အခန်း (၆၉၀)
Vol. 46 Ch. 690
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
စိတ်လှုပ်ရှားစရာ သတင်းတစ်ပုဒ်ဟာ ထွက်လာခဲ့တယိ..။
"မာစတာလင်း..ရဲ့ ပန်းချီကား ဆယ်ချပ်ကို..ဘေဂျင်းမှာ ရှိသည့်..နိုင်ငံ ပြတိုက်ထဲတွင်..ထားလိုက်ခြင်း..."
သတင်းခေါင်းစဥ်က ပုံမှန်အတိုင်း ဖြစ်ပေမယ့်..ဖတ်လိုက်သူတိုင်းကိုတော့..အံ့ဩသင့်စေခဲ့ပါတယ်..။
"မာစတာလင်း ရဲ့ ပန်းချီကား ဆယ်ချပ်ကို နိုင်ငံ ပြတိုက်မှာ ထားထားလိုက်ပြီတဲ့..ဒါ.ဒါက..."
"အံ့ဩစရာပဲ..။ဒါက တကယ်ကို မယုံနိုင်စရာပဲ..။ဒါက တကယ်ကို မယုံနိုင်စရာပဲ..။တကယ်လို့ တစ်စုံတစ်ယောက်လက်ထဲမှာသာ..မာစတာလင်း..ရဲ့ ပန်ချီကား ရှိနေရင် အဲလူ ချမ်းသာပြီ မဟုတ်ဘူးလား..."
"ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားမျိုးလဲ..။တကယ်လို့သာ..မင်းတို့ရဲ့..လက်ထဲကို မာစတာလင်းရဲ့ ပန်းချီကား.. ရောက်လာမယ် ဆိုရင်..ပိုင်ဆိုင်မူက..ဒေါ်လာ ၁၀ သန်းလောက်..အထိ တက်သွားလိမ့်မယ်..."
"ဘယ်သူက..ရောင်းမှာလဲ..။ဒီလို အရာမျိုးတွေက..ကြာရှည်ထိန်းသိမ်းထားလေ..တန်ကြေးက မြင့်တက်လာလေပဲ.."
"ငါဆိုရင်တော့..မိသားစုရဲ့ ရတနာလို့ သဘောထားပြီး နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးသွားမှာပဲ..။ဒါပေမဲ့..အခုတော့..နိုင်ငံရဲ့..ထိပ်တန်း ရတနာ ဖြစ်နေပြီ..."
လင်းဖန် နဲ့ အရင်က ပြသနာ ဖြစ်ဖူးတဲ့..ဆယ်လိီ တွေတောငိ ဒီသတင်းတွေကို မြင်ပြီး အံ့ဩသင့်နေခဲ့ကြတယ်..။ဒါက တကယ်ကို ရှားပါပြီး ဂုဏ်ယူစရာ ကောင်းလှတာပါ..။သူတို့ သိထားတာက..သူတို့ဘဝ တစ်လျောက်လုံး ဒီလို အောင်မြင်မူမျိုးကို ရနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ.။
သူတို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစား..ကြိုးစား..ဒီလို အောင်မြင်မူမျိုးကို ရနိုင်မှာ မဟုတ်ပေ..။
လင်းဖန် ရဲ့ ဖုန်းကတော့ ဆက်တိုက် တုန်ခါနေခဲ့တယ်..။
ဝမ်မင်ယန် ပြောလိုက်တယိ..။
"ချီးပဲ..ညီအစ်ကို ဒါက တကယ်ကို မယုံနိုင်စရာပဲနော်..."
"ဘာမှ မဟုတ်ပါဘူး..ဘာမှ မဟုတ်ပါဘူး..။ဒါက ပြောစရာတောင် မလိုပါဘူး.."
"ဟင်..အဲလိုကြီး လုပ်မနေစမ်းပါနဲ့..။မင်းက ဒီအဆင့် ရောက်နေတာတောငိ..ဘာလို့..နိမ့်ချပြီး ပြောနေတာလဲ..။ငါ မင်းကို ခက်ခဲအောင်..ပန်းချီကား လက်ဆောငိ မတောင်းပါဘူး..။ဒါပေမဲ့..ငါ မသေခင်တော့..ငါ့ကို ပန်းချီကား တစ်ချပ်လောက် ဆွဲပေးရမယ်နော်..."
"ကောင်းပြီ ကောင်းပြီ..ပြသနာ မရှိဘူး..။ခင်ဗျားမသေခင် ကျုပ်အရင်သေသွားရင် ဘယ်လိုလုပ်မလဲ..."
"တိတ်စမ်း..ဒီလို..နိမိတ် မရှ်ိတဲ့ စကားတွေ ပြောမနေနဲ့..။ဒီစကားတွေကို ပြောမနေနဲ့..။ငါ မင်းအတွက် ဂုဏ်ပြုပါတယ်..။မင်းလို့ သူငယ်ချင်းမျိုး ရှိတာကို ငါတကယ် ဂုဏ်ယူမိတယိ.."
"ဟားဟား..."
ဖုန်းချပြီး နောက်မှာ..လင်းဖန်..သူ့အဖေ ဆိီကနေ ဖုန်းတန်းဝင်လာတာကို မြင်ပြီး..ရယ်မောလိုက်တယ်..။
"အဖေ...အဖေ တစ်ခုခု သိထားတာ ရှိလို့လား.."
သူ့အဖေ ရဲ့ စိတ်လှုပ်ရှား နေတဲ့ အသံကို ဖုန်းထဲကနေ ကြားနေရပါတယ်..။
"သား..အင်တာနကိပေါ်မှာ ပြောနေတာတွေ အကုန်လုံးက အမှန်ပဲလား.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"အကုန်အမှန်ပဲ..။အဖေ့ရဲ့ သားက..အဖေ ဂုဏ်ယူရအောင် လုပ်ပေးလိုက်ပြီ..။ပန်းချီကား ဆယ်ချပိလုံးက..အခု..နိုင်ငံရဲ့ ပြတိုက်ထဲမှာ...."
"ဟားဟား.."
အဲ့အချိန်မှာပဲ..သူ့အဖေ..ရဲ့ စိတ်လှုပ်ရှားဖွယ် ရယ်သံကို ကြားလိုက်ရတယ်..။သူ ထပ်ခါ ထပ်ခါ ရယ်နေခဲ့ပြီး...
"ကောင်းတယ်..ကောင်းတယ်..ငါ့သားက တကယ် အံ့ဩဖို့ကောင်းတာပဲ..။အရမ်းလည်း ဘဝင်မမြင့်နဲ့..ပြီးတော့..လူတိုင်းကိုလည်း.ပန်းချီဆွဲမပေး မိစေနဲ့.။မင်းအဖေ..က အများကြီး မသိပေမယ့်..ရှားပါးတဲ့ အရာတွေက..တန်ဖိုးကြီးတယ် ဆိုတာကိုတော့ သိတယ်..။မင်း ပန်းချီကား တွေ အများကြီး ဆွဲရင် အနာဂတ်မှာ တန်ကြေးက သိပ်ရှိတော့မှာ မဟုတ်ဘူး."
"ငါ ထပ်မစောင့်နိုင်တော့ဘူး..။ဒါက ကိစ္စကြီးပဲ..။ငါ ခန အိမ်လည်သွားလိုက်ဦးမယ်..."
သူ လင်းဖန် ပြန်ပြောတာကိုတောင် ဂရုမစိုက်ပဲ..ဖုန်းချသွားခဲ့ပါတယ်..။
လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်တယိ..။သူ့အဖေ ဘယ်သူ့ဆီကို သွားမလဲ ဆိုတာကို သူ သိထားပြီးသားပါ..။သူ အကူညီမဲ့စွာပဲ..သူ့အဖေလို သူငယ်ချင်းရှိနေတဲ့..အန်ကယ်လီ အတွက် စိတ်မကောင်း ဖြစ်သွားခဲ့ပါတယိ..။
ဘေဂျင်းတွင်..။
ဝုယန်ဂန်ဟာ..ပါတနာ ..တွေနဲ့ အတူရှိနေခဲ့တယ်..။စားပွဲပေါ်မှာတော့..ဟင်းပွဲတွေ အများကြီး ရှိနေခဲ့ပါတယ်..။တစ်ချက်ကြည့်လိုက်ရုံနဲ့..ဒီဟင်းပွဲတွေက..စျေးမပေါဘူး ဆိုတာကို ပြောနိုင်မှာပါ.။
ဝုယာန် သူ့ အန်ကယ်ကို တိတ်တခိုး ချောင်းကြည့်လိုကိတယိ..။သူက အစကတည်းက ရယ်မောနေခဲ့တာပါ..။ သူ့ ဆီမှာ တစ်ခုခု ကောင်းတာများ ဖြစ်နေတာလား..။
သို့ပေမယ့် အဲ့အချိန်မှာပဲ..သူမ..အန်ကယ်လင်း အကြောင်းကို တွေးမိသွားခဲ့တယ်..။
"ဥက္ကဌ ဝု..ဘာတွေများ ပျော်စရာ ကိစ္စရှိနေလို့လည်း.။ဘာလို့ ဒိီလောက်တောင် ပျော်နေတာလဲ.."
