← Chapters

အမုန်းတရားတွေကို ဆွဲခေါ်နိုင်မယ့် နည်းလမ်း..

Vol. 46 Ch. 680

အမုန်းတရားတွေကို ဆွဲခေါ်နိုင်မယ့် နည်းလမ်း..

Vol. 46 Ch. 680

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဒီကိုလာတယ် ဆိုတာက ကိစ္စလေးတွေကို ဖြေရှင်းဖို့ပါ..။ဝုယာတန် နဲ့ တွေ့တယ်ဆိုတာက တကယ်ကို မတော်တဆ ပါပဲ..။

သို့ပေမယ့် ဒါက ဝုယန်ဂန် ရဲ့ တူမ ဖြစ်ပြီး သူနဲ့လည်း သိနေတယ် ဆိုတော့ သူမကို ဘာမှ အဖြစ်ခံမှာ မဟုတ်ပါဘူး..။

သသ လက်ရှိအခြေအနေကို နားလည်သွားခဲ့ပါတယ်..။သူသာ ဒီနေ့ ပေါ်မလာခဲ့ရင် ဝုယာတန်က ခေါ်သွားခံရတော့မှာပါ.။

သူ အရင်င်က မြင်ထားတာက ဝုယာတန် ရဲ့ ကံတရားက သိပ်မကောင်းမွန်ပါဘူး..။သူမဘဝက အမှောင်ထုတွေ ဖုံးလွှမ်းနေခဲ့တာပါ..။တကယ်လို့ သူမ တစ်ခုခု ဖြစ်သွားရင်..ဝုယန်ဂန်က သူ့ ရဲ့ အသက်နဲ့ ရင်းပြီး ပြန်ပေးဆပ်ခိုင်းဖို့ ကြိုးစားတော့မှာပါ..။သို့ပေမယ့့် သူတို့ရှေ့မှာ ရှိနေတဲ့လူက ကြီးမားတဲ့ နောက်ခံ တစ်ခု ရှိနေခဲ့ပြီး ဝုယန်ဂန်က တစ်ယောက်တည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး..။ဒါဆိုရင် ဝမ်မင်ယန် ပါ ပါလာတော့မှာပါ..။ဝမ်မင်ယန်က..က သူငယ်ချင်း အပေါ် သစ္စာရှိတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် အစွမ်းကုန် ကူညီမှာ ကျိန်းသေပါတယ်..။

ဒါပေါ့..ဒါက ဘာမှ မပြောင်းလဲရင် ဖြစ်လာမယ့့် အရာတွေပါ..။အခုတော့ ဇာတ်ညွန်းက ပြောင်းလဲ သွားခဲ့ပါပြီ..။

အခုချိန်မှာ လင်းဖန် တွေးနေတာက ဒီ အမုန်းတရားတွေ ဖြစ်မလာအောင် ဘယ်လို ဆွဲထုတ်ရမလဲ ဆိုတာပါပဲ..။

ဆုဖန်းးကတော့..လင်းဖန် က ဝုယာတန် ရဲ့ အန်ကယ်လို့ ပြောလိုက်တာနဲ့..သံသယစိတ် ပျောက်မသွားခဲ့ပေ..။သူမ ယာတန် ရဲ့ အန်ကယ်ကို အရင်င်တုန်းက မြင်ဖူးပြီး..သူ့ရှေ့က လူငယ်လေး မဟုတ်တာတော့ ကျိန်းသေပါတယ်..။

လင်းဖန် ဆုဖန်းးရဲ့ သံသယ တွေကို ခံစားလိုက်ရတာကြောင့် ပြုံးပြီး ပြောလိုက်တယ်..။

"ငါက သူ့ရဲ့ အန်ကယ် ဝုယန်ဂန် ရဲ့ သူငယ်ချင်းပါ..။သူနဲ့ တွေ့ထားတာတောင် မကြာသေးဘူး.."

ဝုယာတန် မူးနေရာကနေ မျက်လုံး အနည်းငယ် ပွင့်လာခဲ့တယ်..။

"အန်ကယ်လင်း..ဒီမှာ ဘာလုပ်နေတာလဲ.."

ဒါကို ပြောပြီးနောက် မှာ သူမ ပြန်အိပ်ပျော်သွားခဲ့ပါတယ်..။ယင်းနောက် ဆုဖန်းး စိတ်သက်သာရာ ရသွားွားခဲ့ပါတယ်..။ဒီလူငယ် လေးက အမှန်တကယ်ပဲ ယာတန် ရဲ့ အန်ကယ် ဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သူမ နားမလည်ပေမယ့့် လုံခြုံသွားသလို ခံစားလိုက်ရပါတယ်..။

"အန်ကယ်လင်း..ယာတန်က မူးနေပြီ..။သူ တို့တွေက..."

