အခန်း (၆၉၈)
Vol. 47 Ch. 698
အရှေ့တောင်ရန်ကျုး၏ အကောင်းဆုံးသော ရလာဒ်သည် နဂါးကျား တိုက်ပွဲအတွင်း၌ ပထမဦးဆုံး အကျော့မှာတင် ရှုံးနိမ့်ကာ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းအား ဤစံချိန်ကို ထိုးဖောက်ပြီး ရှေ့သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ချက် ကြီးကြီးမားမား ထားနေသည်။
"ဟောခန်းသခင်ရီ"
ကျွင်းချောင်ရှောင်းသည် ဆွံ့အနေမိသည်။ “ဒီရည်မှန်းချက်က မနိမ့်လွန်းဘူးလား။”
သူ့အနေနှင့် နဂါးကျားတိုက်ပွဲသို့ တပည့်များကို ခေါ်ဆောင်ကာ သွားခဲ့ပြီဆိုသည်နှင့် တစ်ပြိုင်နက် ဗိုလ်ဆွဲရန်အတွက် ရည်မှန်းချက် ထားလျက်ရှိသည်။ ဒုတိယအဆင့်ထိ ရောက်ရှိရန် ဆိုသည်မှာ အောင်မြင်မှုတစ်ခုကို သတ်မှတ်ရန် ဆိုခြင်းမှာ သူ့အား အထင်အမြင်သေးသလို ခံစားနေရ၏။
ရီရှင်းချန်က ပြောလိုက်သည်။ "တကယ်လို့ ဂိုဏ်းချုပ်ကျွင်းသာ ပိုပြီး ကောင်းတဲ့ အဆင့်ဆီ တက်လှမ်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲပေါ့"
သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းကို အမှန်ပင် အထင်ကြီးမိ၏။ သို့ပေမဲ့ အလယ်ပိုင်း ဒေသတွင် ဂိုဏ်းများ အများ အပြား ရှိနေသည်။ ၎င်းတို့အားလုံးသည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ကြီးမားသည့် အတား အဆီးပင် ဖြစ်တော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် ပြိုင်ဘက်များကို အနိုင်ယူနိုင်မှ သာလျှင် ဒုတိယအဆင့်သို့ တက်ရောက်နိုင်မည့် အခွင့် အလမ်းကို ရရှိနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် အလယ်ပိုင်း ဒေသရှိ ဂိုဏ်းများနှင့် မတွေ့ဆုံရန် ဆုတောင်းသာ ရှိတော့၏။
တစ်ခြားသော ပြည့်နယ်ရှိ ဂိုဏ်းများအားလုံးသည်လည်း ထိုအရာကို တွေးတောလျက်ရှိနေသည်။ မည်သူမှသည် အလယ်ပိုင်း ဒေသရှိ ဂိုဏ်းတစ်ခုခုနှင့် မတွေ့နိုင်ကြပေ။ အဓိကအားဖြင့် ပထမနှင့် ဒုတိယအကျော့၏ တိုက်ခိုက်ပွဲများတွင် ဖြစ်သည်။ မဟုတ်ပါက တစ်ခါတည်း ရှုံးနိမ့်သွားပေလိမ့်မည်။
"တစ်ခြားပြည်နယ်မှာရှိတဲ့ ဂိုဏ်းတော်တော်များများက အဆင့်သုံးနဲ့ အဆင့်လေး ဂိုဏ်းတွေလေ။ဒီတော့ စိုးရိမ်စရာ မလိုဘူး။"
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပါဝင်ယှဉ်ပြိုင်မည့်လူများ၏ စာရင်းကို ထုတ်ယူကာ သေသေချာချာ ဖတ်ရှုလိုက်၏။
ပြီးနောက် သူသည် တီးတိုးရေရွတ်လိုက်မိ၏။ "တကယ်လို့ ကျုပ်တို့တိုက်ခိုက်မယ်ဆိုရင် အလယ်ပိုင်း ဒေသက ဂိုဏ်းတစ်ခုနဲ့ တိုက်ခိုက်မှ ဖြစ်မယ်။ဒါမှ စိတ်ဝင်စားစရာ ကောင်းမှာပေါ့။"
