← Chapters

အခန်း (၆၇၈)

Vol. 46 Ch. 678

အခန်း (၆၇၈)

Vol. 46 Ch. 678

#ဘာသာပြန် = စနိုးဝှိုက်

ရက်အနည်းငယ် ကြာပြီးနောက်..။

မနက်ဖြန် ဆိုရင် ၂၈ ရက်မြောက် ရှိပြီဖြစ်ပြီး..ချင်းထျန်ဘေ..ပြိုင်ပွဲကို ကျင်းပတော့မှာပါ..။သူ ပထမ နေရာကို ရတာနဲ့..သူ့ရဲ့ မစ်ရှင်ပြီးမြောက်ပြီး နောက်ထပ် အသိပညာ ခန်းတစ်ခုကို ဖွင့်ခွင့်ရတော့မှာပါ..။

တစ်ချိန်တည်းမှာပဲ..နောက်ထပ် အသိပညာ အခန်းက ဘယ်လိုဖြစ်လာမလဲ ဆိုတာကို သူသိချင်နေခဲ့တယ်..။တကယ်လို့ ဒါကသာ သဘာဝလွန် စွမ်းအားတစ်ခုခု ဆိုရင် အတော် ကောင်းမွန်မှာပါ..။

သိူ့ပေမယ့် ဒါက သူ့ရဲ့ အိပ်မက်တွေသာ ဖြစ်ပြီး သူ အဲ​ေ လာက် အထိ ကံမကောင်းနိုင်လောက်ပါဘူး..။

သူ ဝူရှ အသိပညာ အခနကို ရလိုက်တာတင်..ကံကောင်းတယ်လို့ ပြောလို့ရနေပါပြီ..။

ညဘက်အချိန်..။

အတော်လှပသည့် ဇိမ်ခံ ဗီလာကြီးတစ်ခုတွင်..။

ဝုယာတန်ဟာ သူမ ရဲ့အခန်းထဲမှာ အဝတ်အစား လဲနေခဲ့တယ်..။ဒီညက သူမ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ကြမှာဆိုတော့..သူမကို သူမ လှပအောင် ပြင်ဆင်တယ် ဆိုတာက ပုံမှန်ပါပဲ..။

အဲ့အချိန်မှာပဲ..သူမ ရဲ့ အခန်းတံခါးက ပွင့်သွားခဲ့တယ်..။မိန်းကလေး တစ်ယောက်ဟာ အခန်းထဲ ဝင်လာခဲ့ပြီး သူမ ဝုယာတန်ကို မြင်တဲ့ အချိန်မှာ မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။သို​ေ့ပမယ့် ဒီအပြုံးက ခနအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

"ချင်ချင်..တို့ ဒီနေ့ ဘယ်ကို သွားကြမှာလဲ.."

ဝုယာတန် အပြုံလေးနဲ့ မေးလိုက်တာပါ..။

သူမရှေ့မှာ ရှိနေတာကတော့ သူမရဲ့ မိန်းကလေး သူငယ်ချင်းပါ..။ပြီးတော့..အခုထိ အလုပ်မပြီးသေးတဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက် လည်း ရှိပါသေးတယ်..။သူတို့ သုံးယောက်က ဘယ်အချိန်မှာ ဆုံကြမလဲ ဆိုတာကို အစီစဥ္ရေးဆွဲပြီးသားပါ..။

ကျန်းချင်ချင် ​ပြုံးပြီး ပြောလိုက်တယ်..။

"ဘယ်သွားရမလဲ ဆိုတာကို ငါစဥ္းစားပြီးသွားပြီ..။ငါ့ ကောင်လေး ဖွင့်ထားတဲ့ နိုက်ကလပ်ကို သွားကြရင် ဘယ်လိုလဲ..။သူ ဖွင့်ပြီးကတည်းက..ငါတို့ တစ်ခေါက်လားပဲ ရောက်ကြသေးတယ်လေ.."

"အာ..."

ဝုယာတန် ကြောင်အသွားခဲ့တယ်..။

"ငါတို့က ဘာလို့ အဲကို သွားမှာလဲ..။အဲ့နေရာက အရမ်းဆူညံတယ်လို့ ငါခံစားရတယ်..။ခေါင်းတွေဆို ဆူလွန်းလို့ ပေါက်ကွဲထွက်တော့မယ့် အတိုင်းပဲ.."

"ဒါအဆင်ပြေပါတယ်..။ငါတို့သွားတာနဲ့ သီးသန့် အခန်းကို ယူလိုက်ရင် ဒါက အဆင်ပြေသွားမှာပါ..။ဒါဆို အဆင်ပြေတယ်မလား.."

နူးညံ့တဲ့ ချင်ချင်ရဲ့ မျက်နှာလေးကြောင့် ..ဝုယာတန် ဆွဲဆောင်ခံလိုက်ရတယ်..။သူမ ပြောလိုက်တယ်..။

"ကောင်းပြီလေ..ဒါပေမဲ့ ငါတို့ချည်းပဲ ကောင်းတယ်နော်..။နောက်ထပ်ဘယ်သူ့ကိုမှ ခေါ်လို့မရဘူး..."

သူမရဲ့ အန်ကယ်က..စည်းကမ်းတင်းကြပ်ပြီး အပြင်ကို တစ်ယောက်တည်း သွားလာမူကို တားမြစ်ထားပါတယ်..။ရလာဒ်အနေနဲ့ သူမ ဘယ်ကိုမှ တစ်ယောက် တည်း မသွားဖူးပါဘူ..။သို့ပေမယ့် ခနလောက် တွေ့ကြည့်လိုက်တဲ့ အချိန်မှာ ဒါက အဆင်ပြေပါတယ်..။ချင်ချင်က သူမရဲ့ သူငယ်ချင်း ဖြစ်ပြီး အခု သွားမယ့်နေရာက ချင်ချင် ရဲ့ ကောင်လေး ဖွင့်ထားတဲ့ နေရာပါ..။ဒါက ကျိန်းသေ လုံခြုံတဲ့ နေရာတစ်ခုပဲ ဖြစ်မှာပါ..။

သူမ အရင်က ချင်ချင်ရဲ့ ကောင်လေးကို မြင်ဖူးပါတယ်..။သူက အတော်ဝင်ငွေကောင်းတဲ့..လူတစ်ယောက်ဖြစ်ပြီး မကောင်းတဲ့ အချက်လည်း ဘာမှ မရှိပါဘူး..။

"ယာတန်..အရမ်းချစ်တယ်..။အိုး..ဟုတ်သားပဲ..နင်ဒီနေ့ ဒါလေး ဝတ်သင့်တယ်..။ငါ နင့်မွေးနေ့ တုန်းက လက်ဆောင်ပေးထားတာ အခုထိ မဝတ်ရသေးဘူး မလား..။ဒီနေ့ အဲတာ ဝတ်ရမယ်.."

ကျန်းချင်ချင်ဟာ..ဝုယာတန်..မွေးနေ့တုန်းက မ ပေးထားတဲ့ လက်ဆောင်ကို..မြင်ပြီး ပြောလိုက်တာပါ..။

ဝုယာတန် ဒါကို မြင်တဲ့ အချိန်မှာ မျက်နှာ နီရဲသွားခဲ့တယ်..။

"နင်ရူးနေလား..။ငါက ဒါကို ဘယ်လို ဝတ်ရမှာလဲ.."

"ဘာဖြစ်လို့လဲ..ဒါက မမိုက်ဘူးလား..။ဒီတိုင်း တစ်ကြိမ်လောက် ဝတ်လိုက်စမ်းပါ..။ငါ ပေးပြီးကတည်းက တစ်ကြိမ်တောင် မဝတ်ရသေးဘူးလေ..။ငါ စိတ်မကောင်း ဖြစ်ရတယ်.."

ကျန်းချင်ချင် သနားဖို့ကောင်စွာ ပြောလိုက်တာပါ..။

ဝုယာတန် သူမ မျက်နှာကို ဖုံးအုပ်လိုက်တယ်..။ဒီလို မိန်းကလေးမျိုးက ဘယ်လိုလုပ် သူမရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်လာတာလဲ မသိတော့ပါဘူး..။သို့ပေမယ့်..သူမက ဒီလောက်တောင် တောင်းဆိုနေတော့ သူမလိုက်လျော ဖို့သာ ဆုံးဖြတ်လိုက်တယ်..။

"ပြီးရော ပြီးရော..တစ်ခါပဲနော်..။နောက်ထပ် မဝတ်တော့ဘူး.."

မိန်းကလေးတွေ အတွက်တော့ ဒီလို အင်္ကျီမျိုးတွေကို ဝတ်ရင်လှပတယ် ဆိုပေမယ့် သူမ အနည်းငယ် ရှက်ရွံ့မိပါတယ်..။

အစက သူမ စကတ် ဝတ်ချင်ပေမယ့်..အခုတော့ ဝတ်လို့မရတော့ပါဘူး..။ဒါကြောင့် သူမ ဂျင်းဘောင်းဘီ သာ ပြောင်းဝတ်လိုက်ပါတယ်..။

သူမတို့ ထွက်ခွာခါနီးမှာတော့..ကျန်းချင်ချင်ဟာ ဝုယာတန် စကတ်ကနေ ဂျင်းဘောင်းဘီ ပြောင်းဝတ်လိုက်တာကို မြင်ပြီး အနည်းငယ် စိတ်ပျက်သွာခဲ့တယ်..။သို့ပေမယ့်..ဒါက ခနသာ ကြာပြီး သူမရဲ့ အပြုံးက ပြန်ပေါ်လာခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဂျင်းဘောင်းဘီက တင်းကြပ်နေတာဆိုတော့..သူမရဲ့ ကောက်ကြောင်းတွေကို ပေါ်ပြီး ပိုဆွဲဆောင်မူ ရှိစေပါတယ်...။

…

လမ်းတစ်ခုတွင်..။

လင်းဖန် တစ်ယောက်တည်း ထိုင်ပြီး..ထိုင်းမှိုင်းစွာ မေ့းစေ့ကို ပွတ်နေခဲ့တယ်..။ကံကောင်းချင်တော့ ဝုယန်ဂန် က ဒီနေ့ သူ့ကို ခေါ်လိုက်လို့ပါ..။မဟုတ်ရင် သူ အခွင့်အရေးကြီးနဲ့ လွဲတော့မလို့ပါပဲ..။ဒီကိစ္စက ဝုယန်ဂန် နဲ့တင်မကပဲ..ဝမ်မင်ယန် နဲ့ပါ ပတ်သက်နေပါတယ်..။

ဒါကြောင့် သူ အခြေအနေ တစ်ခုလုံးကို ချုပ်ကိုင်ပြီး ဝမ်မင်ယန် နဲ့ ဝုယန်ဂန်ကို မထိခိုက်အောင် ကိုင်တွယ်ပေးရမှာပါ..။

နောက်ဆုံးမှာ သူ ဖုန်းကို ထုတ်ပြီး ရင်းနှီးတဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်တယ်..။

အဲ့အချိန်မှာတော့ ချန်းဟိုင်ဂီဟာ အပျော်လေးတွေ ရှာနေခဲ့တာပါ..။ယင်းနောက် သူ ဖုန်းခေါ်တဲ့ လူကို မြင်တဲ့ အချိန်မှာ..ချက်ချင်း ငြိမ်သက်ခိုင်းလိုက်ပြီး ပြန်ဖြေလိုက်တယ်..။

"မာစတာလင်း..ကျွန်တော့်ကို ဖုန်းခေါ်တာလား..."

ချန်းဟိုင်ဂီ အတွက်ကတော့ မာစတာလင်းက နတ်ဘုရား ပါပဲ..။မာစတာလင်းက သူ အလေးစားရဆုံး လူတစ်ယောက်ပါ..။လင်းဖန် ဒီနေ့ သူ့ကို ခေါ်ပြီ ဆိုမှတော့ ပုံမှန်အားဖြင့် ဒါက သူ့ကို စိတ်လှုပ်ရှားစေပါတယ်..။

သူ ဖုန်းကို ပြန်ချလိုက်ပြီး စိတ်လှုပ်ရှား အပြည့်နဲ့ ပြောလိုက်တယ်..။

"ရှန်းမင် သွားကြမယ်.."

ချန်းဟိုင်ဂီ ရဲ့ မျက်နှာမှာတော့ အပြုံးကြီးတွေ ပြည့်နေခဲ့ပါတယ်..။သူ ဖုန်းကို လှုပ်ရမ်းလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်တယ်..။

"ငါ့ကို ဘယ်သူဖုန်းခေါ်တာလဲ သိလား..။မာစတာ လင်းပဲ..။သူ အခုဘေဂျင်းမှာ ရောက်နေတာ..ငါ့ကို လာရှာခိုင်းတယ်.."

"ဝိုး.."

ရှန်းမင် လည်း မာစတာလင်း ဆိုတဲ့ အသံကို ကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားသွားခဲ့တယ်..။

"အစ်ကို ချန်း..မာစတာလင်းက မင်းကို ဖုန်းခေါ်ခဲ့တာလား.."

သူ မာစတာလင်းကို အတော်ကျေးဇူးတင်မိပါတယ်..။ပြီးခဲ့တဲ့ အခေါက်က ဆိုရင် အစ်ကိုချန်းက မသန်စွမ်းဖြစ်တော့မလို့ပါပဲ..။သိူ့ပေမယ့် အဆုံးမှာတော့ မာစတာလင်းက သူ့ကို ကယ်ပေးခဲ့ပါတယ်..။ပြီးတော့ မာစတာလင်းက ဗေဒင်ဟောတဲ့ နေရာမှာလည်း ဆရာတစ်ဆူပါ..။အခု သူက အစ်ကိုချန်းကို ခေါ်တယ် ဆိုတော့ တစ်ခုခု ရှိနေတဲ့ ပုံပါပဲ..။

…

ညဘက် ၉ နာရီအချိန်..။

လင်းဖန် ချန်းဟိုင်ဂီ နဲ့ ရှန်းမင်တို့ဟာ ထိုင်နေခဲ့တယ်..။ဘေးနားက သီချင်းသံတွေက အတော်ကြမ်းတမ်းပြီး သူတို့နားတွေ ပေါက်ကွဲထွက်တော့မယ့် အတိုင်းပါပဲ..။

ချန်းဟိုင်ဂီ နဲ့ ရှန်မင် တို့က အမြဲတမ်း ဘေဂျင်းမှာ ရှိနေကြတဲ့ လူတွေပါ..။သို့ပေမယ့်..သူတို့ ဒီလို နေရာတွေကိုတော့ လာလေ့မရှိကြပါဘူး..။အဓိကက ဒီနေရာတွေက အရမ်းဆူညံတာကြောင့်ပါ..။ပြီးတော့ တစ်ချို့ လူတွေက စောက်ရူးတွေလိုပဲ တစိယောက် နဲ့ တစ်ယောက် တွန်းထိုးနေကြပါသေးတယ်..။ဒီလူတွေ ဘာလုပ်နေမှန်း သူတို့ နားမလည်တော့ပေ..။

"မာစတာလင်း..ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေတာလဲ.."

ချန်းဟိုင်ဂီ လင်းဖန် ရဲ့ နားနားကို ကပ်ပြီး အော်ပြောလိုက်တာပါ..။

သူသာ ကျယ်ကျယ် မပြောရင် လင်းဖန် ကြားရမှာတောင် မဟုတ်ပါဘူး..။

လင်းဖန် အချက်ပေးလိုက်တယ်..။

"ခနလေး.."

"အိုး.."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်ပါတယ်..။မာစတာလင်းက စောင့်ဆိုမှတော့.. သူတို့ စောင့်နေဖို့ပဲ တတ်နိုင်ပါတော့တယ်..။

သီးသန့်ခန်းထဲတွင်..။

ဝုယာတန် ..ကျန်းချင်ချင် နဲ့ ဆုဖန်း တို့ သုံးယောက်ဟာ အထဲမှာ ပျော်ပါးနေခဲ့ကြတယ်...။

"ယာတန်..လာ..နည်းနည်းလောက် သောက်လိုက်ပါဦး.."

ကျန်းချင်ချင် တစ်ခွက်လောင်းထည့်ပြီး ပြောလိုက်တာပါ..။

ဝုယာတန် ပြောလိုက်တယ်..။

"ချင်ချင်..ငါ..အရက်မသောက်ဘူးလေ..။ငါ သောက်ရင် မူးသွားလိမ့်မယ်..."

ကျန်းချင်ချင် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဒါ အဆင်ပြေတယ်..ငါက ဘယ်လောက် သောက်သောက် မူးတာ မဟုတ်ဘူး..။တကယ်လို့ နင်မူးသွားရင် ငါလိုက်ပို့ပေးလို့ ရတာပဲ..။ဒီနေ့ ငါတို့ထွက်လာပြီးဆို်မှတော့ ပျော်ရွှင်နေဖို့ လိုတယ်လေ.."

ဆုဖန်း ပြောလိုက်တယ်..။

"ချင်ချင် ငါတို့ ဒီကိုလာပြီး ပျော်ကြဖို့ သဘောတူထားပေမယ့် မူးတော့ မမူးသင့်ဘူးလေ..။ဒီနေရာက နည်းနည်း သမာသမတ်မကျတော့ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ.."

ကျန်းချင်ချင် ပြန် ပြောလိုက်တယ်..။

"ဒါက ငါ့ကောင်လေး ရဲ့ နယ်မြေလေ.. ။ဘယ်သူက ငါတို့ကို ထိရဲမှာလဲ..."

အဲ့အချိန်မှာပဲ လူလေးယောကိ ဝင်လာခဲ့တယ်..။

ကျနချင်ချင် သူတို့ထဲက တစ်ယောက်ကို မြင်ပြ..ချက်ချင်း မတ်တတ်ရပ်ကာ စိတ်လှုပ်ရှားသွားခဲ့တယ်..။

"အချစ်ကလေး.."

ဝမ်ဟောင် ကျန်းချင်ချင်ကို ဖက်လိုက်ပြီး ရယ်မောကာ ပြောလိုက်တယ်..။

"ယာတန် ဆုဖန်း ကြိုဆိုပါတယ်..။ဒီနေ့ ငါ့နေရာကို ရောက်လာကြတာ ဆိုတော့ ကြိုက်တာ မှာကြ..အားနာမနေကြနဲ့.."

ဝမ်ဟောင်က ကျန်းချင်ချင် ရဲ့ကောင်လေးပါ..။ဒါကြောင့် ဝုယာတန် နဲ့..ဆုဖန်းတို့ဟာ..ဘာသံသယမှ ဖြစ်မနေကြတော့ပဲ..ကျေးဇူးတင်စကား ပြန်ပြောလိုက်ကြတယ်..။

"မိတ်ဆက်ပေးပါရစေ..ဒါက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်းတွေလေ..ညီအစ်ကို တွေလို့လည်း ပြောလို့ရတယ်.."

"ဒါက ငါ့ကောင်မလေးရဲ့ သူငယ်ချင်းတွေ..။ဝုယာတန် နဲ့ ဆုဖန်း..။ဒီနှစ်ယောက်က တစ်ကိုယ်တည်းသမားတွေ ဒါကြောင့် မင်းတို့ အခွင့်အရေးကို လက်မလွတ်သင့်ဘူး.."

"မင်းတို့ ဒီမိန်းမလှ​လေးကို မှတ်မိလားတော့ မသိဘူး..ဒါပေမဲ့ သူမရဲ့ အန်ကယ်ကိုတော့ ကျိန္းသေ သိလောက်တယ်..။ဘေဂျင်းက ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် ဝုယန်ဂန် လေ.."

