မင်း ငါ့ရဲ့ ခံစားချက်တွေကိုရောထည့်ပြီး စဥ်းစားမိရဲ့လား..
Vol. 46 Ch. 683
#ဘာသာပြန် = စနိုးဝှိုက်
နေ့လည်ခင်း..။
"သခင်လေး လိန်..ဘာဖြစ်နေတာလဲ..။ဘာလို့ စိတ်ဓာတ်ကျနေတဲ့ ပုံဖြစ်နေရတာလဲ.."
အဆင့့်မြင့် လဖက်ရည်ဆိုင်တစ်ခုမှာ..ချမ်းသာတဲ့ မိသားစုက သခင်လေးတွေ စုဝေးပြီး ထိုင်နေကြပြီး ဆူညံစွာ စကားပြောနေခဲ့ကြတာပါ..။လူငယ်တစ်ယောကိဟာ..ခါတိုင်း စကားအများကြီး..ပြောတတ်တဲ့..သခင်လေး လိန် ..ငြိမ်နေတာကို ကြည့်ပြီး..သိချင်သွားခဲ့တယ်..။
လိန်ဟောင်ထျန် ..လက်ဝေ့ယမ်းလိုက်တယ်..။
"ဘာမှ မဟုတ်ပါဘူး..။မင်းတို့ စကားဆကိပြောကြ..ငါ ခံစားချက် သိပ်မကောင်းလို့.."
"ဟင်..ခံစားချက် မကောင်းလို့လား..။ ငါ ကူညီပေးမယ်လေ..."
ရုတ်တရက်ပဲ..ကြောက်လန့့်ဖို့ကောင်းတဲ့ အသံတစ်ခုဟာ လိန်ဟောင်ထျန်ကို တုန်လှုပ်သွားစေခဲ့တယ်..။သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ဘယ်သူလဲ ဆိုတာကို မြင်ပြီး ချွေးပျံသွားခဲ့ပါတယ်..။
ကျန်တဲ့ လူတွေဟာလည်း သံသယဖြစ်စွာ ကြည့်လိုက်ကြပေမယ့့် ဘယ်သူလည်း မသိကြပါဘူး..။ဒါက အဆင့့်မြင့် ဆိုင်တစ်ဆိုင်ဖြစ်တာကြောင့် သာမန်လူတွေက ဝင်လာလို့ မရပေ..။ဒီငနဲက..ဘယ်လို ဝင်လာတာလဲ..။
လိန်ဟောင်ထျန် မတ်တတ်ရပ်လိုက်ပြီး..
"မင်း..."
ရုတ်တရက် ရင်းနှိီးတဲ့ မြင်ကွင်းတစ်ခုဟာ လူတိုင်း ရှေ့မှာ ထပ်ဖြစ်သွားခဲ့တယ်..။
ဒိီရက်စက်တဲ့ ေခွးသားက.. သူ့ရဲ့ ဂုတ်ကို ဖမ်းဆွဲထားခဲ့ပါတယ်..။ဒါက ပထမ နှစ်ကြိမ် နဲ့ တစ်ထပ်တည်းပါပဲ..။
နောက်ထပ် လာတဲ့ အရာတွေကတော့..ပြင်းထန်တဲ့ ရိုက်ချက်တွေပါပဲ..။
အဲ့အချိန်မှာ ပဲ လိန်ဟောင်ထျန် ခြောက်ခြားသွားခဲ့တယ်..။သူ စတင်ပြီး ရုန်းကန် လိုက်ပါတယ်..။သို့ပေနယ့့် သူ့ရှေ့မှာ ရှိနေတဲ့လူက အရမ်းသန်မာပြီး သူ ဘယ်လောက် ရုန်းရုန်း..အသုံးမဝင်ပါဘူး..။
"ငါ့ကို..ကယ်ကြပါဦး.."
လိန်ဟောင်ထျန်ဟာ သူ့ ညီအစ်ကို တွေကို ကြည့်ပြီး အော်လိုက်တယ်..။သူ့မျက်လုံးတွေကတော့ အမှန်တကယ် အကူအညီ လိုနေတဲ့ ပုံပါပဲဲ..။
*ဖြန်း*
လင်းဖန် ဆက်တိုက် ရိုက်နေခဲ့တယ်..။
"သူတို့က မင်းကို ကူညီကြမှာ မဟုတ်ဘူး..။ငါ့ကို မုန်းဖို့သာ သတိရစမ်းပါ.."
လိန်ဟောင်ထျန် သူ့ရဲ့ ညီအစ်ကို တွေကို ကြည့်လိုက်တယ်..။သို့ပေမယ့့် သူ့ကို မျှော်လင့့်ချက် မဲ့စေတာက..သူ့ညီအစ်ကိုတွေ ဘယ်သူကမှ မလှုပ်ုပ်ကြပါဘူး..။
ယင်းနောက် သူတို့ရဲ့ စကားသံတွေက..သူ့ရဲ့ မျှာ်လင့့်ချက်ကို လုံးဝ ပျက်ဆီးစေခဲ့ပါတယ်..။
"အားလုံးပဲ..မလှုပ်ုပ်ကြနဲ့..။ဒီငနဲက လိန်ဟောင်ထျန်ကိုတောင် ရိုက်နှက်ရဲတာပဲ..။ဒါက သူသာမန် လူ မဟုတ်လောက်ဘူး..။ငါတို့ ကိုယ့်ဒုက္ခကို မရှာသင့့်ဘူးနော်..."
"အလျင်စလို မလုပ်နဲ့..။အခြေအနေကို ကြည့်ကြရအောင်..."
"သူက လိန်ဟောင်ထျန်ကို တောင် ရိုက်ရဲတာပဲ..။ဘယ်ကနေ လာတာလဲ..."
"ငါလည်း မသေချာဘူး..။ဒါပေမဲ့ သခင်လေး လိန်ရဲ့ မျက်နှာ ကိုကြည့်ရတာတော့..သူ ဒီလို ခံရတာ ပထမဆုံး အကြိမ် မဟုတ်ဘူးထင်တယ်..."
…
"မင်း ငါ့မျက်နှာကို မှတ်မိလား..."
လင်းဖန် မေးလိုက်တာပါ..။
လိန်ဟောင်ထျန်..ကြောင်အနေခဲ့တယ်..။ဘာတွေဖြစ်နေတာလဲ..။သူ မနေ့က မကောင်းတာ တစ်ခုခု လုပ်မိတော့မလို ဖြစ်ခဲပေမယ့့် အမှန်တကယ်တော့ ဘာမှ မလုပ်ခဲ့ပါဘူး..။ဘာလို့ သူက ငါ့ကို တွေ့တိုင်း လိုက်ရိုက်နေတာလဲ..။
ဘယ်လောက် မောက်မာ တဲ့ လူဖြစ်ဖြစ် ဒီလောကိတောင် မောက်မာရလား....
ဒီငနဲက..သူ့ကို ဘယ်လို ထွက်ပေါက်မှ မပေးခဲ့ပါဘူး..။
*ဖြန်း*
"မင်းက မမှတ်မိှတ်မိတဲ့ ပုံပဲ..။ငါ့နာမည်က လင်းဖန်ပဲ..။မင်းနားလည်တယ်မလား.."
*ဖြန်း ဖြန်း*
ရိုက်ချက် တွေဟာ ဘယ်ဖက် ညာဖက်ကနေ ဆက်တိုက် လာနေပြီး..နောက်ဆုံးမှာတော့..လိန်ဟောင်ထျန်ဟာ ဆိုဖာပေါ်မှာ လဲကျသွားခဲ့ပါတယ်..။
လင်းဖန် လုံလောက်ပြီလို့ ခံစားလိုက်ရပြိီး ထွက်သွားခဲ့တယ်..။
လင်းဖန် ထွက်သွားတဲ့ အချိန်မှ ကျန်တဲ့လူတွေဟာ..လိန်ဟောင်ထျန် ဘေးနားကို ရောက်လာကြပြီး..
"သခင်လေး လိန် ..ဒီလူက ဘယ်ကနေလာတာလဲ..။သူက မင်းကိုတောင် ရိုက်နှက်ရဲတယ်..."
"ဟုတ်တယ် သူ ဘယ်ကလဲ.."
