အခန်း (၆၈၆)
Vol. 46 Ch. 686
#ဘာသာပြန် = စနိုးဝှိုက်
ကြည့်ရူသူတွေ အကုန်လုံး ကြောင်အနေခဲ့ကြတယ်..။သူတို့ ချင်းထျန်ဘေ ပြိုင်ပွဲစတင် ကတည်းက အားပေးလာကြတာ ဖြစ်ပေမယ့်..ဒီလိုအဖြစ်အပျက်မျိုးတော့..တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး..။
သူက..အကွေ့တွေရောက်ရင်တောင် အရှိန်ကို မေလျာ့ပဲ.. အဲဒီအစား ထပ်ထပ် မြင့်တင်နေခဲ့တာပါ..။ဒီလိုမျိုး လုပ်နိုင်ဖို့ ဘယ်လောက်တောင် လေ့ကျင့်ထားရတာလဲ..။
ခနကြာပြီးနောက်..။
မျက်စိစူးလောက် တဲ့..ကားမီးရောင်တစ်ခု လာနေတာ မြင်နေရပြီး..သိပ်မကြာခင်မှာပဲ..ပြိုင်ကားလေးဟာ..ပရိတ်သတ်တွေရဲ့ ရှေ့ကို ရောက်လာခဲ့တယိ..။
*ကျွီ...*
ကား ဘရိတ်ဆွဲတဲ့ အသံကို ကြားလိုက်ကြရပါတယ်..။
ပြိုင်ကားတစ်စီးဟာ ပန်းဝင်သွားခဲ့ပါပြီ..။
ပရိတ်သတ်တွေ အကုန်လုံးဟာ ကားကို မြင်တဲ့ အချိန်မှာ လုံးဝ ဆွံ့အသွားခဲ့တယ်..။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..။၁၂ မိနစ်ထဲနဲ့..။အရင်တစ်ခေါက် တင်ထားတဲ့..ချင်းထျန်ဘေ ပြိုင်ပွဲ..စံချိန်တင် အမြန်နှုန်းက..၂၃ မိနစ်လေ..။သူက အဲတာကို ဘယ်လိုဖြစ်ပြီး..."
"ငါ့ကို တစ်ချက်လောက် ရိုက်လိုက်စမ်းပါ..ဒါ အိပ်မက်မက်နေတာလား..။ဒါကြီးက မဖြစ်နိုင်ဘူးနော်..."
"အမှန်ပဲ..ဘယ်လို ဖြစ်နိုင်မှာလဲ..။သူက ဘယ်လိုဖြစ်ပြီး..အရမ်းမြန်မြန် မောင်းနိင်နေတာလဲ..."
လင်းဖန်...ပန်းဝင်တဲ့ စည်းကို ရောက်တာနဲ့..စွယ်စုံကျမ်းရဲ့ အသိပေးချက်က ထွက်ပေါ်လာခဲ့ပါတယ်..။
"မစ်ရှင် ပြီးမြောက်သွားပါပြီ : ချင်းထျန်ဘေ ပြိုင်ပွဲ ချန်ပီယံ စွယ်စုံ အမှတ် ၂၀ "
"၁၆ ခုမြောက် အသိပညာအခန်းကို ဖွင့်လှစ်ပေးပါမယ်..။ဒါပ..၁၆ ခုမြောက် အသိပညာ အခန်းဖြစ်သည့်အတွက်..ပိုင်ရှင်နှင့် ရင်းနှီးသည့် လူတစ်ယောက် အား ရွေးချယ်သွားမည်ဖြစ်သည်.."
"ဆက်နွယ်သည့်..လူအားရွေးချယ်ရန် ကျဆုံးခဲ့သည်...။၁၆ ခုမြောက် အသိပညာအား ရွေးချယ်နေပါပြီ..။အပင်စိုက်ပျိူးခြင်း ..အဓိက အသိပညာ ဘာသာရပ်၏ အကိုင်းအခွဲဖြစ်သည့်. သဘာဝ ရူခင်း သာယာစေခြင်း .ဥယာဥ် ခင်းကျင်းမူ..အသိပညာ အခန်းဟာ..ဖွင့်လှစ်ပေးလိုက်သည်..."
"မစ်ရှင် : နန်ရှမ်း ဂေဟာမှ..ကလေး ၃၆၅ ယောက်ကို ဦးဆောင်ပြီး..ဂေဟာ၏ ပတ်ဝန်းကျင်အား လှပ တင့်တယ်သွားအောင် ပြန်လည် ပြင်ဆင်ရမည်..."
"ဆုလာဒ် : စွယ်စုံအမှတ် ၂၀ ရရှ်ိပြီး..အပင်စိုက််ပျိုးခြင်း..အဓိက အသိပညာ အခန်းကို ဖွင့်လှစ်နိုင်မည်..။၁၇ ခုမြောက် အသိပညာ အခန်းလည်း ဖွင့်လှစ်နိုင်မည်..."
"မှတ်ချက် : အကိုင်းအခွဲ အသိပညာ ဘာသာရပ် ဖြစ်တာကြောင့်..ပရို အဆင့်အထိ ရောက်ရန် မလိုအပ်ပေ..။
"စွယ်စုံ အမှတ် : 4860 "
လင်းဖန် ကြောင်အသွားခဲ့တယ်..။ဒီလို အရာမျိုး ဖြစ်တာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး..။မစ်ရှင်က..ကျော်ကြားရတဲ့..မာစတာလင်း ဖြစ်လာဖို့ မဟုတ်တော့ပဲ..တစ်ခြား တစ်ခုခု ဖြစ်နေခဲ့ပါပြီ..။ပြီးတော့..ဒါက နန်ရှမ်း ဂေဟာ နဲ့တောင် ပတ်သက်နေပါသေးတယ်..။
မစ်ရှင် အတွက် ဆုလာဒိတွေကိုလည်း ရက်ရက်ရောရော ကိုပေးထားတာပါ..။စွယ်စုံအမှတ်ရရှိမူက မပြောင်းလဲဘူး ဆိုပေမယ့်လည်း..အပိုအနေနဲ့..အဓိက အသိပညာ အခန်းကိုပါ ထပ်ပေးထားပါသေးတယ်..။ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းတယ်လို့တောင် ပြောလို့ရနေပါပြီ..။
ဒီအကြောင်းကို အခုမတွေးပဲ..နေလိုက်ရအောင်....
အခုက မစ်ရှင် ပြည့်မြောက်အောင်..လုပ်နိုင်တာကတင်..လုံလောက်နေခဲ့ပါပြီ..။
သူ ဘေဂျင်းကို လာခဲ့တဲ့ ရည်ရွယ်ချက်တွေကတော့..၂ ခုစလုံး ပြီးမြောက်သွာခဲ့ပါပြီ..။သူ ရှန်ဟိုင်းကို ပြန်ရောက်ရင်..အနားယူပြီးတာနဲ့..စိတ်ရော ကိုယ်ရော..နန်းရှမ်းဂေဟာ မှာပဲ..အားစိုက်ထားရတော့မှာပါ..။
…
ကားရပ်သွားခဲ့တယ်..။လူတိုင်းက လှုပ်တောင် မလှုပ်ကြတော့ပါဘူး..။သူတို့ လုံးဝကို အံဩသင့်နေခဲ့ကြတယ်..။
* ဝုန်း...*
အဲ့အချိန်မှာတော့ ရီတုန်ရှင်း ထပ်ပြီး သည်းမခံနိုင်တော့ပေ..။သူ ကားတခါးကို အမြန်ဖွင့်ကာ ဆင်းလိုက်ပြီး..ဘေးနားက မြေကြီးပေါ်မှာ လဲလျောင်းနေခဲ့တယ်..။သူ ..အကြိမ်အနည်းငယ်လောက်လဲ..အန်နေခဲ့ပါတယ်..။သူမကြည့်ရတာ..အစာအိမ်မှာ ရှိတာ အကုန် ပြန်အန်ထွက်နေသလိုပါပဲ..။
အဲ့အချိန်မှာတော့..လူတိုင်းဟာ..ပြန်အသိဝင်လာခဲ့ကြတယိ..။
"ချိိီးပဲ..ဒါက မယုံနိုင်စရာပါလား..."
"သူ ပန်းတိုင်ကို ရောက်နေပြီလား..."
"နောက်မှာ ရှိတဲ့ တစ်ခြားလူတွေက အခုထိ ပြိုင်နေကြတုန်းလေ..."
လူတိုင်းရဲ့..အံ့ဩသင့်နေတဲ့ မျက်နှာကိုကြည့်ပြီး လင်းဖန် တည်ငြိမ်စွာ ရယ်မောလိုက်ပါတယိ..။ရီတုန်ရှင်း အတွက်ကတော့..သူမ အစက..ဟာသတစ်ခုလို့ ထင်ထားခဲ့ပေမယ့်..အခုတော့..သူများကား ဆိုရင် စီးရဲတော့မှာ မဟုတ်ပါဘူး..။
သူ ဒီမှာ ဆက်ရှိနေလို့လည်း ဘာမှ ထူးခြားမှာ မဟုတ်ပေ..။
"ဟိုင်ဂီ..အခု ငါ..ဒီကားကို မောင်းသွားတော့မယ်..။မနက်ဖြန်ကျမှ..မင်း ငါနေတဲ့ ဟော်တယ်ကို လာယူလိုက်..."
