← Chapters

အခန်း (၆၈၅)

Vol. 46 Ch. 685

အခန်း (၆၈၅)

Vol. 46 Ch. 685

#ဘာသာပြန် = စနိုးဝှိုက်

ကားထဲတွင်..။

ရီတုန်ရှင်းရဲ့ မျက်နှာပေါ်မှာ အထင်အမြင်သေးမူ တွေ ပြည့်နှက်နေခဲ့တယ်..။

"ကျွန်မ ရှင့်ကို ပြောလိုက်မယ်..။ကျွန်မထင်တာကတော့.ရှင် နောက်ဆုံးနေရာကနေပဲ ပန်းဝင်လာမှာ အသေအချာပဲ.."

လင်းဖန် စတီယာတိုင် ဘီး ကို ဆုပ်ကိုင်လိုက်တယ်..။လင်းဖန် ဒီလို ထူးခြားတဲ့ ခံစားချက်ကို အတွေ့အကြုံရှိနေပါပြီ..။သူ ခေါင်းကို လှည့်လိုက်ပြီး..

"နောက်ဆုံးနေရာလား..ဒါက လက်မခံနိုင်စရာပဲ..။တကယ်လို့ ပထမ နေရာ ရတာ မဟုတ်ရင်..ငါ့အတွကိတော့ ဆုံးရှုံးမူကြီးပဲ.."

"ဟင်..ရှင်က ပထမ နေရာ လိုချင်နေတာလား..။အာဗင်က ဘယ်သူလဲ ဆိုတာတောင် ရှင်သိရဲ့လား..။သူက နိုင်ငံတကာ အဆင့် လူသိများတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲ..။ပြီးတော့ တစ်ခြား အံ့ဩဖို့ကောင်းတဲ့ ပြိုင်ပွဲဝင်တွေလည်း ရှိသေစတယ်..။တကယ်လို့ ရှင်သာ ပထမ နေရာကို ရလာရင် ဝက်တွေ လေပေါ်ပျံနေတော့မှာပဲ.."

လင်းဖန် ရယ်မောလိုက်ပြီး..

"မင်းက လေပေါ်ပျံတတ်တာလား..."

ရီတုန်ရှင်း အချိန်မှီ မတုန့်ပြန်နိုင်ပဲ မပျော်မရွှင် ပြောလိုက်တယ်..။

"ကျွန်မက ဘယ်လို ပျံတတ်မှာလဲ...."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ထားလိုက်တော့..ဒါက မလုံလောကိသေးဘူးလား..။မင်းလေပေါ်ပျံတတ်သွားအောင်..ငါ ပထမ နေရာ ယူပြမယ်..."

ဒိီတစ်ကြိမ်မှာတော့ ရီတုန်ရှင်း နားလည်သွားခဲ့ပါတယ်..။သူမ ဒေါသထွက်လွန်းလို့..သူမရဲ့ ရင်ဘတ်က နိမ့်လိုက် မြင့်လိုက်ဖြစ်နေခဲ့ပါတယ်..။

"ရှင် ကျွန်မကို ဝက်လို့ ပြောချင်နေတာလား.."

" ဟားဟား..."

လင်းဖန် ရယ်မောလိုက်ပါတယ်..။

ရီတုန်ရှင်း ဒေါသထွက်သွားပြီး ဘာမှ ထပ်မပြောတော့ပေ..။

"ဘယ်လောက် မုန်းစရာကောင်းလဲ.."

အဲ့အချိန်မှာပဲ ဝတ်လက်စလစ် ဝတ်ဆင်ထားတဲ့ မိန်းမလှလေး တစ်ယောက်ဟာ ပေါ်လာခဲ့တယိ..။ဒါက မကြာခင် ပြိုင်ပွဲစတော့မယ် ဆိုတာ အချက်ပြနေတာပါပဲ..။

ချင်းထျန်ဘေက..ပြိုင်ပွဲလုပ်ဖို့ အတွက် သီးသန့် ဖွင့်ပေးထားတာပါ..။စမှတ်နေရာနဲ့..ဆုံးတဲ့နေရာက..ဒီနေရာ တစ်ခုတည်းပါပဲ..။ဒါက ဘေဂျင်းမှာ အကျော်ကြားဆုံး ပြိုင်ပွဲလို့ ပြောလို့ရပါတယ်..။

မိန်းမလှလေးဟာ သူမရဲ့..အလံကို..မြှောက်လိုက်တယိ..။သူမ ကြည့်ရတာ..အချိန်မရွေး အောက်ကို ချလိုက်ပြီး ပြိုင်ပွဲကို စတော့မယ် အတိုင်းပါပဲ..။

ရီတုန်ရှင်း သူမ ရဲ့ ရှေ့က မြင်ကွင်းကို မြင်ပြီး ကြောက်လန့်သွားကာ..ထိုင်ခုံ ခါးပတ်ကို ပတ်ထားလိုက်တယ်..။ပြိုင်ပွဲ မစတင်ခင်မှာပဲ..သူမ နောင်တတွေ ရနေခဲ့ပါပြီ..။

သူမ ဘာလို့ ဒီကားပေါ်မှာ လိုက်စီးဖို့ သဘောတူခဲ့တာလဲ..။တကယ်လို့ ခနနေတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..။သူမ ဘာလူပ်ရမလဲ..။

အခုချိန်မှတော့..နောက်ပြန်ဆုတ်လို့ မရတော့ပါဘူး..။သူမ လွှတ်မြောက်မယ့်လမ်း မရှိတော့ပါဘူး..။သူမ သာ အခုမှ ကားပေါ်က ဆင်းပြေးရင်..ရယ်စရာ ဟာသ တစ်ခုလို ဖြစ်သွားတော့မှာပါ..။

သူမ ..အံကို ကျိတ်ပြီး..နောက်ဆုံးအထိ သွားဖို့ ဆုံးဖြတ်လိုက်တယ်..။

အလံတွေဟာ..လျင်မြန်စွာပဲ..အောက်ကို ပြုတ်ကျသွားခဲ့တယ်..။သိသိသာသာပဲ..ပြိုင်ပွဲဟာ..တရားတင် စတင်ခဲ့ပါပြီ..။

ကားသံတွေဟာ..တစ်စီးပြီး တစ်စီး..ချင်းထျန်ဘေ မှာ..မြည်လာခဲ့တယ်..။

ပြိုင်ကားတစ်စီးစီ တိုင်းက..မြားတစ်စင်းလိုပဲ..တစ်ဟုန်ထိုး တိုးထွက်သွားခဲ့ကြပါတယ်..။ကားတစ်စီးစီ တိုင်းက. ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ..အမြီးတွေလို..တန်းစီပြီး ဖြစ်ပေါ်..နေခဲ့တယ်..။

ပြိုင်ပွဲကို ကြည့်ရူနေတဲ့..ပရိတ်သတ်တွေဟာ..ချက်ချင်းပဲ..စခရင် နားကို အုံသွားခဲ့ကြပါတယိ..။

"ချိီးပဲ..အာဗင်က အတော် အံ့ဩဖို့ကောင်းတာပဲ..။သူက..ပထမ ​ေနရာကို ထိန်းသိမ်းထားပြီး ရှေ့ဆုံးမှာ ဦးဆောင်နေတယ်.."

"သူက တကယ်တော်တယ်...ပြိုင်ပွဲက အခုမှ စတာကို..သူက နေရာ တော်တော်လှမ်းအောင်..ခွာထားနိုင်တယ်.."

"ချင်းထျန်ဘေက...အကွေ့အကောက် အရမ်းများတယ်..။ဘယ်သူက များ ဒီဇိုင်းဆွဲခဲ့တာလဲ မသိဘူး..။ဒါက တစ်စုံတစ်ယောက်က..အမြန်နှုန်းကို မြင့်ချင်ရင်တောင် မြင့်လို့ မရဖြစ်စေတယ်..."

ကျို့ထျန်းဖူ လည်း ကားပြိုင်ပွဲကို ကြည့်နေခဲ့တယ်..။တကယ်လို့ တစ်စုံတစ်ယောက်က သူ့ကို ပါဝင်ဖို့ လာပြောရင် သူ နှစ်ခါတောင် စဥ်းစားနေမှာ မဟုတ်ပါဘူး..။ဒါက အရမ်း အန္တရာယ် များလှပါတယ်..ပြီးတော့..အသက်နဲ့ ကစားရတဲ့ အလုပ်က မလုပ်တာ အကောင်းဆုံးပါပဲ..။

ချန်းဟိုင်ဂီက အရင်မတော်တဆမူ ပြီးကတည်းက..ပြိုင်ပွဲတွေ အပေါ်ကို ကြောက်စိတ်ဝင်နေခဲ့တာပါ..။သို့ပေမယ့်..အခုချိန်မှာတော့..ပြိုင်ကားတွေ တန်းစီ ထွက်နေတဲ့..စခရင် ကို မြင်ပြီး..သူ့ရဲ့..နှလုံးခုန်သံတွေဟာ..မြန်လာခဲ့တယ်..။

စိတ်လှုပ်ရှားစရာပဲ..။

ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ..။

ကားထဲတွင်..။

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်..။သူ အမြန်နှုန်းကို ဆက်တိုက် မြင့်တင်နေခဲ့ပါတယ်..။သူ အကွေ့တွေကို တောင် လေးလေးနက်နက် သိပ်မထားပါဘူး..။

ရီတုန်ရှင်းက..ကတော့ သူရဲ့ နှလုံးဟာ လည်ချောင်းကို ရောက်လာတဲ့ အတိုင်းပါပဲ..။သူ အမြန်နှုန်း ဆက်တိုက် မြင့်လာနေတာကို ခဲ့စားမိပါတယ်..။အထူးသဖြင့် အကွေ့တွေ ရောက်ရင် သူမ အသံက နည်းနည်းချင်းစီ ထွက်လာခဲ့တယ်..။

"အရှိန်လျော့..အရှိနိလျော့...အရမ်း အလျင်မလိုနဲ့.."

ရီတုန်ရှင်းဟာ..လင်းဖန်ကို အကြံပေးပြီးတာနဲ့ တံတွေး မြိုချလိုက်တယ်..။

သို့ပေမယ့်.လင်းဖန်က သူမ ရဲ့ စကားကို နားမထောင်ခဲ့ပါဘူး..။အဲဒီအစား. သူ ဓာတ်ငွေ့တွေကို ပိုထွက်လာအောင် လုပ်လိုက်ပြီး..လှိုင်းလုံးတွေ ဖြစ်လာအောင် လုပ်လိုက်ပါတယ်..။

"အား..."

ရီတုန်ရှင်း ကြောက်လန့် တကြား အော်ဟစ်လိုက်တယ်..။ဘယ်သူက..သူမကို ဒီမှာ အတင်းထိုင်ခိုင်းတာလဲ..။အခုတော့..သူမ ကြောက်လွန်းလို့ သေချင်နေခဲ့ပါပြီ..။

လင်းဖန် ပြုံးလိုက်တယ်..။ပျော်စရာ အချိန်က..ပြီးကာနီးမှ ရောက်လာမှာ ဖြစ်ပြီး..အခုတော့..သူတို့က အတော်ဝေးနေပါသေးတယ်..။

သူတို့ရှေ့မှာတော့..အနက်ရောင် ကားလေးတစ်စီး ရှိနေ့ပြီး..အတော်ဝေးဝေးကနေ ဦးဆောင်ထားပါတယ်..။အာဗင်ဟာ..ဒီလို အမြန်နှုန်း နဲ့ မောင်းရတာကို သဘောကျနေခဲ့တယ်..။

သူ ချင်ထျန်းဘေမှာ ဝင်ပြိုင်တယ် ဆိုတာက..ကျွမ်းကျင်အဆင့် တစ်ယောက်ယောက်နဲ့..တွေ့ချင်တာကြောင့် မဟုတ်ပဲ..ဒီမှာ ရှိနေတဲ့..လမ်းတွေကို သဘောကျလို့ပါ..။

လူတွေ အများကြီးဟာ..အကွေ့တွေကို ရောက်တဲ့ အချိနိရောက်ရင်..အရှိန်ကို လျော့ဖို့ လိုအပ်ပေမယ့်..သူ့ရဲ့ ကျွမ်းကျင်တဲ့ စကေးတွေကြောင့်..အရှိန်လျော့ ဖို့မလိုပဲ..ယာဥ်က်ိုသာ သေချာ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်..။ဒါက က သူ့ကို ရူးသွပ်အောင် အရှိန်မြန်စေတာပါ..။

