ကျောက်တုံးကိုကန်ခြင်း
Vol. 22 Ch. 329
လင်းဖန်က စင်ပေါ်မှာ သီချင်းဆိုဖို့ သဘောတူလိုက်တာကိုတွေ့တော့အရပ်ရှည်ရှည် သူနာပြုဆရာမ၊ မျက်နှာဝိုင်းဆရာဝန်နဲ့ ကျောက်မင်တို့အားလုံး အရမ်းပျော်သွားလေသည်။(ဘာလို့ပျော်နာလဲဆိုတာကိုတော့ဘာသာပြန်လဲမသိ)
ချမ်ရှောင် ၏ လှပသော မျက်လုံးများသည် သည်လဲအနည်းငယ်တောက်ပသွားလေသည်။
လူတိုင်း၏မျှော်လင့်ချက်အောက်တွင် လင်းဖန်သည် စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
လင်းဖန်သည်စင်ပေါ်ရောက်တာနဲ့မိုက်ကို တိုက်ရိုက်ကောက်ကိုင်လိုက်ပြီး “ကျွန်တော်ဆိုချင်တဲ့သီချင်းက “ဂလက်ဆီ” လို့ ပြောလိုက်သည်။
…………
“ဂလက်ဆီ” ဒီသီချင်းက မကြာသေးမီက အကျော်ကြားဆုံးသီချင်းပဲ’’ အရပ်ရှည်သူနညပြုဆရာမက ပြောသည်။
ကျောက်မင်က “ငါလဲဒီသီချင်းကို နားထောင်ရတာ ကြိုက်တယ်”
ချမ်ရှောင်၏ ချောမောလှပသော မျက်နှာပေါ်တွင်လည်းမျှော်လင့်ချက်များ ပေါ်လာလေေသည်။
ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်ကလင်းဖန်ကိုသူ့ရင်ထဲကနေလှောင်ရယ်နေလိုက်သည်။
“ဂလက်ဆီ” သည် အမှန်တကယ် ကောင်းမွန်သောကြောင့်၎င်းသည် မကြာသေးမီကမှရေပန်းစားခဲ့သည်။
သို့သော် ဤသီချင်းသည် ယေဘုယျအားဖြင့် ဆိုရခက်သည်။
ထို့အပြင် ဤသီချင်းသည် ပေါ်ထွက်ခဲ့သည်မှာ တစ်လပင်မပြည့်သေးပေ။
ထို့ကြောင့်လင်းဖန်ကမဆိုနိုင်ဘူးလို့သူထင်လိုက်သည်။
ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်က လင်းဖန်သီချင်းဆိုတာမကောင်းရင်ချမ်ရှောင် မည်မျှစိတ်ပျက်နေမည်ကို စိတ်ကူးကြည့်နိုင်သည်။
ဒါကိုတွေးပြီး ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်ရဲ့ ပါးစပ်ထောင့်က အနည်းငယ် မြင့်တက်လာခဲ့သည်။
သို့သော်ဒီသီချင်းကို လင်းဖန်က ရေးထားတာကို သူဘယ်လိုသိနိုင်မှာလဲ။
ထိုအချိန်တွင် သီချင်းသံ ထွက်ပေါ်လာသည်။
လင်းဖန်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီးနောက်သီခိင်းကိုစတင်သီဆိုတော့သည်။
“တိမ်ကင်းစင်တဲ့ညမှာ ကောင်းကင်မှာ လပြည့်လေးရယ်”
.......
စားသောက်ဆိုင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
မူလက စားသောက်ရင်းစကားစမြည်ပြောနေတဲ့သူတွေ အများကြီးရှိကြသည်။
ဒီအခိုက်အတန့်မှာ သူတို့လုပ်နေတာတွေကို ရုတ်တရက် ရပ်လိုက်ကြပြီး အားလုံးက စင်ပေါ်ကို ပဲကြည့်လိုက်ကြသည်။
အရပ်ရှည်ရှည် သူနာပြု၊ ကျောက်မင်၊ မျက်နှာဝိုင်းဆရာဝန်နှင့် ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်အားလုံး အံ့အားသင့်သွားကြသည်။
ထို့အပြင်ချမ်ရှောင်၏လှပသောမျက်လုံးများသည် ပိုမိုတောက်ပလာပြီး လင်းဖန်၏သီဆိုမှုအောက်တွင်နှစ်မျောသွားတော့သည်။
......
ခဏအကြာတွင်သီချင်းတစ်ပုဒ်လုံးပြီးသွားလေသည်။
သီချင်းရပ်သွားတာတောင်စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည်။
ခဏအကြာတွင် လက်ခုပ်သံများသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာတော့သည်။
“ပါ့ ပါ့ ပါ့”
“အသံကောင်းလိုက်တာ”
“သီချင်းဆိုတာအရမ်းကောင်းတယ်!”
“ရမှတ်ကိုကြည့်ရအောင်အိုးဘုရားရေအမှတ် 100တောင်လား”
“ဒါက အရမ်းတော်တာပဲ!”
“ညီလေး၊ နောက်ထပ် သီချင်းတစ်ပုဒ် ထပ်ဆိုပြပါဦး။”
“လူချောလေးနောက်တစ်ပုဒ်လောက်ဆိုပေးဖို့မေတ္တာရပ်ခံပါတယ်!”
…………
သို့သော် လင်းဖန်သည် ဒီစကားတွေကိုလျစ်လျူရှုကာ စင်ပေါ်မှဆင်းလာလေသည်။
“အာ ကင်မရာယူဖို့ မေ့သွားတာဘယ်လောက်ဝမ်းနည်းဖို့ကောင်းလိုက်သလဲ” ကောင်မလေး တစ်ယောက်ကဝမ်းနည်းစွာပြောလိုက်သည်။
“ ငါတော့ဗီဒီယိုရိုက်နိုင်ခဲ့တယ်။ဒါကိုဝိုက်ပေါ်မှာ တင်လိုက်မယ်” သူ့ဘေးနားက အရပ်ရှည်တဲ့လူက ပြောလိုက်သည်။
ဆံပင်တိုမိန်းကလေးက “ကောင်းပြီ၊ ဒါဆိုနင်တင်တာနဲ့ငါဒေါင်းလုဒ်ဆွဲလိုက်မယ် “လို့ပြောလိုက်သည်။
အရပ်ရှည်သောကောင်မလေးသည်မကြာခင်မှာပင် အံ့အားသင့်သွားခဲ့သည်။
“ထူးဆန်းလိုက်တာ၊ ငါရိုက်ထားတဲ့ ဗီဒီယိုကဘယ်လိုပျောက်သွားတာလဲ”
…………
တကယ်တော့၊ အရပ်ရှည်တဲ့ ကောင်မလေးတွေတင်မကဘဲ ရိုလင်စားသောက်ဆိုင်မှာရှိတဲ့ လူတော်တော်များများကဒီအတိုင်းဖြစ်နေကြသည်။
ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ထားတဲ့ ဗီဒီယိုတွေ အကုန်လုံး ပျောက်သွားလို့ပင်ဖြစ်သည်။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။လင်းဖန်သည်သူ့မျက်နှာကို ပြရတာ မကြိုက်ပေ။ဒါဆို ဒီဗီဒီယိုတွေ မပေါက်ကြားအောင် ဘယ်လိုလုပ်လိုက်တာလဲ။
ဒါကလဲအလွယ်လေးပါ။သူရဲ့စမတ်နာရီကိုခိုင်းစေလိုက်လို့ပင်ဖြစ်သည်”ရှောင်ဘိုင်၊ မင်း ဗီဒီယိုတွေ အားလုံးကို ဖျက်လိုက်”
သူ့လက်ကောက်ဝတ်ရှိ နာရီက အနည်းငယ် တုန်ခါသွားသည်။
လင်းဖန်သည် သူထိုင်ရာပေါ်သို့ ပြန်ရောက်လာသောအခါကျောက်မင်သည် ပရိတ်သတ်ငယ်တစ်ယောက်လို”လင်းဖန် မင်းသီချင်းဆိုတာ အရမ်းကောင်းတာပဲ”
“ဒီလောက်သီချင်းဆိုကောင်းတဲ့သူကိုတစ်ခါမှမကြားဖူးဘူး!” အရပ်ရှည်သူနာပြုကဆိုလိုက်သည်။
ချမ်ရှောင်က “လင်းဖန်မင်းသီချင်းဆိုကောင်းတယ်ဆိုတာကိုငါမသိခဲ့ဘူး”
လင်းဖန် က ပြုံးပြီးပြောလိုက်သည်။”ဒေါက်တာ လီက ကျွန်တော့်ကို စမ်းဆိုကြည့်ခိုင်းလို့ပါ။ကျနော်လဲဒီလောက်သီချင်းဆိုကောင်းမယ်လို့မထင်ထားဘူး။”
ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်က ဒညကိုကြားတော့သူ့မျက်နှာတစ်ခုလုံး အလွန်ရုပ်ဆိုးသွားလေသသည်။
ဟုတ်ပါတယ်သူဆျုခိုင်းတာတေည့မှန်ပါတယ်။
သို့သော်ဒါကလင်းဖန်သီချင်းဆိုမကောင်းကိုသိပြီးချမ်ရှောင်စိတ်ပျက်သွားစေရန်ဖြစ်သည်။
အခုအခြေအနေက ဘယ်လိုလဲ။
လုံးဝပြောင်းပြန်ပင်ဖြစ်သည်ါ
ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်သည် ကျောက်တုံးကိုသူ့ခြေထောက်နဲ့ကန်မိသလိုခံစားလိုက်ရသည်။
နာကျင်မှု
အရမ်းနာကျင်တယ်။
အရပ်ရှည်ပိန် သူနာပြုဆရာမက “ဟုတ်တယ်၊ အမှတ် 100၊ ဒါဆို ယွမ် 2,000 ဘောက်ချာရနိုင်မလား”
ဒီအခိုက်အတန့်မှာ ဆိုင်ရှင်က ရောက်လာပြီး “မင်္ဂလာပါ လူကြီးမင်း၊ အခုဆိုထားတဲ့ သီချင်းအတွက် ရမှတ် 100 ရတဲ့အတွကိဒါက မင်းရဲ့ဆုပဲ”
စကားပြောနေစဉ်တွင် ယွမ် ၂၀၀ တန် ဘောက်ချာ ၁၀ ခု ပေးလိုက်သည်။
လင်းဖန်က သူ့လက်ထဲက ဘောက်ချာကို မြှောက်လိုက်ပြီး “အင်း...ဒီဝိုင်းကို ငါပဲရှင်းလိုက်မယ်” လို့ပြောလိုက်သည်။
“ကျောင်းသား လင်းဖန်၊ ငါ မင်းကို ဒီမှာတွေ့မယ်လို့မထင်ထားဘူး။တစ်ကာ့်ကို တိုက်ဆိုင်တာပဲ။ပြီးတော့မင်းသီချင်းဆိုကောင်းမာ်လို့လဲငါမထင်ထားဘူး “ သူ့နောက်တွင် အနည်းငယ်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းဖန်သည် ထိုစကားကိုကြားသောအခါ လှည့်ကြည့်လိုက်သည်။
ထိုလူရောက်လာသည်ကိုမြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားလေသည်။
ဒီလူက တခြားသူမဟုတ်ပေကျန်ပေ့ တက္ကသိုလ်ရဲ့ ဒုတိယဥက္ကဌ ဖန်ဝမ်ပင်ဖြစ်သည်။
လင်းဖန်က “ငါဒါကိုပေါ့ပေါ့ပါးပါးပဲ ဆိုခဲ့တာ”
လင်းဖန်သည် သူ့ဘေးတွင် ရပ်နေသော ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်ကို တစ်ချက်ကြည့်လိုက်ပြီး “ဒေါက်တာ လီ မင်းရဲ့ လတ်တလော အခြေအနေကို ဒုကျောင်းအုပ်ဖန်က မင်းကို ခဏခဏ မေးနေတာလို့ ပြောနေတာ မဟုတ်ဘူးလား။ အခု သူ ဒီကို ရောက်လာတော့ သူနဲ့အေးဆေးစကားပြောလိုက်ပါ.”
ဒါကိုကြားတော့ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်သည် ခဏမျှ အံ့အားသင့်သွားသည်။
ဒါကိုကြားတော့ဖန်ဝမ်က “သူက”
“အိုး၊ သူက ကျန်ပေ့ဗဟိုဆေးရုံ က ဒေါက်တာ လီ ပါ။ သူက ကျန်ပေ့ကုလသမဂ္ဂရဲ့ ဥက္ကဌ ဖြစ်ခဲ့ဖူးတယ်လို့ ပြောတယ်။ သူက မင်းနဲ့ ဆက်ဆံရေးကောင်းခဲ့တယ်ဆို။ သူရဲ့အကြောင်းမေးဖို့ မင်းကမက်ဆေ့ချ်ပို့တတ်တယ်တဲ့” လင်းဖန်က ပြောလိုက်သည်။
ဖန်ဝမ်သည်အလွန်ဉာဏ်ကောင်းလေသည်။
လင်းဖန် သည် ဤဒေါက်တာ လီနှင့် သဘောထားကွဲလွဲနေကြောင်း အလွယ်တကူကြားသိရသည်။
လင်းဖန်က ဘယ်သူလဲ။
ကမ္ဘာ့သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပေးခဲ့သော ပညာရှင်ကြီးတစ်ဦးနှင့် မြေငလျင်ကြိုတင်ခန့်မှန်းသူနှင့် စူပါဘက်ထရီကို တီထွင်ခဲ့သူဖြစ်သည်။
လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်၏ အကြီးမားဆုံး အရင်းမြစ်ဖြစ်သည်။
ယနေ့ ကျန်ပေ့တက္ကသိုလ်သည် သူဖနဂမိကို ဆုံးရှုံးနိုင်သည်ဟု ဆိုနိုင်သော်လည်း လင်းဖန်ကို လုံးဝဆုံးရှုံးနိုင်မည်မဟုတ်ပေ။
တစ်စုံတစ်ယောက်က လင်းဖန်ကို နှိုးဆော်လိုက်လျှင် ဖန်ဝမိသည်သဘာဝအတိုင်း သည်းခံမည်မဟုတ်ပေ။
ထို့ကြောင့်သူသည်ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်ကို ဂရုမစိုက်ဘဲ တစ်ချက်ကြည့်လိုက်ပြီး “အိုး။ ငါမင်းနဲ့ ဆက်ဆံရေးကောင်းတာလား၊ဒါဆိုဘာလို့ မင်းနာမည်ကို ငါမသိရတာလဲ”လို့ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး