တက်လေ..
Vol. 46 Ch. 684
#ဘာသာပြန် = စနိုးဝှိုက်
မာစတာလင်း အမှန်တကာ်ပဲ ဘေဂျင်းကို လာမယ်လို့ ကျို့ထျန်းဖူ မထင်ထားခဲ့ပါဘူး..။ထပ်ပြောရရင် လက်ရှိ အခြေအနေကို ကြည့်ရတာတော့ လိန်ဟောင်ထျန်က တစ်ခုခုကို စိုးရိမ်နေတဲ့ ပုံပါပဲ..။
"မာစတာ လင်း ဘေဂျင်းကို လာတာ ဘာလို့ ကျွန်တော်ကိုတောင် အသိမပေးတာလဲ.."
ကျို့ထျန်းဖူ ပြုံးပြီး ပြောလိုက်တာပါ..။သူနဲ့ မာစတာလင်းရဲ့ ဆက်ဆံရေးက အရမ်းကြီး မရင်းနှီး ဖူးဆိုပေမယ့်လည်း မာစတာလင်းက သူ့ကို အများကြီး ကူညီပေးခဲ့ပါတယ်..။
တကယ်လို့ သူ့ကြောင့် သာ မဟုတ်ရင် လက်လွှတ်လိုက်ရမယ့် အခွင့်အရေးက အများကြီးပါပဲ..။
လိန်ဟောင်ထျန် နဲ့ ပြသနာက ဖြေရှင်းပြီး သွားပြီ ဖြစ်တာကြောင့် လင်းဖန် ရဲ့ ခံစားချက်က အတော်ကို ကောင်းမွန် နေခဲ့ပါတယ်..။
"အဲလိုလည်း မဟုတ်ပါဘူး..ဘာမှ အရေးကြီး ကိစ္စမဟုတ်တော့..သခင်လေး ကျို့ကို အနှောက်အယှက် မပေးချင်တာနဲ့လေ..။ထပ်ပြောရရင် ချန်းဟိုင်ဂီ နဲ့ ရှန်းမင် နဲ့တင် လုံလောက်နေပါပြီ..။ဒါပေမဲ့ သခင်လေး ကျို့က မကြာခင် လက်ထပ်တော့မှာ မလား..။ဘာလို့ ဒီကို ထွက်လာသေးတာလဲ.."
ကျို့ထျန်းဖူ ရယ်မောလိုက်တယ်..။
"ဘာလို့လဲ ဆိုတော့..မကြာခင်..လက်ထပ်တော့မှာဆိုတော့ ပိုပြီးလာသင့်တယ်လေ..။လက်ထပ်ပြီးသွားရင် အနာဂတ်မှာ လာချင်ရင်တောင် လာလို့ အဆင်မပြေတော့ဘူး..။အိုးဟုတ်သားပဲ..မာစတာလင်း..ဟို ငနဲ နဲ့ ဘာပြသနာ တက်ထားလို့လဲ.."
လင်းဖန် ကားထဲမှာ ရှိနေတဲ့ လိန်ဟောင်ထျန်ကို တစ်ချက်ကြည့်လိုက်တယ်..။သူ အကူညီမဲ့စံာ ရယ်မောလိုက်ပြီး..
"ဒါ ပြသနာ တက်တာ မဟုတ်ပါဘူး..နားလည်မူ လွဲသွားတာပါ.."
သိူ့ပေမယ့် ဒါက နားလည်မူ လွဲတယ်လို့လည်း ပြောလို့ မရပြန်ပါဘူး..။ဒီငနဲက အမှန်တကယ် ပဲ ဝုယန်ဂန် ရဲ့ တူမကို မူးအောင် တိုက်ပြီး တစ်ခုခု လုပ်ချင်ခဲ့တာပါ..။ဒီရက်ပိုင်း သူ့ကို အနည်းငယ် ရိုက်နှက်ခဲ့မိတာတွေက သူ့ရဲ့ လုပ်ရပ်ကြောင့်ပါပဲ..။
ကျို့ထျန်းဖူ ခေါင်းညိမ့်လိုက်တယ်..။လိန်ဟောင်ထျန်က သူ့မိသားစု ရဲ့ အင်အားမှာပဲ မှီခိုနေတဲ့ လူတစ်ယောက်ပါ..။သူ့ကိုယ်ပိုင် အရည်အချင်းကတော့ ဘာတစ်ခုမှ ရှိတဲ့လူ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူ့မိသားစု ထဲမှာတင် ဖိအားပေးခံရတာတွေ ရှိနေတာကြောင့်..သူ အမြင့်ကို တက်နိုင်ဖို့ဆိုတာက မလွယ်ကူလှပါဘူး..။
သိူ့ပေမယ့်..သူ့ မိသားစု ရဲ့ အင်အားကို မှီခိုနေတာကပဲ..အပြင်လောကမှာ ထင်ရာစိုင်းပြီး သူ လုပ်ချင်တာ လုပ်နေဖို့ လုံလောက်ပါတယ်..။သို့ပေမယ့်..လိန်ဟောင်ထျန် ရဲ့ အမူအကျင့်အရ ဆိုရင် ဆိုးရွားတာတွေ လုပ်ဖို့ အတွက်လည်း သွေူမရှိလောက်ပါဘူး..။
ချန်းဟိုင်ဂီ ဘေးနားမှာ ရပ်နေခဲ့တယ်..။
"သခင်လေး. မာစတာလင်း ဒီကို လာတာက..ချင်းထျန်ဘေ ပြိုင်ပွဲမှာ ဝင်ပြိုင်မလို့ပဲ..။ရှန်းမင် နဲ့ ကျွန်တော်က မာစတာလင်းကို ကူညီပေးထားပြီး ပါပြီ..."
"အာ..မာစတာလင်းက..ကားပြိုင်ပွဲကို ဝင်ပြိုင်ချင်တာလား.."
ကျို့ထျန်းဖူ အံ့ဩသင့်စွာ မေးလိုက်တာပါ.။
လင်းဖန် ရယ်မောလိုက်တယ်..။
"ငါလည်း ငယ်ရွယ်သေးတယ်လေ..ဘယ်သူက စိတ်လှုပ်ရှားမူကို မလိုချင်ပဲ နေမလဲ.."
"ဒီလို စိတ်လှုပ်ရှားမူ မျိုးက ဘဝ နဲ့ပါ ရင်းရတာနော်..."
အဲ့အချိန်မှာပဲ..ရီတုန်ရှင်းဟာ..စကားဝိုင်းထဲကို ဝင်လာခဲ့တယ်.။သူမ မာစတာလင်း ဆိုတဲ့ လူကို အကဲခတ်တဲ့ အနေနဲ့ ကြည့်လိုက်ပြီး..
"ကြည့်ရတာ ရှင့်ပုံစံက ကားပြိုင်ဖူးမယ့် ပုံလည်း မရှိပါဘူး..။တစ်ခနလောက် စိတ်လှုပ်ရှားချင်ယုံ အတွက်နဲ့ ဘဝကို မရင်းနှီးချင်စမ်းပါနဲ့.."
လင်းဖန် ခေါင်းလှည့်ပြီး ဘေးနားက မိန်းမငယ်လေးကို ကြည့်လိုက်တယ်..။
"ဒီ မိန်းမလှလေးက ဘယ်သူလဲ.."
ကျို့ထျန်းဖူ ရယ်မောလိုက်တယ်..။
"ဒါက ရီ မိသားစုက သခင်မလေး.ရီတုန်ရှင်းလေ..။သူမက စိတ်ဆတ်ပြီး စကားပြောရင် တည့်တိုးဆန်တယ်..။မာစတာလင်း..သူမ ပြောတာကို သိပ်ပြီး စိတ်ထဲမထားပါနဲ့..."
လင်းဖန် မိန်းမလှလေးကို စိုက်ကြည့်နေခဲ့တယ်..။ကျို့ထျန်းဖူ ပြောစရာတောင် မလိုပါဘူး..သူ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီမိန်းကလေးက စိတ်ဆတ်တယ် ဆိုတာကို မြင်နိုင်ပါတယ်..။သိူ့ပေမယ့် ချမ်းသာ တဲ့လူကတော့ ချမ်းသာတဲ့ အသွင်အပြင် ရှိစမြဲပါ..။ဒီမိန်းမလှလေးက..လှပတဲ့ အသွင်အပြင်ရှ်ိပြီး ကောင်းမွန်တဲ့ ကံတရား ရှိပါတယ်..။သူ ပြုံးပြီး ပြောလိုက်တယ်...။
"သူ ပြောတာကို စိတ်ထဲမထားပါဘူး..။ကလေးတွေနဲ့ ပြိုင်ပြောစရာ မှ မလိုတာ..."
ကျို့ထျန်းဖူ ခနလောက် ကြောင်အသွားခဲ့တယ်..။ပြီးမှ သဘောကျစွာ ရယ်မောပြီး လက်မထောင်ပြကာ...
