← Chapters

သီချင်းဆိုခြင်း

Vol. 22 Ch. 328

သီချင်းဆိုခြင်း

Vol. 22 Ch. 328

အရပ်ရှည်ရှည်သူနာပြုဆရာမ၊ မျက်နှာဝိုင်းဆရာဝန်နှင့်ကျောက်မင်တို့အားလုံးက လက်မထောင်ကာ ချီးကျူးလိုက်ကြသည်။

“ဒေါက်တာ လီမင်းအရမ်းတော်တာပဲ”

“မင်းက ကျန်ပေ့ တက္ကသိုလ်ရဲ့ ဒုဥက္ကဌနဲ့ တောင်ဆက်ဆံရေးကောင်းတယ်။”

ငွေရောင်မျက်မှန်တပ်ထားသောဆရာဝန်သည် လူတိုင်း၏ ချီးကျူးမှုကို နားထောင်ပြီး နောက်သူသည်ဘဝင်လေဟပ်သွားတော့သည်။

ထို့နောက်သူက “ကဲလင်းဖန်ငါမင်းကိုနောင်ကျရင်ဖန်ဝမ်နဲ့မိတ်ဆက်ပေးမယ်”

စကားပြောနေစဉ်တွင် ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်သည် ချမ်ရှောင်ကို လှမ်းကြည့်ရန် မမေ့ပေ။

သူ့အကြည့်ထဲတွင်- ဖန်ဝမ်နဲ့ငါရင်းနှီးတာကအရမ်းအံသြဖို့ကောင်းတယ်မလား။ဆိုတာပင်ဖြစ်သည်။

ထိုအချိန်တွင်စားသောက်ဆိုင်ရှိစင်မြင့်ပေါ်ကနေအသံတစ်ခုထွက်ပေါ်လာသည်။

“ ရိုလင်းစားသောက်ဆိုင်မှ အားလုံးကို ကြိုဆိုပါတယ်။ ဒီနေ့၊ လူတိုင်းအတွက် သီချင်းဆိုလို့ရအောင်ဒီစင်ကို ပြင်ဆင်ပေးထားပါတယ်။စင်ပေါ်မှာ အမှတ် 90 နဲ့အထက် သီချင်းဆိုနိုင်သူတိုင်းက2,000 ယွမ်တန်စားသုံးမှုဘောက်ချာကို ရရှိမှာဖြစ်ပါနယ်။ဒါကြောင့်လူတိုင်းကို စင်ပေါ်မှာ သီချင်းဆိုဖို့ ကြိုဆိုပါတယ်။”

“နမူနာအနေနဲ့ လူတိုင်းအတွက်သီချင်းတစ်ပုဒ်ဆိုပေးပါမယ်”

စကားပြောပြီးနောက်စားသောက်ဆိုင်ထဲတွင်မြူးကြွသေညသီချင်းသံတွေ ထွက်ပေါ်လာတော့သည်။

သီချင်းဆိုပြီးသွားသောအခါ၊ ၎င်းနောက်ရှိ ဖန်သးပြင်ကြီးတွင်အမှတ်85ဆိုပြီးပေါ်လာလေသည်။

“ပါ့ ပါ့ ပါ့”

စားသောက်ဆိုင်ထဲရှိလူတိုင်းက ကျယ်လောင်သောလက်ခုပ်သံဖြင့်အားပေးလိုက်ကြလေသည်။

အရပ်ရှည်ရှည်သူနာပြုဆရာမက “သီချင်းဆိုလိုက်တာနဲ့ယွမ် ၂၀၀၀စားသောက်တန်ဘောက်ချာရဖို့ အခွင့်အရေးရှိတယ်။ ဒေါက်တာ လီ၊ မင်းက ငါတို့ဆေးရုံမှာ အရည်အချင်းရှိတဲ့သူတစ်ယောက်မို့ တက်ပြီး သီချင်းဆိုလိုက်ပါ”

“မှန်တယ်၊ မှန်တယ်!” မျက်နှာဝိုင်းဆရာဝန်က နောက်ကလိုက်ပြောလိုက်သည်။

ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်သည် ယနေ့ သီခငွြးဆိုရနမြမှှေောလွင့ထွားပေ။

အရပ်ရှည်ရှည်သူနာပြုဆရာမနဲ့ မျက်နှာဝိုင်းဆရာဝန်တို့ပြောခဲ့သလိုပဲ သူက တကယ္ကို အရည်အချင်းရှိတဲ့သူတစ်ယောက်အဖြစ်ကိုယ့်ကိုယ်ကိုဂုဏ်ယူလေ့ရှိသည်။

စင်ပေါ်မှာ ကောင်းတဲ့ သီချင်းတစ်ပုဒ် သီဆိုနေသရွေ့ ချမ်ရှောင်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ဒေါက်တာလီယုံကြည်နေလေသည်။

သူသည်သီချင်းဆိုချင်နေတာကြာပြီဖြစ်သည်။သို့သော်အလုပ်မအားသောကြောင့်မဆိုဖြစ်ပေ။

မမျှော်လင့်ထားပေ။သူသည်ဒီနေ့ ချမ်ရှောင်ရှေ့မှာသီချင်းဆိုရမည်ဆိုတာ။

ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်သည် သူ၏သီချင်းသံကိုနားထောင်ပြီးနောက် ချမ်ရှောင်၏ စွဲလန်းမှုကို မြင်ယောင်ကြည့်လိုက်လေသည်။