ကျန်တဲ့ လူတွေဟာ..လင်းဖန် ရဲ့ အဆင့့်အတနိးကို သာ စိတ်ပူနေကြပြီး..ဒဏ်ရာတွေရနေတဲ့ သူ့ရဲ့ အခြေအနေကိုတော့ သိတ်မဝင်စားကြပါဘူး..။
လိန်ဟောင်ထျန် ..သက်သာလာတဲ့ အချိန်မှာတော့ ဘာစကားတစ်ခွန်းမှ မပြောတော့ပဲ ထွက်သွားခဲ့ကြပါတယ်..။
ကျန်ခဲ့တဲ့ ချမ်းသာ တဲ့ သခင်လေး တွေကတော့..တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးသာ စဥ်းစားနေခဲ့ကြပါတယ်..။
ညအချိန်မှာလဲ..သူ ဒီကြောက်ဖို့ကောင်းတဲ့ ငနဲကို ထပ်တွေ့ခဲ့တယ်..။ရလာဒ်အနေနဲ့..သူ မိန်းမလှလေးတွေ ရှေ့မှာ ထပ်ပြီး အရှက်ရခဲ့ပါတယ်..။
လိန်ဟောင်ထျန် အတွက်ကတော့ ဒီခွေးသားက အတော်ကြောက်ဖို့ ကောင်းတာပါ..။ဒီငနဲက သူ့ဘဝလုံး မေ့နိုင်တော့မှာ မဟုတ်ပါဘူး..။
ချင်းထျန်ဘေ ပြိုင်ပွဲ ကျင်းပရာ နေရာ..။
ဒီ နေရာမှာ လူတွေ ပြည့်နေခဲ့ပါပြီ..။ဒီမှာ သာမန်လူတွေ..ချမ်းသာတဲ့ မိသားစုက ..သခင်လေးတွေ..အရာရှိတွေ ရဲ့ သားသမီးတွေ အစုံရှိကြပါတယ်..။သူတို့ ဒီပြိုင်ပွဲကို ချစ်ကြတဲ့ လူတွေပါ..။
သူတိူ့ထဲမှာ လာပြိုင်ကြတဲ့ လူတွေလည်း ရှိပြီး စိတ်လှုပ်ရှားစွာ လာအားပေးကြတဲ့ လူတွေလည်း ရှိကြပါတယ်..။
ဒါက သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်တာကြောင့့် အကုန်လုံး စိတ်လှုပ်ရှားနေတာက သိပ်တော့ မထူးဆန်းပါဘူး..။
"ချီးပဲ..ဟိုကားက အတော်လှတာပဲ..။ဒါက ကျိန်းသေ ဒေါ်လာ လေးသန်းလောက် အနည်းဆုံး ကုန်ကျလိမ့်မယ်.."
"အင်ဂျင်သံကို နားထောင်ကြည့်လိုက်..။ဒါက ကျိန်းသေ အဆင့့်မြင့်ထားတာပဲ..။မြန်လွန်းလို့ လေပေါ်ကို တောင်ပျံသန်းနိုင်လောက်တယိ.."
"အံ့ဩစရာပဲ. ဒီ ချင်းထျန်ဘေ ပြိုင်ပွဲက ကြည့်ရတာ တကယ် တန်တယိ..."
"ငါ ကြားတာတော့ ပရိုအဆင့့် ပြိုင်ပွဲဝင် အာဗင်လည်း လာမှာတဲ့.."
"ဟုတ်တယ်..သူရောက်နေပြီ..ငါ ခုနက သူ့ကို တွေ့လိုက်တယ်..။သူက ကမ္ဘာချန်ပီယံရှစ် မှာတောင် ဝင်ပြိုင်ဖူးတယ်လေ..။သူက အမေရိကန် ပြိုင်ပွဲဝင်အဆင့့်မှာ ထိပ်တန်း ၅ ယောက် စာရင်းဝင်တယ်..။သူ့ရဲ့ ကားကွေ့တဲ့ စကေးတွေကို ဘယ်နှစ်ယောကိတောင် ကြောက်လန့့်ရမလဲ မသိဘူး.."
အဲ့အချိန်မှာပဲ..အနီးရောင်ကားလေး တစ်စီးဟာ လှလှပပ ကွေ့ပြလိုက်ပါတယ်..။ဒါက ချက်ချင်းပဲ လူတွေ ရဲ့ အာရုံစိုက်မူကို ရသွားွားခဲ့တယ်..။
"အာ..ဒီ ဖယ်ရာရီလေးက..ရီ မိသားစု ကမလား.."