ဝမ်ဟောင် ပြုံးပြီး သူတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်..။ဒီမှာ ဘာပြသနာမှ မရှိပါဘူး..။

အဲ့အချိန်မှာပဲ..သူတို့ထဲက တစ်ယောက်ဟာ..ရှေ့ကို တက်လာခဲ့ပြီး ပြောလိုက်တယ်..။

"ကျွန်တော် ဝုယန်ဂန်ကို သိတယ်..။သူက ကျွန်တော်တို့ မိသားစုနဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့တာလေ..။ဒီလို လူမျိုးနဲ့ တွေ့ခွင့်ရတဲ့ အချိန်မှာ ကျိန်းသေ သောက်သင့်တယ်..။မိန်းမလှလေး ဝု တစ်ခွက်လောက် သောက်ဖို့တောင်းဆိုပါရစေ.."

ဝုယာတန် သူမ ခွက်ထဲ ထည့်ပြီး သောက်ဖို့ လုပ်လိုက်ပေမယ့်..ကျန်းချင်ချင်ဟာ သူမကိုင်ထားတဲ့ ခွက်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်တယ်..။

"ယာတန် နည်းနည်းသောက်လိုက်..။နည်းနည်းလောက် သောက်ရုံနဲ့တော့ မမူးပါဘူး..။ပြီးတော့ မူးရင်တောင် ငါ ဒီမှာ ရှိနေတော့ အဆင်ပြေပါတယ်.."

ဝမ်ဟောင် ရယ်မောပြီး ပြောလိုက်တယ်..။

"ယာတန် မင်း အစ်ကို လိန် နဲ့ တစ်ခွက်လောက် သောက်သင့်တယ်..။မင်း အန်ကယ်က အစ်ကိုလိန်တို့ မိသားစုနဲ့ အလုပ်တွေ အတူလုပ်ပြီး ဝင်ငွေကောင်းခဲ့တာလေ..။ဒီတော့ ကျိန်းသေ သောက်သင့်

တယ်..."

ဝုယာတန် ခနလောက် တွေးလိုက်တယ်..။သူမ အတွေးတွေက ..ရှုပ်ထွေးနေပေမယ့် ရွေးချယ်စရာတော့ မရှိပါဘူး..။သူမ အန်ကယ်ရဲ့ တာဝန်တွေက သူမနဲ့လည်း သက်ဆိုင်နေတော့ ရွေးချယ်းစရာ မရှိပဲ သောက်ရပါတော့မယ်..။

"အိုကေ.ဒါမှ.ငါတို့ရဲ့ သူရဲကောင်း မိန်းကလေး.."

ဝမ်ဟောငိ လက်ခုပ်တီးပြီး ​သူမကို နှစ်သိမ့်ဖို့ ပြောလိုက်တာပါ..။

ဒီ ယဥ္ကျေးတဲ့ စကားလုံးတွေက ပတ်ဝန်းကျင်ကို နေထိုင်ရခက်ခဲစေခဲ့တယ်..။

ဝမ်ဟောင် ပြောလိုက်တယ်..။

"ချင်ချင် မင်းတို့ ဒီမှာ နေနှင့်ဦး..။ကြည့်ရတာ ငါတို့ ဒီမှာ ရှိနေရင် မင်းတို့လည်း သက်သောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူး..။ပြီးတော့ တစ်ခုခု ဖြစ်ရင် ဖုန်းသာ လှမ်းဆက်လိုက်..."

ကျန်းချင်ချင် ခေါင်းညိမ့်လိုက်တယ်..။

"သိပါပြီ.."

ဒီလူ အနည်းငယ် ရှိနေရင် ဝုယာတန် နဲ့ ဆုဖန်းတို့က ဘာစကားမှ မပြောကြတာကြောင့်..နေရထိုင်ရတာ ခက်ခဲပြီး ရှက်ကိုးရှက်ကန်း ဖြစ်စေပါတယ်..။ရလာဒ်အနေနဲ့ သူတို့ ထွက်သွားလိုက်တာက အကောင်းဆုံးပါပဲ..။

All Chapters