ထို့နောက်သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာလေသည်။

ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က”မင်းတို့ဒီလိုပြောတယ်ဆိုမှတော့ငါတက်ပြီး သီချင်းဆိုလိုက်ပါ့မယ်။ဒါပေမယ့် သီချင်းဆိုမကောင်းရင်အပြစ်တော့မတင်နဲ့နော်”

စကားအဆုံးတွင် ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်သည် စင်မြင့်ပေါ်သို့ လျှောက်သွားပြီးနောက်သီချင်းကိုစတင်သီဆိုတော့သည်။

…………

သီချင်းစာသား၏ နောက်ဆုံးစာကြောင်းကို ဆိုပြီးနောက်၊ ဂီတသည်လည်း ရပ်သွားခဲ့လေသည်။

ထို့နောက်၊ သူ့နောက်ရှိ ဖန်သားပြင်ကြီးတွင် ရမှတ် 78 ဆိုပြီးပေါ်လာလေသည်။

ဒီရမှတ်ကိုသူတော်တော်လေး ကျေနပ်နေသည်။

သို့သော်သူထိုင်ရာနေရာသို့ပြန်ရောက်ပြီးနောက်သူက”ငါ သီချင်းဆိုတာမကောင်းဘူးမလား။”

အရပ်ရှည်ရှည်သူနာပြုဆရာမက “မဟုတ်တာဒေါက်တာလီ၊မင်းသီချင်းဆိုတာ အရမ်းကောင်းနေပါပြီ။ငါတောင်မင်းလောက်သီချင်းဆိုတဲ့နေရာမှာမတော်ဘူးလေ”

ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်က သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြီး “မဟုတ်တာ၊ငါကမူရင်းအဆိုတော်နဲ့ ဘယ်လိုယှဉ်နိုင်မလဲ။”

အပေါ်ယံမှာ ရှက်နေပေမဲ့ရင်ထဲမှာအလွန်ဝမ်းသာနေလေသည်။

ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က ပြုံးပြီးပြောလိုက်သည်။“ဒီလိုသီချင်းဆိုတဲ့နေရာတွေမှာကျောင်းသားတွေကပိုပြီးတော်သင့်တယ်”

ထို့နောက် ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်က လင်းဖန်ကိုကြည့်ကာ “စကားမစပ် လင်းဖန်၊ မင်းက ကျောင်းသားပဲမဟုတ်ဘူးလာ၊ ဒါကြောင့်မင်းစင်ပေါ်တက်ပြီး သီချင်းဆိုသင့်တယ်။အကယ်၍အမှတ် 90 ကျော်ခဲ့ရင် ယွမ် 2000 ဘောက်ချာကိုရရှိနိုင်တယ်။ဒါကမကောင်းဘူးလား”

အရပ်ရှည်ရှည်သူနာပြုဆရာမက “ဟုတ်တယ် လင်းဖန်၊ စင်ပေါ်တက်လာပြီး သီချင်းဆိုသင့်တယ်”လို့ပြောလိုက်လေသည်။

မျက်နှာဝိုင်းဆရာဝန်ကလည်း ‘’ဟုတ်တယ်၊ငါလဲထောက်ခံတယ်!”

ငွေရောင်မှန်တပ်ထားတဲ့ဆရာဝန်သည်လင်းဖန်ကထိုင်ရာကနေမထဘူးဆိုတာကိုတွေ့လိုက်ရသည်။

ထို့ကြောင့်သူကလူကြီးတစ်ယောက်ရဲ့ လေသံနဲ့ “လင်းဖန်၊စင်ပေါ်တက်ပြီးသီချင်းဆိုတာကို မကြောက်နဲ့ မရှက်ပါနဲ့” လို့ပြောလိုက်သည်။

“ငါတောင်အစကစင်ပေါ်တက်ရမှာကိုရှက်ကြောက်နေခဲ့တယ်။ဒါပေမဲ့ကျန်ပေ့တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်တုန်းက စင်ပေါ်မှာ ဟောပြောရင်းနဲ့ဖြည်းဖြည်းချင်း စင်ပေါ်တက်ပြီးပြောရတာကိုအသားကျလာခဲ့တယ်။”

ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က ဒီလိုပြောတဲ့အခါ သူ့မျက်နှာမှာဂုဏ်ယူသောအမူအရာတစ်ခုပေါ်လာလေသည်။

ဒီအချိန်မှာလင်းဖန် က “ကောင်းပြီ ငါစင်ပေါ်တက်ပြီး သီချင်းဆိုပါမယ်”

ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်သည် အပြင်မှာခေါင်းညိတ်ပြလိုက်ပေမဲ့ ရင်ထဲမှာတော့လှောင်ပြောင်နေသည်- လူငယ်တွေကစကားနည်းနည်းပြောပြီး လှည့်စားလို့ရတာပဲလို့ရင်ထဲမှာပြောနေလိုက်သည်။

တကယ်တော့သူဘယ်လောက်ပဲပြောပြော လင်းဖန်က လုံးဝစိတ်မ၀င်စားပေ။

လင်းဖန်ကချမ်ရှောင်ရဲ့ လှပတဲ့မျက်နှာက သူဆိုမှာကိုမျှော်လင့်နေတယ်ဆိုတာကိုတွေ့လိုက်လို့သူဆိုရခြင်းဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters