွင် လက်းဖန် သည် ဆေးရေ ၁ ဗူးဝယ်ယူရန် ယွမ် ၁၀ သန်း သုံးစွဲခဲ့သည်။
ထို့နောက် ထိုယောက်ျား၏ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။
လင်းဖန်အတွက် ဆေးရေ ၁၀ သန်းဖိုးက ဘာမှမဟုတ်ပေ။
သို့သောိသူသည်မြင်တဲ့လူတိုင်းကိုတော့မကယ်နိုင်ပေ။မြင်တဲ့သူတိုင်းသာလိုက်ကယ်နေရင်သူမွဲသွားမည်ဖြစ်သည်။
လင်းဖန်ယခုလုပ်ရသည်မှာချမ်ရှောင်ကြောင့်ဖြစ်ပြီး သူသည်သူမကို ပျော်ရွှင်စေချင်သည်။
ဆေးကုသမှုခံယူပြီးနောက် အမျိုးသား၏အသက်ရှူသံသည် ပိုမိုချောမွေ့(ပုံမှန်)ဖြစ်လာသည်။
ခဏကြာတော့ သူ့မျက်နှာက တဖြည်းဖြည်းသွေးရောင်လွှမ်းလာလေသည်။
ဒါကိုကြည့်ရင်းလမ်းသွားလမ်းလာတွေက “ဒီလူအဆင်ပြေသွားပုံရတယ်!”
“ဟုတ်တယ် သူသွေးရောင်ပြန်လွှမ်းလာပြီ”
...
ထိုအချိန်တွင်မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့လူက မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူသည်ထကာ ထွက်ခွာဖို့ပြင်ဆင်လိုက်သည်။
ဒါကိုမြင်တော့လမ်းသွားလမ်းလာတွေက ချက်ချင်းရပ်ပြီး အားလုံးအော်ပြောလိုက်ကြသည်။
“ဟေ့လူတခြားသူတွေက မင်းကို ကယ်ခဲ့တဲ့အတွက်မင်း ကျေးဇူးတင်တယ်လို့တော့ပြောသင့်တယ်မထင်ဘူးလား”
“မင်းကကျေးဇူးကန်းတာလား”
.....
ထိုမှသာ ထိုလူက လင်းဖန် နှင့် ချမ်ရှောင်ထံသို့ လှည့်ကာ “”ငါအသက်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်’’’ဟုပြောလိုက်လေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး