ငါ လုံလောက်အောင် အသက်မရှင်ရသေးဘူး..
Vol. 46 Ch. 688
#ဘာသာပြန် = စနိုးဝှိုက်
ဝိုက်ဘို ရှာဖွေမူ စာရင်းတွင်..။
ဒီ ပန်းချီကားတွေကို..တရုတ်အနုပညာ အဖွဲ့အစည်းက ဖော်ပြထားခဲ့တယ်..။သူတို့ဟာ..အကောင်းမွန်ဆုံး..ပစ္စည်းတွေကို သုံးထားပြီး..ပန်ချီကားတွေကို..ရှင်းလင်း ကြည်လင်အောင် လုပ်ထားခဲ့ပါတယ်..။
ဒီမှာ စုစုပေါင်း..ပန်းချီကား ဆယ်ချပ် ရှိနေခဲ့တယ်..။ပန်ချီကား..အကုန်လုံးဟာ..တူညီစွာ အံ့ဩဖို့ကောင်းပြီး..နတ်ဘုရားရဲ့ အနုပညာတွေလို့တောင်..တင်စားလို့ရပါတယ်..။
လင်းဖန်မှာက..စွယ်စုံကျမ်းရဲ့ အားဖြည့်မူ ရှိနေတာကြောင့်..သူက..တရုတ်အနုပညာကို..သာမန်ထက်ပိုပြီး..ဆန်းကျယ်အောင် ဖန်တီးနိုင်ပါတယ်..။စွယ်စုံကျမ်းထဲက မူလ ပန်းချီလက်ရာတွေတောင် သူ ဖန်းတီးထားတဲ့ လက်ရာတွေကို ယှဥ်နိုင်မှာ မဟုတ်ပါဘူး..။
မြို့သားတွေဟာ..လင့်ထဲကို ဝင်ပြီး ကြည့်လိုက်ကြတဲ့ အချိန်မှာ ပထမဆုံး..ပန်းချီကားကို မြင်ပြီး..အံ့ဩသွားခဲ့ကြတယ်..။
သူတို့က..အနုပညာ အကြောင်းကို..နားမလည်ပေမယ့်..ပန်ချီကား တစ်ပုံက..ကြည့်လို့ကောင်းလား မကောင်းဘူးလား ဆိုတာကို ခွဲခြားနိုင်ပါသေးတယ်..။
သူတို့ ပန်ချီကားတွေကို နောက်ဆုံးအထိ တစ်ခုပြီး တစ်ခု ဖြည်းညှင်စွာ ကြည့်နေခဲ့ကြတယိ..။
သူတို့ အကုန်လုံး လုံးဝကို ဆွံ့အနေခဲ့ကြပါပြီ..။
လူသားတစ်ယောက်က..ဘယ်လိုလုပ်ပြီးဒီလိုမျိုးတွေ ဆွဲနိုင်ရတာလဲ..။
သူတို့ သေလောက်အောင် အရိုက်ခံနေရမယ်ဆိုရင်တောင် ဒါကို ယုံကြည်နိုင်ကြမှာ မဟုတ်ပါဘူး..။
ဒီမှာ ရှိတဲ့ ပန်းချီကား..တွေကမှ ပန်းချီကား နှစ်ချပ်ဟာ..သူတို့ရဲ့ အာရုံကို ဖမ်းစားထားခဲ့တယ်..။ဒါကတော့..မြစ်ပေါင်းတစ်ထောင်နဲ့ တောင်တန်းများ ပန်းချီကားနဲ့..ချင်မင်းပွဲတော်က မြစ်ရိုးတစိလျောက် ပန်းချီကားပါ..။သူတို့အတွက်တော့ လုံဝ မယုံနိုင်စရာ ကောင်းနေခဲ့ပါတယ်..။
"ချီးတဲ့မှပဲ..ဒါ.ဒါက ဘယ်လိုလူ ဆွဲထားတာလဲ..။အတော်ကို အံ့ဩဖို့ကောင်းတယ်..."
"ဒီလက်မှတ်ကို သေချာကြည့်လိုက်ဦး ကောင်လေးတို့..."
"မာစတာ လင်း..."
"ဒီမာစတာလင်း..ဆိုတာ..ဘယ်မာစတာလင်း ကို ပြောတာလဲ.."
"ဒါ ရှန်ဟိုင်းက မာစတာ လင်းတော့ မဖြစ်နိုင်ပါဘူးနော်..ဟုတ်တယ်မလား..."
