အလွန်ရင်းနှီးတယ်
Vol. 22 Ch. 327
နောက်တစ်နေ့။
ချမ်ရှောင်သည် အဖြူရောင် သူနာပြုယူနီဖောင်းကို ၀တ်ဆင်ကာကျန်ပေ့ဗဟိုဆေးရုံသို့သွားလေသည်။
ဆေးရုံရောက်ကတည်းက သူမသည်လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက် ရပ်ကွက်ကို စစ်ဆေးတာနဲ့ဆေးသွင်းရတာတွေလုပ်ရသောကြောင့်အားလပ်ချိန်တောင်မရှိပေ။
ဒါတွေကြောင့်ချမ်ရှောင်သည်ပင်ပန်းသော်လည်း သူမသည်သူမရဲ့အလုပ်ကိုအလွန်ဂုဏ်ယူနေလေသည်။
အရပ်ရှည်ရှည်သူနာပြုဆရာမတစ်ဦးက “ညကျရင်အတူညစာသွားစားမို့လိုက်မလား” လို့ ပြောလိုက်သည်။
“ကောင်းပြီ!” ကျောက်မင် က ပြောသည်။
မျက်မှန်တပ်ထားသည့် အမျိုးသားဆရာဝန်က “ချမ်ရှောင် မင်းရောလိုက်မလား”
ချမ်ရှောင်မဖြေမီကျောက်မင်က တခစ်ခစ်ရယ်ပြီး “ချမ်ရှောင်နင်ဒီနေ့ဟိုနေ့ကတွေ့တဲ့လူချောနဲ့ချိန်းတွေ့မှာလား။”
ဒါကိုကြားတော့ချမ်ရှောက်ရဲ့မျက်နှာလေးကနီရဲသွားသည်။
သူ့မဘေးက အရပ်ရှည်ရှည်သူနာပြုဆရာမကဒါကိုကြားတေည့ချက်ချင်းသိချင်သွားလေသည်။ဒါကြောင့်သူမက”ဘယ်ကလူချောလဲ ၊ချမ်ရှောင်ငါ့ကိုလဲ ဒီအကြောင်းပြောပြပါအုံး’’
ချမ်ရှောင်က “တကယ်တော့ သူကငါ့ရဲ့ အထက်တန်းကျောင်းတုန်းကအတူထိုင်ရတဲ့အတန်းဖော်ပါ”
“စားပွဲတစ်ခုထဲမှာထိုင်ရတာလား၊ဒညကစိတ်လှုပ်ရှုးစရာပဲ” အရပ်ရှည်ရှည်သူနာပြုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူတို့သည်စိတ်လှုပ်ရှားနေကြသော်လည်း ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်၏မျက်နှာသည် အလွန်ကြည့်ရဆိုးလာလေသည်။
ငွေရောင်မျက်မှန်တပ်ထားသောဆရာဝန်က ချမ်ရှောင်ကိုစတွေ့ကတည်းကသဘောကျခဲ့သည်။
ထို့ကြောင့်၊ သူသည် ချမ်ရှောင်ဌာနသို့ပြောင်းကာအချိန်ဇယားကိုလဲချမ်ရှောင်နှင့် အတူလုပ်ချိန်သို့ပြောင်းခဲ့သည်။
ရည်ရွယ်ချက်ကတော့ချမ်ရှောင်ကိုရရန်ဖြစ်သည်။
သို့သော်ယခုတွင်မူချမ်ရှောင်သည် အခြားနစ်ယောက်ကိုကြိုက်နေလေသည်။
ဒါကငွေရောင်မျက်မှန်တပ်ထားသောဆရာဝန်ကိုဒေါသထွက်စေသည်။
ငွေရောင်မျက်မှန်တပ်ထားသောဆရာဝန်က အသက်ပြင်းပြင်းရှူကာသူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားပြီးနောက် သူက “ဒီနေ့ ငါတို့အားလုံး စုပြီးညစာစားကြတယ်ဆိုတော့ချမ်ရှောင်ရဲ့ အထက်တန်းကျောင်းကအတန်းဖော်ကိုလဲငါတို့နဲ့အတူလာစားဖို့ပြောလိုက်ပါ။ဒါကိုမင်းတို့ ဘယ်လိုထင်လဲ”
“ကောင်းတယ်”
“ငါလဲသဘောတူသည်!”
သူနာပြုနှစ်ယောက်နှင့် ဆရာဝန်တစ်ယောက် ကသဘောတူလိုက်သည်။
ချမ်ရှောက်က “ဒါပေမယ့်... သူက တကယ်ပဲ ငါ့ရဲ့အထက်တန်းကျောင်းကသူငယ်ချင်းပါ”(သူတို့အားလုံးကလင်းဖန်ကချမ်ရှောင်ရဲ့ချစ်သူလို့ထင်နေတာပါ)
“ကောင်းပါပြီ ငါတို့အတူတူထမင်းစားတာအဆင်ပြေပါတယ်” ကျောက်မင် က ပြောလိုက်သည်။
ဒါကိုကြားတော့ချမ်ရှောင်သည် လင်းဖန် ထံ မက်ဆေ့ချ်ပို့ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ချမ်ရှောင်: အခုဗဟိုဆေးရုံကို လာလို့ရမလား၊ ပြီးရင် အတူတူထမင်းသွားစားကြရအောင်လေ?