"မာစတာလင်းက..တကယ် အံ့ဩဖို့ကောင်းတာပဲ..."
ဘေဂျင်းမှာ ဆိုရင် ..ရီ မိသားစုက..စွမ်းဆောင်နိုင်စွမ်း အတော်ရှိတဲ့ မိသားစုတစ်ခုလို့ ပြောလို့ရပါတယ်..။ရီတုန်ရှင်းရဲ့ ဒေါသ အတွက်ကတော့ ဘယ်သူမှ သည်းမခံနိုင်ကြပါဘူး..။သို့ပေမယ့်..မာစတာလင်းက တစ်ဖက်လူကို ကလေး လို့ တုန့်ပြန်လာမယ်လို့တော့ မထင်ထားခဲပေ..။
မျှောင်လင့် ထားသလိုပဲ..ရီတုန်ရှင်းဟာ ဒီစကားကို ကြားတဲ့ အချိန်မှာ သူမ စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်..။သူမ ခနလောက် ကြောင်အသွားပြီး ချက်ချင်းပဲ..ဒေါသစိတ်ပါလာ ခဲ့ပါတယ်..။
"နင် ဘယ်သူ့ကို ကလေးလို့ ပြောနေတာလဲ..။ငါက ကလေးလား...."
ဒါက အရှက်ခွဲလိုက်တာပဲ.....လုံးဝကို အရှက်ခွဲလိုက်တာပဲ...
လင်းဖန် ပုခုံးကို တွန့်ပြပြီး သူမကို လျစ်လျူရူလိုက်တယ်..။
"သခင်လေး ကျို့..ပြိုင်ပွဲက ဘယ်အချိန်လောက် စမှာလဲ.."
သူ ဒီမှာ ရှိနေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က..၁၅ ခုမြောက် အသိပညာ အခန်းကို ..ပြီးပြည့်စုံအောင် လုပ်ဖို့ပါ..။စွမ်စုံကျမ်းရဲ့ အကူအညီနဲ့ ဆိုရင် ဒီလို ပြိင်ပွဲမှာ အနိုင်ရဖို့က ပြသနာ တစ်ခု မဟုတ်ပါဘူး..။
သခင်လေး ကျို့ မေးလိုက်တယ်..။
"စမော ကေ..အကုန်လုံး ဒီရောက်နေပြီလား.."
စမော ကေ..က ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ လူငယ်လေးပါ..။တကယ်လို့..သူ့ရဲ့ ဆံပင်သာ ဒီထက် နည်းနည်း ဒီဇိုင်းစမ်းရင် အတော် မိမိုက်နေမှာ အမှန်ပါပဲ..။
"သခင်လေး ကျို့..အကုန်လုံး ဒီရောက်နေပါပြီ..။ကျွန်တော်တို့ ကြိုက်တဲ့ အချိန်စလို့ ရပါတယ်..."
"ဟေး...နင့်မှာ..လေးစားမူ မရှိဘူးလား..။ငါ နင့်ကို ပြောနေတာလေ..။ဘာလို့ လျစ်လျူရူ ထားတာလဲ.."
ရီတုန်ရှင်း လင်းဖန် ရဲ့ လက်မောင်ကို ဖမ်းဆွဲပြီး မေးခွန်းထုတ်လိုက်တာပါ..။
လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။သူ ဒီကလေးမ ကို စိတ်မဝင်စားပါဘူး..။သူမ စကားလေး နည်းနည်းပြောတာကိုတောင် ဒီလောက် ဒေါသထွက်နေရင်..ဒါက သူမကို ရန်စဖို့ အရမ်းလွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..။
"ဘေးဖယ်နေ..ကလေးမ..ပြိုင်ပွဲက ခနနေကျရင် စတော့မှာ..."
"နင်..နင်..."
ရီတုန်ရှင်း မျက်လုံး ပြူးကျယ်သွားခဲ့တယ်..။သူမကိုယ်သူမ မယုံကြည်နိုင်စွာ လက်ညိုးထိုးလိုက်ပြီး..
"နင်ငါ့ကို ကလေးမလို့ ခေါ်လိုက်တာလား...။ဒါ..ဒါက..."
သခင်လေး..ကျို့ ခေါင်းခါယမ်းပြီး အားတင်းကာ ပြုံးလိုက်တယ်..။မာစတာလင်းက ရိုးရှင်းတဲ့ လူတစ်ယောကိ မဟုတ်ပါဘူး..။သူတို့ ဆက်ပြီး မဖြစ်ကြရင် ပိုကောင်းပါလိမ့်မယ်..။
"တုန်ရှင်း..မယဥ်မကျေး လုပ်မနေနဲ့တော့..။ဒါက ငါ့မိတ်ဆွေ မာစတာ လင်း ပဲ..."