သူနောက်ကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာလည်း သူ မြင်ရတာ ဆိုလို့ အနက်ရောင် လမ်းကြောင်းကြီးပါပဲ..။နောက်မှာ ဘယ်ကားကမှ ပါမလာခဲ့ပေ..။

သူ တစ်ခြားလူတွေ ကို ဖြတ်ထားခဲ့တာ..ဘယ်လောက်ကြာပြီလဲတောင် မသိတော့ပါဘူး..။

အထီးကျန် ပြီး အဖော်ကင်းမဲ့တယ်..။

အာဗင်အတွက်ကတော့..အခုအခိုက်အတန့်က အထီးအကျန်ဆုံးပါပဲ..။သူ နဲ့ ယှဥ်ပြိုင်နိုင်တဲ့လူ တစ်ယောက်မှ မရှိပေ..။

"ချီးပဲ..အာဗင်က တကယ်တော်တယ်..။သူက ပထမ နေရာကို ထိန်းတားတာ..ဒုတိယ နေရာနဲ့ မီတာ..၁၀၀ လောက်တောင် ကွာတယ်.."

"ထပ်ပြောရရင်...သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုပိုပြီး..ဝေးနေသေးတယ်..."

"ပရော်ဖက်ရှင်နယ် အဆင့်က တကယ်ကို ပရိုဖက်ရှင်နယ် အဆင့်ပဲ..။သူက သာမန်လူတွေ သွားပြိုင်လို့ရတဲ့ လူမဟုတ်ဘူး..။တစ်ခြားလူတွေက..အကွေ့အကောက်တွေရောက်လို့..အရှိန်ကို လျော့ချနေကြပေမယ့်..သူက အဲဒီအစား အရှိန်ကို မြင့်တင်နေတာလေ..။ဘယ်လောဖက် အံ့ဩဖို့ကောင်းလဲ..."

…

အဲ့အချိန်မှာပဲ..အာဗင်ဟာ သူ့ရဲ့..အရှိန်ကို စတင်ပြီး လျော့ချလိုက်တယ်..။ဒါက သူ နောက်က ကားကို စောင့်ချင်လို့ မဟုတ်ပါဘူး..သူ အရှိန်လျော့ချလိုက်တယ် ဆိုတာက..အရှေ့မှာ အရမ်းကို ခက်ခဲတဲ့..အကွေ့တစ်ခု ရှိနေလို့ပါ..။သူ့ရဲ့ အတွေ့အကြုံအရဆိုရင်..သူသာ..လက်ရှိ အမြန်နှုန်းအတိုင်း ဆက်မောင်းနေရင်..ဂျွန်းထိုး မှောက်ခုံ ဖြစ်တော့မှာ အသေအချာပါပဲ..။

.

အရင်တစ်ခေါက် သူဒီအကွေ့ကို ကွေ့တုန်းက ဆိုရင်..တစ်နာရိီကို ၁၀၀ ကီလိုမီတာ လောက်နဲ့ မောင်းခဲ့ရပါတယ်..။သူ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ အချိန်တိုင်း အမြန်နှုန်း ကို နည်းနည်းစီ..မြှင့်လာခဲ့ပြီး..အခုဆိုရင်..တစ်နာရီကို ၁၁၀ ကီလိုမီတာ နဲ့..သူ မောင်းတော့မှာပါ..။

သိူ့ပေမယ့် အဲ့အချိန်မှာပဲ..သူနောက်မှာ ကားတစ်စီး လိုက်ပါလာတာကို သတိထားမိလိုက်ပြီး အရှိန်လည်း အတော်မြန်တာကို သိလိုက်တယ်..။သူ ခန့်မှန်းကြည့်ရသလောက်တော့ ဒါက တစ်နာရိီကို.. ၁၈၀ ကီလိုမီတာ လောက်ရှိပါတယ်..။

Irvine laughed. This person would rather have speed over his life. Could it be that he didn’t know how difficult the turn up ahead was? At such an extreme speed, he would definitely overturn his car.