အားလုံးသည် ထိုကဲ့သို့သော ဂိုဏ်းမျိုးနှင့် မတွေ့ဆုံရန် ဆုတောင်းလျက်ရှိသည်။ သို့ပေမဲ့ ကျွင်း သေလမ်းရှာ ချောင်းသည် ထိုကဲ့သို့သော ဂိုဏ်းများနှင့် တွေ့ဆုံရန် အကြီးအကျယ် မျှော်လင့်မိ၏။
ဟုတ်ပေသည်။
ပထမအကျော့တွင် အလယ်ပိုင်း ဒေသရှိ ဂိုဏ်းတစ်ခုနှင့် တွေ့ဆုံရန် သူတကယ်ပဲ စဉ်းစားနေမိ၏။ သို့ပေမဲ့ တတိယ သို့မဟုတ် စတုတ္ထအဆင့် ဂိုဏ်းများနှင့် တွေ့ဆုံလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ သူ့အနေနှင့် မည်သည့် အရာကိုမှ ကြောက်လန့် နေလိမ့်မည် မဟုတ်ပေ။ အဆင့်မြင့်မားသော ဂိုဏ်းများနှင့် တွေ့ဆုံခြင်းသည် ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလွန်းနေသည်။
စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်တော့သည်။ "နဂါးကျားပြိုင်ပွဲရဲ့ ယှဉ်ပြိုင်ဘက်တွေက ကြုံသလို ရွေးချယ်ကြတာလေ။ဒီတော့ လက်ခံသူ အနေနဲ့ ကံကောင်းမယ်ဆိုရင် ပထမအကျော့မှာတည်းက ပထမအဆင့် ဂိုဏ်းတွေနဲ့ တွေ့ဆုံဖို့ ကံတရားကို ပိုင်ဆိုင်လိမ့်မယ်။"
"ကိစ္စမရှိဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဝင်ပြီး ပြိုင်ပါပြီဆိုကတည်းက ဒီလို ဂိုဏ်းတွေနဲ့ မနှေးနဲ့ မမြန်ဆိုသလိုပဲ တွေ့ရမှာပဲလေ။"
"လက်ခံသူက တကယ့်ကို အကောင်းမြင်စိတ်ရှိတယ်။ ပထမအကျော့မှာကတည်းက အဲလိုမျှော်လင့်ချက်တွေ ပျောက်ဆုံး မသွားစေဖို့ မျှော်လင့်မိတယ်။” စနစ်က ပြောလိုက်သည်။
"တော်စမ်း"
အရှေ့တောင်ရန်ကျုးနှင့် အလယ်ပိုင်း ဒေသသည် အလွန်တရာ ဝေးကွာသော တည်နေရာတွင် ရှိ၏။ သို့ပေမဲ့ အချိန်အနည်းငယ် သူ့ဆီတွင် ရှိနေသောကြောင့် ကျွင်းချောင်ရှောင်းသည် အလျှင် မလိုချေ။
လမ်းတွင် ရှိနေသော မြင်ကွင်းများကို သေသေချာချာ ကြည့်ရှု၍ အေးအေးသက်သာ ခရီးထွက်လျက်ရှိသည်။
လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည်လည်း စိတ်သက်တောင့်သက်သာ နှင့် ရှိနေကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော တကယ့်ကို ကြီးကျယ်ခမ်းနားလှသည့် ဂိုဏ်းပြိုင်ပွဲတစ်ခုကို သူတို့သည် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သည်။ ဤနေရာတွင် များပြားလှသည့် ပါရမီရှင်များ ရှိနေသည်မှာ သံသယရှိစရာ မလိုပေ။ ၎င်းတို့နှင့် တိုက်ခိုက်ရသည်ဆိုသည်မှာ အလွန်ပင် စိတ်လှုပ်ရှား စရာ ကောင်းပေလိမ့်မည်။
လိုင်လီနတ်ဂိုဏ်းမှာတုန်းက ဂိုဏ်း၏ အထူး လက် ရွေးစင် တော်တော်များများသည် တိုက်ခိုက်မှု မပြုလုပ်ခဲ့ရပေ။ ထို့ကြောင့် ၎င်းတို့သည် ပထမနှင့် ဒုတိယအဆင့် ဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အလုံးစုံ မျှော်လင့်လျက်ရှိနေ၏။
