← Chapters

မင်းချစ်တဲ့လူကို ဂရုစိုက်..

Vol. 46 Ch. 677

မင်းချစ်တဲ့လူကို ဂရုစိုက်..

Vol. 46 Ch. 677

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ထွက်မသွားခင် တရုတ်အနုပညာ အဖွံ့အစည်းမှာ အကြာကြီး မနေခဲ့ပေ..။သူ ဒီအဖိုးကြီး တစ်သိုက်နဲ့..အနုပညာ အကြောင်း ဆွေးနွေးလို့လည်း ဘာမှ မထူးပါဘူး..။ပြီးတော့ သိသာစွာပဲ..ဒီလူတွေက..ဆွေးနွေးဖို့ အစီစဥ္ မရှိပဲ..ဒီတိုင်း ပန်းချီကားကိုသာ ရပ်ကြည့်ချင်နေကြတာပါ..။

သူတို့ ပန်းချီကားကို ကြည့်လိုက်တဲ့ အချိန်တိုင်းမှာ..အံ့ဩနေရပြီး..သင်ယူစရာလည်း များပြားနေခဲ့ပါတယ်..။

သူတို့ ပန်းချီကားကို ကြည့်နေတာ ကြာပြီ ဖြစ်တာတောင် အခုထိ မတည်ငြိမ်နိုင်ကြသေးပေ..။

ကလင် ကလင်..

မမျှော်လင့် ထားစွာပဲ..ဒါက ဝူယန်ဂန် ဆီက ဖုန်းကောပါ..။သူ ဖုန်းကို ဖြေလိုက်တဲ့ အချိန်မှာပဲ..ဝူယန်ဂန် ရဲ့ ရယ်မောသံကို ကြားလိုက်ရပါတယ်..။

"မာစတာလင်း..ဘေဂျင်းကို ရောက်နေတာ ကျွန်တော့်ကိုတောင် မပြောဘူး..။ကျုပ်သာ..ဝမ်မင်ယန် နဲ့ ဖုန်းမပြောဖြစ်ရင် မာစတာ လင်း..ဒီရောက်နေတာကို သိမှာတောင် မဟုတ်ဘူး..."

"အကြီးအကဲ ဝူက..အလုပ်များနေတဲ့ လူတစ်ယောက်လေ..။ကျွန်တော်က ဒီတိုင်း ဘေဂျင်းကို အလည်အပတ်ရောက် လာတာဆိုတော့ မနှောက်ယှက်တော့တာပါ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

"အာ...မာစတာလင်းက ကျွန်တော်ကို အထင်သေးနေတာလား..။တကယ်လို့ မာစတာလင်း ဘေဂျင်းရောက်နေတာကို ကျွန်တော်က ..ဧည့်ဝတ်မကျေရင် ဝမ်မင်ယန် ရဲ့ ပြောဆိုမူကို တစ်သက်လုံး ခံရတော့မှာ..။အခုဘယ်မှာလဲ..ကျွန်တော် လာကြိုလိုက်မယ်လေ.."

ဝူယန်ဂန် ပြောလိုက်တာပါ..။

လင်းဖန် ခနလောက် တွေဝေသွားပြီး ပြောလိုက်တယ်..။

"အဲလို လုပ်ဖို့ အထိ မလိုပါဘူး..။ကျွန်တော် အဲကို လာခဲ့ပါ့မယ်..။ကျုပ်လည်း ခင်ဗျားရဲ့ ရုံးခန်းကို မြင်ဖူးသွားတာပေါ့.."

ဝူယန်ဂန် ဒါကိုကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားကာ ပြောလိုက်တယ်..။

"အို​ကေ အို​ကေ..ကျွန်တော် လိပ်ပို့လိုက်မယ်..။ဒီကပဲ စောင့်နေမယ်နော်..."