အာဗင် ရယ်မောလိုက်တယ်..။ဒီငနဲက..တမလွန်ကို ဒီအမြန်နှုန်းနဲ့ သွားချင်နေတဲ့ ပုံပါပဲ..။အရှေ့မှာ.ကိုင်တွယ်ရ .ခက်ခဲတဲ့.. အကွေ့တစ်ခု ရှိနေတာကို သူမသိဘူးလား..။ဒီလောက် အရှိန်နဲ့ ဆိုရင် သူ့ကားက မှောက်တော့မှာ အသေအချာပါပဲ..။

သိူ့ပေမယ့်..အာဗင်ပြောနိုင်တာကတော့..ဒီလူက..အရှိန်ကို မလျော့ခင်မှာ သူ့ကို..မှီအောင်လိုက်ထားချင်တာပါ..။ဒီလိူဆိုမှတော့ သူ ဘယ်အချိန်မှ အရှိန်ကို လျော့ချမလဲ စောင့်ကြည့်ရပါတော့မယ်..။

*ဝူး ဝူး *

မျက်စိတစ်မှိတ် အတွင်းမှာပဲ..အာဗင်ဟာ..သူ့ကားက ကျော်တက်ခံလိုက်ရတာကို တွေ့လိုက်တယ်..။သူ အကူညီမဲ့စွာပဲ..အနည်းငယ် ပြုံးလိုက်ပါတယ်..။ဒါက သူ့ရဲ့ ကျွမ်းကျင်မူ အစစ်ကို ဖော်ပြရမယ့် အချိန်ပါပဲ..။သူ ဒီအကွေ့ကို ဘယ်လို ကွေ့မလဲ ဆိုတာကို တစ်ဖက်လူကို..မြင်အောင်ပြရမှာပါ..။

ရုတ်တရက်ပဲ..။

အာဗင်ကြောင်အသွားခဲ့တယ်။

"ချီးပဲ.."

သူ့ရှေ့က ကားက ရပ်ဖို့ စိတ်ကူးမရှိဘူးဆိုတာကို သူ နားလည်လိုက်ပါတယ်..။သို့ပေမယ့် အဲဒီအစား ကားရဲ့ အရှိန်က ဆက်တိုက်မြင့်တက်နေခဲ့တာပါ..။ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ..။

ကားထဲတွင်..။

ရီတုန်ရှင်း ဆက်ပြီး အော်နေခဲ့တယ်..။

"အရှိန်လျော့..အရှိနိလျော့ ငါတောင်းပန်ပါတယ်..."

အခုချိန်မှာ..သူမ အတော်ကို ကြောက်ရွံ့နေခဲ့ပါပြီ..။သူမ ဘေးက..ငနဲက..အရှိန်ကို ဆက်တိုက်မြင့်တင်နေခဲ့တယိ..။ထပ်ပြောရရင်..သူက အကွေ့တွေမှာလည်း အရှိန်မလျော့ပါဘူး..။ဒါက သူမကို သေလောက်အောင် ကြောက်ရွံ့စေပါတယ်..။

လင်းဖန် ပြုံးပြီး..တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ဘာအတွက်..အရှိန်ကို လျော့ရမှာလဲ..။ငါကတော့ ဒီအမြန်နှုန်းက သိပ်မလုံလောက်သေးဘူးလို့ ထင်တယ်..။ကြည့်လိုက်..ငါတို့ တစ်နာရီကို..၂၂၀ ကီလိုမီတာမှာ ရောက်နေပြီ..။ငါတို့..လေပေါ်မှာ ဝဲနေသလို ခံစားချက်လေး ကို မခံစားရဘူးလား..."

