← Chapters

ဟုတ်တယ် အဲလိုပဲ..

Vol. 46 Ch. 682

ဟုတ်တယ် အဲလိုပဲ..

Vol. 46 Ch. 682

#ဘာသာပြန် = စနိုးဝှိုက်

ဇိမ်ခံဗီလာ ထဲတွင်..။

အထဲကနေ ဒေါသတကြီး အော်တဲ့ အသံတွေ ထွက်လာနေခဲ့တယ်..။အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကတော့..အကုန်ဖျက်ဆီး ခံထားရပါတယ်..။အထဲမှာ အတော်ကို ဆိုးဆိုးရွားရွား ရှုပ်ပွနေခဲ့တာပါ..။

"ချီးပဲ..ချီးပဲ..ဒီ ခွေးသားကို ငါဘယ်တော့မှ မေ့မှာ မဟုတ်ဘူး..."

သူ မနေ့က ကိစ္စကို ပြန်တွေးမိတိုင်း ဒေါသထွက် ပြီး ရှက်ရွံ့နေခဲ့တယ်..။လိန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် အနေနဲ့ သူတစ်စုံတစ်ယောက် ဆီမှာ အရိုက်ုက်ခံခဲ့ရတာပါ..။

သူ မနေ့က ..အရက်တွေ မူးပြီး ဘယ်လို အိမ်ပြန်ရောက်လာလဲ တောင် မသိခဲ့ပေမယ့်..မျက်လုံး မှိတ်လိုက်တိုင်းမှာ သူ ရိုက်နှက်ခံခဲ့ရတာကိုပဲ..ပြန်မြင်နေရပါတယ်..။

သူ သည်းမခံနိုင်တော့ပါဘူး..။

…

လင်းဖန် လက်ချောင်းတွေကို လှုပ်ပြီး..တွက်ချက်လိုက်တယ်..။ဝုယာတန် ရဲ့ ပြသနာက အဆင်ပြေသွားပြီ ဆိုပေမယ့်.နောက်တစ်ခါ ပြန်မဖြစ်နိုင်ဘူးလိူ့တော့ ပြောလို့ မရပါဘူး..။နောက်တစ်ခါ လုံးဝ မဖြစ်အောင် တားဆီး ချင်တယ် ဆိုရင်တော့ သူ ပြသနာ ရဲ့ အရင်းအမြစ်ကို တားဆီးမှ ဖြစ်မှာပါ..။

ဝူရှ အသိပညာ အခန်းမှာက ..ကိုယ်ခံပညာ အပြင် တစ်စုံတစ်ယောက်ရဲ့..စိတ်ကိုပါ ထိန်းချုပ်လို့ ရတဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်..။

သို့ပေမယ့့် မာစတာ လင်းက ဘယ်သူလဲ..။သူက အမှန်တရားကို ကူညီပြီး မကောင်းမူတွေကို တွန်းလှန်နေတဲ့ လူတစ်ယောက်ပါ..။သူ တစ်ခြား တ၀်ဖက်ကို တိုက်ခိုက်ဖို့ မရိုးသားတဲ့ နည်းလမ်းတွေကို အသုံးပြုမှာ မဟုတ်ပါဘူး..။

ဒါက တကယ်ကို မလိုအပိိပေ..။

မာမူဖန်းး ရဲ့ မတော်တဆမူ အတွက်ကတော့..သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ပါဘူး..။ဒီငနဲက လူတွေ အများျားကြီးကို ဒေါသထွက်ခဲ့အောင် လုပ်ခဲ့တော့ သူ့မှာ..ဒီနည်းလမ်း တစ်ခုပဲ ရှိခဲ့ပါတယ်..။လိန်ဟောင်ထျန် အတွက်ကတော့..သူက ဒီနည်းလမ်းနဲ့ ထိုက်တန်တယ် လို့ လင်းဖန် မခံစားရပေ...။

"ချီးပဲ..ငါ အရေးကြီးတာကို မေ့တော့မလို့.."

အဲ့အချိန်မှာပဲ..လင်းဖန် သူ့နှာဖူးသူ ရိုက်လိုက်တယ်။သူ ချန်းဟိုင်ဂီ နဲ့ မနေ့က တွေ့တုန်းက..ချင်းထျန်ဘေ ပြိုင်ပွဲမှာ..ဝင်ပြိင်မယ်လို့ မပြောခဲ့ရပါဘူး..။

သူ ချက်ချင်း ဖုန်းခေါ်လိုက်တယ်..။

"ဟိုင်ဂီ..ချင်ထျန်ဘေ ပြိုင်ပွဲမှာ ငါဝင်ပြိုင်လို့ရအောင် စာရင်းသွင်းပေးပါဦး..။အ်ိုး..ငါ့ကို ကားအတွက်လည်း ပြင်ဆင်ပေးဦး.."

