အခန်း (၆၈၇)
Vol. 46 Ch. 687
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
လင်းဖန် ပြန်ရောက်နေတာ ရက်အနည်းငယ် ကြာနေခဲ့ပါပြီ..။
ဒီရက်တွေမှာ ချမ်းစိမ့်စိမ့် နိုင်နေခဲ့တယ်..သို့ပေမယ့်..လင်းဖန် အတွက်ကတော့..လင်းဖန် အတွက်ကတော့..အအေးဓာတ်က ပြသနာ မရှိပါဘူး..။သူ လုံးဝ စိတ်မပူခဲ့ပေ..။ဝူရှ အသိပညာ အခန်းက..အတော်ကို..အင်အားကြီးတာပါ..။ပူတယ် အေးတယ် ဆိုတဲ့ ရာသီဥတုက..သူ့အပေါ် လုံးဝ သက်ရောက်မူ မရှိပါဘူး..။ဒါက သူ့ကို့..သင့်တင့်မျှတတဲ့ အတွင်းပိုင်း..အပူချိန်ကို ထိန်းပေးထားပါတယ်..။
ဝူယူလန်ဟာ..လင်းဖန် ရဲ့ နောက်မှာ ရပ်နေပြီး..သူမရဲ့ လက်ချောင်းတွေနဲ့ ခေါင်းကို..ဖြည်းညှင်းစွာ..နိပ်နယ်ပေးနေခဲ့တယ်..။ပြီးတဲ့နောက်မှာ..သူမ..ခေါင်းကို ငုံ့ကာ..ဆံပင်းးတွေကို ပြုတ်ကျစေပြီး..သူမရဲ့ ကိုယ် သင်းရနံ့ကို ရနေစေခဲ့ပါတယ်..။
"အစ်ကိုလင်း...နိုင်ငံတကာ အနုပညာ ပြပွဲရဲ့..ရလာဒ်က မကြာခင် ထွက်လာတော့မှာ မလား..."
လင်းဖန် ကြောင်အသွားခဲ့တယ်..။
"တကယ်လား...။ရလာဒိက မကြာခင်ထွက်တော့မယ် ဆိုတာကို ဘယ်လိုသိတာလဲ..."
ဝူယူလန် ရယ်မောလိုက်တယိ..။
"အင်တာနက်က သတင်းအရ ဆိုရင်တော့..ပြပွဲနေ့က ဒီနေ့လေ..။ရလာဒ် ဘယ်လို ထွက်လာမလဲ ဆိုတာ..တော့ မသိသေးဘူး..."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဘာပြသနာ မှ မရှိလောက်ဘူး..။ငါ ပန်းချီကား ၁၀ ချပ်လောက်တောင် ဆွဲပေးခဲ့တာလေ..။တကယ်လို့ ကြည့်ရူသူတွေရဲ့ မျက်လုံးတွေ..တစ်ခုခု ချွတ်ယွင်းနေတာ မဟုတ်ရင်တော့ ဘာမှ ဖြစ်လာစရာ မရှိဘူး..."
သူဆွဲခဲ့တဲ့ ပန်းချီကားတွေကို..သူ ယုံကြည်မူ ရှိပါတယ်..။တကယ်လို့ ဒီပန်းချီကား တွေသာ..ပထမ မရရင် ဘယ်ဟာမှ ရတော့မှာ မဟုတ်တော့ပါဘူး..။
အစကတော့..သူ ကျန်းကျောင်ရှန်းကို..ဖုန်းခေါ်ဖို့ လုပ်လိုက်ပေမယ့်လည်း..မေ့လိုက်ဖို့သာ ဆုံးဖြတ်လိုက်တယ်..။အခုက သူတို့ဆီမှာ ညဘက်ပဲ ရှိသေးတာကြောင့်..ပြပွဲက တရားတင် မစရသေးပါဘူး..။ဒါကြောင့် သူတို့ နိုင်ငံမှာ တရားဝင် စတင်ဖို့သာ..စောင့်ဆိုင်းရမှာပါ..။
"ယူလန်.မင်းရဲ့ ကျွမ်းကျင်မူတွေက..အတော် တိုးတက်လာတာပဲ..။အရင်ကလို..အားတွေ အရမ်းမထည့်တော့ဘူး..။မင်း လေ့ကျင့်ထားတာလား..."
လင်းဖန် ရယ်မောလိုက်တယ်..။ဒီရက်တွေက..လွတ်လပ်ပြီး လွယ်ကူပါတယ်..။သူ ပင်ပန်းတဲ့ အချိန်တိုင်းမှာ..ဝူယူလန်က..အမြဲတမ်း..နိပ်နယ်ပေးလေ့ ရှိတာက..သူ့ ရဲ့ ခေါင်းကို ပေါ့ပါးစေပါတယ်..။ဒါက အတော်ကို သက်သောင့် သက်သာ ဖြစ်စေတာပါ..။
ထပ်ပြောရရင်ဒါက လင်းဖန် လိုချင်နေတဲ့ ဘဝ အခြေအနေပါပဲ..။စွယ်စုံကျမ်းရှိပြီး..ချမ်းသာ ကြွယ်ဝမူတွေလည်း ရောက်လာနိုင်တယ် ဆိုပေမယ့်..သူ.. ပင်ပန်းတဲ့ ဘဝမျိုးမှာတော့ မနေချင်ပါဘူး..။သက်သောင့်သက်သာ လွတ်လွတ်လပ်လပ်နဲ့.. ကိုယ်လုပ်ချင်တာကို လုပ်နေရတာက ပိုပြီး အရေးကြီးပါတယ်..။
လင်းဖန် ဆိီက ချီးကျူးမူကို ရတာက..ဝူယူလန်ကို ကျေနပ်စေခဲ့ပါတယ်..။
"ဟင့််အင်..မလေ့ကျင့်ပါဘူး..။ညီိမ ဗိီဒီယို အနည်းငယ်ပဲ..ကြည့်ထားတာပါ..."
လင်းဖန် ဝူယူလန် က်ို ပုတ်လိုက်တယ်..။
"ကောင်းတယ်..ဒါကမဆိုးဘူး..။ဆက်ပြီး ကြိုးစားထား..."
"သိပါပြီ..."
သူ ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်ပါတယ်..။
အင်တာနက်ပေါ်မှာ..နိုင်ငံတကာ..အနုပညာ ပြပွဲအတွက်..ဆွေးနွေးမူတွေ..အများကြီးပါပဲ..။
"အနုပညာ ပြပွဲက..၁၀ နာရီ စမှာ..။ဒီတစ်ကြိမ် ငါတို့ နိုင်ငံရဲ့ အဆင့်က ဘယ်လောက် ရမလဲ မသိဘူး..."
"ဒါက. တကယ်ကို ရလာဒ်ကောင်းလိမ့်မယ်.."
"ကြည့်ရတာ တော့ သိပ်အားမရဘူး..။အရင်တစ်ခေါက်တုန်းက..ဘယ်လိုဖြစ်တာလဲ မတွေ့ဘူးလား..။ငါတို့က လူတွေ အများကြီး ရယ်စရာ ဖြစ်ခဲ့ကြတာလေ..။ဒီတစ်ကြိမ်လည်း မျှော်လင့်ချက်တွေ အများကြီး..ရှိမှာ မဟုတ်လောက်ဘူး..."
"ဟင်း..ကိုယ့်နိုင်ငံကို. .ယုံကြည်မူ နည်းနည်း ရှိစမ်းပါ..."
"တရုတ် အနုပညာ အဖွဲ့အစည်းရဲ့..မစ္စတာ ကျန်းကျောင်ရှန်းက..အတော်ကျွမ်းကျင်တဲ့..စကေးတွေ ရှိတယ်နော်..။ဒီတစ်ကြိမ်တော့..အဲလောက်ထိ မဆိုးလောက်ဘူး.."
"ဟုတ်တယ် ဟုတ်တယ်..အဲမှာ ယွဲ့ချီဂျုရှိီ နဲ့ တာအို ရှိဂန် .တို့လည်း ရှိကြတယ်လေ.။သူတို့ နှစ်ယောက်စလုံး ရဲ့ ကျွမ်းကျင်မူက..တကယ်ကို မဆိုးဘူး..။စျေးကွက်မှာဆိုရင်..သူတို့ရဲ့..အနုပညာ လက်ရာတွေက..အတော်စျေးပေါက်ပေမယ့်..သူတို့က သိပ်မရောင်းကြဘူး..."
"သူတို့ ကမှ အစစ်အမှန် မာစတာတွေ..။သူတို့က..စျေးကွက်မှာ အမြဲတမ်းရောင်းနေတဲ့. မယုံကြည်ရတဲ့ ပန်းချီဆရာ တွေနဲ့ လုံးဝ မတူဘူး..."
