← Chapters

အခန်း (၆၇၆)

Vol. 46 Ch. 676

အခန်း (၆၇၆)

Vol. 46 Ch. 676

'မြစ်ပေါင်းတစိထောင်နဲ့ တောင်တန်များ..' ပန်းချီကားက အတော်ကို ကြီးမားတာပါ..။တကယ်လို့..စိတ်ဝင်စားစရာ အကောင်း​ဆုံး ပန်းချီကားကို ပြပါဆိုရင် ကျိန်းသေ ဒီပန်းချီကားပါပဲ..။

လှပတဲ့ ဆေးရောင်တွေ...ခမ်းနားမူ...ကြီးကျယ်မူ..

သို့ပေမယ့်..အံ့ဩဖို့ အကောင်းဆုံး ပန်းချီကားကို ပြပါဆိုရင်တော့ ဒါက ကျိန်းသေ..'ချင်မင်းပွဲတော်က မြစ်ရိုးတစ်လျောက်' ပန်းချီကားပါ..။တကယ်လို့ သူတို့သာ.အနုပညာ ပြပွဲခန်းမထဲဝင်သွားရင် ဘယ်နိုင်ငံကမှ နှိုင်ယှဥ္လို့ ရတော့မှာ မဟုတ်ပေ..။

ပြောစရာ မလိုအောင်ပဲ..သူက မာစတာလင်းပါ..။အခုချိန်မှာ အဖွဲ့အစည်းက ရှုံးချင်ပါတယ် ဆိုရင်တောင်..သူ့ရဲ့ ပန်းချီကားတွေိနဲ့ ဆိုရင် ရှုံးနိမ့်ဖို့က မဖြစ်နိုင်ပါဘူး..။လင်းဖန် ဆိုတဲ့ လူက..တစ်ခုခုကို လုပ်တော့မယ် ဆိုရင် အာရုံစိုက်မူ အပြည့်နဲ့..အကောင်းဆုံးလုပ်တတ်တဲ့ လူမျိုးပါ..။

"သူဌေး..ကျွန်တော်ကို..ပေါက်စီ ဆယ်ခြင်းလောက်ပေးပါလား..."

လင်းဖန် ဆိုင်တစ်ဆိုင်ကို ဝင်သွားပြီး မနက်စာစားဖို့ ပြင်ဆင်နေခဲ့တာပါ..။သူ့မှာ စွယ်စုံကျမ်းရဲ့ အားဖြည့်မူတွေ ရှိနေတယ်ဆိုပေမယ့်..အစာမစားပဲ နဲ့တော့ အသက်ရှက်နိင်မှာ မဟုတ်ပါဘူး..။ဒီပန်းချီကားတွေကို ဖန်တီးဖို့က..သူ ခွန်အားတွေ အများကြီး သုံးခဲ့ရတာပါ..။

မနက်စာစားနေကြတဲ့..လူတွေအကုန်လုံးဟာ..လင်းဖန် ပြောနေတဲ့ စကားတွေကို ကြားပြီး အံ့ဩသင့်စွာ လှည့်ကြည့်လိုက်ကြတယ်..။ဒါက နည်းနည်းများသွားပြီ မဟုတ်ဘူးလား..။ပေါက်စီ ဆယ်ခြင်းစားနိုင်ဖို့ ဆိုရင် အစားနတ်ဘုရား တစ်ပါး ပြန်မွေးဖွားလာမှပဲ..ရမှာပါ..။

သို့ပေမယ့် သူ မသိတာက..လင်းဖန် က ရက်အနည်းငယ်လောကိ မစားရသေးဘူး ဆိုတာပါပဲ..။ဒါက သူ့ရဲ့..ခွန်အားတွေကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းက လဲကျသွားခဲ့မှာပါ..။

"ဟီးဟီး..ဟိုလူတွေ ငါ့ရဲ့ ပန်းချီကားကို ကြည့်နေကြပြီလား မသိဘူး.."

လင်းဖန် ပျော်ရွှင်စွာ ရေရွတ်လိုက်ပြီး လက်ထဲက ကော်ဖီကို ..သောက်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ အဖွဲ့အစည်းမှာ..ဘာတွေဖြစ်နေမလဲ..သိချင်နေခဲ့တာပါ..။

အဖွဲ့အစည်းတွင်..။

အကြီးအကဲ ဝမ်ဟာ..ပန်းချီကားကို မြင်ပြီး..သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ..စိတ်လှုပ်ရှားနေခဲ့တယ်..။ရလာဒ်အနေနဲ့ သူ့ နှလုံးသားဟာ လျော့ဖြစ်သွားခဲ့ပါတယ်..။ကံကောင်းချင်တော့..လူနာတင်ယာဥ္က ..ဒီမှာ အဆင်သင့်ရှိနေတဲ့ အတွက်..ကယ်တင်နိုင်ခဲ့ပါတယ်..။

ဒေါက်တာဟာ ပြောလိုက်တယ်..။

"မစ္စတာ ကျွန်တော်တို့ ဆေးရုံကို သွားပြီး စစ်ဆေးကြည့်မှ ဖြစ်မယ်ထင်တယ်.."

အကြီးအကဲ ဝမ်က အသက် ၇၀ လောက်ရှိနေ ခဲ့ပါပြီ..။သူ ငယ်ရွယ်စဥ္ကတည်းက နှလုံးရောဂါ ရထားခဲ့တာပါ..။သို့ပေမယ့် သူ့ကိုယ်သူ ဂရုတစိုက် နေထိုင်ပြီးတဲ့ နောက်မှာ ဘာမှ ထပ်မဖြစ်ခဲ့ပါဘူး..။အရင်တုန်းကသာ ဆိုရင် သူ ဆရာဝန်စကားကို နားထောင်မှာ ဖြစ်ပေမယ့်..အခုချိန်မှတော့..နှစ်ခါတောငိ ပြန်မစဥ္းစားပဲ ငြင်းပယ်လိုက်ပါတယ်..။

"ငါသွားမှာ မဟုတ်ဘူး..။တကယ်ကို ငါ ဆေးရုံကို သွားလိုက်မယ် ဆိုရင် ဒီ ပန်းချီကားကို နောက်တစ်ခါ ကိုယ်တိုင် မတွေ့ရတော့မှာကို ကြောက်ရွံ့မိတယ်.."

အကြီးအကဲ ဝမ် လေးနက်စွာ ပြောလိုက်တာပါ..။

အစောက..သူ သတိမထားမိလို့..အနည်းငယ် စိတ်လှုပ်ရှားသွားတာ ဖြစ်ပြီး..အခုတော့..သူ..ပြန်တည်ငြိမ်သွားခဲ့ပါပြီ..။

အဖွဲ့အစည်းရဲ့ မာစတာ တွေဟာ ဝိုင်းပြီး ဖြောင်းဖျလိုက်ကြတယ်..။

"အကြီးအကဲ ဝမ်..ဒေါက်တာ ပြောတာ နားထောင်ပြီး ဆေးရုံသွားလိုက်ပါ..ခေါင်းမာ မနေပါနဲ့.."

"ဟုတ်တယ်..ဒါအတွက် နဲ့ ခင်ဗျား ခန္တာကိုယ်တစ်ခုခု ဖြစ်သွားရင်..ဒါက မထိုက်တန်ဘူးလေ.."

လူတိုင်းရဲ့ ဖြောင်းဖျ မူတွေကို ကြားပြီး အကြီးအကဲ..ဝမ် ချက်ချင်း ပြန်ပြော လိုက်ပါတယ်..။

"မင်းတို့ သွားချင်တယ် ဆိုရင် သွားကြ..။ငါကတော့ သေမယ် ဆိုရင်တောင် မသွားနိုင်ဘူး..။မင်းတို့က ငါ့ကို ..ဒီီလို ပန်းချီကားကို မြင်ရမယ့် အခွင့်အရေးကို လက်လွတ်သွားစေချင်တာလား.."

ဒေါက်တာတွေဟာ အကူညီမဲ့စွာ ပဲ ဘေးကနေ ရပ်ကြည့်နေဖို့သာ တတ်နိုင်ပါတော့တယ်.။တရုတ်အနုပညာ အဖွဲ့အစည်းမှာ လူအိုကြီးတွေ နဲ့ ပြည့်နှက် နေတယ် ဆိုတာကို သူတို့ သိပေမယ့် လည်း ပန်းချီကား ကြည့်ရင်း နဲ့တော့..ရှော့ရကြမယ်လို့ မထင်ထားခဲ့ပါဘူး..။

အဲ့အချိန်မှာတော့..နေရာတစ်ခုလုံးဟာ ဘာစကားမှ မပြောပဲ ငြိမ်သက်နေခဲ့ကြတယ်..။

လူတိုင်းရဲ့ မျက်လုံးတွေက ပန်းချီကားပေါ်မှာပဲ ရှိနေခဲ့ကြပါတယ်။

အကြီးအကဲ ကျန်းရဲ့ မျက်လုံးဟာ အံ့ဩမူတွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်ကိုကို မနည်း ပြန်ထိန်းကာ ပြောလိုက်တယ်..။

"ချင်မင်းပွဲတော်က မြစ်ရိုးတစ်လျောက် ပန်းချီကား.."

