အမြင့်ဆုံး တန်ဖိုးဖြတ်ခြင်း...
Vol. 46 Ch. 689
#ဘာသာပြန် = စနိုးဝှိုက်
နှစ်ရက်ကြာပြီးတဲ့နောက်မှာ..တစ်စုံတစ်ယောက်
က..ချက်ချင်းကြီး ကျော်ကြားသွားတာ ဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲ ဆိုတာ..သူ နားလည်သွားခဲ့ပါတယ်..။အထူးသဖြင့်..ပန်းချီကားတွေကြောင့်..ကျော်ကြားသွားတဲ့ အချိန်မှာပါ..။အခုတော့..လူတွေအများကြီးက..သူ့ဆီကနေ..ပန်းချီကားတွေ တောင်းဆိုချင်နေကြပါပြီ..။
တိမ်ဖြူလမ်းက..လူတွေ..သူ့ကို ကြည့်တဲ့ အကြည့်ကလည်း..အရင်ကနဲ့..မတူတော့ပါဘူး..။
သူတို့ရဲ့..မျက်လုံးတွေက..မီးတွေ တောကိလောင်နေသလို..ဖြစ်နေပြီး..ဒါက..တစ်ခြားလူတွေကို ကြောက်လန့်စေပါတယ်..။ဒီလူတွေ..သူ့ကို ကြိုးနဲ့တုပ်..အခန်းကျဥ်းလေးထဲထည့်..ပြီး ပန်းချီဆွဲခိုင်းလို့ရရင်..အမှန်တကယ်ပဲ..အဲလိုလုပ်လောက်ပါတယိ..။
ဒါမျိုးက..သူတွေးကြည့်တာနဲ့တင် ကြောက်ရွံ့မိပါတယ်..။
တရုတ်အနုပညာ အဖွဲ့အစည်းက ..လူတွေ အတွက်ကတော့..သူတို့ ပါးစပ်တွေဟာ..နားရွတ် တက်ချိတ်မတတ်ကို ပြုံးနေခဲ့ကြတယ်..။သူတို့..နိုင်ငံတကာ..အနုပညာ ပြပွဲ..မှာ..မှတ်တိုင်တစ်ခု..စိုက်ထူနိုင်ခဲ့ပါပြီ..။
များပြားလှတဲ့..နိုင်ငံတွေက..အနုပညာအဖွဲ့အစည်းတွေက..မာစတာတွေဟာ..သူတို့ပန်းချီကားတွေကို..နေ့တိုင်းဘညအိပ်ကြည့်ကြပြီးတောငိ..လေ့လာခဲ့ကြပါတယ်..။တစ်ချို့မာစတာတွေဆိုရင်..ဒီပန်းချီကားတွေကို ကြည့်ရင်း..တရုတ်အနုပညာကို ..စိတ်ဝင်စားသွားခဲ့ကြတယ်..။
ဒါပေါ့..နိုင်ငံတကာ..အနုပညာ ပြပွဲက.တစ်ချိန်လုံးချောချော မွေ့မွေ့ ဖြစ်နေတာတော့ မဟုတ်ပါဘူး..။ဒုတိယ နေ့မှာ ဆိုရင်..နိုင်ငံတကာ..သူခိုးတစ်ချို့က..ပန်းချီကားကို ခိုးယူဖို့ ကြိုးစားခဲ့ကြပါတယ်..။သိူ့ပေမယ့်..ကျန်းကျောင်ရှန်းက..ဒီအရေးတွေကို ကြိုသိထားတာကြောင့်..ပန်းချီကားကို ကာကွယ်ဖို့ အစောင့်တွေကို ထားထားပြီးသားပါ..။ညဆိုရင်တောင်..အမြဲမပြတ် စောင့်ကြပ်နေခဲ့ကြတာပါ..။
နိုင်ငံတကာ..သူခိုးတွေအနေနဲ့ကတော့..တစ်ခြား ပန်းချီကားတွေကို မခိုးပဲ..ဒီပန်းချီကားကို လာခိုးဖို့ ကြိုးစားမိတာကို နောင်တရနေလောက်ပါပြီ..။
ရှန်ဟိုင်းတွင်..။
လင်းဖန် ကျန်းကျောင်ရှန် ဆီက ဖုန်းကောကို လက်ခံရရှိတဲ့ အချိန်မှာ..အိပ်ယာကနေ ထလိုက်တယ်..။
"အကြီးအကဲ ကျန်း...ခင်ဗျားတို့ ပြန်လာကြပြီလား..."
