အရမ်းမောက်မာနေတဲ့ ဘော်ဒါနှစ်ယောက်..
Vol. 46 Ch. 679
#ဘာသာပြန် = စနိုးဝှိုက်
တစ်ခြား တစ်ဖက် သီးသန့့်ခန်းထဲတွင်..။
ချင်ချင်ဟာ..ဝုယာတန် နဲ့ ဆုဖန်းးကို ထားခဲ့ပြီး သူ့ကောင်လေးရဲ့ သီးသန့့်ခန်းထဲကို ထွက်သွားခဲ့တယ်..။
"အစ်ကို လိန်.."
ကျန်းချင်ချင် လေးလေးစားစား နှုတ်ဆက်လိုက်တယ်..။ယင်းနောက် သူမ ဝမ်ဟောင် ဘေးနားကို သွားထိုင်လိုက်ပါတယ်..။အဲ့အချိန်မှာတော့ ဝမ်ဟောင်ဟာ ပူးပေါင်းကြံစည်သူ တစ်ယောက် အနေနဲ့ တည့့်တည့့်ပဲ ပြောလိုက်တယ်..။
"အစ်ကိုလိန် ..လုပ်ခိုင်ထားတဲ့ ကိစ္စ အခြေအနေဘယ်လို ရှိလဲ..."
ကျန်းချင်ချင်ရဲ့ မျက်နှာဟာ..နီရဲသွားပြီး ပြောလိုက်တယ်..။
"ဒီနေ့ ဖြစ်အောင် လုပ်ပေးမှာပါ..."
ဝမ်ဟောင် ရယ်မောပြီး ပြောလိုက်တယ်..။
"အစ်ကိုလိန် ..ချင်ချင်က အတော် စွမ်းဆောင်နိုင်တယ်နော်..။ချင်ချင်က..ဝုယာတန်ကို အစ်ကို ကြိုက်တဲ့ ပုံစံအတိုင်း ဝတ်လာအောင် တောင် ကြိုးစားပေးထားတယ်.."
"ဟင်..အဲလိုလား.."
အစ်ကိုလိန်ဟာ ဒါကိုကြားတဲ့ အချိန်မှာ..စိတ်လှုပ်ရှားသွားပြီး ကိုယ့်ကိုကို မထိန်းချုပ်နိုင် ဖြစ်သွားခဲ့တယ်..။
ကျန်းချင်ချင်ရဲ့ မျက်နှာကတော့ လုံးဝကို နီရဲနေပြီး ပြောလိုက်ပါတယ်..။
"အစ်ကိုလိန်..ညီမပြောရဦးမယ်...ဝုယာတန်က..အပျိုပဲ ရှိသေးတယ်နော်..."
"ဒါက အံ့ဩစရာပဲ.."
လိန်ဟောင်ထျန် ပိုပြီး ပျော်ရွှက်လာခဲ့တယ်..။သူ ဒီ ဝုယာတန်ကို ကျန်းချင်ချင် ဓာတ်ပုံထဲက တဆင့်ပြလို့ သာ မြင်ဖူးတာပါ..။သူက မိန်းမလှလေးတွေက လွဲလို့ တစ်ခြားဘာက်ိုမှ စိတ်မဝင်စားပါဘူး..။
တကယ်ကို တစ်ခြား မိန်းကလေးတွေ ဆိုရင် ဒီလောက်အထိ လုပ်ရကိုင်ရတာ ရှုပ်ထွေးမှာ မဟုတ်ပေ..။သို့ပေမယ့့် ဒီ ဝုယာတန် ရဲ့ အန်ကယ်က.. ဝုယန်ဂန် ပါ..။သူက ဘေဂျင်းမှာ..အင်အားကြီးတဲ့ လူတစ်ယောက်ပါပဲ..။တကယ်လို့ တစ်ခုခု မှားယွင်းသွားလို့.. အပြစ်တင်ခံရရင် သူတောင် ဖြေရှင်းရ ခက်ခဲသွားနိုင်ပါတယ်..။
အဲ့အချိန်မှာပဲ လိန်ဟောင်ထျန်ဟာ ခေါင်းကို လှည့်ပြီး ပြုံးကာ ပြောလိုက်တယ်..။
"ချင်ချင်..မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကို ဒီလို လုပ်ရတာ မပျော်မရွင်မဖြစ်ဘူးလား..."