ထိုသို့သော အခြေအနေကို ရီရှင်းချန်ကဲ့သို့သော လူများပင်လျှင် မျှော်လင့်လျက်ရှိသည်။
ဟယ်ဝူတီမှာတော့ အတည်ငြိမ်ဆုံးပင် ဖြစ်သည်။ သူသည် အထက်နယ်မြေဆီမှ လာရောက်သောသူ ဖြစ်သောကြောင့် အဆင့်နိမ့် နယ်မြေအတွင်းတွင် ရှိသော တိုက်ပွဲများကို စိတ်ဝင်စားမှု မရှိချေ။
လဝက်လောက် ရှိပြီးသည့် နောက်မှာတော့ ၎င်းတို့သည် အလယ်ပိုင်း ဒေသကြီးထဲသို့ ရောက်ရှိလာခဲ့သည်။
မြက်ခင်းပြင်ပေါ်တွင် မတ်တပ်ရပ်ရင်း စုရှောင်မိုသည် အသက်ကို ပြင်းပြင်းရှူကာ အော်လိုက်သည်။ "ဂိုဏ်းချုပ် …. ဒီမှာရှိတဲ့ လောက ဓာတ်သဘာဝတွေက အရမ်းအားကောင်းတာပဲ။”
“စိတ်ဝိညာဉ် ချီတွေ ပြန်လည်ကောင်းမွန်လာတဲ့ နေရာတော်တော်များများ ရှိတယ်လေ။ဒီမှာ ရှိတဲ့ စိတ်ဝိညာဉ် ချီတွေက တစ်ခြား နေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေထက် အားကောင်းလွန်းတယ်" လီချင်းယန်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အလယ်ပိုင်း ဒေသမှာ ဂိုဏ်းတစ်ခု တည်ထောင်ရတယ်ဆိုတာ တပည့်တွေကို ပိုပြီး တိုးတက်စေဖို့ အခွင့် အလမ်းကောင်းတွေ အများကြီးရစေတာပဲ။ဒီမှာက အရမ်းကို အားကောင်းတဲ့ စိတ်ဝိညာဉ် ချီတွေ ရစေတာပဲ။"
စနစ်က မေးလိုက်၏။ “ဒီတော့ လက်ခံသူက ဂိုဏ်းကို တည်နေရာရွေ့ဖို့ စဉ်းစားနေတာလား။"
"မဟုတ်ဘူး" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သံမဏိအရိုးတောင်သည် စိတ်ဝိညာဉ် ချီများ ပြန်လည်ကောင်းမွန်လာသည်ပင် ဖြစ်သည်။ ထို့အပြင် ဂိုဏ်းတွင် ရှိနေသော စိတ်ဝိညာဉ် ချီများသည် အလယ်ပိုင်း ဒေသရှိ စိတ်ဝိညာဉ် ချီများနှင့် နှိုင်းယှဉ်၍ပင် ရနိုင်၏။ ထို့ကြောင့် သူ့အနေဖြင့် အချိန်ကုန်ခံ၍ ဂိုဏ်း၏ တည်နေရာကို ရွေ့ပြောင်းပစ်ရန် မစဉ်းစားချေ။
လူများသည် အဆင့်မြင့်မားနိုင်သည့် တည်နေရာများဆီသို့ ရွေ့ပြောင်းနိုင်မှသာလျှင် ပိုမို၍ အဆင့်မြင့်မားသော နေရာသို့ ရောက်ရှိနေပေလိမ့်မည်။ သို့ပေမဲ့ ကျုပ်တို့၏ ဂိုဏ်းချုပ်ကျွင်းသည် ချင်းယန်နိုင်ငံပေါ်တွင် ချစ်မြတ်နိုးပြီး ထိုနေရာမှာပင် နှစ်ရှည်လများ စတေးချ၍ နေထိုင်ရန် အစီအစဉ် ရှိလို့နေ၏။
ပြောနေစရာပင် မလိုပေ။ သူ့တွင် ကြီးမားသည့် ရည်မှန်းချက် တစ်ခုလည်း ရှိ၏။ သူ့အနေနှင့် အလယ်ပိုင်း ကုန်းမြေဒေသကြီးတစ်ခုလုံးကို တည်နေရာ ရွေ့ပြောင်းပစ်ရန်ပင်ဖြစ်သည်။