လင်းဖန် ပန်းချီကားရဲ့ ရှေ့မှာ..နာမည် ရေးထားပေးခဲ့ပါတယ်..။

သမိုင်းကြောင်းကို နားလည်တဲ့..မာစတာ တစ်ယောက်ဟာ သံသယ ဖြစ်နေတဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

"ဒီ ပန်းချီကားက..ဆောင်အင်ပါယာရဲ့..ဟီနန်မြို့တော်က သဘာဝ အလှတရား နဲ့ ရိုးရာဓလေ့ကို ဖော်ပြထားတာ မဟုတ်ဘူးလား..။ဟီနန်မြစ်ကိုလည်း ဒီမှာ တွေ့နေရတယ်..။ပြီးတော့ သူတို့ရဲ့ ကြွယ်ဝ ချမ်းသာမူကို ပြချင်တာ မဟုတ်ဘူးလား.."

"ဒါက ကျိန်းသေ ဆောင်အင်ပါယာ ပဲ..။အဆောက်အဦး ပုံစံတွေက မြောက်ဘက် ဆောင်အင်ပါယာ..ဘက်က ဒီဇိုင်းတွေ..။ဒါပေမဲ့ ခင်ဗျား ချမ်းသာ ကြွယ်ဝမူတွေကို..ဘယ်ကနေ မြင်လိုက်တာလဲ..။ကျုပ်တော့ မမြင်မိပါဘူး..။လူအုပ်တဲ့က လူတစ်ယောက်ရဲ့ အမူအရာကို ကြည့် ထိပ်လန့်နေတဲ့ ပုံပဲ..ပြီးတော့ သူ့ရှေ့မှာလည်း အစိုးရ အရာရှိတစ်ယောက် ရှိနေတယ်.."

တာအိုရှီဂန် မနေနိုင်တော့ပဲ..သူတို့ ကြားထဲကနေ ဝင်ပြောလိုက်တယ်..။

"အားလုံးပဲ..ကျုပ်တို့..ပန်းချီကား အကြောင်း ဆွေးနွေးနေကြတာလေ..။သမိုင်းကြောင်းကို ဆွေးနွေးစရာ အကြောင်း မရှိပါဘူး..။ ဒီပန်းချီကားကတော့ ကျုပ်....အာ..ယုံတောင် မယုံနိင်တော့ဘူး.."

"ဒီလူတွေကို ကြည့်လိုက်..။ဒီမှာ..လူတွေ အများကြီး ရှိနေပေမယ့်..သူတို့ လုပ်စရာ ရှိတဲ့ အလုပ်တွေ ရှိနေခဲ့ကြတယ်လေ..။ပြီးတော့ ပန်းချီကားကလည်း ကြီးလွန်းတယ်..။ကျုပ်တို့သာ ဆိုရင် ဒါမျိုးရဖို့ဆို တစ်နှစ်လောက် ဆွဲရမှာ..။မာစတာလင်းက..ဘယ်လိုများ အချိန်တို အတွင်းဆွဲသွားပါလိမ့်..။တကယ်ကို ကြောက်စရာပဲ.."

အမှန်တရားတွေက သူတို့ကို ရိုက်ခတ်စေခဲ့ပါတယ်..။အရင် ပန်းချီကားတွေကလည အံ့ဩဖို့ကောင်းတယ် ဆိုပေမယ့် သူတို့ ရိုးသွားခြင်းမရှိပါဘူး..။

ယွဲ့ချီဂျုရှီ ပန်းချီကားကို သေချာ လေ့လာနေခဲ့တယ်..။အချိန်အတော်ကြာပြီး ကာမှ..အကြီးအကဲ ကျန်းဘက်ကို လှည့်လိုက်ပြီး..

"အကြီးအကဲ ကျုပ်တို့ ဒီပန်းချီကားကို သေချာ ကာကွယ်ထားရမယ် ထင်တယ်..။ဒါက နောက်မျိုးဆက် နှစ်တစ်ရာ လောက်တိုင်အောင်..လက်ဆင့်ကမ်းလို့ ရတယ်လေ..။တကယ်လို့ အကြီးအကဲ လင်းက နာမည်မရေးထိုးချင်ဘူးဆိုရင်တော့..အမည်မသိ အဖြစ်နဲ့ ကျော်ကြားပြီး နိုင်ငံရဲ့ ရတနာ ဖြစ်နေဦးမှာပဲ..။ဒါက ထိပ်ဆုံး အဆင့် ပန်းချီကား လို့ သတ်မှတ်လို့ ရတယ်.."

အကြီးအကဲ ကျန်းလည်း ပုံမှန်အားဖြင့် ဒါကို နားလည်ထားပါတယ်..။သူ အသက်ကို ပြင်းပြင်းရူလိုက်ပြီး..ပန်းချီကားကနေ မျက်လုံးကို ခက်ခက်ခဲခဲ ဖယ်လိုက်ပြီး..

"အကြီးအကဲ ယွဲ့ ပြောတာ မှန်တယ်.."

ဒီ ပန်းချီကား အကြီးအကဲ ယွဲ့ပြောတဲ့ အတိုင်းပါပဲ.။အနုပညာ တန်ဖိုးက အင်အားကြီးမားပြီး အဆင့်အတန်းမြင့်မားလှပါတယ်..။

အရင်ခေတ်က ပန်းချီကားပဲဖြစ်ဖြစ် လက်ရှိပန်းချီကားပဲဖြစ်ဖြစ်..ဘယ်တစ်ခုကမှ လက်ရှိတစ်ခုကို ယှဥ္နို်င်မှာ မဟုတ်ပါဘူး..။အရင် ပန်းချီကား ကိူးခုတောင် မယှဥ္နိုင်လောက်ပေ..။

ဒါက အတော်ကြောက်ဖို့ ကောင်းပါတယ်..။

အတော်ကြာပြီးနောက်..။

ခန်းမထဲကနေ ဘယ်သူကမှ မထွက်ခွာ သွားကြသေးပေ..။သူတို့ထဲက တစ်ချို့ဆိုရင်..စားပွဲအနီးတောင် မကပ်ရဲကြပါဘူး..။သူတို့ကြောင့် ဒီလို အံ့ဩသင့်ဖွယ်ပန်းချီကား တစ်ချပ်ပျက်ဆီးသွားမှာကို ကြောက်ရွံ့နေကြတာပါ..။ဒီလိုသာ ဖြစ်လာရင် ဒီမှာ ရှိနေတဲ့လူတွေ အကုန်လုံးက သေရင်တောင် ခွင့်လွတ်ကြမှာ မဟုတ်ပါဘူး..။

"ခင်ဗျားတို့ ကြည့်လို့မပြီးသေးဘူးလား.."

အဲ့အချိန်မှာတော့..လင်းဖန်ဟာ..ပေါက်စီတစ်လုံးကို ကိုင်ပြီး တံခါးဝမှာ ရပ်နေခဲ့တာပါ..။သူ ပဟေဠိဖြစ်တဲ့ ပုံစံနဲ့ ပေါက်စီကို ကိုက်စားနေခဲ့တယ်..။

သူ ထွက်သွားတာ နာရီ အနည်းငယ်တောင် ကြာနေပြီဖြစ်ပေမယ့် ဒီလူအိုကြီးတွေကတော့ ရှိနေကြတုန်းပါပဲ..။ဒါက ပန်းချီကားကောင်း ဆိုရင်တောင် ဒီလောက်ထိ ကြည့်နေဖို့ မလိုအပ်ပေ..။

"အကြီးအကဲ လင်း ပြန်လာပြီလား.."

ကျန်းကျောင်ရှန်း ပြောလိုက်တာပါ..။သူ လင်းဖန်ကို မြင်လိုက်တာနဲ့ စိတ်လှုပ်ရှား စွာ ​ပြေးသွားလိုက်တယ်..။သူ့ ခံစားချက်တွေကို ဘယ်လို ..ဖော်ပြရမလဲ ဆိုတာတောင် မသိတော့ပါဘူး..။သူ့မှာ ရှိနေတာက တော့ စိတ်လှုပ်ရှားမူတွေပါပဲ..။

"ဒီပန်းချီကားက တကယ် အံ့ဩစရာပဲ.."

ကျန်းကျောင်ရှန်း ပြောလိုက်တာပါ..။

လင်းဖန်တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။

"ဒါက အဆင်ပြေယုံလောက်ပါပဲ.."