လင်းဖန် ကားထဲကို ပြန်ဝင်လိုက်ပြီး..အင်ဂျင်နှိုးကာ မောင်းထွက်သွားခဲ့ပါတယ်..။
ချန်းဟိုင်ဂိ နောက်ဆုံးတော့..ပြန်အသ်ိဝင်လာခဲ့တယ်..။
"မာစတာလင်း..."
သိူ့ပေမယ့် အဲအချိန်မှာတော့..လင်းဖန်က..အံ့ဩနေတဲ့ လူအုပ်ကြီးကို ထားခဲ့ပြီး မြင်ကွင်းကနေ ..ထွက်ခွာသွားခဲ့ပါပြီ..။
ရီတုန်ရှင်းကတော့.အခုချိန်မှာ..သူမ လက်ကိုတောင် မ မနိုင်တော့ပဲ..တုန်တုန်ရီရီ ဖြစ်နေခဲ့တယ်..။
"နင်..နင်...."
သူဘာ စကားဆုံးအောင် တောင် မပြောနိုင်ပဲ..ထပ်ပြီး အန်နေခဲ့ပါတယ်..။
သူမ အတွက်တော့..ဒီအတွေ့အကြုံက..ကြောက်ဖို့ကောင်းပြီး စိတ်ထိခိုက်စေတဲ့ အတွေ့အကြုံ တစ်ခုပါပဲ..။သူမ လင်းဖန် ကို နက်နက်ရှိုင်းရှိုင်းကို မှတ်မိနေပါပြီ..။ဒီခွေးသားကြောင့် သူမရဲ့ အသက်က ဆုံးရှုံးလု နီးပါး ပါပဲ..။
အချိန်အတော်ကြာပြီးနောက်..။
အာဗင်ဟာ..ပန်းဝင်တဲ့နေရာကို ရောက်လာခဲ့တယ်..။သူ ကားထဲက နေထွက်လာပြီး ပထမဆုံး လုပ်တဲ့ အရာက..အစောက မောင်းသွားတဲ့ ကားရဲ့ ပိုင်ရှင်ကို ရှာတာ ပါပဲ..။
"အဲလူ ဘယ်ရောက်သွားလဲ..။အစောက လူ ဘယ်ကို ရောက်သွားတာလဲ..."
အာဗင် လိုကိမေးနေခဲ့ပါတယ်..။သူက ပရိုအဆင့် ပြိုင်ပွဲ ဝင်တစ်ယောက်ဖြစ်ပြီး လူသိလည်း များပါတယ်..။သိူ့ပေမယ့်..အမှန်တကယ်ပဲ..သူ ဒီလို ပြိုင်ပွဲ သေးသေးလေးမှာ ရှုံးနိမ့်ခဲ့တာလား..။ထပ်ပြောရရင်..သူ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ ရိုက်ချမူကို ခံခဲ့ရတာပါ..။ဒါပြီးတဲ့ နောက််မှာ..သူ ဘယ်လိုလုပ်ပြီး တည်ငြိမ်နေနိုင်ဦးမှာလဲ..။
ကမ္ဘာ့ နံပါတ် ၁ တောင်မှ ..ဒီလိုမျိုး စွမ်းဆောင်နိုင်မယ်လို့ သူ မထင်မိပါဘူး..။
ရီတုန်ရှင်း အခုတော့ နည်းနည်း သက်သာလာခဲ့တယိ..။သို့ပေမယ့်..သူမ အားနည်းနေတုန်းဖြစ်ပြီး..
"ချန်းဟိုင်ဂီ..အဲ့ငနဲက..ဘယ်သူလဲ..."
ချန်းဟိုင်းဂီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
"ငါ.. မပြောလို့ မရဘူးလား..."
ရီတုန်ရှင်း ပြန်ပြောလိုက်တယ်..။
"မရဘူး..."
ချန်းဟိုင်ဂီ အကူညီမဲ့သွားခဲ့တယ်..။
"သူက ရှန်ဟိုင်းက မာစတာလင်းပဲ..။ဒါပေမဲ့ တုန်ရှင်း..နင်သူ့ကို ပြသနာ သွားမရှာဖို့ ငါ အကြံဥာဏ်ပေးချင်တယ်နော်..."
"ဟမျ့.."
ရီတုန်ရှင်း နှာခေါင်းရှုတ်လိုက်တယ်..။
"နင် စိတ်မပူပါနဲ့..ငါသူ့ကို ဘာမှ မလုပ်ပါဘူး..."
ချန်းဟိုင်ဂီ..ခေါင်းခါယမ်းလိုက်တယ်..။
"ငါက မာစတာလင်းကို စိတ်ပူတာ မဟုတ်ဘူး..။နင့်ကို စိတ်ပူလို့ပြောတာ.။နင် မာစတာလင်းကို ဘာမှ သွားလုပ်လို့ ရမှာ မဟုတ်ဘူး.."
"နင်..."
ရီတုန်ရှင်းဟာ..ချန်းဟိုင်ဂီက သူမကို စိတ်ပူနေတာ ဖြစ်လိမ့်မယ်လို့..မထင်ထားခဲ့ပါဘူး..။ဒါက သူမရဲ့ မာနကို ထိခိုက်စေပါတယ်..။
လူတိုင်းက..လင်းဖန်ကို ရှာနေတဲ့ အချိန်မှာတော့..လင်းဖန်က ဟော်တယ်ကို ပြန်ရောက်ပြီး..ရှန်ဟိုင်းကို ပြန်ဖို့ အဆင်သင့်ပြင်နေခဲ့ပါပြီ..။
သူ ..တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အခြေအနေကိုလည်း ထပ်ပြီး မမေးချင်တော့ပါဘူး..။သူက..ပန်းချီကားတွေလည်း ရေးဆွဲ ပေးပြီးတဲ့အပြင်..မစ်ရှင်ကိုလည်း ပြီးမြောက်အောင် လုပ်ပြီးပါပြီ..။သူ ဘေးဂျင်းမှာ ဘာမှ လုပ်စရာ မရှ်ိတော့တာကြောင့်..ရှန်ဟိုင်းကို ပြန်တာက အကောင်းဆုံးပါပဲ..။
ညအချိန်..။
လိန် မိသားစုတွငိ..။
လိန်ဟောင်ထျန်..လင်းဖန်ကို ငိုယိူပြီး ပြောချင်တာတွေ ပြောလိုက်တဲ့ နောက်မှာ..ခံစားရ ပိုကောင်းလာခဲ့တယ်..။အထူးသဖြင့်..တစ်ဖက်လူက..ဂတိ ပါပေးသွားတာ ကြောင့်..သူ စိတ်သက်သာရာ ရနေခဲ့ပါတယ်..။သူ အခု လုပ်စရာဆိုလို့..ပြသနာတွေ နဲ့ ဝေးဝေးမှာ နေဖို့ပါပဲ..။
အိမ်ထဲကို ဝင်သည့် အချိန်တွင်..။
"ညီငယ်လေး..ငါကြားတာတော့..မင်းကို တစ်ယောက်ယောက်က ပညာပေးလိုက်တယ်ဆို.."
လူတစ်ယောက်ဟာ..လိန်ဟောင်ထျန် ရဲ့ ရှေ့မှာရပ်ပြီး ပြောလိုက်တာပါ..။ဒါက သူ့ ဒုတိယ အန်ကယ်ရဲ့ အကြီးဆုံး သားပါ..။
"အစ်ကိုက..ဒါကို ဘယ်ကကြားလာတာလဲ.."
လိန်ဟောင်ထျန် ဒီကိစ္စကို ထပ်မပြောချင်တော့ပါဘူး..။ဒီလူတွေက..သူ့ကို လှောင်ပြောင်ချင်လို့ မေးနေတယ် ဆိုတာကို သူသိထားပြီးသားပါ..။
"ငါ ဘယ်ကကြားလဲ ဆိုတာက ပြသနာ မဟုတ်ပါဘူး..။ငါ သိသလောက်တော့ မင်းက အဲ့တစ်ယောက်ကို အရမ်းကြောက်ပြီး လက်စားတောင် ပြန်မချေနိုင်ဘူးဆို..။ဒါက လိန် မိသားစုကို အရှက်ရစေတာပဲ.."
လိန်ဟောင်ထျန် ဒေါသထွက်သွားခဲ့တယ်..။သူ ဘာမှ ထပ်မတွေးနေတော့ပဲ..ပြုံးလိုက်ပြီး..
"ဒီကိစ္စက အစ်ကို နဲ့ ဘာမှ မဆိုင်ပါဘူး..။တကယ်လို့ အစ်ကိုသာ..ကျွန်တော့်အတွက် လက်စားချေပေးချင်တယ် ဆိုရင်လည်း ကြိုဆိုပါတယိ..။သူက ရှန် ဟိုင်း တိမ်ဖြူလမ်းက..မာစတာလင်းပဲ..။သူ့ ဆိုင် ကို သွားရှာလို့ရတယ်..။တကယ်လို တစ်ခြား မရှိတော့ ဘူးဆိုရင် ..ကျွန်တော် နားတော့မယ်..."
သူ တစ်ဖက်လူ ပြန်ဖြေတာကိုတောင် မစောင့်တော့ပဲ..ထွက်လာခဲ့ပါတယ်..။
ရူးသွက်နေတဲ့ ခွေးသားလေး..ငါက မင်းအတွက် လက်စားချေပေးရမှာလား....
သူသာ..အချိန်ရှိရင်တော့..အမှန်တကယ်ပဲ..လက်စားချေပေးချင်ပါတယ်..။၈
သို့ပေမယ့်..သူ လက်စားချေမယ် ဆိုရင်တော့ တစ်ဖက်လူကို သေချာလေ့လာ ရမှာပါ.။တစ်ဖက်လူက..ကျို့ထျန်းဖူ နဲ့ အရမ်း ရင်းနှီးတဲ့ ပုံပါပဲ..။တကယ်လို့ ဒီကြားထဲ..ကျို့ထျန်းဖူ သာ..ဝင်ပါလာမယ်ဆိုရင် သူ လည်း အာရုံနောက်ခံပြီး အမှိုက်အတွက် လက်စားချေပေးမှာ မဟုတ်ပါဘူး..။
နောက်တစ်ရက်..။
ဘေဂျင်း လေဆိပ်တွင်..။
ချန်းဟိုင်ဂိီ ဖုန်းခေါ်လာခဲ့တယ်..။
"မာစတာလင်း..တကယ်ထွက်သွားတော့မှာလား..။ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ..."
"ငါ ထပ်ပြီးမနေတော့ပါဘူး..။သေချာ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်.."
"ကျွန်တော်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။ကျွန်တော် ဘာမှ သိပ်မလုပ်ခဲ့ရဘူးလေ..။မာစတာ လင်းကို နည်းနည်း ဆက်နေစေချင်သေးတာ.."
"နောက်လည်း အခွင့်အရေးတွေ ရှိဦးမှာပါ..။အလျင်မလိုပါနဲ့..."
"သိပါပြီ..."
ပြီးတဲ့နောက်မှာတော့..ကျန်းကျောင်ရှန်းနဲ့ ဝုယန်ဂန် တို့လည်း ဖုန်းခေါ်လာခဲ့တယိ..။
သူတို့က..မာစတာလင်းကို..လေဆိပ်အထိ လိုက်မပို့နိုင်ကြပေမယ့်..မာစတာလင်းအတွက် ဒါက မလိုအပ်ဘူးလို့ ခံစားကြရပါတယ်..။
သိူ့ပေမယ့်..ကျန်းကျောင်ရှန်းဟာ..လင်းဖန်ကို ဆက်နေဖို့ အကောင်းဆုံး ဆွဲဆောင်နေခဲ့တယ်..။လင်းဖန်ကတော့..ကျန်းကျောင်ရှန်း သူ့ကို..နိုင်ငံတကာ..အနုပညာ ပြိုင်ပွဲမှာ ပါဝင်ရမှာကို ကြောက်နေခဲ့တာပါ..။
သိူ့ပေမယ့် လင်းဖန်ကတော့..အခုချိန်မှာ ရှန်ဟိုင်းကိုသာ ပြန်ချင်နေပြီး..ပြည်ပကို မသွားချင်ခဲ့ပေ..။သူ ပန်းချီးကား ၁၀ ချပ်အထိတောင် ဖန်တီးပေးထားတာကြောင့်..နိုင်ငံခြားအထိ လိုက်ဖို့က ..မလိုအပ်လောက်ပေ..။ဒါက အချိန်ဖြုန်းတိီး သလိုပဲ..ဖြစ်နေတော့မှာပါ..။
အခုချိန်မှာ..သူ..နိုင်ငံတကာ..အနုပညာ..ပြပွဲရဲ့ ရလာဒ်က..ဘယ်လို ဖြစ်လာမလဲ..ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ..။