"ဒီပန်းချီကား တွေက..ဘာမှမဟုတ်..သူတို့က ကြော်ညာဖို့ အတွက်ပဲ သုံးတာ.။ဒါပေမဲ့ ဒီနှစ် အနုပညာ ပြပွဲက ဘယ်လိုဖြစ်မလဲ ငါတကယ် သိချင်မိတယ်..။အခု တစ်ခေါက်ဆွဲခဲ့တဲ့..ပန်းချီကားတွေကလည်း အရင်တစ်ခေါက်ကလို ဆိုရင်တော့..သိပ်ပြီး မျှော်လင့်ချက် ရှိမှာ မဟုတ်တော့ဘူး."
"အနုပြပွဲ မှာ ဘယ်ပန်းချီကားတွေ သုံးမှာလဲ ဆိုတာကို တစ်ယောက်ယောက် သိထားကြလား.။တကယ်လို့ သိတဲ့လူရှိရင်..ပျော်လိုက်ကြပါ..."
"ဟင့်အင်..ပြပွဲ မတိုင်ခင်နေ့အထိတော့..ဘယ်သူမှ သိကြမှာ မဟုတ်ဘူး..."
"သိူ့ပေမယ့်..ငါကြားတာတော့..ငါတို့ နိုင်ငံက အချပ်ရေ ၁၀ ချပ်ပဲ ရှိတယ်တဲ့.."
"ဘာ..ဒါမဖြစ်နိုင်ဘူး..။ငါ သိသလောက်တော့..အနည်းဆုံး ပန်းချီကား ၃၀ လောက်ရှိတယ်တဲ့..."
…
သူ ဝိုက်ဘိုကို ပိတ်လိုက်တယ်..။
ဒါက လွှမ်းမိုးမူ အကြီးကြီး မရှိပေမယ့်.ပြောနေကြတဲ့ လူတွေ အများကြီး ရှိပါသေးတယ်..။အရေးကြီးဆုံး အရာက.နိုင်ငံတကာ..ပြပွဲတွေမှာ..အနိုင်ရဖို့ပဲ..ပြည်သူ..တွေက လိုအပ်နေခဲ့တာပါ..။ဒီ အောင်နိုင်မူက..ဘယ်ကပဲ လာလာ ပြည်သူတွေရဲ့..စိတ်ဓာတ်တွေကို တက်ကြွ လာစေမှာ အသေအချာပါပဲ.။
ဒီတစ်ကြိမ် နိုင်ငံတကာ ပြပွဲမှာ သူတို့ ပထမ မရဘူးဆိုရင်တောင် နိုင်ငံတစ်ချို့ကိုတော့..အနိုင်ရဖို့ လိုအပ်ပါတယိ..။
လင်းဖန်..၁၆ ခုမြောက် အသိပညာ..အခန်းကို..မစတင်ရသေးပေ..။အခုချိန်မှာ..သူ တွေးနေတာ တစ်ခုတည်းရှ်ိပြီး အဲတာက..သဘာဝ ပတ်ဝန်းကျင် ပြုပြင်ရေး အသိပညာပါပဲ..။ဒါက သဘာဝကို ဆန့်ကျင်လောက်တဲ့ အသိပညာတော့ မဟုတ်ပေ..။ဒါက အနုပညာ လက်ရာတစ်ခုလို့တောင် ပြောလို့ရပါတယ်..။
နောက်ရက် အနည်းငယ်မှာဆိုရင်..သူ နန်ရှမ်းဂေဟာကို သွားလည်ပြီး..ဒီ အသိပညာကို..ကလေးတွေ အတွက် ရှင်းပြရမှာပါ..။တစ်ချိန်တည်းမှာပဲ..စိုက်ပျိုးရေးအတွက် မျိူးစေ့တွေကလည်း ပြသနာ မဟုတ်ပါဘူး..။ဒါက စတိုးဆိုင်တွေမှာ စျေးပေါပေါ နဲ့ ရောင်းပေးပါတယ်..။
ထပ်ပြောရရင် စတိုးဆိုင်ကဟာတွေက..စျေးတွေမှာ ရောင်းနေတဲ့ အရာတွေထက်..ပိုပြီး အရည်အသွေးကောင်းပါတယ်..။
ညအချိန်..။
လူတိုင်းဟာ စိတ်ကူယဥ်နေခဲ့တယ်..။
သိူ့ပေမယ့်..အမေရိကားမှာတော့..ဆူညံမူတွေ စိတ်လှုပ်ရှားမူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။နိုင်ငံတကာ အနုပညာ ပြပွဲကတော့ တရားဝင်စတင်ခဲ့ပါပြီ..။
ကျန်းကျောင်ကျန်း ဟာ ပြပွဲမှာ ရှိနေပြီး..တစ်ခြား နိုင်ငံအများကြီးက..အနုပညာ အဖွဲ့အစည်းတွေဟာ..လည်း ရှိနေခဲ့ကြတယ်..။တစ်ချိန်တည်းမှာပဲ..လင်းဖန် ရဲ့ ပန်းချီကားတွေလည်း ရောက်နေခဲ့တယ်..။လုံးခြုံရေး အတွက် ဒီပန်းချီကား တွေကို ပရိုအဆင့်..လွဲပြောင်းသူတွေကတဆင့် ယူလာခဲ့တာပါ..။
ဒီလောက် လေးလေးနက်နက် လုပ်ဆောင်တာက သူတို့ အတွက်တော့ ပထမဆုံးပါပဲ..။အရင်က သူတို့ ဒီလောက် မကြောက်ခဲ့ကြပေ..။
ဒီပန်းချီကားတွေက..မာစတာလင်း..ရေးဆွဲထားခဲ့တာပါ..။ဒီပန်းချီကားမှာ..မြင့်မားတဲ့ ကျွမ်းကျင်မူတွေ အများကြီးပါပဲ..။ဒီိလိုမျိူး ပန်းချီကားတွေဆိုတာက..နိုင်ငံရဲ့ ရတနာ တွေနဲ့ အတူတူပါပဲ..။
ကျန်းကျောင်းရှန်းဟာလည်း..ဒါကို သေချာသိထားတာကြောင့်..ပန်းချီကားတွေ ရောက်တာနဲ့..ပြတိုက်ထဲမှာ တန်းထားဖို့..မှာကြားထားခဲ့ပါတယ်..။
ဒါပေါ့..ဒီ အနုပညာ..လက်ရာတွေက..မာစတာလင်းရဲ့ လက်ရာတွေပါ..။ဒီပန်းချီကားတွေကို ဘာလုပ်ရမလဲ ဆိုတာကတော့..သူ့မှာ အာဏာမရှိပါဘူး..။တစ်ခုခုလုပ်ချင်တယ် ဆိုရင် သူ မာစတာလင်းနဲ့ ဆွေး နွေးရမှာပါ..။သို့ပေမယ့် မာစတာ လင်းကတော့ သိပ်ပြီး စိတ်ဝင်စားတဲ့ ပုံစံ မရှိပေ..။
ကျန်းကျောင်ရှန်း မာစတာလင်း အကြောင်းတွေးမိတဲ့ အချိန်မှာ ရှက်ရွံ့သွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..စိတ်ထဲ ခံစားသွားခဲ့ရပါတယ်..။မာစတာလင်းက..သူ့ကို ယုံကြည်လို့သာ..ဒီီလို လုပ်ပိုင်ခွင့်အပြည့်ပေးထားတာပါ..။
နောက်တစ်ရက်..။
မြို့သားတွေဟာ..အိပ်စက်နေကြတာကြောင့်..အမေရိကားမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို မသိခဲ့ကြပေ...။
သို့ပေမယ့်..သူတို့ နိုးလာတာနဲ့..ဖုန်းကို ဖွင့်ပြီး သတင်းတွေကို..ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အ သွားခဲ့ကြတယ်..။
"သတင်းကောင်း...နိုင်ငံတကာ အနုပညာ ပြပွဲမှာ နိုင်ငံရဲ့..တရုတ်အနုပညာဟာ.. တစ်ကမ္ဘာလုံးကို အံ့ဩသင့်စေခဲ့ခြင်း..."
"အမေရိကား..ရဲ့..ထိပ်တန်းမာစတာ..ဟက်တန် ဟာ ပန်းချီကားကို ကြည့်ရင်း..မူးလဲကျသွားခြင်း.."
"တရုတ်အနုပညာဟာ..မယုံနိုင်စရာ တိုးတက်လာခဲ့တယ်..။တစ်ကမ္ဘာလုံးက ပန်းချီပညာရှင် တွေဟာ.. မဖြစ်နိုင်ဘူးဟုသာ ဆက်တိုက် ပြောနေကြ..."