…………
ထိုအချိန်တွင် လင်းဖန်သည် ပန်လုံဗီလာ၏ ဆိုဖာပေါ်တွင် လဲလျောင်းပြီးနေလေသည်။
ဖုန်းထဲက မက်ဆေ့ချ်ကို မြင်ပြီးနောက် အမြန်မက်ဆေ့ခ်ျတစ်ခုကိုပို့လိုက်လေသည်။
လင်းဖန်: ကောင်းပြီ ငါလာခဲ့မယ်။
Mercedes-Benz Big G(ကား) သည် ပြုပြင်နေဆဲအချိန်ဖြစ်သည်။
ထို့ကြောင့် လင်းဖန်သည် Lamborghini Bull (ကား)ပေါ်တွင်ထိုင်ကာ အရှိန်မြှင့်စက်ကိုနင်းကာ ကားသည်သားရဲတစ်ကောင်ကဲ့သို့ဟောက်ကာရှေ့သို့မောင်းသွားလေသည်။
မိနစ်နှစ်ဆယ်လောက်ကြာတော့လင်းဖန်သည်သူ့ကားကိုကျန်ပေ့ဗဟိုဆေးရုံရဲ့ ကားပါကင်မှာ ကားကိုရပ်လိုက်လေသည်။
ထိုအချိန်တွင် ချမ်ရှောင်သည် အောက်ထပ်(ကားပါကင်)သို့ဆင်းလာပြီး “လင်းဖန်!”
စကားပြောနေစဉ်တွင် သူမသည် လင်းဖန်ထံသို့ ပြေးသွားခဲ့သည်။
သူမနောက်က အရပ်ရှည်ရှည်သူနာပြုဆရာမက “ချမ်ရှောင်ကအမြင်ရှိတာပဲ”ဟုမှတ်ချက်ပြုလိုက်လေသည်။
ချမ်ရှောင်က “ငါ့လုပ်ဖော်ကိုင်ဖက်တွေက မင်းနဲ့အတူညစာစားချင်တယ်လို့ ပြောလို့မင်းကိုငါဖုန်းဆက်ပြီးပြောလိုက်တာ။ မင်းကိုနှောင့်ယှက်မိပြီလညးမသိဘူး”
လင်းဖန်က ပြုံးပြီး “ဒါက ဘယ်လိုလုပ် နှောင့်ယှက်တာဖြစ်ရမှာလဲ၊ ဒါအပြင် အားလုံးအတူတူထမင်းစားတာကလဲသိပ်မဆိုးဘူးလေ” လို့ပြောလိုက်သည်။
ကျောက်မင်က “မင်းတို့ဘာလို့ဒီမှာရပ်နေတာလဲ၊ ငါတို့စားဖို့သွားကြရအောင်”
ဒါကိုကြားတော့ချမ်ရှောင်သည် ကားသော့ကို ထုတ်ကာ ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။ မနီးမဝေးတွင်ရှိသော BMW မီနီ(ကား)ရှေ့မီးများသည် အနည်းငယ် လင်းလက်သွားလေသည်။
ချမ်ရှောင် က “လင်းဖန်၊ ငါ့ကားနဲ့သွားရအောင်”
မူလက လင်းဖန် သည် သူ့ကိုယ်ပိုင် Lamborghini Bull(ကား)ကို မောင်းနှင်ချင်ခဲ့သည်။
သို့သော်ချမ်ရှောင်ကယခုလိုပြောလာသောကြောင့်က BMWမီနီကားစီသို့သွားလိုက်လေသည်။
ဒါကိုမြင်တော့ ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က လင်းဖန်လို့ခေါ်တဲ့ လူမှာ ကားမရှိဘူးလို့ထင်လိုက်လေသည်။
ထို့နောက် တစ်ခုခုကို ကြံစည်နေသကဲ့သို့ သူ့မျက်လုံးများ အနည်းငယ် ရွေ့လျားလိုက်သည်။
သူ့ဘေးက အရပ်ရှည်ရှည်သူနာပြုဆရာမက “ဒေါက်တာ လီ၊ ငါချမ်ရှောင်ရဲ့ကားနဲ့အတူမလိုက်တော့ဘူး။ဒေါက်တာလီရဲ့ BMW 530(ကား)နဲ့အတူလိုက်စီးလို့ရလား”
“ရပါတယ် ကိစ္စမရှိဘူး။” ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်က ပြောသည်။
မကြာမီသူတို့သည် စားသောက်ဆိုင်တစ်ခု၏ တံခါးဆီသို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။
စားပွဲထိုးက လင်းဖန် နဲ့ တခြားသူတွေကို တွေ့တော့ အမြန်နှုတ်ဆက်ပြီး “ဧည့်သည်ဘယ်နှစ်ယောက်ရှိလဲ “ လို့မေးလိုက်သည်။(မေးတာကနောက်ထပ်လာရင်၆ယောက်ကနေ၇ယောက်ဖြစ်သွားရင်၇ယောက်လောက်ထိုင်လို့ရတဲ့စားပွဲခုံမှာထိုင်ခိုင်းဖို့စားပွဲထိုးကမေးတာပါ)
“ခြောက်ယောက်” ကျောက်မင်က ပြောသည်။
စားပွဲထိုးကလူ ၆ ယောက်ထိုက်လို့ရတဲ့စားပွဲတစ်ခုသို့ခေါ်သွားခဲ့လေသည်။