"ဟင်..."

မာစတာလင်း ပြိုင်ပွဲဝင်ပြိုင်မယ် ဆိုတာကို ကြားတဲ့ အချိန်မှာ ချန်းဟိုင်ဂီ ဆွံ့အသွားခဲ့တယ်..။ဒီပြိုင်ပွဲက အတော်ကို အန္တရာယ်များပါတယ်..။သိူ့ပေမယ့့်..သူ မငြင်းပယ်ရဲတာကြောင့် သဘောတူဖို့သာ တတ်နိုင်ခဲ့တယ်..။

သူတို့နှစ်ယောကိ ဖုန်းမချမှီ အချိန်အတော်ကြာအောင် စကားပြောခဲ့ကြပါသေးတယ်..။

လင်းဖန် အတွေးတွေကိင စုစည်းပြီး အပြင်ကို ထွကိဖို့ ဦးတည်လိုက်တယ်..။အခုချိန်မှာတော့..သူနောက်ထပ် အမုန်းတရား နည်းနည်း သွားယူဖိူ့ လိုအပ်နေပါပြီ..။

…

လိန် မိသားစု အိမ်တော်တွင်..။

လိန်ဟောင်ထျန် အနေနဲ့ ဒီလို အိမ်ကြီးမှာ နေနေရပေမယ့့် ဖိအားတွေ အများကြီး ရှိပါတယ်..။ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်းသော အဖိုးတန်သားလေး မဟုတ်ပါဘူး..။

သူ့ရဲ့ အကြီးဆုံး အန်ကယ်မှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိပါတယ်..။ဒါကတင် အတော် ဖိအား များနေခဲ့ပါပြီ..။

သူ့ရဲ့ ဒုတိယ အန်ကယ်မှာက..သားသုံးယောက်နဲ့ သမီး နှစ်ယောက် ရှိပါတယ်..။ဒါက ပိုတောင် ဖိအားများပြီး သူ့မှာ ခေါင်းတောင် မဖော်နိုင်ပါဘူး..။

သူ့အဖေ အတွက်ကတော့..သူတစ်ယောက်တည်းသာ သားအဖြစ် မွေးထားခဲ့ပါတယ်..။သူ့ရဲ့ လွမ်းမိုးနိုင်စွမ်း ဆိုတာက မရှိပါဘူး..။ပြီးတော့..သူ့ရဲ့ တည်ရှိမူကလည်း အသုံး မဝင်သလောက်ပါပဲ..။သူ က စားဖို့ သောက်ဖို့ လောက်ပဲ သိပြီး သေဖို့ စောင့်နေတဲ့ လူတစ်ယောက်ပါ..။သူ့ အန်ကယ်တွေရဲ့ သားတွေ သမီးတွေ နဲ့ ယှဥ် ရင် သူက ဘာမှ မဟုတ်တော့ပါဘူး..။

သိူ့ပေမယ့့် ကောင်းတဲ့ အရာက လိန်မိသားစူမှာ လွမ်းမိုးနိုင်စွမ်းနဲ့ အင်အားတွေ ရှိနေခဲ့တာပါ..။ဘေဂျင်းမှာတောင် သူက အသုံးမဝင်တဲ့ လူတစ်ယောက် ဖြစ်နေတယ် ဆိုပေမယ့့် လာရှုပ်ရဲတဲ့လူ မရှိပါဘူး..။

တစ်ခုတည်းသော အရာက..မနေ့ညက သူ့ကို စိတ်ရှုပိစေခဲ့တဲ့ ငနဲပါ..။

လိန်ဟောင်ထျန် အပြင်ကို ထွက်ဖို့ လုပ်တဲ့ အချိန်မှာပဲ လူတစ်ယောက်ရဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်..။သူ့မျက်နှာက..ဘဝင်မြင့်တဲ့ မျက်နှာ မျိုး ဖြစ်နေပြီး..

"ဟေး..ဟောင်ထျန် မင်းမျက်နှာက..ဘာဖြစ်နာလဲ..။ဘာလို့ မင်းကို တစ်ယောက်ယောက်က ရိုက်နှက်လိုက်တယ်လို့ ငါ ခံစားနေရတာလဲ.."