ကျန်းချင်ချင် ဝမ်ဟောင်ရဲ့ လက်ထဲကနေ ထွက်လိုက်ပြီး ညှင်သာစွာ ပြောလိုက်တယ်..။
"ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ..။အရေးကြိီးတာက အစ်ကိုလိန် သဘောကျနေဖို့ပဲလေ..ဟုတ်တယ်မလား အချစ်..."
ဝမ်ဟောင် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဟုတ်တယ် ဟုတ်တယ် ..အစ်ကိုလိန် နဲ့ အတူအိပ်ခွင့်ရတာကိုက သူမရဲ့ ကံကောင်းမူကြီးပဲ..။အစ်ကို လိန် ရဲ့အဆင့့်အတန်းနဲ့ ဆိုရင် ဘယ်မိန်းကလေးမှ မရနိုင်စရာ အကြောင်းမရှိဘူး..."
"ဟားဟား..."
လိန်ဟောင်ထျန် ရယ်မောလိုက်ပြီး..ဘေးနားက နှစ်ယောက် ဟာလည်း ရယ်မောလိုက်ကြပါတယ်..။သူတို့က အစ်ကိုလိန် နဲ့ အမြဲတမ်း လျောက်သွားနေကြတဲ့ လူတွေ ဖြစ်တာကြောင့် ဒီလို ကိစ္စတွေ နဲ့က မစိမ်းတော့ပါဘူး..။တကယ်လို့ သူတို့ရဲ့ ကံဇာတာသာ တက်နေရင် နောက်ထပ် ပါလာတဲ့ ကောင်မလေးက သူတို့ အတွက်တောင် ဖြစ်နိုင်ပါတယ်..။
ကျန်းချင်ချင် ဝမ်ဟောင်ရဲ့ လက်ကို ပုတ်ပြီး ပြောလိုက်တယ်..။
"အိုကေ အချစ်..ငါပြန်သွားတော့မယ်..။နောက်မှ ပျော်စရာလေးတွေ တူတူဖန်းးတီးကြတာပေါ့.."
"ကောင်းပြီလေ ..လူပ်စရာ ရှိတာ သွားလုပ်လိုက်ဦး..."
သူမ လုပ်ဖို့ လိုတာဆိုလို့..ဝုယာတန်ကို အရက်မူးသွားအောင် လုပ်ဖို့ပါပဲ..။အစ်ကို လိန် သူမကို ဘာပဲလုပ်လုပ် နောက်တစ်ရက် ရောက်ရင် သူမ အရက်တွေ အများျားကြိီးသောက်ခဲ့မိတာကိုပဲ အပြစ်တင်နေမိတော့မှာပါ..။ပြီးသွားရင်တော့..သူမ ဘာပဲပြောပြော..ဘာပဲလုပ်လုပ် ကိစ္စမရှိတော့ပါဘူး..။
အောက်ဘက်တွင်..။
ချန်းဟိုင်ဂီ နဲ့ ရှန်းမင် တို့ဟာ အနည်းငယ် ရှုပ်ထွေးနေခဲ့ကြတယ်..။ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သူတို့ မသိတော့ပါဘူး..။မာစတာ လင်းက မှာထားတဲ့ အရက်ကိုတောင် မသောက်ပဲ အပေါ်ကိုပဲ ကြည့်နေခဲ့တာပါ..။အပေါ်မှာ တစ်ခုခု ရှိနေတာလား သူတို့တောင် သိချင်လာခဲ့ပါပြီ..။
သူတို့ မာစတာလင်း ကြည့်တဲ့ နေရာကို ဂရုတစိုက်လိုက်ကြည့် လိုက်ကြပေမယ့့်လည်း ဘာမှ ထူးဆန်းတာကို မတွေ့ကြပေ..။
ကျန်းချင်ချင် ပြန်လာခဲ့တယ်..။သူမ ဝုယာတန်ကို အရက်မူးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ တစ်ချိန်လုံးတွေးနေခဲ့တာပါ..။ဆုဖန်းးကတော့..အပို သက်သက်ပါ..။သို့ပေမယ့့် သူမလည်း လွတ်မြောက်မှာ မဟုတ်ပါဘူး..။
ကျန်းချင်ချင် လျို့ဝှက်စွာပဲ အရက်ထဲမှာ တစ်ခုခုကို ထည့့်လိုက်တယ်..။သိူ့ပေမယ့့် ပမာဏက အရမ်းကို နည်းပါးပါတယ်..။တကယ်လို့ တစ်ခုခု ဖြစ်ပြီး မနက်ဖြန် ဆေးသွားစစ်လို့ ပေါ်သွားရင် သူမအတွက် မကောင်းနိုင်ပါဘူး..။
ဝုယာတန် ရဲ့ မျက်နှာဟာ နီရဲနေပြီး..သူမရဲ့ အမူအရာဟာလည်း ရီဝေဝေ ဖြစ်နေခဲ့တယ်..။ကျန်းချင်ချင် ပါ သူမနဲ့လိုက်သောက် နေတာဆိုတော့ ..သူမ တောင့်ခံဖို့ ခက်ခဲလှပါတယ်..။
သူမ အစကတော့ မသောက်ချင်ပါဘူး...သို့ပေမယ့့် နည်းနည်းလောက် သောက်ပြီးတဲ့ အချိန်မှာတင် သူမ မူးနေခဲ့ပါပြီ..။
"ယာတန်..ဆုဖန်းး. ငါတို့ သူငယ်ချင်းတွေ..ချစ်ခင်ကြတဲ့ အနေနဲ့ နောက်တစ်ခွက်လောက် ထပ်သောက်လိုက်ရအောင်.."
