ရိုးရှင်းတာက ပိုကောင်းတယ်
Vol. 46 Ch. 681
#ဘာသာပြန် = စနိုးဝှိုက်
မာစတာလင်း ဘာလုပ်ချင်နေတာလဲ..။
ချန်းဟိုင်ဂီ အံ့ဩသင့်သွားခဲ့တယ်...။အခြေအနေတစ်ခုလုံးက ပြီးဆုံးသွားပြီ ဖြစ်ပေမယ့့် အခု မာစတာလင်းရဲ့ စကားတစ်ခွန်းကြောင့် ပြီးဆုံးပြီ လို့ ပြောလို့မရတော့ပါဘူး..။
ဘာဆက်ဖြစ်မလဲ သူမသိပေမယ့် မာစတာလင်းကိုတော့..သူ့လိုမျိုး အရိုက်ုက်မခံရစေချင်ပါဘူး..။
"နေကြပါဦး..."
လင်းဖန် လိန်ဟောင်ထျန် ရှေ့ကို လျောက်သွားပြီး ပြောလိုက်တာပါ..။
လိန်ဟောင်ထျန် မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်..။
"မင်းက ကျို့ထျန်းဖူ နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းလား..။ငါ ဘာလို့ မင်းကို မမြင်ဖူးရတာလဲ.."
လင်းဖန် ချက်ချင်း ပြန်ပြောလိုက်တယ်..။
"မင်းသူ့ကို ဘာလို့ ရိုက်တာလဲ.."
လိန်ဟောင်ထျန် မေးလိုက်တယ်..။
"ငါ သူ့ကို ရိုက်နှက်ဖို့က အကြောင်းပြချက် လိုတယ် ထင်လို့လား..."
ယင်းနောက် သူ့ရဲ့အကြည့်တွေဟာ ချန်းဟိုင်ဂီ ဆီကို ရောက်သွားခဲ့ပြီး..
"ငါ မင်းကို ရိုက်ဖို့ အကြောင်းပြချက်လိုလား ဆိုတာကို သူ့ကို ပြောပြလိုက်.."
ချန်းဟိုင်းဂီ ရဲ့ အမူအရာဟာ ပြောင်းသွားခဲ့တယ်..။သူ အရှက်ခွဲခံနေရတယ် ဆိုတာကို သိပေမယ့့်..ပြသနာ ကို ထပ်ကြီးသွားအောင် လုပ်လို့ မရပါဘူး..။
"မာစတာ လင်း.."
သူတစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာ အံ့ဩစရာ တစ်ခု ဖြစ်ပျက်သွားခဲ့တယ်..။သူ မျက်လုံးတွေ ပြူးကျယ်သွားပြီး..မာစတာလင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်..။
ဖြန်း...
လင်းဖန် လက်ကို မြှောက်ပြီး ပိတ်ရိုက်လိုက်ပါ..။ဒါက လျင်မြန်ပြီး တိကျတဲ့ အတွက် ..ရှောင်ရှားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။
လိန်ဟောင်ထျန် နောက်လန်သွားခဲ့တယ်..။သူ့ရဲ့ အမူအရာကတော့ လုံးဝ အံ့ဩသင့်နေခဲ့ပါတယ်...။လင်းဖန် သူ့ကို တကယ်ရိုက်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
"မင်း ငါ့ကို ရိုက်ရဲတယ်လား..."
လင်းဖန် လက်ကို အနည်းငယ် ဝေ့ယမ်းလိုက်ပြီး
"ငါလည်း မင်းကို ရိုက်ဖို့ အကြောင်းပြချက် မလိုဘူး.."
"မင်း.."
လိန်ဟောင်ထျန် ဒေါသထွက်သွားခဲ့တယ်..။လင်းဖန်က ဒီလောက်အထိ မောက်မာလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူ့နောက်က လူတွေဟာ လည်း လိန်ဟောင်ထျန် အရိုက်ုက်ခံလိုက်ရတာကြောင့် သည်းမခံနိုင်ကြတော့ပေ..။သူတို့ ရှေ့ကို တက်ပြီး လင်းဖန်ကို တိုက်ခိုက်ဖို့ လုပ်လိုက်ကြပေမယ်ပ လင်းဖန် ရဲ့တားဆီး ခြင်းကို ခံလိုက်ရပါတယ်..။
"ကောင်းတယ်..အရမ်းကောင်းတယ်.."