ကားတံခါးပွင့်သွားခဲ့တယ်.။မိန်းမလှလေးတစ်ယောက်ဟာ..အခြေအနေကြည့်ပြီး ဂုဏ်ယူစွာ ထွက်လာခဲ့ပါတယ်..။သူမက အားကစား ဝတ်စုံကို ဝတ်ထားပေမယ့့်လည်း သူမ ရဲ့ လှပမူကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး..။
"ဖယ်ရာရီလေး. မင်းရော..ဒီကားပြိုင်ပွဲမှာ ပါမလို့လား.."
ရီတုန်ရှင်း လူ အုပ်ကြီးကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်..။
"နင်တို့ သေချင်နေကြတာလား..။ငါ့ကို ဖယ်ရာရီ လေးလို့ မခေါ်နဲ့..။ဖယ်ရာရီလေး ဆိုတာ အရင်င်အချိန်တုန်းက ပြည့်တန်ဆာတွေကို ခေါ်တာ..။နင်တို့ ဘာဖြစ်ချင်နေတာလဲ.."
"ဒီလို ဆိုရင်လည်း မင်းသမီးလေးလို့ ခေါ်ရမှာပေါ့.."
"ဟားဟား..."
ဘေဂျင်းမှာတော့ ရီတုန်ရှင်းက အလှအပဂေးဂေးလေးပါ..။သူမပုံက ..နူးညံ့ပုံရပေမယ့့် ပေါင်းသင်းဆက်ဆံရေးကတော့..ဒီလောက်ကြီး မဟုတ်ပါဘူး.."
"အပိုတွေ ပြောနေတာ တော်လောက်ပြီ..ပြိုင်ပွဲက ဘယိိတော့ စမှာလဲ.."
"သိပ်မကြာခင်ပေါ့..မရောက်သေးတဲ့ လူတွေ ရှိသေးတယိလေ.."
ရီတုန်ရှင်း မပျော်မရွှင်ပြောလိုက်တယ်..။
"ဘယ်လို ကောင်မျိုးက အခုထိ မလာသေးတာလဲ.."
အဲ့အချိန်မှာပဲ..ကျယိလောင်တဲ့ ကားမြည်သံတွေကို ကြားလိုက်ရတယ်..။
နောက်ဖက်မှာတော့..ပြိုင်းကားနှစ်စီး မောင်းလာနေခဲ့တာပါ..။
"ချီးပဲ..သခင်လေး လိန်တင် မကဘူး..သခင်လေး ကျိုး ပါ ရောက်လာတာပဲ..!"
"ဘယ်လိုဖြစ်နိုင်မှာလဲ..။သခင်လေး လိန် လာတာကို နားလည်ပေမယ့့် သခင်လေး ကျိုးက ဘာလာလုပ်တာလဲ..။သူ့ကို လူအိုကြီးကပဲ ထိန်းချုပ်ထားတာ မဟုတ်ဘူးလား.."
"ဒါက အရင်င်တုန်းကလေ..။သခင်လေး ကျိုးက မကြာခင်လက်ထပ်တော့မှာ..။မင်းတို့ ဒါကို မသိဘူးလို့တော့ မပြောနဲ့..။ဒါကြောင့်ပဲ လူအိုကြီးက သခင်လေး ကျို့ ကို လွတ်လပ်ခွင့်ပေးထားတာပဲ.."
"အဲလိုလား..."
အဲ့အချိန်မှာပဲ ..တစ်ခြားလူတွေပါ ရောက်လာခဲ့ကြတယ်..။
လိန်ဟောင်ထျန် အေးဆေးပဲ ရှိနေခဲ့တယ်..။သူ့ရဲ့ စိတ်ခံစားချက်တွေက အောက်ဆုံးမှာပါ..။သိုပေမယ့့် ဒီနေ့ သူလာတယ် ဆိုတာက သူ့ရဲ့ကားသစ်ကို ကြွားဖို့ပါပဲ..။
သို့ပေမယ့့် သခင်လေး ကျို့ပါ ဒီရောက်နေမယ်လို့ မထင်ထားခဲ့ပေ..။သူ့ခံစားချက်တွေကတော့ တက်မလာခဲ့ပါဘူး..။သူ ကားပေါ်ကဆင်းပြီး တာနဲ့ ကားကို မှီပြီး လူအုပ်ကြီးကိုသာ ကြည့်နေခဲ့တယ်..။
ရီတုန်ရှင်း သခင်လေး ကျို့ကို တစ်ချက်ကြည့်လိုက်ပြီး..လိန်ဟောင်ထျန်ကို အော်ပြောလိုက်တယ်..။
"လိန်ဟောင်ထျန် ဒီရက်ပိုင်း နင်အရိုက်ုက်ခံနေရတယ်ဆို..။ဘာလို့ အဲ့လူကို ပြသနာ သွားမရှာတာလဲ..."
လိန်ဟောင်ထျန် ဒါကိုကြားတဲ့ အချိန်မှာ စိတ်ထဲ တုန်လှုပ်သွားပေမယ့့် သူမကို မသိချင်ယောင်သာ ဆောငိနေခဲ့ပါတယ်..။
လူတစ်ချို့ဟာ ဒါကိုကြားပြီး သိချင်သွားခဲ့တယ်..။သူတို့ ဒါကို နားမလည်ပါဘူး..။လိန်ဟောင်ထျန်ကို တစ်စုံတစ်ယောက်က ရိုက်တာလား.။ဒါက မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား..။
"ဒီမှာ အကုန်နီးပါး ရောက်နေကြပြီ..။ဒီနေရာကို ခနနေ ပိတိတော့မယ် ထင်တယ်.."
"ခနလေး နောက်ထပ်ကားတစ်စီး လာနေတယ်..."
"အဲတာ ဘယ်သူ့ကားလဲ..."
"ကြည့်ရတာ ချန်းဟိုင်ဂီ ရဲ့ကား ထင်တယ်..."
"သူ ဒီကို ဘာလာလုပ်တာလဲ..။သူ မတော်တဆမူ ပြင်းပြင်းထန်ထန် ဖြစ်ထားတာမလား..။ဒါတောင် ထပ်လာဖို့ သတ္တိရှိသေးတယ်..."
"ဘယ်သူသိမှာလဲ..စကေးရှိတဲ့လူတွေက မရပ်နိုင်ကြဘူးလေ..."
…
ကားရပ်သွားခဲ့တယ်.။
လင်းဖန် ချန်းဟိုင်ဂီ နဲ့ ရှန်းမင် တို့ ကားပေါ်က ထွက်လာခဲ့ကြပါတယ်..။
ကျို့ထျန်းဖူ လင်းဖန်ကို မြင် လိုက်တဲ့ အချိန်မှာ အစက ကြောင်အသွားပြီး နောက်မှ ပြုံးလိုက်ပါတယ်..။
လိန်ဟောင်ထျနိ ရောက်လာတဲ့ လူကို မြင်တဲ့အထျျန်မှာ..သူ့ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။သူ ဒေါသတကြီး ခေါင်းကို လွဲလိုက်ပြီး ဒီငနဲနဲ့ ရှောင်ရှားဖို့ ကြိုးစားလိုက်ပါတယ်..။
သို့ပေမယ့့် ထိပ်လန့့်စရာ အသံ ကြားလိုက်ရတယ်.။
"အာ..သခင်လေး လိန်လည်း ဒီကို ရောက်နေတာပဲ..။ငါ ဘယ်သူလည်း ဆိုတာ မှတ်မိရဲ့လား."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
လိနိဟောင်ထျန် ဒါကိုကြားတဲ့ အချိန်မှာ ခန္တာကိုယ် တုန်လှုပ်သွားခဲ့တယ်..။
သူ လင်းဖန် ထပ်ပြောတာကိုတောငိ မေ၀ာင့်တော့ပဲ..ခံစားချကိတွေ မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်..။
"အဲမှာ ရပ်နေလိုက်..မင်း ဘာဖြစ်ချင်နေတာလဲ.."
လိန်ဟောင်ထျန် ရဲ့ခံစားချက်တွေဟာ..မတည်မငြိမ်ဖြစ်နေခဲ့တယ်..။သူ အသံကုန် ဟစ်ပြီး အော်လိုက်တာပါ..။သူ မနေ့က အဖြစ်အပျက် တွေကို ပြန်တွေးမိတဲ့ အချိန်မှာ ငိုတောင် ငိုချင်နေခဲ့တယ်..။သူ အမှန်တကယ်ပဲ ဘယ်သူ့ကို သွားရှုပ်မိတာလဲ..။သူက ဘာလို့ ဒီလောက်တောင် ခံစားနေရတာလဲ..။
လင်းဖန် ဖြည်းညှင်းစွာ လျောက်သွားလိုက်တယ်..။ကြည့်ရတာ အမုန်းတရား တွေကို သူကောင်းကောင်း ရလိုက်တဲ့ပုံပါပဲ..။
"သခင်လေး လိန် ဘာဖြစ်လို့လဲ..။ဘာလို့ ငါ ဘာဖြစ်ချင်နေတာလဲလို့ မေးတာလဲ.."
"အဲမှာ ရပ်နေလိုက်."
လိန်ဟောင်ထျနိ နောက်ကို အနည်းငယ် ဆုတ်လိုက်တယ်..။
ဘေးနားက လူတွေကတော့ အံ့ဩစွာ ကြည့်နေကြပါတယ်..။
"လိန်ဟောင်ထျန် က ဘာဖြစ်နေတာလဲ.."
"မသိဘူးလေ..သူ့ခံစားချက်တွေကတော့သိပ် မူမမှန်ှန်ဘူးနော်..."
"အဲ့ငနဲက ဘယ်သူလဲ..။လိန်ဟောင်ထျန်က သူ့ကို သိနေသလိုပဲ.."
လိနိဟောင်ထျန် လက်ဝေ့ယမ်းလိုက်တယ်..။သူ့ရဲ့ အသက်ရူသံ တွေက မူမမှန်ှန်တော့ပါဘူး..။
"မင်း ဘာဖြစ်ချင်နေတာလဲ..။ငါ မင်းကို ဘာတွေများ အပြစ်ပြုမိလို့လဲ.။မင်း ဘာလို့ ငါ့ကို ဒိီလိုတွေ လုပ်နေတာလဲ..။မင်း ပြီးခဲ့တဲ့ ရကိတွေကလည်း ငါ့ဆီလာပြီးပြီလေ..။မင်း ငါ့ကို ဘာလုပ်ဖို့ တွန်းအားပေးနေတာလဲ..။မင်းငါ့ကို အကြိမိပေါင်း များစွာ ရိုက်နှက်ပြီးပြီလေ..။မင်း ငါဘယ်လို ခံစားနေရမလဲ ဆိုတာကိုရော တွေးမိရဲ့လား..."
လင်းဖန် အံ့ဩသွားခဲ့တယ်..။အခြေအနေက မူမမှန်ှန်တော့ဘူးဆိုတာ သူနားလည်လိုက်ပါတယ်..
လိန်ဟောင်ထျန်က ခံစားချက် အထွဋ်အထိပ်ကို ရောက်ပြီး ဆက်တိုက် အော်ဟစ်နေခဲ့ပါတယ်..။
"ဟုတ်တယိ ငါ မှားခဲ့တယ်..။ငါ မိန်းကလေး တွေကို အရက်မူးအောင် တိုက်ပြီး အခန်းထဲ ခေါ်ချင်ခဲ့တယ်.။ဒါပေမဲ့ ငါတကယ် ခေါ်ခဲ့လို့လား..။ငါ မလုပ်ခဲ့ဘူးလေ.မလုပ်ခဲ့ဘူး...။ငါ နောက်ဆက်တွဲတွေကို မတွေးခဲ့ဘူး.။ဒီကမ္ဘာမှာ မိန်းကလေးတွေ အများကြီး ရှိပေမယ့့် အဲတစ်ယောက်ကို မရွေးခဲ့သင့့်ဘူး..။အိပ်မှာ ဆိုရင်တောင် ငါ့မှာ ဖိအားတွေ အများကြီးနဲ့နေနေရတာ..။ငါ အပြင်ထွက်ပြန်တော့လည်း မင်းရိုက်တာခံနေရတယိ..။ငါ ဘယ်လို ခံစားရမလဲ ဆိုတာကိုရော မင်းတွေးမိရဲ့လား..။မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ ဆိုတာသာ ပြောပါ..။ဒီမှာ လူတွေ အများကြီး ရှိတယ် မင်း ငါ့ကို အရှက်ရစေချင်တာဆိုရင်လည်း ငါ့ကိုယ်ငါ ပြန်ရိုက်နှက်လိုက်မယ်..."
လိန်ဟောင်ထျန် ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး မျက်ရည်တွေဟာ မထိန်းချုပ်နိုင်စွာ ဆက်တိုက် ကျဆင်းနေခဲ့ပါတယ်..။
သူလည်း ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။ဒီငနဲက တစ္ဆေတစ်ယောက်လိုပဲ..သူ့နောက်ကို အမြဲတမ်း လိုက်ပြီး လူကြားထဲမှာ အရှက်ရအောင် လုပ်နေခဲ့တာပါ..။
"ပြောလေ..ငါ့ကိုယ်ငါ ပြန်ရိုက်နှက်ရမှာလား..။ငါ့ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်..."
လိန်ဟောင်ထျန် ခံစားချက်တွေ အပြည့်နဲ့ အော်ပြောနေခဲ့တယ်..။
လင်းဖန် ဆွံ့အနေခဲ့တယ်..။သူလည်း ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး..။
"အဲနေ့ပြီးတော့ မင်းလက်စားချေဖို့ မစဥ်းစားခဲ့ဘူးလား..ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အဓမ္မပြုကျင့်ဖို့ပေါ့..."
လိန်ဟောင်ထျန် ရဲ့ အသက်ရူ သံတွေဟာ ပိုပိုပြီး မြန်လာခဲ့တယ်..။
"မင်းဘာပြောတာလဲ..ဒါက ဘေဂျင်းပဲ..တောထဲမှာ ရောက်နေတာ မဟုတ်ဘူး..။မင်း ဝတ္ထုတွေ အရမ်းဖတ်ထားတာပဲ..။ဒါက ပြစ်မူကျူးလွန်တာပဲလေ..မင်းမသိဘူးလား..။ဒိီမှာ မိန်းမတွေ ဒီလောကိပေါတာ ငါက ဘာလို့ မိန်းကလေးတစ်ယောက် အတွက်နဲ့ လက်စားချေရမှာလဲ..။မင်းဘာတွေ တွေးနေတာလဲ..။ပြောစမ်းပါ..ငါ လိန်ဟောင်ထျန် မျက်နှာပျက်ရမယ် ဆိုရင်တောင် မင်းကျေနပ်အောင် ဖြည့်ဆည်းပေးပါ့မယ်.."
သူ ပိုပြီးပြောလေလေ ပိုပြီး ဝမ်းနည်းလာလေလေ ပါပဲ.။
"ချီးပဲ.."
လင်းဖန် သူ့ကိုယ်သူ အတွေးလွန်နေတယ် ဆိုတာကို နားလည်လိုက်တယ်..။
အဲ့အချိန်မှာပဲ..လင်းဖန် လိန်ဟောင်ထျန် ရှေ့ကိုသွားပြီး လက်ဆန့့်တန်လိုက်တယ်..။ဒါက လိန်ဟောင်ထျန်ကို ကြောက်လန့့်စေပေမယ့့် သူ့ မျှော်လင့့်ထားသလို အရိုက်ုက်နှက် မခံခဲ့ရပါဘူး..။လင်းဖန် ရဲ့ လက်က သူ့ပုခုံးပေါ် ရောက်နေတာကို နားလည်လိုကိပါတယ်..။
"အာ..သခင်လေးလိန်..ငါတောင်းပန်ပါတယ်..။ငါ အတော် အတွေးလွန်သွားတယ်..။ငါ ဘာမှ မဟုတ်ပဲ..မင်းအပေါ် ဒီရက်ပိုင်း အရှက်ရအောင် လုပ်ခဲ့မိတာပဲ..။ငါ မင်းကို ဘယ်တော့မှ ထပ်မရိုက်တော့ပါဘူး..။မင်းငါ့ကို အပြစ်မမြင်ဘူး မလား..."
လင်းဖန် သခင်လေး လိန်ကို ကြည့်ပြီး ပြောလိုက်တာပါ..။အခု ချိန်မှာ ပြန်တွေးကြည့်လိုက်ရင် သူ အတော်စည်းကျော်ခဲ့သလို ခံစားလိုက်ရပါတယ်..။
လိန်ဟောင်ထျန် ကြောင်အသွားခဲ့တယ်..။ာင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပြီး..
"မင်းက တစ်ချိန်လုံး ငါလက်စားချေမယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို မဟုတ်တာ လုပ်မယ်လို့ တွေးနေတာလား.."
လင်းဖန် ငြင်းချင်ပေမယ့့် အမှန်အတိုင်းပြောဖို့သာ ဆုံးဖြတ်လိုက်တယ်..။
"အင်း..."
အဲ့အချိန်မှာတော့..လိန်ဟောင်ထျန် မျက်ရည်တွေ ကျလာခဲ့ပါတယ်..။
"ငါ အဲလိုတွေ မတွေးခဲ့ဘူးလေ..."
လင်းဖန် သူ့ကို ပုတ်လိုက်ပြီး..
"အခု ငါသိပါပြီ..။အရမ်းလည်း ဝမ်မနည်းနေပါနဲ့..။မင်းမျက်နှာ အရမ်းမနာာ ဘူးမလား..ငါ ကြည့်ပေးမယ်လေ..."
"ငါ့ကို လာဂရုစိုက်ပြမနေနဲ့..။တကယ်ပဲ.. ဒီနေ့မှာ ရပ်တန့့်လိုက်ရအောင်..။နောက်တစ်ခါတွေ့ရင် ငါ့ကို မသိချင်ယောင်ဆောင်နေ ငါလည်း မင်းကို မသိချင်ယောင် ဆောငိနေမယ်..။ငါ တကယ်ကြောက်နေပြီ..။ငါ ဒီအသက်အရွယ်အထိ ဒါမျိုး မကြုံဖူးဘူး..။နောက်ဆို ဝတ္ထုတွေ အရမ်းမဖတ်နဲ့..။ငါက ၁၀ နှစ်အရွယ်လည်း မဟုတ်တော့ဘူး ၂၂ နှစ်ရှိနေပြီ..။ဘယ်လိုလုပ် မိန်းမတစ်ယောက် အတွက်လက်စားချေမှာလဲ..။ငါ စကားနဲ့ သာ မုန်းတီးအောင် ပြောပေမဲ့ အဲလိုတော့ လုပ်မှာ မဟုတ်ဘူး..."
"အနားဂတ်မှာ ဘယ်မိန်းကလေးကိုမှ မူးအောင် မတိုက်ဖို့ ငါ ကတိပေးတယ်..။မင်းကတော့ ငါနဲ့ အဝေးဆုံးမှာ နေပေးပါ..."
လိန်ဟောင်ထျိန် ကို ကြည့်ပြီး လင်းဖန် သက်ပြင်းချလိုက်တယထ..။ဒါတွေက သူအတွေးလွန်လို့ ဖြစ်လာရတာပါ..။
ချီးပဲ အဲလိုလား...
အဲ့အချိန်မှာပဲ..လင်းဖန် အဓိက အချက်ကို ဖမ်းဆုပ်မိလိုက်တယ်....။
သူ လိန်ဟောင်ထျန်ကို တွေ့တုန်းက မကြာခင် ကပ်ဆိုးကျရောက်နိုင်ပေမယ့့် အခုတော့ ဘာမှ မရှိတော့ပါဘူး..။
ဝုယာတန်သာ တစ်ခုခုဖြစ်သွားရင် ဝုယန်ဂန်က လိန်ဟောင်ထျန်ကို သတ်ဖို့ကြိုးစားမှာပါ..။ဒါဆိုရင် လိန်မိသားစုက..ဝုယန်ဂန်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး..။ဒါကြောင့်.....
နားလည်ပြီ..
အကုန် နားလည်သွားပြီ.။
လင်းဖန် လိန်ဟောင်ထျန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး...
"အရမ်းလည်း မစွဲလမ်းလမ်းပါနဲ့..။ငါ လူမှားပြီး ရိုက်မိတာပဲ..။ကားထဲမှာ ခန စိတ်ငြိမ်သွားအောင် လုပ်လိုက်..။အနာဂတ်မှာ ငါမင်းကို ဘာမှ မလုပ်တော့ဘူး..."
လိန်ဟောင်ထျန် သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးပေ..။ဒါကြောင့် သူ ကားထဲကို ဝင်သွားလိုက်ပါတယ်..။
သူ မိန်းမလှလေးတွေကို သဘောကျပေမယ့့် အနာဂတ်မှာ ဘယ်သူ့ကိုမှ အရက်မူးအောင် မလုပ်တော့ပါဘူး..။
ဒီရက်ပိုင်း အတွင်းမှာ သူ မျှော်လင့့်ချက် မဲ့တယ် ဆိုတဲ့ စကားလုံးကို ကောင်းကောင်း နားလည်သွားခဲ့ပါပြီ..။