ဟေးဖေးခံတပ်မှာတုန်းက ကျွင်းချောင်ရှောင်းသည် သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အလေ့အကျင့် နိယာမများနှင့် အသားကျအောင် ပြုလုပ်လိမ့်မည် မဟုတ်ဘဲ သူ၏ အမူအကျင့်အတိုင်း ကြယ်ကြွေကုန်းမြေတိုက်ကြီး အား အသားကျအောင် ပြုပြင်ပစ်မည်ဟု ပြောဆိုခဲ့ဖူး၏။
ယခု သူဆိုလိုသည်မှာပဲ အလယ်ပိုင်း ကုန်းမြေဒေသကြီးတစ်ခုလုံးသည် သံမဏိအရိုးတောင် ဖြစ်သည်ဟု အားလုံး ထင်မှတ်အောင် ပြုလုပ်မည်ဟု ဆိုလိုခြင်းပင် ဖြစ်တော့သည်။
အလယ်ပိုင်းဒေသထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် ချီများသည် ပိုမို၍ အားကောင်းလာခဲ့၏။
လီချင်းယန်နှင့် တစ်ခြားသော သူများသည် သွေးများ ပွက်ပွက်ဆူသလို ခံစားနေမိ၏။ စိတ်ဝိညာဉ် စွမ်းအင်များ ပိုမို များပြားလာသည်နှင့် အမျှ ပါရမီရှင်များသည်လည်း ပိုမို၍ များပြားလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ၎င်းတို့ အနေနှင့် တိုက်ခိုက်ခွင့် ရရန် အခွင့်အရေး ပိုမို များပြားလာပေမည်။
မကြာခင်မှာပဲ အားလုံးသည် အဓိက လမ်းမပေါ်တွင် သွားလာနေကြသော သိုင်းကျင့်ကြံသူများကို မြင်လိုက်ကြရ၏။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်မည်ဆိုလျှင် အလယ်ပိုင်း ဒေသမှ နယ်မြေခံများ ဖြစ်ကြောင်း သိရှိနိုင်၏။ ခန္ဓာကိုယ်မှ ထုတ်ဖော်နေသော အော်ရာများသည် မဆိုးလှချေ။ သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတွေ့ရသည်ကပင် ထူးခြားဆန်းပြားသလို ဖြစ်၍နေ၏။
ဟမ်။
တစ်စုံတစ်ယောက်သည် ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသူများကို တွေ့နေရချိန်မှာတော့ တီးတိုးပြောလိုက်၏။
"ဒီလူတွေက ကြောင်ကြောင်ကျားကျားတွေ ဝတ်ထားတာပဲ။ဒါက အလယ်ပိုင်း ဒေသက လူတွေ မဟုတ်ဘူးနဲ့ တူတယ်။နဂါးကျား တိုက်ပွဲက စတော့မှာလေ။ ဒီတော့ တစ်ခြားနယ်မြေမှာရှိတဲ့ ဂိုဏ်းတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနေကြတာပဲ။ ဒီလို ကြောင်တောင်တောင်တွေ ဝတ်ထားတယ်ဆိုတော့ ကြောင်တောင်ကျားတွေပဲ ဖြစ်မယ်။"
အလယ်ပိုင်း ဒေသတွင် ရှိသော သိုင်းကျင့်ကြံသူများ၏ အမြင်တွင် ၎င်းတို့မှာ အခြားဒေသများတွင် ရှိသော ကျင့်ကြံသူများထက် ပိုမိုကာ အဆင့်မြင့်မားသည်ဟု သတ်မှတ်ထားသည်။
ထို့အပြင် နဂါးကျား တိုက်ပွဲ၏ အစဉ်အဆက်တွင် အနိုင်ရ ဗိုလ်ဆွဲခဲ့သူများသည် အလယ်ပိုင်းဒေသရှိ ဂိုဏ်းများသာ ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ထိုသူများကို လျစ်လျူရှုကာဖြင့် မြေပုံအား ထုတ်ယူကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ တီးတိုး ရေရွတ်လိုက်မိသည်။ "ငါတို့ ခရီးဆုံးကို ရောက်ဖို့ နောက်တစ်ရက် သွားရအုံးမှာပဲ။"