ကျန်းချင်ချင် ရဲ့ အမူအရာဟာ အပြောင်းလဲးလဲပဲ..သူမပြောတဲ့ စကားလုံးတွေဟာ အတော်ဖော်ရွေနေခဲ့တယ်...။
ဝုယာတန် နဲ့ ဆုဖန်းးတို့ဟာ သူမတို့ရဲ့ သူငယ်ချင်းက အမှန်တကယ် ဘယ်လိုလူမျိုးလဲ ဆိုတာ မမြင်နိုင်ခဲ့ကြပါဘူး..။
ကျန်းချင်ချင် အတွက်ကတော့ ဆုဖန်းးက တကယ်ကို ပြသနာပါ..။သူမ အလုပ်စလုပ် ကတည်းက သောက်လာခဲ့တာဆိုတော့..သူမရဲ့ အရက်သောက်နိုင်တဲ့ နှုန်းက ဝုယာတန် ထက်အများကြီး ပိုပါတယ်..။
၁၁ နာရီ
ဝုယာတန်ကတော့ အရမ်းမူးနေပြီး ဆိုဖာပေါ်မှာ လှဲနေခဲ့ကာ..သူမပါးစပ်ကနေလည်း..မပီမသ စကားလုံးတွေ ထွက်နေခဲ့တယ်..။
သိူ့ပေမယ့့် ဆုဖန်းးကတော့..အနည်းငယ် မူးနေပေမယ့့် အသိစိတ်မပျောက်သေးပါဘူး..။
အဲ့အချိန်မှာပဲ တံခါးပွင့်သွားခဲ့တယ်..။
ဝမ်ဟောင်နဲ့ တစ်ခြားလူတွေ ဝင်လာခဲ့တာပါ..။
လိန်ဟောင်ထျန် ဝုယာာတန် အမူးလွန်နေတာကို မြင်တဲ့ အချိန်မှာ နဂိုက တည်ငြိမ်နေတဲ့ စိတ်တွေဟာ မုန်တိုင်းထန်လာခဲ့တယ်..။သူ ထပ်ပြီး မစောင့်နိုင်တော့ လောက်အောင်ပါပဲ..။
သို့ပေမယ့့် လိန်ဟောင်ထျန် နောက်က နှစ်ယောက်ကတော့ ဆုဖန်းး မမူးူးသေးတာကို မြင်ပြီး အနည်းငယ် စိတ်ပျက်သွားခဲ့ကြပါတယ်..။ဒီလောက်သောက်ပြီးတာတောင် သူမက မမူးူးနိုင်သေးပါဘူး..။သူမရဲ့ အယ်ကိုဟော..သောက်နိုင်တဲ့ ပမာဏက အတော်ကို မြင့်ပါတယ်..။
ကျန်းချင်ချင် ထပြီး ပြောလိုက်တယ်..။
"ဆုဖန်းး..ငါ သူတို့ကို နင့့်ကို လိုက်ပို့ခိုင်းလိုက်မယ်..။ယာတန်ကိုတော့ ငါပဲ လိုက်ပို့လိုက်မယ်.."