ယင်းနောက် သူတို့ ဖုန်းချလိုက်ပါတယ်..။

လင်းဖန်လည်း သူ ဘာမှ လုပ်စရာ မရှိတာကြောင့် သွားကြည့်ဖို့ လုပ်လိုက်တယ်..။

ဘေဂျင်းမှာ ဝူယန်ဂန် ရဲ့ ဂုဏ်သတင်းက အဲလောက်တော့ မကြီးကျယ်ပါဘူး..။သို့ပေမယ့် သိပ်မဆိုးတာက သူ့ကို..ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လို့တော့ ပြောနိုင်ပါသေးတယ်..။

ဝူယန်ဂန်ဟာ လင်းဖန် နဲ့ ဖုန်းပြောပြီး တဲ့ နောက်မှာ ပထမ ထပ်ကို ဆင်းလာပြီး စောင့်နေခဲ့တယ်..။ဝန်ထမ်း တွေဟာ..သူတို့ရဲ့..သူဌေး သူတို့နားကို ရောက်နေတာ မြင်တဲ့ အချိန်မှာ..ဖုန်းတွေနဲ့ မကစားရဲတော့ပဲ..ချက်ချင်း အလုပ်တွေ ကြိူးစားပြကြပါတော့တယ်..။

သို့ပေမယ့် သူတို့ သိချင်စိတ်လည်း ဖြစ်မိပါသေးတယ်..။သူဌေးက အောက်ကို ဆင်းလာပြီး တံခါးဝမှာ..စောင့်နေတာဆိုတော့..သူ တစ်ယောက်ယောက်ကို စောင့်နေတာ များလား..။

ဘာပဲဖြစ်ဖြစ် သူတို့ အကောင်းဆုံး ကြိုးစားပြဖို့သာ တတိနိုင်ပါတော့တယ်..။တကယ်လို့ သူဌေးသာ သူတို့ရဲ့..အပျင်းခိုမူတွေကို မြင်သွားရင် ကပ်ဆိုးတစ်ခု ဖြစ်သွားမှာပါ..။

အဲ့အချိန်မှာတော့ ဝူယန်ဂန်ဟာ ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်နေခဲ့တယ်..။ယင်းနောက် သူ့ရဲ့ မျက်လုံးဟာ ကျဥ္းမြောင်းပြ အပြုံးတစ်ခု ပေါ်လာကာ...လှမ်းခေါ်လိုက်တယ်..။

"မာစတာလင်း..."

လင်းဖန် အငှားကားထဲက ထွက်လာတဲ့ အချိန်မှာပဲ..ဝူယန်ဂန်ကို တန်းတွေ့လိုက်ရပါတယ်..။ယင်းနောကိ သူ ပြုံးလိုက်ပြီး..

"အကြီးအကဲ ဝူက..ကျုပ်ကို ကိုယ်တိုင်တောင်လာစောင့်ပေးနေတာပဲ..တကယ်ကျေးဇူးတင်ပါတယ်.."

"မလိုပါဘူး မလိုပါဘူး..မာစတာလင်း ကျုပ်ကုမ္ပဏီကို လာတာနဲ့တင် ဂုဏ်ယူမိနေပါပြီ..။လာ..အပေါ်တက်ပြီး စကားပြောကြရအောင်..။လတ်တလော..ကျွန်တော်လည်း အလုပ်များနေတာ ဆိုတော့ ရှန်ဟိုင်းကို မလာဖြစ်ဘူ.."

ဝူယန်ဂန် အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။

အရင်တခေါက် မတော်တဆမူ ပြီးကတည်းက..သူနဲ့ ဝမ်မင်ယန် ရဲ့ ပရောဂျက်က..ချောချောမွေ့မွေ့ သွားလာနေပြီး..ဘာ အနောက်အယှက်မှ မရှိတော့ပါဘူး..။

မာစတာလင်း..ဘာမှ မပြောပေမဲ့လည်း..မာစတာလငိး တစ်ခုခု လုပ်လိုက်လို့..ဒီလူတွေ မနှောက်ယှက်ရဲတာ ဆိုတာကို သူသိထားပါတယ်..။

ဧည့်ကြိုကောင်တာမှာ ရပ်နေတဲ့ ဝန်ထမ်းမလေးဟာ..သူတို့ရဲ့ သူဌေး လူငယ်လေးတစ်ယောက်နဲ့ ရယ်ရယ်မောမော ပြောနေတာကို..မြင်နေရတယ်..။သူမ အနည်းငယ် စိတ်ဝင်စားသွားပြီး ဒီလူငယ်လေးက ဘယ်သူလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

ရုံးခန်းထဲတွင်..။

ဝူယန်ဂန် သူ့ရဲ့ အတွင်းရေးမှူးကို လဖက်ရည်ပြင်ခိုင်းပြီး ပြောလိုက်တယ်..။

"မာစတာ လင်း ဒီနေရာကို ဘယ်လိုထင်လဲ.."