သူမ ပြောလို့ မပြီးခင်မှာပဲ လင်းဖန်ရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်..။

"အင်း..ငါသိပါတယ်..။ဒီအခြေအနေကို အန်ကယ် ဖြေရှင်းလိုက်မယ်.."

…

ချန်းဟိုင်းဂီ နဲ့ ရှန်းမင် တို့ဟာတော့ တွန်းထိုးပြီး ငြင်းခုန်နေခဲ့ကြပါတယ်..။တစ်ခြားတစ်ဖက်က လေးယောက်ဖြစ်နေပေမယ့့် သူတို့ နှစ်ယောက်က ဒီလို ကိစ္စတွေကို နှစ်ပေါင်းများစွာ ဖြေရှင်းလာခဲ့တဲ့လူတွေပါ..။ဒီခွေးသားတွေကို ဘာကြောက်စရာ ရှိလို့လဲ..။

"မင်းတို့ ဘာလုပ်ချင်နေကြတာလဲ..။မိန်းကလေး တွေကို အရက်မူးအောင် တိုက်ပြီး ကစားချင်တာလား..။မင်းတို့ မရှက်ဘူးလား..ဟမ်..။ငါ ပြောလိုက်မယ် မင်းတို့ ဥာဏ်ကောင်းသေးတယ် ဆိုရင် အခု ထွက်သွားလိုက်ကြ..။မင်းတို့ ..ယုံလားတော့ မသိဘူး ငါ ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့..မင်းတို့ကို..ခွေးတွေ ဝက်တွေလို ရိုက်နှက်ခိုင်းလိုက်လို့ ရတယ်.."

ချန်းဟိုင်ဂီ မောက်မာစွာ ပြောလိုက်တာပါ..။

မာစတာလင်းက သူ့နောက်မှာ ရှိနေတာဖြစ်တာကြောင့် လုံးဝ ပျော့ညံ့နေလို့ မဖြစ်ပါဘူး..။တကယ်လို့ စကား ပြောလို့မရရင် သူ အမှန်တကယ်ပဲ သူ့လူတွေကို ဖုန်းဆက် ခေါ်လိုက်တော့မှာပါ..။

ဝမ်ဟောင် မျက်မှောင်ကျုတ်လိုက်တယ်..။အခြေအနေက ဒီလိုဖြစ်လာမယ်လို့ သူမထင်ထားခဲ့ပါဘူး.။သူ တကယ်ကို မထင်ထားခဲ့တာပါ..။သူ့ရှေ့မှာ ရှိနေတဲ့ နှစ်ယောက်ရဲ့ လေသံတွေကို ကြည့်ရတာတော အတော်ယုံကြည်မူ ရှိနေတဲ့ပုံပါပဲ..။သူတို့က ..သာမန်လူတွေတော့ မဖြစ်နိုင်ကြပေ..။

သူက နောက်ခံအင်အားကြီး ရှိတဲ့ မိသားစုက သခင်လေးတွေနဲ့ မတူပါဘူး..။သူက..နိုက်ကလပ်တစ်ခု ဖွင့်ထားပြီး လူအနည်းငယ်လောက်ကပဲ သူ့ကို ထောက်ပံ့ပေးထားတာပါ..။

ဝမ်ဟောင် ဘာပြောရမှန်းမသိပဲ မေးလိုက်တယ်

.။

"မင်းတို့က ဘယ်သူတွေလဲ.."

"ငါက မင်းလာရှုပ်လို့ရတဲ့လူ မဟုတ်ဘူး.."

ချန်းဟိုင်ဂီ ခေါင်းမော့ပြီး မောက်မာတဲ့လေသံနဲ့ ပြောလိုက်တာပါ...။

သူ ဒီလေးယောက်က ဘာတွေလဲ မသိပေမယ့့်..သူတို့ရဲ့ အဆင့့်အတန်းကို မယှဥ်နိုင်စရာ အကြောင်းမရှိပါဘူး..။

ဒီငနဲတွေ ကို သူ တို့ရှေ့မှာ ရပ်နေတဲ့လူက ဘေးဂျင်းက လူတိုင်းကြောက်ရတဲ့ သခင်လေးဆိုတာကို ပြပေးရမှာပါ..။

"ဘေးကိုဖယ်နေ.."

လိန်ဟောင်ထျန် မပျော်မရွင်ပြောလိုက်တယ်..။သူ့လက်ထဲကို အရသာရှိတဲ့ အစားအသောက် ရောက်ခါနီးကြမှ ဒီငနဲတွေက ဖျက်ဆီးခဲ့တာပါ..။သူထပ်ပြီး သည်းမခံနိုင် တော့ပါဘူး..။

ဝမ်ဟောင် ခေါင်းညိမ့်လိုက်တယ်..။သူဘေးနားကို တိုးလိုက်ပြီး အစ်ကိုလိန်ကိုသာ ဖြေရှင်းခိုင်းလိုက်ပါတယ်..။

လိန်ဟောင်ထျန် ရှေ့က နှစ်ယောက်ကို ကြည့်လိုက်တယ်..။အလင်းရောင်က မှိန်နေတာကြောင့် ဘယ်သူတွေလဲ ဆိုတာကို သူသေချာ မမြင်ရပါဘူး..။သူ ဒီနှစ်ယောက်ကို မြင်ဖူးတယ်လို့ ခံစားရပေမယ်ပ ဘယ်သူတွေလဲ ဆိုတာတော့ ပုံဖော်မရပေ..။

သို့ပေမယ့့် သူ့အတွက်ကတော့ သူမမှတ်မိတဲ့လူတွေက အမှိုက်သာသာ အဆင့်တွေပဲ ဖြစ်မှာပါ..။

"ငါက လိန်ဟောင်ထျန် ပဲ..မင်းတို့က ဘယ်သူလဲ."

လိန်ဟောင်ထျန် မိတ်ဆက်လိုက်တဲ့ အချိန်မှာ ချန်းဟိုင်ဂိီ နဲ့ ရှန်းမင်တို့ ကြောင်အသွားခဲ့ကြတယ်..။

အထူးသဖြင့် ချန်းဟိုင်ဂီ မသိစိတ်က ရေရွတ်လိုက်ပါတယ်..။

"လိန် မိသားစူက လိန်ဟောင်ထျန် လား.."

ဒါကို ပြောပြီးနောက်မှာ ချန်းဟိုင်ဂီ နောင်တရသွားခဲ့ပါတယ်..။သူ့ရဲ့ မောက်မာတဲ့ ပုံစံတွေဟာ မရှိတော့ပါဘူး..။ဒီငနဲက အမှန်တကယ်ပဲ လိန်မိသားစူက ဆိုရင် သူနဲ့ ရှန်းမင်တို့ ရှုပ်လို့ရတဲ့လူ မဟုတ်တော့ပါဘူး..။

လိန်ဟောင်ထျန် နှာခေါင်းရှုတ်လိုက်တယ်..။

"အိူး..မင်းတို့ လိန်မိသားစုကိုတောင် သိနေကြပါလား..။ငါ သိသလောက် ဆိုရင် ဘေဂျင်းမှာ လိန်ဟောင်ထျန်က တစ်ယောက်တည်းရှိတာပါ..ဟုတ်တယ်မလား.."

ဒီစကားကို ကြားတဲ့ အချိန်မှာ ချန်းဟိုင်ဂီ နဲ့ ရှန်းမင်တို့ရဲ့ အမူအရာ ပြောင်းလဲသွားခဲ့တယ်..။

လိန်မိသားစုက ဘေးဂျင်းမှာ အမြဲတမ်း ထူးခြားပါတယ်..။အရင်င်တုန်းက သူတို့မိသားစုမှာ လွမ်းမိုးနိုင်စွမ်းရှိတဲ့လူက သုံးယောက်သာ ရှိတာပါ..။ပြီးတော့ ဒီလိန်ဟောင်ထျန် ဆိုတာက လိန်မိသားစုရဲ့တိုက်ရိုက် မျိုးဆက် တစိယောက်ပါပဲ..။သူတို့ အသေးစိတ် မသိပေမယ့့်လိန်မိသားစုက အင်းအားစုကြီး တစ်ခုဆိုတာကို သိထားပါတယ်..။

ဘေဂျင်းမှာ အာဏာရှိတဲ့လူတွေက..မိသားစုကြီး သုံးခူက ဆင်းသက်လာကြတဲ့ လူတွေပါပဲ..။သူတို့ရဲ့ မိသားစုက အင်အာကြီးတယ် လို့ပြောလို့မရတော့ပေ.။

သိူ့ပေမယ့့် ဒီ လိန်မိသားစုက တစ်ခြား မိသာစုတွေ နဲ့ မတူပါဘူး..။အရင်င် မျိုးဆက်က ကလေးတွေ အများကြီး မွေးဖွားပေးခဲ့တာပါ..။ထပ်ပြောရရင် တစ်ယောကိ စီတိုင်းကလည်း အကောင်ကြီး တွေ ဖြစ်လာခဲကြပါတယ်..။မိသားစုက ဆက်လက် ကြီးထွားလာပြီး အခု ဆိုရင် လွမ်းမိုးနိုင်စွမ်းရော..အင်အားမှာပါ ထိပ်ဆုံးရောက်နေခဲ့ပါပြီ..။

ချန်းဟိုင်ဂီ တိတ်ဆိတ်နေခဲ့တယ်...။ရှန်းမင် လင်းဖန် ဘေးနားကို သွားပြီး တီးတိုးပြောလိုက်ပါတယ်..။

"မာစတာ လင်း ပြသနာ နည်းနည်းရှိနေပြီ...။ဘေးဂျင်းရဲ့ လိန်မိသားစုက သွားရှုပ်လို့ရတဲ့ အထဲမှာ မပါဘူး..။ကျွန်တော်တို့ သခင်လေးကျို့ ကို ဖုန်းခေါ်ရင်ရော ဘယ်လိုလဲ..။သူပဲ ကူညိီနိုင်လိမ့်မယ်..။ကျွန်တော်တို့ နှစ်ယောက်ကတော့ အကန့်အသတ်လေးတွေရှိတယ်လေ.."

ပုံမှန်အားဖြင့် လင်းဖန် တစ်ဖက်လူက အင်အားကြီးမယ်ဆိုတာကို သိထားပါတယ်...။မဟုတ်ရင် တစ်ဖက်လူက..ဝုယန်ဂန် နဲ့ ဝမ်မင်ယန်ကို ရိုက်ချက်နိုင်တဲ့ အဆင့့်ရှိမှာ မဟုတ်ပါဘူး..။အခု ဒီလိုဖြစ်လာပြီ ဆိုမှတော့ သူ ဒီအခွင့်အရေးကို လွတ်ပေးမှာ မဟုတ်ပေ..။

သူ ရန်သူက တစ်ခါတည်း ဖြေရှင်းထားရမှာပါ..။

အရင်င်တုန်းက ဆိုရင်တော့ ချန်းဟိုင်းဂီ ချက်ချင်းကြောက်ရွံ့ပြီး ကလေးတစ်ယောက်လို ဖြစ်နိုင်ပေမယ့့် ဒီနေ့တော့ အဲလိုဖြစ်မသွားခဲ့ပါဘူး..။

မာစတာလင်းက သူ့ကို ကူညီဖို့ ခေါ်ထားတာဆိုတော့ သူ ကြောက်ရွံ့နေလို့ မဖြစ်ပေ..။လိန်မိသားစု က ဆိုတော့ရော ဘာဖြစ်လဲ..။သူလို သစ္စာ ရှိတဲ့လူတစ်ယောက်က မျက်နှာ အပျက်မခံပါဘူး..။

"ဒီတော့ သခင်လေးလိန်လား...။ဒီက မာစတာလင်းက သခင်လေးလိန်နဲ့ သူငယ်ချင်းကောင်းတွေပါ ဒီတော့ သခင်လေးလိန် မျက်နှာသာ ပေးပြီး သူမကို လွတ်ပေးဖို့ မျော်လင့့်ပါတယ်..."

ချန်းဟိုင်ဂီ ရဲ့လေသံက အခုဆိုရင် အားနည်းသွားခဲ့ပါပြီ..။လိန်ဟောင်ထျန် နဲ့ ယှဥ်လိုက်ရင်တော့..သူက ဘာမှ မဟုတ်တော့ပါဘူး..။သိူ့ပေမယ့့် သခင်လေး ကျို့ရဲ့ နာမည်က အသုံးဝင်မယ်လို့ သူ မျှော်လင့့်မိပါတယ်...။

"အိူး..ငါက ရင်းနှိီးပါတယ်လို့ တွေးနေတာ မင်းတို့က ကျို့ထျန်းဖူ ရဲ့နောက်လိုက်တွေပဲ..။ဘယ်လောက်အံ့ဩဖို့ကောင်းလဲ..ငါ လိန်ဟောင်ထျန် ဘေဂျင်းမှာ နေလာတာ ကြာပြီး ဘယ်သူမှ စိန်မခေါ်ရဲဘူး...။ဒါပေမဲ့ ဒီနေ့တော့ ငါမင်းတို့ကို မျက်နှာသာပေးလိုက်မယ်..။ငါက သူမကို ဒီတိုင်း အိမ်ပြန်ပို့မလို့လေ..ဘာလုပ်ရမှာလဲ.."

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့ သခင်လိန်အကြောင်းသိပါတယ်..။ပြီးတော့ သခင်ဘေးလိန် မျက်နှာသာပေးလို့ ကျေးဇူးတင်ပါတယ်.."

ချန်းဟိုင်ဂီ စိတ်သက်သာရာ ရသွားွားခဲ့တယ်။ဒီပြသနာက အလွယ်တကူပဲ ပြီးသွားခဲ့ပါပြီ...။

သို့ပေမယ့့် ချန်းဟိုင်ဂီ ဘာမှ မလှုပ်ုပ်ရသေးခင်မှာပဲ လိန်ဟောင်ထျန်ရဲ့ လက်ဝါးဟာ သူ့ရဲ့ပါးနဲ့ မိတ်ဆက်သွားခဲ့ပါတယ်...။ချန်းဟိုင်ဂီ ကြောင်အသွားခဲ့တယ်..။သူ့စိတ်ထဲမှာ ဒေါသတွေ ထွက်နေပေမယ် အမြန်ထိန်းချုပ်လိုက်ပါတယ်..။

လိန်ထျန်ဟောငိ ချန်ဟိုင်ဂီ ရဲ့ ခေါင်းကို ဖြည်းညှင်းစွာ ပုတ်ပြီး ပြောလိုက်တယ်..။

"ငါ အခုလို ရိုက်လိုက်တာက မင်းဘေးဂျင်းမှာ မမောက်မာ သင့့်ဘူး ဆိုတာကို သင်ခန်းစာပေးလိုက်တာပဲ..။ငါမင်းကို တကယ်ရိုက်နှက်ချင်ရင် ကျို့ထျန်းဖူတောင် ငါ့ကိုတားဆီး နိုင်မှာ မဟုတ်ဘူး..နားလည်လား.."

"သခင်လေး လိန် ကျွန်တော် နားလည်ပါပြီ.."

ချန်းဟိုင်ဂီ ရှက်ရွံ့စွာ ပြုံးပြီး ပြန်ပြောလိုက်တာပါ..။သူရဲ့ နောက်ခံအင်အားက မတူညီတာကြောင့် ဒီရိုက်ချက်ကို သူ အမြဲတမ်း မှတ်မိနေတော့မှာပါ..။

ရှန်းမင်ဟာ သူ့ညီအစ်ကို အရိုက်ုက်ခံရတာကို မြင်ပြီး ဒေါသထွက်သွားခဲ့တယ်..။သို့ပေမယ့့် တစ်ဖက်လူက လိန်မိသားစုက ဖြစ်နေတော့ ဒေါသတွေကို ထိန်းထားဖို့သာ တတ်နိုင်ပါတော့တယ်..။

လိန်ဟောင်ထျန် ဘေးပတ်လည်ကိုကြည့်ပြီး ပြောလိုက်တယ်..။

"သွားကြမယ်..ပျင်းဖို့ကောင်းသွားပြီ..."

ချန်းဟိုင်ဂီ စိတ်သက်သာရာ ရသွားွားခဲ့ပါတယ်..။ဒါက နောက်ဆုံးတော့ ပြီးသွားပါပြီ...။သူ မျက်နှာ အရိုက်ုက်ခံရပြီး မာစတာလင်းရှေ့မှာ အနည်းငယ် မျက်နှာပျက်ရပေမယ့့် ဒါက ထိုက်တန်ပါတယ်..။သိူ့ပေမယ့့် ဒီခံစားချက်က အကြာကြီး မခံခဲ့ပဲ..မာစတာလင်းရဲ့ စပရိုက်တိုက်တာကို ခံလိုက်ရတယ်..။

အဲ့အချိန်မှာပဲ ဘေးနားမှာ တစ်ချိန်လုံး ရပ်ပြီး စဥ်းစားနေတဲ့ လင်းဖန်ဟာ..လှမ်းပြောလိုက်တယ်..။

"နေပါဦး..ဘာတွေ လောနေတာလဲ.."

အထဲဝင်ပြီး ကြည့်တယ် ဆိုတာက..ပုံမှန်ပါပဲ.

All Chapters