လိန်ဟောင်ထျန် ရေရွတ်လိုက်တာပါ..။သူ ဒီအသက်အရွယ်ရောက်တဲ့ အထိ ဘယ်သူ ရိုက်တာကို မှ မခံရဖူးပါဘူး..။သို့ပေမယ့့် ဒီနေ့မှာ တော့ သူအရိုက်ုက်ခံခဲ့ရပါပြီ..။သူ့ရှေ့မှာ ရှိနေတဲ့ ငနဲက အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ ပုံပါပဲ..။
အစကတော့ ဒီငနဲက ..ကျို့ထျန်းဖူ..ရဲ့ ဘော်ဒါဖြစ်နေတာကြောင့် သူ ဘာမှ မလုပ်တော့ဖို့ ဆုံးဖြတ်ထားတာပါ..။သို့ပေမယ့့် ဒီငနဲက သူ့ကို တောင် ရိုက်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ဖြန်း...
လင်းဖန် နောက်တစ်ချက် ထပ်ရိုက်မယ်လို့ ဘယ်သူက မှ မထင်ထားခဲ့ပေ..။
လိန်ဟောင်ထျန် ဆံ့အသွားခဲ့တယ်..။လင်းဖန်က သူ့ရဲ့ ဘယ်ဘက် ပါးကိုရော ညာဘက်ပါးကို ရော ရိုက်နှက်ခဲ့တာပါ..။
လင်းဖန် တည်ငြိမ်စွာပြောလိုက်တယ်..။
"မင်းက ကောင်းတယ်ဆိုတော့..သဘောကျတယ် ထင်လို့ ငါကထပ်ရိုက်ပေးတာ.."
သူ့ရဲ့ အစီအစဥ်အရတော့.လိန်ထျန်ဟောင်.အမုန်းတရားတွေ သူ့ဆီကို ရောက်လာဖို့က နည်းနည်းတော့ ရှုပ်ထွေးပါတယ်..။ဒါကြောင့် စကားမပြောခင် အရင်င်ဆုံး ပါးနှစ်ချက်လောက် ရိုက်လိုက်တာက အကောင်းဆုံး ပါပဲ..။
အထူးသဖြင့် ဒါက လိန်ထျန်ဟောင် သူ့အပေါ်ကို အပြည့်အဝ အာရုံစိုက်သွားစေမှာပါ.။အဲလိုဖြစ်သွားရင် သူအောင်မြင်တာပါပဲ..။
ချန်းဟိုင်ဂီ နဲ့ ရှန်းမင် တို့လည်း ကြောင်အနေခဲ့တယ်..။
မာစတာလင်း ဒိီလို ထလုပ်လိမ့့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။မြန်ဆန်ချက်ကတော့ သူက တွေတောင် မတွေဝေနေခဲ့ပေ..။
ချန်းဟိုင်ဂိ ဘာလို့လဲတော့ မသိပေမယ့့် မာစတာလင်းရဲ့ လုပ်ရပ်ကြောင့်ရင်ထဲ ထိသွားခဲ့တယိ..။
သူ မြင်နေသလောက်ကတော့..မာစတာလင်း ဒီလို လုပ်တယ် ဆိုတာက သူ့ကြောင့်ပါ..။
"မအိမ်လုံး."
လိန်ဟောင်ထျန် နောက်က နှ၀ိယောက်ဟာ ထပ်ပြီး သည်းမခံနိုင်တော့ပဲ..ရှေ့ကို အမြန်တက်လာခဲ့ကြတယိ..။ဒိီကောင်က သခင်လေး လိန်ကို ရိုက်နှပ်တယ်ဆိုတော့ အသက်မရှင်ချင်တော့တဲ့ ပုံပါပဲ.။
အခုချိန်မှာ လင်းဖန် ရဲ့ အဓိက ရည်ရွယ်ချက်က..သူနဲ့ လိန်ဟောင်ထျန် ကြားမှာ မုန်းတီးမူ ခံစားချက်တွေ ဖြစ်ပေါ်လာဖို့ပါ..။တစ်ခြားလူတွေက အပိုလူတွေ ဖြစ်တာကြောင့် သူ ဒီလောက် အလေးအနက်မထားခဲ့ပါဘူး..။
*ရိုက်နှက်သည့် အသံများ..*
ခနလေးအတွင်းမှာပဲ..သူတို့ မြေကြီးပေါ် ချက်ချင်း မှောက်သွားခဲ့တယ်..။
လိန်ဟောင်ထျန် ကြောင်အသွားခဲ့တယ်..။ဒိီခွေးသားက..ကိူယ်ခံပညာ ဒိီလောက် ကောင်းမွန်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
အခန်းက ချက်ချင်း တိတ်ဆိတ်သွားခဲ့တယ်..။ကျန်းချင်ချင်ကတော့..နေရာမှာပဲ..တိတ်တိတ်လေးရပ်နေခဲ့တယ်.။အခု ဖြစ်ပျက်နေတာတွေက သူမထင်ထားတာနဲ့ တစ်ခြားစီတွေပါပဲ..။
ဖြန်း.
ဒါက နောက်ထပ်ရိုက်ချက်တစ်ခုပါ..။
လိန်ဟောင်ထျန်ကတော့ ဒီလိုနေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူ အကူညီမဲ့သွားပြီး ဒေါသထွက်စွာ အော်လိုက်တယ်...။
"မင်းဘာလို့ ငါ့မျက်နှာကိုပဲ..ရိုက်နေတာလဲ.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။
"အကြောင်းပြချက် မရှိဘူး..ဒီတိုင်းပဲ မင်းမျက်နှာကို ..ရိုက်ချင်နေလို့.။ငါ ဘယ်သူလဲ ဆိုတာရော မင်းသိလား.."
"ငါက ရှန်ဟိုင်းကပဲ..လူတိုင်းက ငါ့ကို မာစတာလင်းလို့ ခေါ်ကြတယ်..။ငါ့ နာမည်ကို မှတ်ထား
..ဘယ်တော့မှ မေ့မသွားရင်တော့ အကောင်းဆုံးပဲ.."
"မင်း..."
လိန်ဟောင်ထျန် ရဲ့ မျက်နှာဟာ လုံးဝ နီရဲနေခဲ့တယ်..။သူ အခု ဘာလုပ်ရမလဲ မသိတော့ပါဘူး..။သူ ဖုန်းကို ထုတ်လိုက်ပြီး ခေါ်ဖို့ လုပ်လိုက်ပေမယ့့် လင်းဖန်က ဒီလိုလုပ်ခွင့် မပေးခဲ့ပေ..။
လင်းဖန် လိန်ဟောင်ထျန် ရဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး.သူ့ရဲ့လက်ဝါး နဲ့ ခေါင်းကို ဆက်တိုက်ရိုက်နှက်လိုက်ပါတယ်..။
"အား.အား..အား.."
ေခါင်းကို ဆက်တိုက်ရိုက်နှက်မူကြောင့့် လိန်ဟောင်ထျန်ရဲ့..ဦးနှောက်ဟာ ရှုပ်ထွေးနေခဲ့တယ်..။သူလင်းဖန် ရဲ့ လုပ်ရပ်တွေကြောင့် လုံးဝကို ကြောင်အနေခဲ့ပါပြီ.။
လင်းဖန် လိန်ဟောင်ထျန် ရဲ့လက်ကို လွတ်လိုက်တဲ့ အချိန်မှာတော့..သူ ချက်ချင်းပဲ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားခဲ့တယ်.။သူ့ခေါင်းက ရီဝေဝေဖြစ်နေပြီး ရှေ့နောက် ယိမ်းယိုင်နေခဲ့ပါတယ်..။
လင်းဖန် မေ့စေ့ကို ပွတ်ပြီး စဥ်းစားလိုက်ပါတယ်
.။ဒါက လိန်ဟောင်ထျန် ရဲ့ အမုန်းတွေကို ရဖို့ သိပ်မလုံလောက် သေးပါဘူး..။သူ အကျိုးသက်ရောက်အောင် နည်းနည်းထပ်လုပ်ဦးမှ ရမှာပါ..။
ချန်းဟိုင်ဂီနဲ့ ရှန်းမင် တို့ဟာ ကြောက်ရုပ်ကြီးတွေလို ရပ်နေခဲ့ကြတယ်..။မာစတာလင်း လုပ်နေတာတွေက သူတို့တင်မကပဲ..လူတိုင်းရဲ့ ထင်မြင်ချက်ကိုပါ ကျော်လွန်နေခဲ့ပါပြီ..။
မာစတာလင်း လိန်ဟောင်ထျန်ကို ရိုက်နှက်တဲ့ ကိစ္စက အပြင်ကို ပျံ့နှံ့သွားရင် ကိစ္စအကြီးကြီးပါပဲ.။လိန်ဟောင်ထျန် ရဲ့ အကျင့်စရိုက်အရဆိုရင် လုံးဝ ဒီတိုင်းထားလိုက်မှာ မဟုတ်ပေ..။
သူတို့ မာစတာလင်းကို ဘယ်လို ကာကွယ်ပေးရမလဲ ဆိုတာတောင် မတွေးတတ်တော့ပါဘူး.။
လင်းဖန် လိန်ဟောင်ထျန်ကို ကြည့်လိုက်တယ်..။သူ ဒီနေ့ အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် ဖန်တီးပြီးပြီး ဖြစ်ပေမယ့့် လုံးဝ အကုန်လုံးတော့ မပြီးဆုံးသေးပါဘူး...။ဒါကြောင့် သူ နောက်နေ့တွေမှ နည်းနည်းချင် ထပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
"သွားကြမယ်.."
လင်းဖန် ချန်းဟိုင်ဂီ နဲ့ ရှန်းမင်ကို ပြောလိုက်တယ်..။သူ ဝုယာတန် ဆီကို လျောက်သွားကာ ကျောပိုးလိုက်ပြိး..
"သူမက အရမ်းသောက်ထားလို့ထင်တယ် အတော်လေးတာပဲ..."
ဆုဖန်းး အရင်င်တုန်းက ဒီလိုမျိုးတွေ မမြင်ဖူးပေမယ့့်လည်း လင်းဖန်နောက်က သာ လိုက်သွားခဲ့ပါတယ်..။တကယ်လို့ ဒီနေ့ ဒီလူသာ ပေါ်မလာရင် ဘာတွေဖြစ်မယ်မှန်း ပြောလို့ မရနိုင်ပါဘူး..။
ဒါကို တွေးကြည့်ရင်တောင် ကြောက်ဖို့ ကောင်းပါတယ်..။
နိုက်ကလပ် အပြင်ဘက်တွင်..။
လင်းဖန် ချန်းဟိုင်ဂီ တို့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"မင်းတို့ အခု ပြန်လို့ရပြီ..။ဒီညအတွက် ကျေးဖူးတင်ပါတယ်.."
"မာစတာလင်း..ကျေးဇူးတင်ဖို့ မလိုပါဘူး..။ဒါပေမဲ့ လိန်ဟောင်ထျန်ကို အထဲမှာ ရိုက်နှက်ထားတာ ဆိုတော့ အဆင်ပြေပါ့မလား.."
ချန်းဟိုင်ဂီ စိတ်ပူစွာ ပြောလိုက်တာပါ..။
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ဘာတွေများ ဖြစ်နိုင်မှာ မို့လို့လဲ..။ငါက နုည်းနည်းပါးပါး လောက်ပဲ ရိုက်တာလေ..။မနက်ရောက်မှ ငါသူ့ဆီ ထပ်သွားလိုက်မယ် ဘာမှ မဖြစ်ဘူး.."
"ကောင်းပါပြီ.."
သူတို့နှစိယောက် ထွက်သွားအပြီး မှာ လင်းဖန် ဝုယန်ဂန်ကို ဖုန်းခေါ်လိုက်တယ်..။
"မာစတာလင်း..ဘာလို့ ဒီအချိန်ကြိး ဖုန်းဆက်တာလဲ.."
လင်းဖန် ပြောလိုက်တယ်..။
"ဥက္ကဌ ဝု ခင်ဗျားတူမကို သူ့ သူငယ်ချင်းက ရောင်းစားသွားတယ်..."
"ဘာ..."
ဝုယန်ဂန် ဒါကိုကြားတဲ့ အချိန်မှာ ချက်ချင်း စိုးရိမ်မူတွေ နဲ့ ပြည့်နှက်သွားခဲ့တယ်..။
"မာစတာလင်း..ဘာမှ မဖြစ်ဘူး မလား..."
လင်းဖန် ပြောလိုက်တယ်..။
"ဘာမှ မဖြစ်ဘူး.. ကျုပ်ဖြေရှင်းလိုက်ပြီ..။ဒါပေမဲ့ သူမက အတော်မူးနေတယ်..။ခင်ဗျား သူမကို လာခေါ်သင့့်တယ်နော်..."
ဝုယန်ဂန် ဒါကိုကြားမှ စိတ်သက်သာရာ ရသွားွားခဲ့တယ်..။ယင်းနောက် ရုတ်တရက် သူတစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်ပါတယ်..။
"ဘာပဲဖြစ်ဖြစ် မာစတာလင်း..ငါ မင်းကို ယုံပါတယ်..။မင်းနဲ့ ငါ့တူမက..ငယ်သေးတယ် ဆိုတော့ ဆကိဆံရေးကောင်းတွေ ရှိနေဖို့ လိုအပ်တယ်လေ..။ဒီညတော့..ပြသနာ ဖြစိစေမိပြီ..။အိူး..မဟုတ်သေးဘူး..လိုင်းမကောင်းပါလား..ဟဲလို.. မာစတာလင်း ကြားရလား...။ကြားရလား..တိီ တီ တီ..."
လင်းဖန် ကြောင်အသွာခဲ့တယ်..။ထုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ ဝုယန်ဂန်က ဖုန်းချသွားခဲ့ပါပြီ..။
ယင်းနောက် သူ ကျော်ပေါ်က ဝုယာတန်ကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်..။ဒီလူအိုကြီး ဘာဖြစ်ချင်နေမှန်း သူမသိတော့ပါဘူး..။သူက သူ့သူမကိုတောင် ပြန်ရောင်းစားချင်နေတာပါ..။
ဆုဖန်းးကတော့ ဘေးနားမှာ ရပ်နေပြီး သိချင်စွာ ရပ်နေခဲ့တယ်..။သူမ အစောကအဖြစ်အပျက်ထဲက နေတောင် ရုန်းမထွက်နိုင်သေးပါဘူး..။
"သွားကြရအောင်..ငါ မင်းတို့က်ို ပြန်ပို့ပေးမယ်.."
လင်းဖန် ပြောလိုက်တာပါ..။
"အိုး.."
ဆုဖန်းးချက်ချင်းခေါင်းညိမ့်လိုက်တယ်..။
…
နောက်တစ်ရက်..။
လင်းဖန် နိးလားခဲ့တယ်..။သူ ဆုဖန်းးနဲ့ ဝုယာတန်ကို ပို့ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့တာပါ..။ဝုယာတန်က လှပတယ် ဆိုပေမယ့့်လည်း သူက အသားယူတတ်တဲ့ လူမျိုး မဟုတ်ပါဘူး..။င
ဗီလာတစ်ခုတွင်..။
ဝုယာတန် နိုးလာတဲ့ အချိန်မှာ ခေါင်းတွေ အတော် ရီဝေနေခဲ့တယ်..။မနေ့ညက အဖြစ်အပျက်တွေကို သူမ မမှတ်မိှတ်မိပါဘူး..။ယင်းနောက် သူမ တစ်ခုခုကို မှတ်မိသွားပြီး စောင်ကို ဘေးဘက် အမြန်ဖယ်လိုက်မှ စိတ်သက်သာရာ ရသွားွားခဲ့ပါတယ်..။
ဆုဖန်းး လျောက်လာပြီး ပြောလိုက်တယ်..။
"ယာတန် နိုးလာပြီလား..."
ဝုယာတန် ခေါင်းကိုက်နေပြီး ပြောလိုက်တယ်..။
"ဆုဖန်းး မနေ့ညက ဘာတွေဖြစ်တာလဲ.."
ဆုဖန်းးမနေ့ညက အကြောင်းကို ပြန်တွေးမိတဲ့ အချိန်မှာ အသက်တောင် မရူနိုင်ပဲ ပြန်ပြောလိုက်တယ်..။
"ယာတန် ချင်ချင် နဲ့ မပျော်ပါးနဲ့တော့..။မနေ့ညက သူမက နင့်ကို သစ္စာဖောက်သွားတာ..။သူမက နင့်ကို မူးအောင်တိုက်ပြီး ယောက်ျားတစ်ယောက်ကို ခေါ်သွားခိုင်းဖို့ လုပ်နေတာလေ..။မနေ့က ကိစ္စကို ပြန်တွေးကြည့်ရင် အတော် အန္တရာယ်များတ်..။နင့့်ရဲ့ အန်ကယ်လင်းသာ လာမကယ်ယ်ရင် တကယ် မလွယ်ဘူး.."
"အာ..."
ဝုယာတန် ကြောင်အသွားခဲ့တယိ..။ယင်းနောက် သူမ ဟိုနေ့က တွေ့ခဲ့တဲ့ လူငယ်လေးကို ပြန်တွေးမိလိုက်ပါတယ်..။
ဆုဖန်းးကတော့ ဘေးနားမှာ ထိုင်ပြီး မနေ့က ကိစ္စ အရာရာတိုင်းကို ပြန်ပြောပြနေခဲ့တယ်..။ဝုယာတန် ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ပါတယ်..။ကျန်းချင်ချင် သူမအပေါ် ဒါမျ်ိုး လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
သူမ အခြေအနေကို မမှတ်မိှတ်မိပေမယ့့် ဒါက သူမကို ကြောက်ရွံ့စေပါတယ်..။
သို့ပေမယ့်..သူမကို ပိုပြီး သိစေချင်တာက..သူမ သူငယ်ချင်းတွေကို ဂရုစိုက်ဖို့ ပြောခဲ့တဲ့..သူ့အန်ကယ်ရဲ့ မိတ်ဆွေ လူငယ်လေးပါပဲ..။ဒါက အမှန်တကယ် ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ပေ..။