ဒီပန်ချီးကား..တွေက..လူတိုင်းကို အံ့ဩသင့်စေခဲ့တယ်..။တရုတ်အနုပညာ ကို ရူးသွပ်တဲ့ လူတွေ အတွက်ဆိုရင် ပိုတောင် ဆိုးပါသေးတယ်..။တစ်စုံတစ်ယောက်က ပန်းချီကားကို ဒီလောက် အဆင့်အတန်းရောက်အောင် ဆွဲနိုင်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
သူတို့ ဆွဲထားတဲ့ ပန်းချီကား နဲ့..နှိုင်းယှဥ်ကြည့်လိုက်မိရင်..သူတို့ဆွဲထားတဲ့ ပန်းချီကားတွေဆိုတာက..လုံးဝကို အမှိုက်တစ်စ လိုကို ဖြစ်နေခဲ့တာပါ..။
တိမ်ဖြူလမ်း..။
ဝုယူလန်..လူလိမ်ထျန်..နဲ့ ကျန်တဲ့လူတွေဟာလည်း ဆွံ့အနေခဲ့ကြတယ်..။သူတို့ ဖုန်းထဲက ..ပန်းချီကားတွေကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး..
"ဒီပန်ချီကားတွေကို..မင်းဆွဲထားတာလား..."
လင်းဖန် ဒီလူတွေရဲ့..အံ့ဩနေတဲ့ မျက်နှာတွေကို မြင်ပြီး ရယ်မောလိုက်တယ်..။
"ဒါ အဆင််မပြေလို့လား..."
လူလိမ် ထျန် ဒေါသထွက်သွားခဲ့ပါတယ်..။
"ချီးပဲ.. ဘယ်လ်ိုဖြစ်နိုင်မှာလဲ..။ဒါက သဘာဝကိုတောင် ဆန့်ကျင်နေပြီ..။မင်းဆွဲထားတဲ့ ပန်းချီကားထဲက လူတွေဆိုရင်..အသက်ရှင်နေကြသလိုပဲ..။တကယ်ပဲ..မင်း ဘယ်လိုများ ဆွဲခဲ့တာလဲ..။မင်း ဘယ်လိုတောငိ လေ့ကျင့်ခဲ့တာလဲ..."
ဒါက တကယ်ကို မေးခွန်းကောင်း တစ်ခုပါပဲ..။သူ ဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့တာလဲ..။
တကယ်လို့ သူ့မှာ သာ စွယ်စုံကျမ်းမရှ်ိဘူး ဆိုရင် တစ်ဘဝလုံး ..လေ့ကျင့်နေရင်တောင်မှ ..ဒီလို အဆင့်အတန်းမျိုးကို ရောက်နိုင်မှာ မဟုတ်ပါဘူး..။
ဝူယူလန်ရဲ့ မျက်လုံးတွေဟာလည်း..စိတ်လှုပ်ရှားနေခဲ့တယ်..။
"မာစတာလင်း..တကယ်လေးစားပါတယိ..."
မိန်းကလေး တွေက..အရည်အချင်းရှ်ိတဲ့လူတွေကို သဘောကျပါတယ်..။အစ်ကိုလင်းက..ပျင်းရိတတ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့်လည်း..သူ့မှာ..ကျွမ်းကျင်မူတွေက ..အများကြီးပါ..။လူတွေ ရဲ့ မျက်လုံးထဲမှာတော့..သူက မင်းသားလေး ပါပဲ..။
လင်းဖန် သဘောကျစွာ ရယ်မောလိုက်တယိ..။
"နိမ်ချနေ..နိမ့်ချပြီးနေ..ဒါက..ကိစ္စသေးသေးလေးပါ..။အရမ်းကြီး ဘဝင်မြင့်နေလို့ မဖြစ်ဘူး.."
ကျောက်ကျန်းယန်..တိုက်ရိုက် ထုတ်လွှင့်နေရင်းကနေ..ပျော်ရွှင်စွာ ရေရွတ်လိုက်တယိ..။
"ညီအစ်ကိုတို့ အမြန်ကြည့်လိုက်ကြဦး.. ။မာစတာလင်းက..နိမ့်ချချင်ယောင် ဆောင်နေပြန်ပြီ..။သူပြောတာက..ဒီပန်ချီကားတွေက..အရမ်းကောင်းတယ် လို့ ပြောဖို့အတွက် လိူသေးတယ်တဲ့..။ကျေးဇူးပြုပြီး..အစ်ကိုလင်း ညာပြောတဲ့ အတွက် မိုးကြိုးပစ်ပေးလိုက်ကြပါ..."
“6666….”
"မာစတာလင်းက တကယ် မယုံနိုင်စရာ ကောင်းတာပဲ..။ပန်းချီကားတွေကို..မြင်တုန်းက ဆိုရင် ငါလဲကျတော့မလို့.."
"ငါ မေးချင်တာက..မာစတာလင်း မလုပ်နိုင်တာ ဘာရှ်ိလဲ ဆိုတာပဲ..။ဒါက အတော်အံ့ဩဖို့ကောင်းတယ်နော်..."
"ဒီပန်းချီကားတွေကို ရောင်းချတော့မယ် ဆိုရင်..မာစတာလင်းက..ဘဏ်စာအုပ်ထဲမှာ သုညတွေ တိုးနေယုံပဲ.."
""မင်း ဘာကို ဆိုလိုတာလဲ.."
"မင်း ငါပြောတာ နားမလည်ဘူးလား..။ငါ့ရဲ့ ပရော်ဖက်ရှင်နယ် ကျကျ အမြင်အရဆိုရင်..ဒီမှာ ရှိတဲ့ အသေးဆုံး ပန်းချီကားကတင်..ဒေါ်လာ..ဆယ်သန်း ကျော်လောက်တယ်..။ချင်မင်းပွဲတော်က မြစ်ရိုးတစ်လျောက် ပန်းချီကား ဆိုရင်တော့..တန်ကြေးဖြတ်လို့တောငိ ရမှာ မဟုတ်ဘူး...။တကယ်လို့ မာစတာလင်းက..သာ ပန်းချီထပ်မဆွဲတော့ရင် တန်ကြေးကတော့ ထင်မှတ်မထားနိုင်လောက်အောင် ဖြစ်မှာပဲ..."
"ချီးပဲ..မင်းပြောတာက ဒီပန်းချီကားတွေက..ထပ်ပြီး တန်ကြေးတက်လာနိုင်တယ် လို့ပြောတာလား..."
"ဒါက သေချာတာပေါ့..။ငါတို့ နိုင်ငံရဲ့ ဘီလီယံနာတွေကို ကြည့်လိုက်..။မာစတာလင်းရဲ့ ဂုဏ်သတင်းဆိုတာကလည်း သေးတာမဟုတ်ဘူး.။ငါ ပြောနိုင်တာကတော့..အခုချိန်မှာ မာစတာလင်းရဲ့ ပန်းချီကားကို ကိုင်ထားတဲ့ လူတိုင်းက သူဌေး ဖြစ်ပြီပဲ..။ထပ်ပြောရရင် မာစတာလင်း သေသွားရင်..ပိုပြီးတောင် တန်ကြေးတက်လာဦးမယ်..။ဒါက ဒေါ်လာ သန်း ၁၀၀ လောက်တောင် ဖြစ်သွားနိုင်တယ်နော်..."
"ဒီလောက်အထိ ချဲ့ကားဖို့ လိုလို့လားကွာ..."
လင်းဖန် ..စခရင်ပေါ်က မှတ်ချက်တွေကို ..ကြည့်နေရင်းကနေ စိတ်မရှည်စွာ ပြန်ပြောလိုက်တယိ..။
"ညီအစ်ကိုတို့..စကားပြောတာလေးလည်း ဂရုစိုက်ကြပါဦးကွာ..။ငါက အခုမှ..အသက် ၂၀ ကျော်ကျော်ပဲ ရှိသေးတာလေ..။အဲတာကို ဘာလို့ အတင်းသေခိုင်းနေတာလဲ..။ဒါကို..ငါ့အပေါ် သစ္စာရှိတယ်လို့ ပြောနေတာလား..."
"ဟားဟား..မာစတာလင်း ပေါက်ကွဲနေပြီ..။မာစတာလင်း..ပန်ချီဆက်ဆွဲမှာကို မလိုတဲ့ လူတွေ တကယ်ပဲ..ရှိနိုင်ပါ့မလား..."
"သူက.ပိုက်ဆံထုတ်ကိုင်ပြီး လမ်းလျောက်နေသလိုဖြစ်နေတာလေ..။ဘာပဲဖြစ်ဖြစ် အန္တရာယ်တော့များတယ်.."
လင်းဖန် ဒီပန်းချီကား တွေအကြောင်းကို တွေးပြီးသွားပါပြီ..။တစ်ခုစီတိုင်းက..အပြစ်ကင်းမဲ့ပြီး..အဆင့်မြင့်နည်းစနစ် တွေပါဝင်နေတာကြောင့် လူတိုင်းရဲ့ အာရုံစိုက်မူကို ရပြီး သူ့ကို ထပ်ကျော်ကြားစေခဲ့ပါတယ်..။သို့ပေမယ့်..သူ ကျန်းကျောင်ရှန်းနဲ့တော့ မတိုင်ပင်ရသေးပါဘူး..။တကယ်လို့ ကျန်းကျောင်ရှန်းသာ..သူ့ကို..ပိုက်ဆံထုတ်ကြီးလို လူတွေ မြင်ကြအောင် လုပ်ရင် အခြေအနေတွေ ဆိုးရွားသွားစေမှာပါ..။
တစ်စုံတစ်ယောက်က..သူ့ အသက်ကို ရန်ရှာ နိုင်တယ်လို့တောင် သူ ခံစားနေရပါသေးတယ်..။
သူ ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။
လင်းဖန် လေထုကို ရှင်းလင်းဖို့ လိုအပ်တယ်လို့ ခံစားနေရပါတယ်..။ဒီလေထုက..အတော်ကို ဆိုးရွားနေတာပါ..။ဒါက ပန်းချီကားလေးတွေပဲလေ..ဒီလောက်အထိဖြစ်ပျက်နေကြဖို့ လိုလို့လား..။
သူ့ရဲ့..ဝိုက်ဘို အကောင့်မှာတော့..သူ့ရဲ့..ပရိတ်သတ်တွေက စုဝေးနေကြပါပြီ..။ဒီပန်ချီကားက..တကယ်ပဲ..မာစတာ လင်းဆွဲခဲ့တာလား ဆိုတာကို သူတို့ သိချင်နေခဲ့ပါတယ်..။
ဒီလို အခြေအနေမှာ..တော့..ဒီပန်းချီကားတွေကို..သူဆွဲခဲ့တာလို့ ပြောလို့ မရတော့ပါဘူး..။ဘာပဲဖြစ်ဖြစ်.. သူ မသေချင်သေးပေ..။
ဝိုက်ဘို.. : ' ချစ်လှစွာသော သူငယ်ချင်းတို့..ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားကြပါ..။ဒီပန်းချီကားတွေက..အမှန်တကယ်ပဲ. ကျုပ် ဆွဲခဲ့တာ မှန်ပါတယ်..။ကျုပ် ဒီလောက်အထိ လည်း..အားမစိုက်ခဲ့ပါဘူး..။အရေးကြီး အရာကတော့..နိုင်ငံအတွက်..ဂုဏ်ဆောင်နိုင်ခဲ့တာပါ..။ပန်းချီကား ရဲ့ စျေးနှုန်း ကို ပဲတွေးနေကြလို့ မဖြစ်ဘူးလေ..။ပန်ချီကားတွေက..ကျုပ်သေရင် စျေးတက်လာနိုင်တယ် ဆိုပေမယ့်. ကျေးဇူးပြုပြီး ကျုပ်သေဖို့ကို ..မတွေးကြပါနဲ့ဦး..။ကျွန်တော် လုံလောက်အောင်တောင် အသက်မရှင်ရသေးဘူးလေ..."
မြို့သားများ...။
"ချီးပဲ..မာစတာလင်း..ဝန်ခံလိုက်ပြီ..."
"ဒယ်ဒီ...ကျွန်တော့်ရဲ့..ကလေးတွေ အတွက် တစ်ချပ်စီ ပန်းချီဆွဲပေးပါ..။တစ်မီတာ..ရှည်တဲ့ ပန်းချီကား ဆိုရင် လုံလောက်ပါပြီ..."
"ဟားဟား..မာစတာလင်း ကြောက်နေပြီ..။သူက..လူတွေက သူသေမှာကိုပဲ..ဝိုင်းပြီး တွေးနေကြမှာကို..ကြောက်နေတာ..."
"အနားဂတ်မှာ မာစတာ လင်း ဂရုစိုက်ဖို့ လိုတယ်နော်..။မင်းရဲ့..ပန်းချီကားတွေ .က..ထွက်ပေါ်ပြီးနေပြီလေ..။မင်းရဲ့ ပန်းချီကားကို လိုချင်တဲ့ လူတွေက ..အနီးကပ်စောင့်ကြည့်နေကြမှာပဲ..."