လိန်ဟောင်ထျန် ..တစ်စုံတစ်ယောက် သူ့ရှေ့ရောက်နေတာကို မြင်ပြီးပြုံးလိုက်တယ်..။သို့ပေမယ့့် သူ့ရဲ့ အပြုံးက ဟန်ဆောင် အပြုံးပါ..။

"အစ်ကို ဘာမှ မဟုတ်ပါဘူး..။ကျွန်တော် တစ်ခုခု နဲ့ တိုက်မိသွားတာ..."

"အိုး..ဘယ်လောက် ဂရုမဲ့လိုက်သလဲ..။ငါထင်တာက တစ်စုံတစ်ယောက်က ရိုက်နှက်လိုက်တယ်လို့ ထင်နေတာ..။မေ့လိုက်တော့..ထပ်ပြီး ပြောမနေနဲ့တော့..။ငါ ကော်ပိုရေးရှင်းကို သွားရဦးမယ် ..အရေးကြီးတဲ့ စာချုပ်ချုပ်စရာ ရှိလို့..။မင်းလည်း ပိုပြီး ကြိုးစားနော်..။တစ်ချိန်လုံးသောက်စားပြီး..ပျော်ပါးနေတာက ကောင်းတဲ့ အလုပ်မဟုတ်ဘူး.."

လိန်ဂျန်ဖေး ရယ်မောပြီး ​ပြောလိုက်တာပါ..။သို့ပေမယ့့် သူ့ရဲ့ စကားလုံးတွေထဲမှာတော့..အထင်သေးမူ တွေ ပါဝင်နေခဲ့ပါတယ်..။

"အမှန်ပဲ..အစ်ကိုကြီး ပြောတာ..မှန်ပါတယ်..ကျွန်တော် ပိုပြီး ကြိုးစားပါ့မယ်.."

လိန်ဟောင်ထျန် ခေါင်းညိမ့်လိုက်တယ်..။သိူ့ပေမယ့့် သူ့ အစိကို ထွက်ခွာသွားတဲ့ အချိန်မှာတော့ အပြုံးဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသနဲ့ အမုန်းတရားတွေသာ ပေါ်လာခဲ့တယ်..။

"ဘယ်လောက် မုန်းဖို့ကောင်းလဲ..။ငါ့ရှေ့မှာ လာကြွားဝါ ပြနေတယ်.။တစ်နေ့ကျရင် ငါမင်းတို့ရဲ့ အထက်ကို ရောက်အောင် တက်ပြမယ်..."

လိန်ဟောင်ထျန် မပျော်မရွှင်ဖြစ်သွားပေမယ့့် သူ့စိတ်ထဲမှာတော့..ဘာ အစီအစဥ် မှ မရှိပါဘူး..။တစ်ဖက်လူက သူ့ရဲ့ အကြီးဆုံး အန်ကယ်ရဲ့ သားဖြစ်ပြီး ကုမ္ပဏီ မှာ ရာထူးကြီးကြီး တစ်ခု ရှိပါတယ်..။ဒါက သူ နှိုင်းယှဥ်ဖို့ မဖြစ်နိုင်လောက်တဲ့ အရာပါပဲ..။

သိူ့ပေမယ့့် .သူ သူ့ရဲ့ ညီအစ်ကို တွေကို မယှဥ်နိုင်ရင်တောင် ..သူ့အဖေကတော့..သူ့ဦးလေးတွေနဲ့ ယှဥ်ပြိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့တာပါ..။

ကားခရီး တွင်..။

လိန်ဟောင်ထျန် ရောက်တဲ့နေရာတိုင်းက လူအများကြီးရဲ့ ဆွဲဆောင်မူကို ရရှိစမြဲပါ..။

"အစ်ကိုလိန် ..ဒီကို လာခဲ့ဦး.။ဒီက ကားကို တစ်ချက် လာရှိုးလိုက်..။ကျွန်တော် ပြန်ပြင်ဆင်ထားတာ ပြီးတော့မယ်.."

လူငယ်လေး တစ်ယောက်က..အလျင်အမြန်လာပြီး သခင်လေးလိန် ရဲ့ မျက်နှာသာပေးမူကို ရဖို့ ကြိုးစားလိုက်တာပါ..။

လိန်ဟောင်ထျန် ခေါ၈်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် မဆိုးဘူး..မဆိုးဘူး..."

အိမ်မှာ ဆိုရင်..သူက..အထင်သေးခံရတဲ့ လူတစ်ယောက် ဖြစ်ပေမယ့့် အပြင်မှာ ဆိုရင် လူအများရဲ့ မြှောက်ပင့့်တာကို အမြဲတမ်းခံရလေ့ ရှိပါတယ်..။ဘယ်လောက်တောင် ကောင်းမွန်တဲ့ ခံစားချက်လဲ..။

"အစ်ကိုလိန် ရဲ့..လက်ရှိကားကို ကြည့်လိုက်ဦး..ဒါက ချင်းထျန်ဘေ ပြိုင်ပွဲမှာ ကျိန်းသေ ပထမ ရလိမ့်မယ်..."

လိန်ဟောင်ထျန် လက်ဝေ့ယမ်းလိုက်တယ်.။

"ဦးနှောက်ရှိတဲ့ ဘယ်သူကမှ ပြိင်ပွဲကို မသွားဘူး..။ဂရုမစိုက်ိုက်ရင် အသက်ပါ ပေးဆပ်လိုက်ရမယ့် နေရာပဲ..။ဒါကို နည်းနည်း ထပ်ပြီး ဖိုင်းသွားအောင် လုပ်ဖို့ ကူညီပေးပါဦး..။အဲ့နေ့ကြရင်..ငါနည်းနည်း လောက် ပတ်မောင်းရရင်ကို ကျေနပ်ပြီ.."

သူကားတွေကို သဘောကျပေမယ့့်..ကားပြိုင်ပွဲဝင်ဖို့တော့ စိတ်ကူးမရှိပါဘူး..။ဒါက အန္တရာယ်များတာကို ဘယ်သူက မသိပဲနေမှာလဲ..။ခနလောက် သတိလက်လွတ် ဖြစ်တာနဲ့..အသက်ပါပေးဆပ်လိုက်ရမှာပါ..။အဲ့မှာ သွားပြိုင်တဲ့ လူတွေက ဦးနှောက်မရှိတဲ့ စောက်ရူးတွေပါပဲ..။

"ဟိုင်း..ကောင်လေး လိန် ..ငါ့ကို မှတ်မိသေးလား..."

အဲ့အချိန်မှာပဲ..လင်းဖန်ဟာ ကားဂိုတောင် တံခါးနားကနေ ပေါ်လာခဲ့တယ်..။

လိနိဟောင်ထျန်သူ့ကို မြင်တဲ့ အချိန်မှာ ချက်ချင်း အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။

"မင်း...မင်း..."

လင်းဖန် .ရှေ့ကို တက်သွားပြီး သူ့ရဲ့ လက်ကို ဖမ်းဆွဲလိုက်တယ်..။

"လက်ညိုးနဲ့ ထိုးနေတာ တော်လိုက်တော့..။မနေ့ညက ..ငါ့နာမည်ကို ပြောထားတယ်လေ..မမှတ်မိဘူးလား..."

လိန်ဟောင်ထျန် ဒီနာမည်ကို မမှတ်မိှတ်မိပဲ မနေပါဘူး..။သို့ပေမယ့့် သူ့စိတ်ထဲမှာတော့ ဒေါသတွေ ပြည့်နှက်နေခဲ့ပါပြီ..။မနေ့က ညက ခွေးသားက..သူ့ရှေ့မှာ ထပ်ပေါ်လာမယ်လို့ မထင်ထားခဲ့ပေ..။

လင်းဖန် အကူညီမဲ့စွာပဲ ခေါင်းခါယမ်းလိုက်တယ်..။သူ သက်ပြင်းချလိုက်ပြီး..

"ကြည့်ရတာ မင်းက မေ့သွားပြီ ထင်တယ်..။ငါကပဲ သတိရ​ေအာင် လုပ်ပေးရတော့မှာပေါ့.."

ဖြန်း...

ဒီရိုက်ချက်က လာခဲ့ပြန်ပါပြီ..။

လိန်ဟောင်ထျန် ရဲ့ ခေါင်းက ဘေးကို ယိုင်သွားခဲ့တယ်..။ဒီငနဲက သူ့ကို တကယ် ထပ်ရိုက်ရဲတာပါ..။

"ငါ..."

*ဖြန်း*

ရှင်းလင်း ပြတ်သားတဲ့ ရိုက်ချက်သံဟာ ထွက်ပေါ်နေခဲ့တယ်..။ကားပြင်နေတဲ့ လူတွေ အကုန်လုံး...ကြောင်အနေခဲ့ကြပါတယ်..။

နေ့ဘက်ကြီး သခင်လေး လိန် ရဲ့ မျက်နှာကို တစ်ယောက် ယောက်က ရိုက်နှက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

"မှတ်ထား ..ငါ့နာမည်က လင်းဖန်..။ရှန်ဟိုင်းမှာ ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်..။လူတိုင်းကတော့ မာစတာလင်း လို့ပဲခေါ်ကြတယ်..။မင်းငါ့ကို မုန်းတီး လွန်းလို့ သတ်ချင်နေပြီ မလား..။မင်းအိပ်နေတဲ့ အချိန်မှာတောင် ငါ့ကို ဘယ်လို ူတ်ရမလဲ တွေးနေမယ်မလား..."

လူတစ်ယောက် သူ့ကို မုန်းလာအောင် လုပ်ဖို့ဆိုတာ မလွယ်ကူးဘူးလို့ လင်းဖန် တွေးမိလိုက်ပါတယ်..။ဘယ်လို လူကောင်းပင် ဖြစ်နေပါစေ..သူ့ကို အကြိမ်များစွာ ရိုက်ရင် တော့ သည်းခံစိတ်တွေ ကုန်လာမှာပါ..။သို့ပေမဲ့..ဒီငနဲက..သူ့ကားကို တောငိ.ဒီဇိုင်းအသစ် ဖန်တီးဖို့ စိတ်ခံစားချက် ရှိနေဦးမယ်လို့ မထင်ထားခဲ့ပါဘူး..။

"မင်း..."

လိန်ဟောင်ထျန် အော်လိုက်တယ်..။

"မင်း ဘာလုပ်ချင်နေတာလဲ...။ငါ မင်းကို သတ်မယ်..."

လိန်ဟောင်ထျန် ဒေါသထွက်လာတာကို ကြည့်ပြီး လင်းဖန် ကျေနပ်စွာ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ဒီီလိုမျိုး ဒေါသထွက်တာကိုပဲ..ငါလိုချင်တာ..။မုန်းလိုက်..ငါ့ကို ဒေါသထွက်လိုက်..ဒါက မင်းလုပ်သင့့်တဲ့ အရာပဲ..."

*ဖြန်း*

*ဖြန်း*

နောက်ထပ် ဘယ်တစ်ချက် ညာတစ်ချက် ထပ်ရိုက်လိုက်တယ်..။လိန်ဟောင်ထျန် ဆွံ့်နေခဲ့ပါတယ်..။လင်းဖန် ရိုက်တဲ့ ခွန်အားက အရမ်းမများပေမယ့် ဒါက အရှက်ရစရာ ပါပဲ..။

လင်းဖန် ရပ်ပြိီး လိန်ဟောင်ထျန် ကို လွတ်ပေးလိုက်ပါတယ်..။

"ဒါခောက်ဆို တော်လောက်ပြီ.."

လင်းဖန် အချိန်ကျပြီး လို့ခံစားလိုက်ရပါတယ်..။သူ ဒီငနဲနဲ့ နောက်တစ်ခါတွေမှ အမုန်းတရား တွေ ဖြစ်ပေါ်လာအောင် ထပ်လုပ်ဆောင်ရမှာပါ..။သို့ပေမယ့့် အခုကတော့ ဒီလောက်ပါပဲ..။

လင်းဖန် ထွက်သွားတဲ့ အချိန်မှာ..လိန်ဟောင်ထျန် ပြန်ထလာခဲ့တယ်..။

သို့ပေမယ့့် သူက နားပါးတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ဘေးနားကလူတွေ ပြောတာကို ကြားနေခဲ့ရပါတယ်..။

"ချီးပဲ..ဒီငနဲက သခင်လေး လိန်ကို ရိုက်နှက်ပြီး ဘာမှ မဖြစ်သလို ထွက်သွားပါလား..."

"ကိုယ်တိုင် မမြင်ရရင် ဘယ်သူက ယုံနိုင်မှာလဲ..ဒါကကြောက်စရာပဲ.."

"သခင်လေး လိန် ရိုက်နှက်ခံရမယ်လို့ မထင်ထားဘူး..။ဒီမြင်ကွင်းက မြင်ရခဲတယ်..."

အဲ့အချိန်မှာတော့ လိန်ဟောင်ထျန် ရဲ့ မျက်နှာက..စိမ်းသွားလိုက် ဖြူဖျော့သွားလိုက် ဖြစ်နေခဲ့တယ်..။ဒါက ဆိုးရွားတဲ့ မြင်ကွင်းပါပဲ..။သူ ထွက်မသွားခင် ဘေးကလူတွေကို တစ်ချက် စိုက်ကြည့်လိုက်ပါတယ်..။

တစ်ခြားတစ်ဖက်မှာ တော့ ကျန်တဲ့လူတွေဟာ ကြောက်ရွံ့သွားကြပြီး ဘာစကားတစ်ခွန်းမှ မပြောရဲတော့ပါဘူး..။လိန်ဟောင်ထျန် ထွက်သွားပြီးမှသာ..သူတို့ စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်..။

All Chapters