"နယ်သာလန်မှ ဆီဆေး ပန်းချီကား..တူဒါဖို့..ဟာ..ပန်းချီကား တစ်ချပ်ကို ကြည့်ပြီး..အသက်ဝင်နေတယ်လို့ ပြောကြားခဲ့သည်..."
"တရုတ်အနုပညာ အဖွဲ့အစည်းဟာ..သမိုင်းတစ်လျောက်..အမြင့်မားဆုံး..မဲပေးမူကို ရရှိခဲ့သည်..."
"ဂျပန်မာစတာ ..ဝါတာရှိဟိုက်..သူတို့ရဲ့ ရလာဒ်ကြောင့် ကြေကွဲစွာ..ငိုခဲ့..."
"ကြားဖြတ်သတင်း..ပြပွဲရှိ ပန်းချီကား ဆယ်ချပ်လုံးကို တစ်ယောက်တည်းက ရေးဆွဲခဲ့ခြင်းဖြစ်..."
…
အဲ့အချိန်မှာတော့..မြို့သားတွေဟာ..သူတို့ရဲ့ မျက်လုံးတွေကို ပွတ်လိုက်ကြတယ်..။
ဘာတွေဖြစ်နေတာလဲ..။ငါတို့ အမြင်မှားနေတာလား...
သတင်းခေါင်းစဥ် တွေဟာ..အတော် မယုံနိုင်စရာ ကောင်းနေခဲ့တယ်။အယ်ဒီတာတွေ ဥိီးနှောက်ချွတ်ယွင်းသွားတာလား..။တကယ်လ်ို့ သူတို့ နိုင်ငံ အပေါ်ချိီးမြှောက်ချင်ရင်တောင်..ဒီလောက် အထိ ရေးသားကြဖို့ မလိုအပ်ပါဘူး..။
အင်တာနက်..။
"ချီးပဲ..ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ..။ဘာလို့ မနက်ခင်းမှာတင် သတင်းတွေ အများကြီး တက်နေတာလဲ.."
"ဒါတွေက အစစ်လား အတုလား...။ငါတို့က နိုင်ငံတကာ အနုပညာ ပြပွဲမှာ ပထမ ရတယ် ဆိုပါလာူ..."
"ချီးပဲ..ငါတို့ နိုင်ငံက..မာစတာတွေတော့..ငိုကြွေးနေလောက်ပြီ..။ဒီအောင်မြင်မူကြီးက..အရမ်းများတယ်လို့ မထင်ဘူးလား..."
"နိုင်ငံ အတွက် ငါအတော် ဂုဏ်ယူတယ်..."
"ဟားးဟား..အံ့ဩစရာပဲ..။ငါတို့..တကယ် ပထမ ရတာလား..."
"ဒီသတင်းတွေက..အစစ်ပဲ..အမေရိကားက..ငါ့သူငယ်ချင်းပြောတာတော့..သူတောငိ ပန်းချီကားတွေကို မြင်ပြီး အတော် အံ့ဩသွားတယ်တဲ့..."
"မင်း သူငယ်ချင်းမှာ..ပန်းချီကားတွေရဲ့ ပုံတွေ ရှိလား..။အမြန်..ငါတိူ့လည်း ဘယ်လို ပန်းချီကားလဲ ဆိုတာ ကြည့်ချင်တယ်လေ..။
"ခနလေး..ငါသူ့ကို မေးလိုက်ဦးမယ်..."
"မမေးနဲ့တော့..မလိုတော့ဘူး..။ဝိုက်ဘိုက ဟော့ဖြစ်နေတဲ့ ပေ့ချ် တစ်ခုမှာ ပုံတွေကို တင်ထားပြီးပြီ..။ပထမ ဆုံး ပုံကို မြင်လိုက်တာ..ငါ့ရဲ့ ဖုန်းတောင် လွတ်ကျသွားသေးတယ်..။ဒါပေမယ့် ဆယ်ပုံလုံးကို ကြည့်ပြီးတော့..ငါတွေးနေတာက..ဘယ်လိုလူကများ ဒီလောက် အံ့ဩဖို့ကောင်းတာလဲ ဆိုတာပဲ..."
"ဘာ..ငါ သွားကြည့်လိုက်ဦးမယ်..."
အဲ့အချိန်မှာတော့..မြို့သားတွေဟာ..လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတယ်..။
ပန်းချီကားတွေက..ဘယ်လိုပုံစံရှိလဲ သူတို့ တကယ် သိချင်နေခဲ့ကြတာပါ..။