"ငါတို့ ပြန်လာပြီ..။ပြပွဲနေ့တုန်းက..ငါတို့ လူတွေ အများကြီးကို ဆွဲဆောငိနိုင်ခဲ့တာ သိပြီးပြီလား..။တစ်ခြားလူတွေ.အကြီးအကဲလင်းရဲ့..ပန်းချီကား တွေကို ကြည့်ပြီး ဖြစ်နေတဲ့ အမူအရာတွေက..တကယ်ကို ရယ်စရာပဲ..။အကြီးအကဲ..လင်း မြင်ရင် တကယ် ရယ်မောမိမှာ သေချာတယ်..."
လင်းဖန်အတွက်ကတော့..ကျန်းကျောင်ရှန်း ပြောပြဖို့တောင် မလိုပါဘူး..။ဒိီလိုတွေ ဘယ်လို အမူအရာတွေ ဖြစ်သွားမလဲ ဆိုတာကို သူ ပုံဖော်ကြည့်လို့ရပါတယ်..။
အံ့ဩသွားကြတဲ့ အမူအရာ အပြင် တစ်ခြားဘာများ ဖြစ်နိုင်မှာ မို့လို့လဲ.....
အဲ့အချိန်မှာပဲ..ကျန်းကျောင်ရှန်း..စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်...
"နိုင်ငံတကာ..အနုပညာပြပွဲရဲ့ တာဝန်ရှိပုဂ္ဂိုလ်က ငါ့ဆီကို ဆက်သွယ်လာသေးတယ်..။သူက ဒီပန်းချီကား..ဆယ်ချပ်ကို ဆက်ငှားပြီး ပြပွဲမှာဘဆက်ပြထားချင်ခဲ့တာလေ..။ဒါပေမဲ့ ငါ သူ့တောင်းဆိုမူ ကို ငြင်းပယ်ခဲ့တယ်..။ငါတို့ရဲ့ ရတနာ တွေကို ဘယ်လိုလုပ် သူတို့လက်ထဲကို ထည့်ပေးနိုင်မှာလဲ..။ငါတို့ဒါကို တစ်ခါတည်း ပြန်ယူလာဖို့ လိုအပ်တယ်လေ..။ထပ်ပြောရရင် နိုင်ငံရဲ့ ပြတိုက်ကို..ဒီပန်းချီကား ဆယ်ချပ်ကို လှူဒါန်းဖို့ ဆက်သွယ်ထားပြီးပြီ..။ဒီ ပန်းချီကား တွေက..ကောင်းမွန်တဲ့ ကျွမ်းကျင်မူ တွေ အများကြီး ပါဝင်တာကြောင့်..သမိုင်းရဲ့ တန်ဖိုးထားရတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်..."
လင်းဖန်ကတော့..သူ့ ပန်းချီကားတွေကို ပြတိုက်မှာ ထားရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူ သဘောကျစွာ ပြုံးလိုက်ပြီး...
"ကောငိးပြီလေ..ခင်ဗျားပဲ.စီစဥ်ပေးပါ..."
ကျန်းကျောင်ရှန်း ပြောလိုက်တယိ..။
"အကြီးအကဲ လင်း..ငါ ပြောတာ ကို နားထောင်ဦး..။ဒီပန်းချီကားတွေကို..ပြတိုက်မှာဟထားတာက..မင်းအတွက် အများကြီး အကျိုးအမြတ် ရှိတယ်..။ငါ ..မင်းကို လိမ်နေတယ်လို့ မထင်နဲ့ဦးနော်..။ဒီရက်တွေမှာ..ပြတိုက်က..ပန်းချီကား နည်းနည်းလောက်ပဲ..လက်ခံတာ..။အခုလို..ပန်းချီကားတွေ ပြတိုက်မှာ..ချိတ်ဆွဲနိုင်တဲ့..အတွက် အကြီးအကဲလင်းရဲ့..တန်ဖိုးကိုမြင့်တက်စေလိမ့်မယ်..။ငါ့ရဲ့ အမြင်အရဆို ..အကြီးအကဲ လင်းရဲ့ နာမည်က..နောက်မျိုးဆက်တွေ များစွာတိုင်အောင် ကျန်နေတော့မှာ အမှန်ပဲ..."
