← Chapters

မင်းဆရာဘယ်သူလဲ

Vol. 22 Ch. 330

မင်းဆရာဘယ်သူလဲ

Vol. 22 Ch. 330

ငွေရောင်မျက်မှန်တပ်ထားတဲ့ ဆရာဝန်သည်ဖန်ဝမ်ကို ပထမဆုံးတွေ့လိုက်တဲ့အခါ ရင်းနှီးမှုကို ခံစားလိုက်ရသည်။

သို့သော်၊ သူသည် ဖန်ဝမ် ကိုကျန်ပေ့ တက္ကသိုလ်၏ဒုတိယဥက္ကဌနှင့်လုံးဝမချိတ်ဆက်မိပေ။

သူကဖန်ဝမ်ဘယ်သူလဲဆိုတာတောင်မသိပေ။

ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်သူပြောသည့်စကားသည် ဟာသတစ်ခုမျှသာဖြစ်သည်။

တကယ်တော့.ဒေါက်တာ လီ နှင့် ထန်ဝမိတို့သည် ယခင်က နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ယခု သူသည် ဒု-ကျောင်းအုပ်ဖြစ်မှန်း မတော်တဆ သိလိုက်ရသည်။

လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ကြားသိရသောအခါတွင် ငွေရောင်မျက်မှန်တပ်ထားသော ဆရာဝန်သည် ၎င်း၏ သာလွန်သောအဆင့်အတန်းကိုပြသရန် ထိုဇာတ်လမ်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

သို့သော် ဖန်ဝမ်သည်လဲဒီ စားသောက်ဆိုင်တွင် ရှိနေသည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ပို၍အရေးကြီးသည်မှာ ထန်ဝမ် သည် လင်းဖန်နှင့် အလွန်ရင်းနှီးနေသေးသည်။

ဒါက

အရမ်းတိုက်ဆိုင်တာလား။ !

ငွေရောင်မျက်မှန်တပ်ထားသည့် ဆရာဝန်သည် ပါးစပ်ကိုဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မထွက်ခဲ့ပေ။

ဖန်ဝမ်က မျက်မှောင်ကြုတ်ပြီး “ဘာလဲ ငါကတက္ကသိုလ်ရဲ့ ဒုတိယဥက္ကဌ ဖန်ဝမိ မဟုတ်ဘူးလို့ မင်းထင်နေတာလား။ ဒါနဲ့ မင်းနာမည်ကို မပြောပြချင်ဘူးလား”

စကားပြောနေစဉ်တွင် ဖန်ဝမိ သည် သူ့လက်ထဲတွင်ရှိသော လက်ဆွဲအိတ်ကို စတင်ရှာဖွေတော့ငည်ယာ

ငွေရောင်မျက်မှန်တပ်ထားတဲ့ဆရာဝန်က “ငါ့နာမည် လီယန်ဟိုင်ပါ..”

ထို့နောက် ဖန်ဝမိ သည် “အိုးဒါဆိုမင်းနာမည်လီယန်ဟိုင်ပေါ့၊ မင်းဘယ်အတ်းကတက်ခဲ့တာလဲ၊မင်းဆရာက ဘယ်သူလဲ။”

လီယန်ဟိုင်က “ကျွန်တော်က အတနဆယ့်တစ်ကဖြစ်ပြီးဆရာကကျောက်ရှောင်ဟိုင် ပါ။”

“ရှောင်ဟိုင် ရဲ့ ကျောင်းသားလား?” ဖန်ဝမ် က ခေါင်းညိတ်ပြပြီး ဖုန်းခေါ်ရန် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ နှံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

“မင်္ဂလာပါ ဥက္ကဌ ဖန်မင်းဘာကိစ္စရှိလို့လဲ” ဖုန်းထဲကနေ အသံထွက်လာလေသည်။

သူ့ဘေးတွင်လီယန်ဟိုင်သည် လေးနက်သောပုံစံရှိသည်။ဘာလို့ဆိုဤအသံသည် သူ၏ဆရာကျောက်ရှောဟိုင် ဖြစ်လို့ပင်ဖြစ်သည်။

ဖန်ဝမ်က “ရှောင်ဟိုင် မင်းကို တစ်ခုလောက်မေးပါရစေ... မင်းရဲ့၁၁ အတန်းထဲမှာလီယန်ဟိုင်ဆိုတဲ့ ကျောင်းသားတစ်ယောက်ရှိလား”

“လီယန်ဟိုင်လား၊ ဒီလိုကျောင်းသားတစ်ယောက်ရှိတယ်။” ကျောက်ရှောင်ဟိုင်က အတွေးတစ်ချို့နဲ့ ပြောလိုက်သည်။

“သူအရင်က ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ဖူးလား။” ဖန်ဝမ်က ပြောသည်။

“မဖြစ်ဖူးပါဘူး!” ကျောက်ရှောင်ဟိုင် က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။

“သူ့ကိုမှတ်မိသေးလား” ဖန်ဝမ်က ပြောသည်။

ကျောက်ရှောင်ဟိုင်က “မင်း ဒီနာမည်ကို ပြောတုန်းက ငါမမှတ်မိဘူး၊နောက်မှမှတ်မိလိုက်တယ်.”

“သူက အတန်းထဲမှာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် ဖြစ်ခဲ့ဖူးတာကို သတိရမိတယ်။ ရလဒ်ကတော့ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်ပြီး အပြစ်ပေးခံရဖူးတယ်။’’

“ပြစ်ဒဏ်ချကျောင်းသားကကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာနိုင်ပါ့မလား”

ဖန်ဝမ်က ရှင်းလင်းပြတ်သားစွာပြောလိုက်သည်။”ဒီလိုဖြစ်သွားတာပေါ့၊ဒီလိုပြောပေးတဲ့အတွက်ကျေးဇူးတင်ပါရှောင်ဟိုင်”

ကျောက်ရှောင်ဟိုင်က “ဒါက ကိစ္စသေးသေးလေးပဲ၊ ဒုကျောင်းအုပ်ဖန်မင်း ယဉ်ကျေးလွန်းနေပါပြီ”

ဖုန်းချလိုက်ပြီးနောက်၊ ဖန်ဝမ်သည် လီယန်ဟိုင်ကို အလွန်ဂရုမစိုက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

လီယန်ဟိုင်သည် တစ်ချိန်လုံး ကြွားလုံးထုတ်နေတာတောင်သူဂရုမစိုက်ပေ။

ယခုမူ လီယန်ဟိုင် သည် လင်းဖန်ကို စော်ကားလိုက်သည်။

ဒါကသည်းမခံနိုင်စရာပင်ဖြစ်သည်။

...

ပထမဦးစွာ၊ ကျန်ပေ့တက္ကသိုလ်၏ ဒုတိယဥက္ကဌနှင့်တ်သက်၍ လိမ်ညာစွာပြောပြီးနောက်ဖန်ဝမ်နဲ့ဆုံခဲ့သည်။

ထို့နောက်တွင်ဖန်ဝမ်သည်သူ့ဆရာအားလူသိရှင်ကြားခေါ်ကာ သူ၏ကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌမဟုတ်ဘူးဆိုတာကိုဖော်ထုတ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတိုင်းရှေ့မှာ သူကဟာသတစ်ခုလိုဖြစ်သွားလေသည်။

ဒါကိုတွေးရင်းလီယန်ဟို၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီးတွင်းတစ်တွင်းတူးပြီးဝင်ပုန်းချင်လိုက်သည်။

အရပ်ရှည်ရှည်သူနာပြုဆရာမ၊ မျက်နှာဝိုင်းဆရာဝန်နှင့် ကျေညက်မင် တို့သည် ဖန်ဝမ်၏အသွင်အပြင်ကိုကြည့်ပြီး ရယ်ချင်လာကြသည်။

ထိုအချိန်တွင် အရောင်တောက်တောက် ဟင်းလျာများ တစ်မျိုးပြီး တစ်မျိုး ပေါ်လာလေသည်။

ပါဝင်ပစ္စည်းတွေက သာမန်ဆိုပေမယ့် အရသာတော့ မဆိုးပေ။

လင်းဖန်၊ချမ်ရှောင်၊အရပ်ရှည်သူနာပြုဆရာမ၊မျက်နှညဝိုင်းဆရာဝန်တို့သည် အလွန်ပျော်ရွှင်စွာ စားသောက်ကြသည်။

လီယန်ဟိုင်တစ်ယောက်သာလျှင်မပေိာ်ရွှင်တာဖြစ်သည်။

ထမင်းစားရင်း၂ နာရီကြာ စကားစမြည်ပြောပြီးတဲ့ နောက်မှာတော့ ဒီထမင်းစပွဲက ပြီးသွားလေသည်။

လီယန်ဟိုင်သည် အိမ်မှာလုပ်စရာရှိလို့ဆိုပြီး စားသောက်ဆိုင်မှ အမြန်ထွက်သွားလေသည်။

မကြာမီတွင်၊ ချမ်ရှောင်နှင့်လင်းဖန်တို့သည် BMW MINI(ကား)တွင် ထိုင်ကာတစ်ဦးကိုတစ်ဦးကြည့်နေလိုက်သည်။

ဒီလိုကြည့်နေသောကြောင့်နှစ်ယောက်စလုံး အနည်းငယ် ရှက်သလိုခံစညးလိုက်ရသည်။

ခဏအကြာတွင် ချမ်ရှောင်က “မင်းဒီလောက်သီချင်းဆိုကောင်းတာကိုဘာလို့ငါ့ကိုမပြောတာလဲ၊ဘယ်အခီန်ကနင်သီချင်းစဆိုတာလဲ”

လင်းဖန်က “ဖြစ်နိုင်တာကမနှစ်ကထင်တယ်..”

လင်းဖန်က ဒီအကြောင်းကို လိမ်ပြီးပြောခဲ့တညမဟုတ်ပေ။

ယမန်နှစ်က စနစ်ရခဲ့ပြီး သဘာဝအသံကို ရရှိသောကြောင့် သီချင်းကောင်းများကို သီဆိုနိုင်ခဲ့သည်။

“မနှစ်တုန်းက သင်တန်းတစ်ခုခုတက်ဖို့ စာရင်းသွင်းခဲ့တာလား။” ချမ်ရှောင်က မေးသည်။

“အဲဒါတော့ မဟုတ်ဘူး၊သူဘာသာသဆိုတတ်တာ’’လင်းဖန်က ပြောသည်။

စနစ်အကြောင်းကိုပြောရင်တောင် ဘယ်သုမှယုံမှာမဟုတ်ပေ။

ချမ်ရှေညင်သည် ကားမောင်းရင်း စကားစမြည်ပြောကာ ရံဖန်ရံခါ ရယ်သည်။

အကြောင်းတစ်စုံတစ်ရာကြောင့် ယနေ့တွင် သူမသည် လင်းဖန်နှင့်ပတ်သက်သည့်အရာအားလုံးကို စိတ်ဝင်စားမှုအပြည့်ရှိလာခဲ့သည်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်သည်အကွေ့အကောက်လမ်းတစ်ခုဆီကို ရောက်လာခဲ့သည်။ထို့ကြောင့်ကပေါ်ကတင်းကာလမ်းလျှေက်လိုက်ကြသည်။

ဒီလမ်းက မနေ့က အတူတူလျှောက်ခဲ့တဲ့လမ်းဖြစ်သည်။

မနေ့က သူတို့နှစ်ယောက် အတူတူ လမ်းလျှောက်လာရင်း နှစ်ပေါင်းများစွာ မတွေ့ရတဲ့ သူငယ်ချင်းတွေကြားက ပိုရင်းနှီးလာခဲ့သည်။

ယနေ့တွင် သူတို့သည် မတူညီသော ရင်းနှီးမှုမျိုးရှိလာခဲ့သည်။

နှစ်ယောက်သား ဖြည်းညှင်းစွာ ပုခုံးချင်းယှဥ်ပြီး လျှောက်လာကြသည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...

နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်သွားကာ သူတို့၏ အရိပ်များသည် ပို၍ နီးကပ်လာသည်။

ထိုအချိန်တွင်ချမ်ရှောင်သည်အကြောင်းတစ်ခုခုကြောင့်လင်းဖန်နှင့် အတူတူ ထမင်းစားတဲ့ဝိုင်း၊မနေ့က တွေ့ဆုံသည့် မြင်ကွင်း၊ ဟော့ပေါ့စားသည့် မြင်ကွင်းနှင့် ယနေ့ လင်းဖန်သီချင်းဆိုနေသည့် မြင်ကွင်းကို ရုတ်တရက် ပြန်သတိရမိသည် ။

ဤရုပ်ပုံများသည် ရုပ်ရှင်တစ်ကားကဲ့သို့ပင် ချမ်ရှောင်၏ စိတ်ထဲတွင် အဆက်မပြတ်ပြန်ပေါ်လာကာသူမ၏နှလုံးသည်တဒိန်းဒိန်းခုန်လာသည်။

နောက်အခိုက်အတန့်တွင် လင်းဖန်၏စိတ်ထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

[ဒင်! စွဲမက်ဖွယ် ရောင်ဝါ၊ မမေ့နိုင်သော အချစ်ကိုအစပျိုးခြင်း’’

လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

အခြေအနေက ဘယ်လိုလဲ။

လမ်းလျှောက်ရုံလေးပဲမဟုတ်လား?

ဒါက ဘယ်သူ အစပျိုးတာလဲ။

ချမ်ရှောင်လား ?

ဒါကိုတွေးရင်း လင်းဖန်က အမှန်တရားမျက်လုံးဖြင့်ချမ်ရှောင်ကိုကြည့်လိုက်လေသည်။

[မျက်နှာတန်ဖိုး- 96]

[အကြိုက်ဆုံးဘွဲ့- 95]

တကယ်သူမပဲ။

ထိုအချိန်တွင် ချမ်ရှောင်သည် ရုတ်တရက် ရပ်လိုက်ပြီး သူမသည် ခြေဖျားထောက်ကာ လင်းဖန်ကိုနမ်းလိုက်လေသည်။

All Chapters