ဆုဖန်းးက အတွေ့အကြုံရှိတဲ့လူတစ်ယောက် ဖြစ်တာကြောင့် အစောကြီးကတည်းက သံသယဖြစ်နေခဲ့ပြီးပါပြီ..။ဒါကြောင့့် သူမ ပြောလိုက်တယ်..။
"မလိုဘူး..ချင်ချင် ယာတန်ကို ငါတို့ အတူတူ ပြန်လိုက်ပို့လိုက်မယ်..။ငါ မမူးူးသေးဘူး လမ်းလျောက်နိုင်သေးတယ်.."
ကျန်းချင်ချင် ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့တယ်..။ဆုဖန်းးက အသိစိတ် ရှိနေဦးမယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူမ ပြောလိငက်တယ်..။
"ငါ ပြောတာ နားထောင် ဆုဖန်းး..။ယာတန်က အတော်မူးနေပြီလေ..။ငါတို့ နှစ်ယောက်တည်းဆိုရင် သူ့ကို မ နိုင်မှာ မဟူတ်ဘူး..။ဒိီတော့ ငါနဲ့ ငါ့ကောင်လေးပဲ လိုက်ပို့လိုက်မယ်.."
ဝမ်ဟောင် ပြုံးပြီးပြောလိုက်တယ်..။
"ဟုတ်တယ် ဟုတ်တယ်..ကျွန်တော်နဲ့ ချင်ချင် လိုက်ပို့ပေးလိုက်ပါ့မယ်..."
သိူ့ပေမယ့့် ဆုဖန်းး ဝမ်ဟောင်ရဲ့ လက်ကို ရိုက်ချလိုက်ပြီး..ဝုယာတန်ကို ကာကွယ်လိုက်ကာ ပြောလိုက်တယ်..။
"မလိုဘူး..ငါ့ အလုပ်က သူငယ်ချင်းကို ဖုန်းဆက်လိုက်မယ်..။သူတို့က လာခေါ်ပြီး ပြန်ပို့ပေးလိမ့်မယ်..။အစ်ကို ဝမ်ကို အနှောက်အယှက် မပေးတော့ပါဘူး..။ချင်ချင် နဲ့ အတူတူ ပြန်နှင့်လိုက်ပေါ့.."
အဲ့အချိန်မှာတော့..ဆုဖန်းးဟာ..နိုးနိုးကြားကြားဖြစ်နေခဲ့တယ်..။သူမ အစ်ကိုလိန် ရဲ့ မျက်နှာကို မြင်လိုက်တဲ့ အချိန်မှာတော့..အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်..။ဒီလူက လုံဝ လူကောင်း မဖြစ် နိုင်ပါဘူး..။
အဲ့အချိန်မှာတော့ လိန်ဟောင်ထျန်ဟာ ထပ်ပြီး မစောင့်နိုင်တော့ပေ..။သူပြောလိုက်တယ်..
"ဘာလို့ ခေါင်းမာနေရတာလဲ မိန်းမလှလေး...။ကျွန်တော်တို့က သူ့ကို ဘာလုပ်မှာ မို့လို့လဲ..။သူမက ချင်ချင်ရဲ့ သူငယ်ချင်းကောင်းပဲလေ..ဒီတော့ ဘာမှ မဖြစ်နိုင်ပါဘူး..။ကျွန်တော် သူငယ်ချင်းတွေ မင်းကို လိုက်ပို့ပေးပါလိမ့်မယ်..သိပ်မစိုးရိမ်ိုးရိမ် နေပါနဲ့..."
လိန်ဟောင် ဘေးနားမှာ ရပ်နေတဲ့ နှစ်ယောက်ဟာ အပြုံးလေးတွေ နဲ့ ပြောလိုက်တယ်..။
"ဟုတ်တယ် ဟုတ်တယ်..ကျွန်တော်တို့ နှစိယောက် ပြန်ပို့ပေးပါရစေ..."
ဆုဖန်းး..ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်တယ်..။
"ရှင်တို့ ရှေ့တိုးမလာတာ ပိုကောင်းလိမ့်မယ်..။ချင်ချင် နင်ဘာလုပ်နေတာလဲ..။သူတို့ကို ချက်ချင်း အပြင်ထွက်ခိုင်းလိုက်..."