လင်းဖန် ရယ်မောလိုက်တယ်..။
"အကြီးအကဲ..ကျန်း..ကျုပ်ကို ဘယ်လိုလူမျိုးထင်လို့လဲ..။ကျွန်တော် ခင်ဗျားကို မယုံပဲနေပါ့မလား..။ခင်ဗျား ကျုပ်ကို လုံးဝ လိမ်မယ့် လူမှ မဟုတ်တာ...."
ကျန်းကျောင်ရှန်း လင်းဖန် ရဲ့ ယုံကြည်မူကို ရလိုက်တာကြောင့်..ကျေနပ်သွားခဲ့တယ်..။ယင်းနောက် သူ တစ်ခုခုကို တွေးမိလိုက်ပြီး...
"အိုး..ဟုတ်သားပဲ..။အနာဂတ်မှာ..ပန်ချီကားတွေကို ဆွဲချင်သလို မဆွဲနဲ့တော့နော်..။မင်းရဲ့ လက်ရာ တွေက..ဒေါ်သာ ဆယ်သန်းကျော် တန်းကြေးရှိပြီး အဲတာကလည်း အခြေခံ စျေးနှုန်းပဲ ရှိသေးတယ်..။ဒီခေတ်မှာ..အဲ့အဆင့်ကို ရောက်နိုင်တဲ့လူဆိုတာ..အများကြီး ရှိတာမဟုတ်ဘူး..။ပြီးတော့..အကြီးအကဲလင်းရဲ့..ပန်းချီကားတွေက အနုပညာ တန်ဖိုး အတော်မြင့်မားတယ်လေ..။အရမ်းမြင့်မားတယ်..တစ်ခြား ဘယ်သူကမှ ယှဥ်နိုင်မှာ မဟုတ်ဘူး...။ငါ ဘာကို ပြောချင်လဲ ဆိုတာကို နားလည်တယ်မလား..."
လငိးဖန် ခေါင်းညိမ့်လိုက်တယိ..။
"နားလည်ပါပြီ..တစ်ခုရှိတာက..ကျုပ် ခင်ဗျားနဲ့ အကြီးအကဲ ယွဲ့ကို..ပန်းချီကား တစ်ချပ်စီ ပေးထားတယ်လေ..။အဲတာတွေကိုလည်း ပြတိုက်ကို ပို့မှာလား.."
ဒါကို ကြားတဲ့ အချိန်မှာ..ကျန်းကျောင်ရှန်း ဒေါသထွက်သွားခဲ့တယ်..။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..။ဒီပန်းချီကားတွေက..အကြီးအကဲ လင်း ကိုယ်တိုင်ဆွဲပြီးပေးထားတာလေ..။ဒါက..မိတ်ဆွေတွေရဲ့..အထူးဆက်ဆံရေးပဲ..။ငါတို့ မိသားစု ရတနာ အဖြစ် သိမ်းထားပြီး နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရမယ်..."
သူတို့အတွက်ကတော့..အကြီးအကဲ လင်းဆွဲပေးတဲ့ ပန်းချိီကားက..ရတနာ ပါပဲ..။သူတို့က..ပန်းချီး ဆယိချပ်ကို မမှီပေမယ့်..အရည်အသွေးပိုင်းမှာတော့..ထိပ်တန်းမှာ ရှိနေပါသေးတယ်..။
တကယ်လို့ လင်းဖန် ရဲ့ ပန်းချီကားတွေ..နိုင်ငံရဲ့..ပြတိုက်ကို ရောက်သွားတဲ့ သတင်းသာထွက်လာရင်..လင်းဖန် ရဲ့ ပန်းချီကား တန်ဖိုးက အဆမတန် ထိုးတက်သွားတော့မှာပါ..။ဒါက ဒုံးကျည်တစ်ခု လိုပါပဲ..။
ပြပွဲတုန်းကလည်း..ဘီလီယံနာ တစ်ယောက်က..ဒေါ်လာ သန်း ၂၀ နဲ့ စတင် စျေးခေါ်ခဲ့ပေမယ့်..ငြင်းပယ်ခံခဲ့ရပါတယ်..။ဒီ ပန်းချီကားတွေက..ပိုက်ဆံတစ်ခုတည်းနဲ့ ဝယ်လို့ရတဲ့ အရာတွေလား....။
ဒီ အနုပညာ လောကမှာ..ဒီပန်းချီကားတွေကို..ဘယ်သူမှ..မကျော်လွန်နိုင်လောက်ပါဘူး..။
တကယ်လို့ တစ်ယောက်ယောက် ကျော်လွန်နိုင်ရင်ဆောငိ..ဒါက လင်းဖန် ကိုယ်တိုင်ပဲ..ဖြစ်ပါလိမ့်မယ်..။
"ဟားဟား.."