ပါတနာ ကုမ္ပဏီ က သူဌေးဟာ..ပြုံးပြီး မေးလိုက်တာပါ..။
ဝုယန်ဂန် အကူညီိမဲ့ စွာပဲ.ရယ်မောလိုက်တယ်..။
"ဥက္ကဌ ဟောငိ..ခင်ဗျား..တရုတ်ပန်းချီ ပညာရှင်..မာစတာ လင်းကို သိလား..."
""အင်း သိတယ်လေ.။သူက ငယ်ရွယ်ပေမယ့် တကယ်ကို အရည်အချင်းရှိတာပဲ..။သူ့ရဲ့ ပန်းချီကားတွေကို..နိုင်ငံပြတိုက်မှာ ထားနိုင်ခဲ့တော့..သူ့ပန်းချီကားတွေရဲ့ တန်ဖိုးက အတော်ကို မြင့်တက်သွားမှာပဲ..။ဒါပေမဲ့.. အခုထိ စျေးကွက်ထဲမှာတော့ မတွေ့ရသေးဘူးလေ..."
ဝုယန်ဂန် ရယ်မောလိုက်ပြီး..
"သူက ကျုပ်သူငယ်ချင်းပဲ..။အရင်တုန်းက..ကျုပ် အသက် ၅၀ ပြည့်ရင် ကျုပ်အတွက် သူ ပန်းချီဆွဲပေးမယ် လို့ သဘောတူထားခဲ့တယ်..။ဒါကို တွေးမိတိုင်း ကျုပ် ဝမ်းသာလို့ မဆုံးဘူး..ဟားဟား..."
တစ်ဖက်လူဟာ..အံ့ဩပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့တယ်..။သူဟာ..ဂုဏ်ပြုတဲ့ အနေနဲ့..ဝိုင်ခွက်ကို ချက်ချင်းမြောက်လိုက်ပြီး..ဝုယန်ဂန် နဲ့ အနာဂတ်မှာ ပိုပြီး ဆက်ဆံရေး ကောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်..။
…
ကျောင်းနင်..။
လင်းဖန် ရဲ့ ဆရာမ..ဆရာမ ရှား၏ အိမ်တွင်..။
ဒီနေ့အတွက်..ဆရာမ ရှားရဲ့ အိမ်မှာ အခမ်းအနားကြီး တစ်ခု ရှိပါတယ်..။သူမရဲ့ သားက အသက် ၂၅ နှစ်ရှိနေပြီ ဖြစ်ပေမယ့်...အခုထိ..လူပျိုဖြစ်နေတုန်းပါပဲ..။ရလာဒ်အနေနဲ့..ဆရာမရှားနဲ့..သူ့ယောက်ျား ရှန်းမင် တို့ဟာ..မိတ်ဖက် ကုမ္ပဏီ တစ်ခုကို ..ဆက်သွယ်ပြီး သူမသား အတွက် မိန်းကလေး တစ်ယောက် ရှာခိုင်းခဲ့ပါတယ်..။
ကုမ္ပဏီဟာ..သူမ သားနဲ့ လိုက်ဖက်တဲ့..မိန်းကလေး တစ်ယောက်ကို တွေ့ထားတာကြောင့်..တွေ့ဖို့ စီစဥ်ထားခဲ့ပါတယ်..။သို့ပေမယ့် မိန်းကလေးရဲ့..မိသားစုဟာ..အပြင်မှာ တွေ့မယ့်အစား သူတို့ အိမ်မှာသာ တွေ့ကြဖို့ တောင်းဆိုခဲ့တယ်..။
ဆရာမ ရှား..မနက်အစောထပြီး..အိမ်ကို သန့်ရှင်းရေး လုပ်ကာ..ပြင်ဆင်ထားခဲ့ပါတယ်..။ယင်းနောက် သူမ စျေးကိုသွားပြီး..အကောင်းဆုံး အစားအသောကိတွေ ချက်ပြုတ်ဖို့..အသား ငါးတွေ ဝယ်လိုက်တယ်..။ဘာပဲဖြစ်ဖြစ်..သူတို့ အရာအားလုံး လက်လွှတ်ရမယ် ဆိုရင်တောင်..ဒီမိန်းကလေးကိုတော့.လက်လွှတ်လို့ မရပါဘူး..။
ဆရာမ ရှား ရော..သူ့ယောက်ျားရောက..ကျောင်းဆရာ တွေပါ..။သူတို့ရဲ့ အလုပ်က သိပ်တော့ မဆိုးပါဘူး..။သိူ့ပေမယ့်..သူတို့ ကျောင်းနင်မှာ..အိမ်ကောင်းကောင်း တစ်လုံး မပိုင်ဆိုင်ထားခဲ့ကြပေ..။လက်ရှိ သူတို့ နေနေကြတဲ့..အိမ်က အိမ်အိုလေး တစ်လုံးပါ..။ဒီမှာ.