လူအနည်းငယ်က အစားအသောက်ကို မှာကြားပြီးနောက် အရပ်ရှည်ရှည်သူနာပြုဆရာမက “ချမ်ရှောင် မင်းလက်မထပ်ခင် မင်းရဲ့ချောမောတဲ့ချစ်သူအတွက် ပိုက်ဆံစုထားတာလား။”(ပြောချင်တာကလက်ထပ်ဖို့ပိုက်ဆံစုစုပြီးပြီလားလို့ပါ)
ချမ်ရှောင်ကက ရှက်ရွံ့သွားပြီ”ဘာတွေပြောနေတာလဲ။လင်းဖန်က ငါ့အထက်တန်းကျောင်းတုန်းကအတူထိုက်ခဲ့တဲ့အတန်းဖော်ပါ”
အရပ်ရှည်ရှည်သူနာပြုဆရာမက “အေးပါ၊အေးပါ၊နင်ပြောတာကိုယုံလိုက်ပါ့မယ်” ဟု ပြောသည်။
သူ့မဘေးကဆရာဝန်က “လင်းဖန်၊ မင်း ငါတို့ လိုပဲဆရာဝန်လုပ်တာလား”
“မဟုတ်ဘူး၊ ငါကအခုကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းပဲ။” လင်းဖန်က ပြောသည်။
လင်းဖန်ဘေးက ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က ဒါကိုကြားတော့လင်းဖန်ကိုမထီမဲ့မြင်လိုက်လိုက်လေသည်။
ဒီကောင်က ကျောင်းသားဖြစ်နေတုန်းပဲ။(ပြောချင်တာကဒီလောက်အသက်ရွယ်တောင်ရောက်ပြီအလုပ်မရှိပဲကျောင်းသား ပဲရှိသေးတာလား။ဒီဆရာဝန်ထင်တာကလင်းဖန်ကစားမေးပွဲမအောင်လို့အောင်အောင်ဖြေနေတုန်းလားလို့ပါ)
သာမန်လူများစွာ၏အမြင်တွင်၊ ကျန်ပေ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခြင်းသည် အလွန်အံအားသင့်ဖွယ်ကောင်းလှသည်။
သို့သော် ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်၏ မျက်လုံးများတွင်မူ ဘာမှမဟုတ်ပေ။
နာမည်ကြီး တက္ကသိုလ်များမှ ဘွဲ့ရသူများသည် အလုပ်သင်ဆရာဝန်ဖြစ်လာရန် ငွေကြေးမည်မျှသုံးစွဲသည်ကို သူမသိပေ။
အရပ်ရှည်သူနာပြုဆရာမက “စကားမစပ်၊ ဒေါက်တာ လီလည်းကျန်ပေ့တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာမဟုတ်လား”
ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က သူ့ရင်ကို တည့်တည့်မတ်မတ်ထားပြီး “ဟုတ်ပါတယ်”လို့ပြောလိုက်သည်။
ထို့နောက် လူကြီးတစ်ယောက်၏လေသံဖြင့် “လင်းဖန်၊ မင်းတို့ကျောင်းမှာ ဖန်ဝမ် ဆိုတဲ့ ဆရာရှိလား”
လင်းဖန်သည်ဖန်ဝမ်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးကြပြီးလူချင်းကလဲသိနေလေသည်။
ထို့ကြောင့်လင်းဖန် “ရှိပါတယ်၊ သူက ငါတို့ကျောင်းရဲ့ ဒုကျောင်းအုပ်လေ’’
ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က သက်ပြင်းချရင်း “မမျှော်လင့်ထားဘူးသူက ဒုကျောင်းအုပ်ဖြစ်နေပြီပဲ”
အရပ်ရှည်သူနာပြုဆရာမက “ဒေါက်တာ လီနဲ့ဒကျောင်းအုပ်ဖန်ဝမ် နဲ့ ရင်းနှီးတာလား?”
“အင်းရင်းနှီးတယ်။ငါကျောင်းမှာတုန်းကကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ်၊ဒါကြောင့်ငါသူနဲ့ အရမ်းကောင်းတဲ့ဆက်ဆံရေး ရှိတယ်။ဘွဲ့ရပြီးတဲ့ နောက်မှာတောင် သူက ငါ့ရဲ့ လက်ရှိ အခြေအနေကို မေးတဲ့ မက်ဆေ့ခ်ျ တွေမကြာခဏ ပို့သေးတယ်။” ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်က ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံပဲ
ဘာသာပြန်-စောင့်ချောကြီး