ကျန်းချင်ချင် နောင်တရသွားခဲ့တယ်..။တကယ်လို့ သူမသာ ဒီီလိုဖြစ်လာမယ် မှန်းသိရင် ဆုဖန်းးကို ခေါ်မလာခဲ့ပါဘူး..။သို့ပေမယ့့် ဒီလိုဆိုရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ပေ..။သူတိူ့ သုံးယောက်က အချစ်ဆုံး သူငယ်ချင်းတွေ ဆိုပေမယ့့်..ဝုယာတန်က ဆုဖန်းး နဲ့ ပိုရင်းနှီးပါတယ်..။တကယ်လို့ ဆုဖန်းး မပါဘူးဆိုရင် ဝုယာတန်လည်း ဒိီလိူနေရာကို ပါလာမှာ မဟုတ်တော့ပါဘူး..။ဒါက အတော်ကို ကိုင်တွယ်ရခက်တဲ့ အခြေအနေပါ..။
ကျွိီ...
အဲ့အချိန်မှာပဲ သီးသန့့်ခန်းရဲ့ တံခါးဟာ ပွင့်သွားခဲ့တယ်..။
ဝမ်ဟောင်နဲ့ ကျန်တဲ့လူတွေဟာ..လူစိမ်းသုံးယောက် ဝင်လာတာကို ကြည့်ပြီး..အလျင်အမြန် ပြောလိုက်တယ်..။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..။ခင်ဗျားတို့က ဒီကို ဝင်ခွင့်မရှိဘူး.."
လင်းဖန် သူတို့ကို လျစ်လျူရူလိုက်တယ်..။သူ ဝမ်ဟောင် နဲ့ ကျန်တဲ့ လူတွေကို ဘေးဘက်တွန်းလိုက်ပြီး..ဝုယာတန် နားကို သွားလိုက်ပါတယ်..။
"ငါက သူမရဲ့ အန်ကယ်ပဲ..။ငါ ဒီကို ဘာလာလုပ်တယ် လို့ မင်းတို့က ထင်လို့လဲ..."
ဝမ်ဟောင် နဲ့ ကျန်တဲ့ လူတွေဟာ ..ဒေါသ ထွက်သွားခဲ့တယ်..။ဒီလူငယ်လေးတွေ က..သူတို့ကို လာရှုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
သိူ့ပေမယ့့်..ချန်းဟိုင်ဂီ နဲ့ ရှန်းမင် တို့ကတော့ မာစတာ လင်း သူတို့ကို ဘာလို့ ခေါ်လိုက်တာလဲ ဆိုတာကို ချက်ချင်း နားလည်လိုက်ကြပါတယ်...။
သူက..နောက်ခံလူတစ်ယောက် အဖြစ် ခေါ်လာခဲ့တာပါ..။
အဲ့အချိန်မှာ ပဲ သူတို့ ချက်ချင်း ရှေ့ကို ထွက်ပြီး.. ဖြေရှင်းဖို့ လုပ်လိုက်တယ်..။
"မင်းတို့ ဘာဖြစ်ချင်နေကြတာလဲ..။ငါတို့ ဘယ်သူလဲ ဆိုတာကို မင်းတို့ မသိဘူးလား..။ပြသနာ မရှာပဲ မင်းတို့ ဒီနေရာမှာ အေးအေးဆေးဆေးလေး နေတာ ပိုကောင်းလိမ့့်မယ်..။မဟုတ်ရင် မင်းတို့ ယုံလားတော့ မသိဘူး..ငါ မင်းတို့ကို ဘေဂျင်းကနေ အချိန်မရွေး ကန်ထုတ်ပစ်လိုက်လို့ရတယ်.."
ချန်းဟိုင်ဂီ နဲ့ ရှန်းမင် တို့က ဘေးဂျင်းမှာ အမြဲတမ်း မောက်မာပြီး နေနေတဲ့ လူတွေပါ..။သူတို့က မာစတာ လင်းရှေ့မှာ.သာ ယဥ်ယဥ်ကျေးကျေး နေကြပေမယ့်..အပြင်မှာ ကစားတဲ့ အချိန်ဆိုရင်..အသံကျယ်ကျယ် နဲ့ ဘဝင်မြင့့်နေကြတဲ့ သခင်လေးတွေပါ..။
ဒီလို ကိစ္စမျိုးတွေကို ဖြေရှင်းတယ် ဆိုတာက သူတို့ အကျွမ်းကျင်ဆုံး အရာလို့တောင် ပြောလို့ရပါတယ်..။
အထူးသဖြင့် အခုဟာက မာစတာ လင်း ရှေ့မှာ ဖြစ်နေတဲ့ အတွက် သူတို့ မျက်နှာမပျက်ချင်ပါဘူး..။သူတို့ သရုပ်ဆောင်ရမယ် ဆိုရင်တောင်..လေးလေးနက်နက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်..။