ရီတုန်ရှင်း မျက်လုံး မှိတ်လိုက်တယ်..။သူမ လုံးဝ မျက်လုံး မဖွင့်ရဲတော့ပါဘူး..။ကားကနေ ..လေယာဥ် ပျံပြောင်းသွားပြီလားလို့တောင် သူမ တွေးနေမိပါတယ်..။

သူ အရှိန်ကို ဆက်မြင့်နေခဲ့တယ်..။

ရီတုန်ရှင်း..ရဲ့ မျက်နှာ..ဟာ ပိုပိုပြီး ဖြူဖျော့လာခဲ့တယ်..။သူမရဲ့..အစာအိမ်က..လုံးဝကို ရှုပ်ထွေးနေခဲ့ပါပြီ..။သူမ အတွင်း ကလီစာ တွေဟာ..လှုပ်နေပြီး..အချိန်မရွေး အန်ထွက်လာတော့မလိုတောင် ထင်နေခဲ့တယ်..။

"ကလေးမ..အံ့ဩစရာ ပြကွက်လေးတွေ မကြည့်ချင်ဘူးလား.."

လင်းဖန် မေးလိုက်တာပါ..။

ရီတုန်ရှင်း ချက်ချင်း ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်..ကျေးဇူးပြုပြီး မလုပ်ပါနဲ့..ငါတောင်းပန်ပါတယ်..။အခုမောင်းနေတာ တောင် အတော်မြန်နေပြီ..ငါက ငယ်ငယ်လေးပဲ ရှိသေးတာလေ..တကယ် မသေချင်သေးဘူး...."

"မင်း မသေရပါဘူး..ငါ့ရဲ့..အကြိုက်ဆုံး အကွက်ကို ပြမယ်..၃၆၀ ဒီဂရီ ကွေ့ချက်ပဲ.."

လင်းဖန် ရယ်မောလိုက်တယ်..။သူ ကားရဲ့..ဓာတ်ငွေ့ ခြေနင်းကို..ပိုနင်းလိုက်ပြီး..စတီယာတိုင်ကို ပြင်းပြင်းထန်ထန် လှည့်လိုက်တယ်..။

* ကျွီ ကျွီ ကျွီ *

ကား တာယာက လမ်းမျက်နှာပြင် နဲ့ ပွတ်တိုက်တဲ့..အချိန်မှာ..နားစည်ကျိန်းလောက်တဲ့ အသံတွေ..ထွက်ပေါ်လာခဲ့တယ်..။မိီးခိုးငွေ့တွေ အများကြီးဟာလည်း..ချက်ချင်း မြင်ကွင်းကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။

ကားက အကွေ့နားကို ရောက်တဲ့ အချိန်မှာ စတင်ပြီး လည်ပတ်လာပါတော့တယ်..။

ရီတုန်ရှင်းဟာ.သူမ ကောင်းကင်ပေါ်ကို အချိန်မရွေးပျံတက်သွားတော့မလို ခံစားနေရတယိ..။ကား တစ်ပတ်လည်နေတဲ့ အချိန်မှာ သူမ ရဲ့ အမြင်အာရုံက ဗလာဖြစ်နေပြီး..ဘာမှ ကောင်းကောင်း မမြင်ရတော့ပါဘူး..။

"အားးးး..."

သူမ ထပ်ပြီး သည်းမခံနိုင်တော့ ပဲ..အော်ငိုပါတော့တယ်..။ဒီကလေးမလေးကတော့..သေရမှာကို အတော် ကြောက်ရွံ့နေခဲ့ပါပြီ.။

အာဗင် သူ့ရှေ့က ကားကို မြင်လာရတဲ့ အချိန်မှာတော့ သူမြင်နေရတာက..ကားကြီး လည်ပတ်နေတာပါပဲ..။သူ ကြောင်အသွားခဲ့တယ်..။

သူ သရဲတစိကောင်ကို မြင်နေရသလိုတောငိ ခံစားလိုက်ရပါတယိ..။

သို့ပေမယ့် မျက်စိတစ်မှတ်အတွင်းမှာပဲ..ဒီကားက မရှိတော့ပါဘူး..။သူ ကားရဲ့ နောက်မြီးပိုင်းကိုတောငိ မမြင်ရတော့ပဲ..။

ကြည့်နေကြတဲ့ ပရိတ်သတ်တွေဟာလည်း ပါးစပ် အဟောင်းသားနဲ့ ဆွံ့အနေခဲ့ကြတယ်..။

"ဒါက..."

"ငါ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်..ဟုတ်တယိမလား.."

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

All Chapters