လင်းဖန် နေရာ တစ်ခုလုံးကို ခြုံကြည့်လိုက်တယ်..။သူ ဝူယန်ဂန် ရဲ့ မျက်နှာကို ကြည့်မိတဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။သို့ပေမယ့် သူ တည်ငြိ်မ်စွာပဲ ပြောလိုက်တယ်..။

"မဆိုးပါဘူး..တကယ်မဆိုးဘူး..။ပြီးတော့ ခင်ဗျားရဲ့..အပြင်အဆင်တွေက တကယ်လှပတယ်..။ချမ်းသာ ကြွယ်ဝမူနဲ့ ကံကောင်းမူမှာလည်း ထိပ်ဆုံးမှာ ရှိနေသေးတယ်လေ..။ကြည့်ရတာ..ခင်ဗျား နောက်ထပ် စီးပွားရေး ကိစ္စကြီးတစ်ခုကို ညှိနှိုင်းနေတဲ့ ပုံပဲ.."

ဝူယန်ဂန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် စတင် ရယ်မောလိုက်ပြီး..

"မာစတာ လင်းကတော့ တကယ်ကို မာစတာလင်းပဲ..။အရာရာတိုင်းကို သိမြင်နိုင်တယ်..။ဒါပေမဲ့ ဒီကိစ္စက ညှိနှိုင်းလို့ မပြီးသေးပါဘူး.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဒါက မကြာခင်ပြီးသွားလိမ့်မယ်..."

တစ်ကယ်လို့ ဒီစကားကိုသာ တစ်ခြားတစ်ယောက်ယောက်က ပြောရင် ဝုယန်ဂန် ယဥ္ယဥ္ ကျေးကျေးပဲ ပြန်တုန့်ပြန်လိုက်မှာပါ..။သို့ပေမယ့် အခုဟာက မာစတာလင်း ပြောတာ ဖြစ်တဲ့ အတွပ်မတူတော့ပါဘူး..။

မာစတာလင်းက..ဘယ်သူလဲ..။တစ်ခြားလူတွေသာ မသိရင် နေမယ် သူတော့ ကောင်းကောင်းသိပါတယ်..။

ဒါက ရွှေပါးစပ်က ထွက်လာတဲ့ စကားလုံးတွေပါပဲ..။သူ့ရဲ့ စကားလုံးတွေက အရမ်းကို တိကျလှတာပါ..။သူက တကယ်ကို အံ့ဩစရာပါပဲ..။

လျင်မြန်စွာပဲ..အတွင်းရေးမှူးဟာ လဖက်ရည်ခွက်နဲ့ အတူ ပြန်လာခဲ့တယ်..။

လင်းဖန် သူမကို ကြည့်လိုက်တယ်..။သူမက အတော်လှပပြီး..ခန္တာကိုယ် အချိုးအစားကလည်း တကယ်ကောင်းမွန်ပါတယ်..။ကြည့်ရတာ ဒီလူက..အလှအပကို ဘယ်လိုခံစားရမလဲ ဆိုတာကို သိတဲ့ ပုံပါပဲ..။

ဝုယန်ဂန် မာစတာ လင်းရဲ့ အမူအရာကနေ တစ်ခုခု ခံစားမိလိုက်တယ်..။သူ သံသယ အဝင်ခံရမှာကို ကြောက်ပြီး ရှင်းပြလိုက်ပါတယ်..။

"မာစတာလင်း ဒါက ကျွန်တော်ရဲ့ တူမ ဝုယာတန် လေ..။ယာတန် အန်ကယ် လင်းကို နှုတ်ဆက်လိုက်ပါဦး.."

ဝုယာတန် ပြောလိုက်တယ်..။

"ဟဲလို အန်ကယ်လင်း.."

သူမ နှုတ်ဆက်တာက ပုံမှန်ဖြစ်ပေမယ့် လင်းဖန် သူမရဲ့ သံသယ စိတ်တွေကို မျက်လုံးထဲကနေ မြင်ရပါတယ်..။တစ်ချိန်တည်းမှာပဲ..သူမဟာ အနည်းငယ် ဆန်းကျယ်နေခဲ့တယ်..။သူမက ဘေးနားကနေ ဘာစကားမှ မပြောပဲ ရပ်နေခဲ့ပြီး..လင်းဖန်ကို သာ သိချင်စွာ ကြည့်နေခဲ့ပါတယ်..။

သူမ စိတ်ထဲမှာတော့ ဒီလူငယ်လေးက ဘယ်သူလဲ ဆိုတာကို စဥ္းစားနေခဲ့တာပါ..။ဘာလို့ သူမ အန်ကယ်နဲ့ ဒီလောက် တောင် ရင်းနှီးနေရတာလဲ..။ထပ်ပြောရရင် သူမ ထက်အသက်ကြီးတဲ့ ပုံလည်း မရှိပါဘူး..။ဒါကြောင့် သူမ အန်ကယ်လို့ ခေါ်ရတာက ထူးဆန်းနေခဲ့ပါတယ်..။

ဒါပေမဲ့ သူက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ..

အဲ့အချိန်မှာတော့..လင်းဖန် ဝုယန်ဂန် ရဲ့ တူမ စိတ်ထဲမှာ အတွေးတွေ များနေတာကို မသိပါဘူး..။

ဝုယန်ဂန်ဟာ မာစတာလင်း သူ့တူမကို စိုက်ကြည့်နေတာ မြင်ပြီး..အနည်းငယ်သံသယ ဖြစ်သွားခဲ့တယ်..။တကယ်လို့ တစ်ခြား တစ်ယောက်ယောက်ဆိုရင်..သူ့တူမ ကို စိတ်ဝင်စားနေတယ်လို့ တွေးမိမှာပါ..။သို့ပေမယ့် မာစတာလင်းဖြစ်နေတော့ သူ အဲလို မတွေးပါဘူး..။

"မာစတာလင်း ကျွန်တော့်တူမမှာ ပြသနာ တစ်ခုခု ရှိနေတာလား.."

ဝုယန်ဂန် တိတ်တဆိတ်မေးလိုက်တာပါ..။မာစတာလင်းက အကြောင်းပြချက် မရှိပဲ အခုလို မလုပ်ဘူးဆိုတာကို သူသိထားပါတယ်..။အကြောင်းအရင်း တစ်ခုခု ရှိမှာဖြစ်ပြီး အရမ်းမဆိုးရွားဖို့ပဲ သူ မျှော်လင့်ပါတယ်..။

လင်းဖန် အကြည့်ကို ဖယ်လိုက်ပြီး သိမ်မွေ့စွာ ရယ်မောလိုက်တယ်..။

"ဘာမှ မဟုတိပါဘူး..။ခင်ဗျား တူမက..သူငယ်ချင်းထားတဲ့ နေရာမှာ အဆင်မပြေမူလေးတွေ ရှိနေတာပါ..။သူမ ဘေးမှာ ရှိနေတဲ့ သူငယ်ချင်း တွေက သတိထားဖို့ လိုအပ်တယ်..။ဒါဆိုရင်တော့ အရမ်းကြီး စိုးရိမ်ဖို့ မလိုပါဘူး.."

"အိုး..."

ဝုယန်ဂန် စိတ်သက်သာရာ ရသွားခဲ့တယ်..။သူ့ တူမကို သူ တကယ်ချစ်ပြီး ဂရုစိုက်ပါတယ်..။သူ့ရဲ့ အစ်ကိုက လွန်ခဲ့တဲ့..၁၀ နှစ်က ကားမတော်တဆဖြစ်ပြီး ဆုံးသွားကာ သမီးလေးတစ်ယောက်ကျန်နေခဲ့ပါတယ်..။ဒါကြောင့် သူက ပျိုးထောင်ပေးပြီး သမီးလေး တစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာပါ..။

"ယာတန်..အန်ကယ်လင်း ပြောတာကြတယ်မလား..။အနားမှာ ရှိနေတဲ့ လူတွေကို သတိထားဦး..။တစ်ခြားလူတွေကို လွယ်လွယ်နဲ့ မယုံနဲ့.."