ရီတုန်ရှင်း ခေါင်းခါယမ်းလိုက်တယ်..။
"မဖြစ်နိုင်တာ.သူက နင့်ရဲ့ မိတ်ဆွေ ဆိုရင်တောင်..ငါ့ကို ကလေးမလို့ ခေါ်ခွင့်မရှိဘူးဘေ..။ငါ ဒီမှာ သုံးကြိမ်ပြိုင်ဖူးပြီး.. ထိပ်ဆုံး ၁၀ ယောက်ထဲတောငိ ဝင်ခါနီးဖြစ်ခဲ့သေးတယ်..။ဒါကို သူက ဘာကိုကြည့်ပြီး ကလေးမလို့ ခေါ်တာလဲ.."
ချန်းဟိုင်ဂီ မျက်နှာကို အုပ်ထားခဲ့တယ်..။လောလောဆယ် သူက မာစတာလင်းနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကြောင့်..ဒီသခင်မလေးသာ သူ့မျက်နှာကို မှတ်မိသွားရင် တကယ် အကုသိုလ် ဝင်လာတော့မှာပါ..။
သို့ပေမယ့် မာစတာလင်းက လူဆိုးတစိယောက် မဟုတ်ဘူးဆိုတာကိုလည်း သူသိထားပါသေးတယ်..။တကယ်လို့ မင်းက စည်းမကျော်သ၍ သူက အကုန်လုံးကို နားလည်ပြီး ခွင့်လွှတ်ပေးမှာပါ..။
ဒါကြောင့် ရီတုန်ရှင်း အဝေးကြီး ရှေ့မဆက်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် ..ရီတုန်ရှင်းက အရူးမဟုတ်ပေ..။သူမ စိတ်မနှောက်ယှက်ဖြစ်နေပေမယ့်လည်း ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကိုတော့သိထားပါသေးတယ်..။
"မင်းက ကလေးမ မဟုတ်ဘူးလို့ ပြောချင်တာလား..။ကောင်းပြီလေ..။ခနနေ ပြိုင်ပွဲကျင်းပရင်..မင်း ငါ့ကားပေါ်မှာ ထိုင်လိုက်ရဲလား..။မင်း လိုက်ထိုင်ရဲရင်တော့ မင်း ကလေးမ မဟုတ်ဘူးဆိုတာကို ငါယုံလိုက်မယ်..။မင်း လိုက်ရဲလား..ငါ ထင်တာတော့ မင်းလိုက်ရဲမှာ မဟုတ်လောက်ဘူး..."
လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်တာပါ..။
ပုံမှန် ဆိုရင်တော့..သူ ဒီပြိုင်ပွဲကို အလျင်အမြန်ပဲ အဆုံးသတ်ချင်ခဲ့တာပါ..။သိုပေမယ့် ကြည့်ရတာတော့..နည်းနည်းလောက် ကစားပေးရဦးမယ့်ပုံပါပဲ..။
"ရတယ်..ငါ ကြောက်နေမှာ မဟုတ်ဘူး။ငါ လိုက်မယ်..။နင် ဘယ်လောက် မောင်းတတ်လဲ ကြည့်ရသေးတာပေါ့..."
ရီတုန်ရှင်း နှစ်ခါတောင် မစဥ်းစားပဲ ပြန်ဖြေလိုက်တာပါ..။
"မဆိုးပါဘူး...မင်းမှာ သွေးရှိသားပဲ.."
လင်းဖန် ပြောပြီး သဘောကျစွာ ရယ်မောလိုက်တယ်..။
…
"ငါတို့ ပြိင်ပွဲကို စကြတော့မလား.."
အဲ့အချိန်မှာပဲ..ရွှေေရာင် ဆံပင်နဲ့ အာဗင်ဟာ လျောက်လာခဲ့တယ်..။သူ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
နိုင်ငံတကား အဆင့် ပြိုင်ပွဲဝင် တစ်ယောက် အနေနဲ့..သူ အနည်းငယ် မာနကြီးတယ် ဆိုတာက ပုံမှန်ပါပဲ..။သိူ့ပေမယ့် ဒါက ဘေဂျင်းဖြစ်ပြီး..ဒီပြိုင်ပွဲကို လာတဲ့လူတွေက..ချမ်းသာတဲ့ မိသားစုက သခင်လေးတွေ များပါတယ်..။သူတို့ ရဲ့ လေသံတွေဟာလည်း သိမ်မွေ့နေခဲ့တယ်..။ဒါကြောင့် သူတို့ မောက်မာတယ် ဆိုရင်တောင် ဒါကို ထုတ်မပြကြပါဘူး..။
စမောကေ..ပြန်ပြောလိုက်တယ်..။
"အကုန်ပြင်ဆင်ပြီးပါပြီ..တကယ်လို့ လူတိုင်းက အဆင်သင့်ဖြစ်ပြီဆိုရင် နေရာယူလို့ ရပါပြီ..."
အခုချိန်ကနေစပြိီး လူတိုင်းရဲ့ စိတ်လှုပ်ရှားစရာ အချိန်က ရောက်လာတော့မှာပါ.။
ချန်းဟိုင်ဂီကတော့ မာစတာလင်း ဝငိပြိုင်မှာကို စိတ်ပူနေခဲ့တယ်..။
"မာစတာလင်း စထွက်ရင် ဖြည်းဖြည်းပဲ မောင်းနော်..။ဒီကောငိတွေက..ကားမောင်းတဲ့ အချိန်ဆို..အတော် ရက်စက်ပြီး ဘာကိုမှ ဂရုမစိုက်ကြတော့ဘူး..။သူတို့ကို ချဲလန့် မခေါ်မိစေနဲ့.."
"သိပြီ..အေးဆေးပါ..ဘာမှ မဖြစ်ပါဘူး.."
လင်းဖန် ချန်းဟိုင်ဂီ ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တာပါ..။
လင်းဖန် ကားပြိုင်ဖို့ အတွက်ဘာမှ ယူမလာခဲ့ပါဘူး.။ကားကလည်း ချန်းဟိုင်ဂီ ရဲ့ကားပါ..။မျော်လင့်ထားသလိုပဲ..ချန်းဟိုင်ဂီက သူ့ကို စိတ်မပျက်စေခဲ့ပေ..။အရာရာတိုင်းက အကုန်အဆင်သင့်ပါပဲ..။
စမှတ် နေရာတွင်..။
လင်းဖန် ရီတုန်ရှင်း အပြင်မှာ ရပ်နေတာ မြင်ပြီး..
"ကလေးမ.. ကားပေါ်တက်..."
ရီတုန်ရှင်း ဘေးနားက လူတွေဟာ စိတ်ပူပြီး တားဆီးလိုက်ကြတယ်..။
"တုန်ရှင်း နင်မသွားရင် ပိုကောင်းလိမ့်မယ်နော်..။ဒီလူက သိပ်ယုံရတာ မဟုတ်ဘူး..တစ်ခုခု ဖြစ်သွားလိမ့်မယ်.."
*ဟင်း*
"နိမိတ်ရှိတာတွေ ပြောမနေနဲ့..ဘာမှ ဖြစ်မှာမဟုတ်ဘူး..။ဒါက ကားထဲမှာ ထိုင်နေတာပဲလေ..ငါက ဘာလို့ကြောက်ရမှာလဲ.."
ကျွမ်းကျင်တဲ့ လူတွေက..ပြတ်သားပါတယ်..။ရီတုန်ရှင်း နှစ်ခါတောင် မစဥ်းစားပဲ..ကားပေါ်ကို တက်လိုက်တယ်.။
"နင် ဂရုစိုက်မောင်းရင် ပိူကောင်းလိမ့်မယ်..။တကယ်လို့ မကျွမ်းကျင်ဘူး ဆိုရင် မြန်မြန် မမောင်းနဲ့.."
သူမ ခံစားချက်တွေ မျက်နှာပေါ်မှာ ပေါ်မနေပေမယ့်လည်း..စိတ်ထဲမှာတော့ စိုးရိမ်နေခဲ့ပါတယ်..။
ဘာပဲဖြစ်ဖြစ်..ဒါက ကားပြိုင်နေတာပါ..ကလေးတွေ ဆော့ကစားနေတာ မဟုတ်ပါဘူး..။တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ပေးဆပ်ရမှာက သူတို့ အသက်ပါပဲ.။
လင်းဖန် တစ်ချိန်လုံး ပြုံးနေခဲ့တယ်..။ဖျောိဖြေမယ့် အချိန်က ရောက်လာပါပြီ..။
ဒီကလေးမ အတွက်ကတော့..သူမ ဒီပြိုင်ပွဲကို အမြဲတမ်း သတိရနေတော့မှာပါ..။