တစ်ခြားလူတွေဟာ..လင်းဖန် ရဲ့ ဒါက အဆင်ပြေယုံလောက်ပါပဲ ဆိုတဲ့ စကားကို ကြားတဲ့ အချိန်မှာ သွေးအန်မလို ဖြစ်သွားခဲ့ကြတယ်..။

ဒီလောက် အံ့ဩစရာ ကောင်းတဲ့ ပန်းချီကား ကို သူက ..အဆင်ပြေရုံလောက်ပဲ လို့ပြောနေခဲ့တာပါ..။ဒါက သူတို့ကို ထပ်ပြီးတော့..တောင် အသက်မရှင်ချင်တော့သလို ခံစားရပါတယ်..။သူတို့ရဲ့ ပန်းချီကားတွေက ဒါနဲ့ ယှဥ္ရင် ကလေးအဆင့် သာသာပါပဲ..။

အကြအကဲ လင်း လင်းဖန်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်..။

"ငါတို့နဲ့ နိုင်ငံခြားကို လိုက်ခဲ့..။အတော်ဆုံး ပန်းချီပညာရှင်တွေ အကုန် အဲ့ကို လာကြမှာ.."

လင်းဖန် နို်င်ငံက ထွက်သွားရမယ့် အကြောင်းကို ကြားပြီး လက်ဝေ့ယမ်းလိုက်တယ်..။

"နိုး.ကျေးဇူးတင်ပါတယ် အကြီးအကဲ ကျန်း..ကျွန်တော် မလိုက်တော့ပါဘူး..။ပြီးတော့ ဒီပြပွဲကိုလည်း စိတ်မဝင်စားဘူး..။ခင်ဗျားတို့ အတွက် ဒီပန်းချီကားတွေက အဆင်ပြေရဲ့လား..။လိုအပ်တဲ့ အရည်အသွေးကိုရော အဆင့်မှီရဲ့လား.."

အကြီးအကဲ ကျန်း ဒါကိုကြားတဲ့ အချိန်မှာ သဘောကျစွာ ရယ်မောလိုက်တယ်..။

"အကြီးအကဲ လင်း ဒီပန်းချီကားတွေကလိုအပ်တာ ထက်တောင် အများကြီး ပိုနေပြီလေ..။ဒီ နိုင်ငံခြားသား ပညာရှငိရဲ့ မျက်နှာတွေ ပန်းချီကားကို မြင်ရင် ဘယ်လို တွေ နေကြမလဲ မသိသေးဘူး..။ငါ တကယ်ကို သိချင်နေပြီ..."

လင်းဖန် ပြုံးလိုက်ပြီး..

"ခင်ဗျားတု့ိ အဆင်ပြေတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ.."

လင်းဖန်ကတော့ အရမ်းကြီး စိတ်မဝင်စားပါဘူး..။ကျန်းကျောင်ရှန်း ဘာလို့ ဒီလောက်အထိ အားကြိုးမာန်တက် ဖြစ်နေတာလဲ ဆိုတာတော့ သူမသိပေ..။သို့ပေမယ့် ခနလောက်စဥ္းစားလိုက်တဲ့ အချိန်မှာ သူနားလည်သွားခဲ့ပါတယ်..။သူတို့တွေ ဒီလို ပြိုင်ပွဲတွေမှ ရလာဒ်ကောင်းမှ လူငယ်တွေကတရုတ်အနုပညာ တွေကို လေ့လာဖို့ စိတ်ဝင်စားလာကြမှာပါ..။နောက်ဆုံးတော့..လင်းဖန် အခြေအနေတွေကို အကြီးအကဲ ကျန်းနဲ့ ကျန်တဲ့လူတွေနံ့သာ လွတ်ပေးထားဖို့ ဆုံးဖြတ်လိုက်တော့တယ်..။

သူတို့နဲ့ ဆက်ဆံ တဲ့ အချိန်မှာ လင်းဖန် စိတ်ထဲမှာ ခံယူချက်တစ်ခုပဲ ရှိပါတယ်..။

သူတို့ ပျော်ရွှင်နေသ၍..

ဒီ ဘေဂျင်း ခရီးစဥ္မှာ ပန်းချီဆွဲဖို့က သူ့ရဲ့ ဒုတိယ ရည်ရွယ်ချက်သာ ဖြစ်ပြီး အဓိက ပန်းတိုင်က..၁၅ ခုမြောက် အသိပညာအခန်းကို ပြီးမြောက်ဖို့ပါ..။

ဘယ်လိုပဲ ဖြစ်ဖြစ် သူ ပြီး​ေမြာက်အောင် လုပ်ရပါမယ်..။တကယ်လို့ သူ ဒီအခွင့်အရေးကို လွဲသွားရင် နောက်တစ်ခါ ပြန်ကြုံရဖို့က ဘယ်လောက် စောင့်ရဦးမလဲ မသိပါဘူး..။

All Chapters