"အံ့ဩစရာ စွယ်စုံရ မာစတာလင်းပဲ..။မာစတာလင်း..မလုပ်နိုင်တာ ဘာရှိသေးလို့လဲ..။ဒါက အတော် အံ့ဩဖို့ကောင်းတယ်..။
မြို့သားတွေ အတွက်ကတော့..သူတို့ အတော်ကို အံ့ဩနေခဲ့ကြပါတယ်..။တစ်ချို့ အချိန်အတော်ကြာအောင်..အားပေးလာကြတဲ့..လူတွေကတော့..မာစတာလင်း..ရဲ့ ကျွမ်းကျင်မူတွေက..ကြောက်ဖို့ကောင်းလောက်အောင် များပြားတယ် ဆိုတာကို သိထားကြပြီးသားပါ..။
ကိုယ်ခံပညာ မာစတာ..နတ်ဆေးဆရာလေး..စသဖြင့် ရှိပြီး..အခုဆိုရင်လည်း ပန်းချီပညာရှင်ဖြစ်နေခဲ့ပါပြီ..။ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပါ..။
အဲ့အချိန်မှာပဲ..တိမ်ဖြူလမ်းရဲ့ သူဌေးတွေ စုဝေးလာခဲ့ကြတယ်..။
အကြီးအကဲလိန်ဟာ..မျက်နှာကြီး နီရဲနေခဲ့ပြီး..
"သူဌေးလေး..ဒီပန်ချီကားတွေကို တကယ်ပဲ..မင်း ဆွဲခဲ့တာလား..."
အကြီးအကဲ ကျန်း မေးလိုက်တယ်..။
"သူဌေးလေး..မင်း အနာဂတ််မှာ ငါ့ကို..ပန်းချီကားတစ်ချပ်ပေးမယ်လို့ ပြောထားတယ်လေ..။အဲတာ..အခုထိ အကျုံးဝင်သေးလား..."
အစ်မဟောင်လည်း ပြောလိုက်တယ်..။
"သူဌေးလေး..ကျွန်မတို့ အိမ်က ခွေးမလေးက..အကြီးအကဲ ခွေးနဲ့ လက်ထပ်ထားတာလေ..။အဲတာကျွန်မကို လကိဆောင် ပေးရဦးမယ်မလား..."
ဒီလို ..အိမ်နီးချင်းတွေကို ကြည်ပြီး..လင်းဖန် အရှက်ရသွားခဲ့တယ်..။ယင်းနောက် သူ အော်လိုက်ပြီး..
"မေးနေတာ ရပ်လိုက်ကြတော့..။ဘာမှ မရဘူး..လူတိုင်း ဘာမှ ရမှာမဟုတ်ဘူး..ဆိုင်တွေကို ပစ်မထားကြနဲ့..."
"သူဌေးလေး ဒီလို လုပ်လို့ မရဘူးလေ.။ငါတို့က ဒီလောက် ဆက်ဆံရေး ကောင်းကြတာ..။အခုချိန်မှာ..မင်းရဲ့ ပန်းချီကားတွေက အံဩစရာပဲ..။အနည်းဆုံး ငါတို့ကို တစ်ခုစိီလောက်ပေးပါလား..။ငါတို့..မိသားစုရဲ့..ရတနာ..အဖြစ်..သိမ်းထားပါ့မယ်..."
"ဟုတ်တယ် ဟုတ်တယိ..."
…
ဆိုင်ပိုင်ရှင်တွေဟာ..သူဌေးလေးရဲ့..ပန်းချီကားတွေကို အမှန်တကယ်ပဲ..တောင်းနေကြတာ မဟုတ်ကြပါဘူး..။သူတို့ ခံစားချက်တွေကြောင့် ပျော်ရွှင်ပြီး..ပွင့်ထွက်လာကြတာပါ..။
အပြင်မှာ..အံ့ဩသင့်စရာကောင်းနေတဲ့ မာစတာလင်းက..သူတို့ရဲ့ သူဌေးလေးပါ..။ဘယ်လိုလုပ် အံ့ဩမသင့်ပဲ နေမှာလဲ...။
အထူးသဖြင့် သူတို့ သူဌေးလေး နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေကြလို့ပါ..။ဒီလောက်နှစ်တွေ ကြာတာတောင် ဘာလို့ သူတို့မှာ..သူဌေးလေးရဲ့ ပန်ချီကား မရှိရတာလဲ..။
သူတို့ ဒိီကို လာတယ်ဆိုတာက သူဌေးလေးနဲ့ အတူတူ အောင်ပွဲခံဖို့ဖြစ်ပြီး..အနည်းငယ် မြှောက်ပင့်ပေးဖို့ပါ..။ဘယ်သူသိမှာလဲ..။သူ စိတ်ပျော်ရွှင်သွားပြီး..အမှန်တကယ်ပဲ..သူတို့ အတွက် ပန်းချီအနည်းငယ်..ဆွဲပေးနိုင်ပါတယ်..။
သိုပေမယ့်..အခုအချိန်မှာ သူတို့..အတော်ကို နောင်တရနေခဲ့ပါပြီ..။
ဘာလို့..သူတို့ အရင်က..ပန်းချီကား လက်ဆောင်ပေးဖို့..မတွေးမိခဲ့တာလဲ....