လင်းဖန် ရယ်မောလိုက်တယိ..။
"ကောငိးပြီလေ..အကြီးအကဲကျန်း..ကျွန်တော်ဒီကိစ္စကို အကြီးအကဲ ကျန်းနဲ့ပဲ..အပ်ထားတော့မယ်..။ထပ်ပြီး ဂရုစိုက်မနေတော့ဘူး..။
ကျန်းကျောင်ရှန်း ဆန်းကျယ်စွာ ရယ်မောလိုက်တယိ..။
"အကြီးအကဲလင်း..မင်းရဲ့ နေ့တွေက..ပိုပိုပြီး ခက်ခဲလာတော့မှာပဲ..။ငါအရင်တုန်းက..ငွေပေါ်မှာ လမ်းလျောကိနေတဲ့ လူတွေ မြင်ဖူးတယ်..။မင်းဆီက..ပန်းချီကားတောင်းနေတဲ့..လူတွေအများကြီးပဲ မလား..။မင်း သန်သန်မာမာနေပြီး..စိတ်ပျော့သွားလို့ မဖြစ်ဘူးနော်..."
"ခင်ဗျား ပြောစရာတောင်မလိုပါဘူး..။လူစိမ်းတွေက ဒိီလောက်မများဘူး..ဒါပေမဲ့ ရင်းနှီးတဲ့ လူတွေက တောင်းဆိုနေကြတာ..။ကျုပ်ဖုန်းချလိုက်တော့မယ်.."
လင်းဖန် စကားအနည်းငယ် ထပ် ပြောပြီးနောက်မှာ ဖုန်းချလိုက်ပါတယ်..။
…
နိုင်ငံ ပြတိုက်တွင်..။
အထူးပြခန်းတွေထဲက တစ်ခုမှာ..ပန်းချီကား ဆယ်ချပ်ကို ထားထားခဲ့တယ်..။
အသက်ကြီးကြီး လူတစ်စုဟာ ပေါ်လာခဲ့ပါတယ်..။ဒီလူတွေက.သမိုင်းပညာရှင်နဲ့..အနုပညာ အကဲဖြတ်တဲ့ မာစတာတွေပါ..။သူတို့ ဒီနေ့ ဒိကိုလာတဲ့ အဓိက ရည်ရွယ်ချက်က..ဒီပန်းချီကား ဆယ်ချပ်ကို လေ့လာဖို့ပါပဲ..။
ဒီ ပန်းချီကားတွေကို..ခေတ်သစ်..မာစတာ က ဆွဲထားတာ ဖြစ်ပေမယ့်..အဲ့မာစတာက..တစ်ခြားလူတွေနဲ့ မတူပေ..။
အနုပညာ အမြင်နဲ့ ပြောရရင် ဒီပန်းချီကားတွေက..အထွတ်အထိပ်မှာ ရှိနေတာပါ..။
တကယ်လို့..ရှေးဟောင်း ပန်းချီကားတွေမှာသာ သမိုင်းတန်ဖိုး ရှိနေရင် သူတို့လည်း ဒီပန်းချီကားကို ယှဥ်နိုင်မှာ မဟုတ်ပါဘူး..။
ချီယန်ဟာ..ဆောင်အင်ပါယာ အကြောင်းကို လေ့လာသူ တစ်ယောက်ပါ..။သူ့မှာ ကြီးမားတဲ့ ဂုဏ်သတင်းရှိပြီး..ထပ်တန်း ပညာရှင်လို့ ပြောလို့ရပါတယ်..။သူ့ရဲ့ လမ်းညွှန်မူအောင်မှာ..တပည့်တွေ အများကြီး ရှိနေခဲ့တယ်..။သူ့က ဒီနှစ်မှာ အသက် ၇၀ ပြည့်တာဖြစ်ပေမယ့်..တက်ကြွမူတွေ ပြည့်ဝနေတုန်းပါပဲ..။သူ အခန်းထဲရောက်တဲ့ အချိန်မှာ..တစ်ခြား နေရာတွေကို မကြည့်ပဲ..
ချင်မင်းပွဲတော်က မြစ်ရိုးတစ်လျောက်..ပန်းချီကားဆီကိုသာ..တည့်တည့်လျောက်သွာခဲ့တယ်..။
သူ ဒိီပန်းချီကားကို မြင်တဲ့ အချိန်မှာ..သူ့မျက်လုံးတွေက..ကော်နဲ့ ကပ်ထားတဲ့ အတိုင်း မလှုပ်တော့ပါဘူး..။
သူ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။
"ကောင်းတယ် အရမ်းကောင်းတယ်.."
ချီယန် လက်ခုပ်တီးပြီး ချီကျူးလိုက်ပါတယ်..။သူ့မျက်နှာကတော့ နီရဲနေခဲ့ပြီး..
"ဒီမာစတာလင်းက..တကယ်ခြားနားတာပဲ..။သူက..ဆောင်အင်ပါယာ အကြောင်း တော်တော်ကို လေ့လာထားပုံရတယ်.."
"ပရော်ဖက်ဆာ ချီ..ဒီပန်ချီကားတွေက..ဘာလို့ အဲလောက် တန်ဖိုးမြင့်တာလဲ.."
တစိခြား လူကြီးတစ်ယောက်က..မေးလိုက်တာပါ..။သူလည်း ဆောင် အင်ပါယာကို လေ့လာနေတဲ့လူဖြစ်ပေမယ့်..ချီယန် နဲ့ ယှဥ်ရင်တော့ အများကြီး လိုပါသေးတယ်..။
ချီယန် လက်ဝေ့ယမ်းလိုက်တယ်..။
"အနီးကပ်သေချာကြည့်လိုက်..ပန်းချီကားထဲမှာ ဟီနန်မြစ်ရိုးရဲ့ နှစ်ဖက်စလုံးက..သဘာဝ ပတ်ဝန်းကျင်ကို သေချာဆွဲပြထားတယ်..။ဒါက သမိုင်းစာအုပ်ထဲမှာ တွေ့နိုင်တဲ့ အရာမဟုတ်ဘူး..။ဒါပေမဲ့..အဲတာကို..ပန်းချီဆွဲပြီး ဖော်ပြနိုင်တာက မယုံကြည်နိုင်စရာကောင်းတယ်..."
သူတိုက..လုပ်ပိုင်ခွင့်တွေ ရှိတဲ့လူတွေ ဖြစ်ပေမယ့် ဒီပန်းချီကားတွေကို..အနီးကပ်လေ့လာနေခဲ့ကြပြီး..စိတ်ပိုင်းဆိုင်ရာ တိုးတက်လာခဲ့ကြပါတယ်..။
သူတို့ ပိုပြီး နက်နက်ရှိုင်းရှိုင်းလေ့လာလေလေ ပိုပိုပြီး အံ့ဩလာလေလေ ပါပဲ..။ပန်းချီကားကို အသေးစိတ် အချက်အလက်တွေကအစ သေချာ ထိန်းချုပ်ပြီး ရေးဆွဲထားတာပါ..။စုတ်ချက်တွေကလည်း..တစ်ချက်တောင် ရှုပ်ထွေးသွားတာ မရှိပဲ..တိမ်လို ရွေ့လျားပြီး..ရေလို စီးဆင်းနေခဲ့တယ်..။ဒါက မျက်မှောက်ခေတ်မှာ..မြင်ရဖို့ဆိုတာက မဖြစ်နိုင်တဲ့ အရာပါ..။
ညအချိန်အထိ..။
ဒီမာစတာကြီးတွေဟာ..ခန်းမကြီးထဲမှာ စိတ်အားထက်သန်စွာ ရှိနေကြတုန်းပါပဲ..။မာစတာတွေထဲက တစ်ယောက်ဟာ..စကားတစ်ခွန်းပြောပြီး ထွက်ခွာသွားခဲ့တယ်..။
"ဒါက နိုင်ငံရတနာ အဆင့်ပဲ..။အံ့ဩစရာ လက်ရာတွေ..။ဒါကို..ကမ္ဘာ့အနှံ့ကလူတွေ ကြည့်နိုင်အောင် ပြသထားရမယ်..."