အိမ်ခန်း ၂ ခန်းနဲ့.ဧည့်ခန်း တစ်ခန်းသာ..ပါဝင်ပြီး..အတော်ကို အိုဟောင်းတယ်လို့ ပြောလို့ရပါတယိ..။
သူတို့..အကြောက်ရဆုံးအရာက..မိန်းကလေး မိသားစုက..သူတို့ မိသားစုရဲ့ အိမ်ကို သဘောမကျ ဖြစ်ကြမှာကို ပါပဲ..။
သိူ့ပေမယ့်..မိန်းကလေး မိသားစုက..သူတို့ရဲ့ အိမ်ကို သဘောမကျဘူးဆိုရင်တော့.သူတို့ လုပ်နိုင်တာက..ဘာမှ မရှိတော့ပါဘူး..။ရှန်းဟောင်က..အရင်တုန်ိးက..လောင်းကစားကို စွဲလမ်းခဲ့တာကြောင့်..သူတို့ မစုဆောင်းနိုင်ခဲ့ကြပေ..။သူမရဲ့ တပည့်ကြောင့်..ထိုက်သင့်သလောက် ပြန်ရခဲ့ပေမယ့်..တစ်ခြားလူတွေနဲ့ ယှဥ်ရင်တော့ ဆုံးရှုံးနေတုန်းပါပဲ..။
အခုဆိုရင်ဆော့. ရှန်းဟောင်ဟာ.. လုံးဝ လောင်းကစား မလုပ်တော့ပဲ..ဆရာမရှားနဲ့ အတူ သူတို့သားလေးအတွကိ အိမ်တလုံး ဝယ်နိုင်ဖို့ ပိုက်ဆံ စုနေကြပါပြီ.။
ရှန်းလိန်က တစ်ယောက်တည်း သီးသန့် နေတတ်တဲ့ လူတစိယောက်ပါ..။သူ့ရဲ့ အသွင်အပြင်ကလည်း ထူးခြားတာ ဘာမှ မရှိပါဘူး.။တစ်စုံတစ်ယောက်က..သူ့ကို ရုပ်ချောတယ်လို့ မသတ်မှတ်နိုင်ပေမယ့်..ရုပ်ဆိုးတယ်လို့လဲ သွားပြောလို့ မရပေ..။သို့ပေမယ့် သူ့ရဲ့..အရည်အချင်းကတော့ မဆိုးပါဘူး..။ဘွဲ့ရပြီးနောက်မှာ သူက..တက်လမ်းတွေ အများကြီးရှိနေပြီး လက်ရှိမှာ ဌာနအသေး တစ်ခုရဲ့ ခေါင်းဆောငိ တစ်ယောက် အနေနဲ့ အလုပ်လုပ်ကို နေခဲ့ပါတယ်..။သူ ဒီနေ့.တစ်ဖက်.မိန်းကလေး ရဲ့ မိသားစုတွေနဲ့ တွေ့ရတော့မှာ ဆိုတော့..အနည်းငယ် ကြောက်ရွံ့မိတာတော့ အမှန်ပါပဲ..။
မိန်းကလေး ရဲ့.ဓာတ်ပုံကို ကြည့်ရသလောက်တော့..သူမက..လှပတယ်လို့ ပြောလို့မရပေမယ့်..ချစ်ဖို့တော့ ကောင်းပါတယ်..။သူမက..သူ့ထက် အသက် ၂ နှစ်လောက် ငယ်ပြီး..ကြည့်ရတာ အခုမှ တက္ကသိုလ်က ..ဘွဲ့ရထားတဲ့ ပုံပါပဲ..။
မိန်းကလေးဘက်က..သူ့ကို သဘောမကျမှာကိုလည်း သူ စိုးရိမ်မိပါတယ်..။
…
အောက်ဘက်တွင်..။
ဒေါ်လာ ၂ သိန်း ၃ သောင်း တန် ကားလေး တစ်စီးဟာ ရပ်တန့်သွားခဲ့တယ်..။
မိန်းကလေး ရဲ့ မိသားစုက..ရောက်လာခဲ့ကြပါပြီ..။
မိတ်ဖက် ကုမ္ပဏီက လူတွေဟာ.အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ကားပေါ်ကနေ ဆင်းလိုက်တယ်..။
"ဒါက ဆရာ ရှန်းရဲ့ အိမ်လေ..။မိသားစု ထဲမှာ ရှိတဲ့ လူတိုင်းက မာစတာ ဒီဂရီ ရထားကြတာ..။သူ့ရဲ့ မိဘ နှစ်ယောက်စလုံးကလည်း ဆရာတွေပဲ.။ကောင်လေးကတော့..သိပ်မဆိုးပါဘူး..။ဌာနတစ်ခုမှာ ခေါင်းဆောင် ရာထူးနဲ့ အလုပ်လုပ်နေတယိ..."