ဝုယန်ဂန် သူမကို သတိပေးလိုက်တာပါ..။

ဝုယာတန် ခေါင်းညိမ့်လိုက်ပြီး..

"သိပါပြီ အန်ကယ်.."

သူမ အန်ကယန်နဲ့ ယှဥ္လာရင်တော့ ဝုယာတန် ဘာမှ ပြန်မပြောရဲပါဘူး..။သို့ပေမယ့် လင်းဖန် ပြောတာကိုတော့ သူမ စိတ်ထဲက နေ မှတ်မထားခဲ့ပေ..။သူမ သူငယ်ချင်းတွေက သူမ အပေါ်မှာ အတော်ကောင်းကြပြီး ဘာမှ ဖြစ်လာစရာ အကြောင်း မရှိပါဘူး..။

တစ်ခြားလူတွေက လိမ်ညာချင်နေတဲ့ လူလိမ် တစ်ယောက်..။သူ့ အန်ကယ် ဒီလိူ လူမျိုးကို ဘယ်လို သိခဲ့တာလဲ သူမနားမလည်တော့ပါဘူး..။

ဝုယန်ဂန်ကတော့ ဒီပြသနာ မပေါ်မှာပဲ ဖက်တွယ်မနေပဲ..လင်းဖန် နဲ့ စကားဆက်ပြောနေခဲ့တယ်..။

"မာစတာလင်း..ဘေဂျင်းကို ဘယ်လိုဖြစ်ပြီး ျရာက်လာတာလဲ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး..။နိုင်ငံတကာ အနုပညာ ပြပွဲက မကြာခင် ကျင်းပတော့မှာလေ..။ကျုပ်က အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တယ် အနုပညာ အဖွဲ့အစည်းက လူတွေ နဲ့လည်း ရင်းနှီးတယ်လေ..။ဒါကြောင့်..ဒီရက်ပိုင်း ဒီကိုလာပြီး သူတို့ အတွက် ပန်းချီအနည်းငယ် ဆွဲပေးရင်း အလုပ်ရှုပ်နေတာ..။ပြီးရင်တော့ ရှန်ဟိုင်းကို ပြန်မှာပါ..."

ဝုယန်ဂန် ..ပြောလိုက်တယ်..။

"မာစတာလင်းက တကယ်ပဲ အကုန်လံူးကို ကျွမ်းကျင်နေတာပဲ..။အရင်က ဒီလောက် အံ့ဩဖို့ကောင်းမှန်း မသိခဲ့ဘူး..။တကယ်လို့ အခွင့်အရေး ရှိမယ် ဆိုရင် အရှက်မရှိ မာစတာလင်း ဆီက ပန်းချီကား လက်ဆောင် တောင်းရဦးမှာပဲ.."

လင်းဖန် ရယ်မောလိုက်တယ်..။တစ်ခြား မာစတာတွေက သူတို့ရဲ့ လက်ရာတွေကို ..အရမ်းတန်ဖို့ ထားပြီး လွယ်လွယ်မထုတ်ပေး တတ်ကြ​ေ့ပ..။သို့ပေမယ့် လင်းဖန်ကတော့ မတူပါဘူး..။

"ကောင်းပြီလေ..ခင်ဗျား အသက် ၅၀ ပြည့်ရင် ကျုပ် ပန်းချီကား တစ်ချပ် ဆွဲပေးမယ်.."

ဝုယန်ဂန် ရယ်မောလိုက်ပြီး..

"ကျေးဇူး အများကြီးတင်ပါတယ် မာစတာလင်း..။ကျွန်တော် စောင့်နေပါ့မယ်.."

သို့ပေမယ့် အဲ့အချိန်ရောက်ရင်တော့..ဝုယနန် အခုလို တည်ငြိမ်နိုင်တော့မှာ မဟုတ်တာ..အသေအချာပါပဲ..။

.။

All Chapters