ဒီလို အခြေအနေမျိုးဆိုတာက ကောင်းမွန်နေပြီလို့ ပြောလို့ရပါတယ်..။သို့ပေမယ့်..တစ်ခုတည်းသော ပြောစရာ အချက်က..အိမ်က အတော် အိုဟောင်းနေတာပါပဲ..။ဒါက. ၈၀..၉၀ ခုနှစ်လောက်တုန်းက ဆောက်ထားတဲ့ ပုံစံပါ..။အနည်းဆုံး ဒီသက်တမ်းက နှစ် ၃၀ လောက်တော့ ရှိနေပါပြီ..။
ထပ်ပြောရရင်..ကုန်းမြေ ဧရိယာကလည်း သိပ်မကြီးပါဘူး..။ဒါက ၈၀ စတုရန်းလက်မ လောက်သာ ရှိပါတယ်..။ကျောင်းနင်မှာတော့..ဒါရဲ့ တန်ကြေးက..အလွန်ဆုံးမှာ..တစ်သန်း လောက်ပါပဲ..။
မိန်းကလေး ရဲ့ မိဘတွေဟာ မျက်မှောင်ကျုတ်လိုက်တယ်.။သူတို့က ဇီဇာကြောင်တဲ့ လူမျိုးတွေ မဟုတ်ပေမယ့်..သူမတို့မှာက..ဒီသမီးလေးပဲ..ရှိတာပါ..။သူမ လက်ထပ်ပြီးရင် ဘယ်မှာ နေရမှာလဲ..။အိမ်သစ်မရှိဘူးဆိုရင်တော့.ဒါက လက်မခံနိုင်စရာပါပဲ..။
သို့ပေမယ့်..အခုချိန်မှာ..သူတို့ တစ်ဖက်က ကောင်လေး မိသား
ရှန်းဝေယန် ရဲ့..ကြင်ဖက်တွေ့မယ့် အချိန်က ရောက်လာခဲ့ပါပြီ..။သူမ ခံစား..ချက် သိပ်မကောင်းပါဘူး..။သူမ အဖေက..သူမကို ကျောင်းနင်က ထွက်မသွားစေချင်ပါဘူး..။ဒါကြောင့် ဒီမှာ..ကောင်းမွန်တဲ့လူနဲ့ တွေ့ပြီး အိမ်ထောင်ကျစေချင်တာပါ.။
"!နင့်ရဲ့ ကြင်ရာဖက်က ဒီမှာ နေတာလား.."
ဘေးနားက ..ဖက်ရှင်ကျတဲ့.မိန်းကလေး တစ်ယောက်ဟာ..မေးလိုက်တာပါ..။
ရှန်းဝေယန် .သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။
…
ယန်နင်နင် က..သူမထက် ပိုချမ်းသာတယ် ဆိုပေမယ့် ဒိီနိုင်ငံမှာနေတာ မဟုတ်ပါဘူး..။သူမ ရဲ့ သူငယ်ချင်းက..သူမ..ကြင်ဖက်တွေ့တော့မယ် ဆိုတာကိုသိလို့..ကူကြည့်ပေးရအောင် အမြနိပြန်လာခဲ့တာပါ..။
သို့ပေမယ့်.ယန်နင်နင်က..မနှစ်သက်တဲ့ အမူအရာဖြစ်နေတာကို သူမ သတိထားမိပါတယ်..။သူမက ဒီအိမ်ကို အတော်သေးတယ်လို့ တွေးမိတာကြောင့် သဘောမကျတာ ဖြစ်နိုင်ပါတယ်..။
မိန်းကလေးရဲ့ အဖေဟာ ပြောလိုက်တယိ.။
"အရင်ဆုံး အထဲဝင်ပြီး ကြည့်ကြရအောင်..."
သူတို့ ဒီကိုရောက်နေပြီ ဆိုမှတော့..