"ကတောက် ကတောက် ကတောက်။"
ရုတ်တရက် ဆိုသလိုပဲ မြင်းခွာသံများသည် သူတို့၏ နောက်ဆီမှ ထွက်ပေါ်လာခဲ့သည်။
"ရှေ့ကလူတွေ ဘေးကို ဖယ်ကြ" စူးရှလှသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။
မြင်း၏ ကျောခုံးပေါ်တွင်တော့ လူတစ်ဒါဇင်ကျော်တို့သည် အလွန်တရာ မြန်ဆန်လှသည့် နှုန်းထားဖြင့် မြင်းကို အသော့နှင်ကာ ပြေးလာကြခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများ ထွက်ပေါ်နေ၏။
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။
အဓိက လမ်းမများသည် ကျယ်ဝန်းလှ၏။ အဘယ့်ကြောင့် ဘေးတစ်ဖက်သို့ ရှောင်ရှားရန် လိုအပ်နေသနည်း။
ထို့အပြင် တစ်ဖက်လူများ၏ အရှိန်ကို ကြည့်ရသည်မှာ သူတို့သည်သာ ဘေးသို့ ရှောင်မပေးပါက ဝင်၍ တိုက်သွားမည့်ဟန်ပန် မျိုးပင် ရှိနေ၏။
ဤနေရာတွင် လမ်းပေါင်းများစွာ ရှိနေသည်။ သို့ပေမဲ့ လမ်းပေါ်သို့ သွားလာခြင်းတွင် အရေးကြီးဆုံးမှာ လုံခြုံရေးပင် ဖြစ်ဝောာ့သည်။
အပြင်ဘက်သို့ ခရီးသွားရာတွင် ‘မိမိချစ်မြတ်နိုးရသည့် လူတစ်ယောက်သည် အိမ်မှာစောင့်နေသည်’ ဟူသော ယဉ်မောင်းများအတွက် သတိပေး စာတမ်းများအား ဟိုင်းဝေးလမ်းမများတွင် ကပ်မထားသောကြောင့် သေချာနားလည်ပုံ မပေါ်ပေ။
"ကောင်းပြီ ဒီနေ့ ကောင်းကောင်း သိအောင် ပြောခဲ့ရမယ်။ရှောင်ကျီ" ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်သည်။
စနစ်သည် ပြိုလဲသွားသည်။ "အလယ်ပိုင်း ဒေသကို မင်း အခုမှ ရောက်တာလေ။ဘယ်လို လုပ်ပြီး ပြသနာရှာရပြန်တာလဲ"
ရှောင်ကျီသည် ရုတ်တရက် ရပ်လိုက်၏။ ခန္ဓာကိုယ်ဆီမှ အလွန်တရာ များပြားလှသော မြေဓာတ်သဘာဝ စိတ်ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။
ဟူး ဟူး
မြေဓာတ်သဘာဝစိတ်ဝိညာဉ် စွမ်းအင်များသည် လင်းကနဲ ဖြစ်သွားပြီးနောက် ကြီးမားလှသည့် သစ်ပင်ကြီးတစ်ခုအဖြစ် လမ်းပေါ်တွင် ပေါ်လာတော့သည်။
"ဆိုးတာပဲ"
အရှိန်ဖြင့် မြင်းကို စီးလာကြသော သူများ၏ မျက်နှာများသည် ပျက်ရွင်းသွားကြ၏။
ဘုန်း ဘုန်း။
အတင်းပြေးလာကြသော မြင်းတစ်ဒါဇင်ကျော်တို့သည် ချက်ချင်း ရပ်တန့်လိုက်ရသည်။ မြင်းပေါ်တွင် ရှိနေသော မြင်းစီးသူများအားလုံးသည် မြင်းပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားကြသည်။
တစ်ချို့ဆိုလျှင် ၎င်းတို့၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုးကာ အရှိန်ကို ပြန်လည် ထိန်းသိမ်း လိုက်ရတော့၏။
ရှေ့မှလျှောက်လျက်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ ရှောင်ကျီသည် မြင်းစီးလာသည့် လူတစ်စု၏ ရှေ့တွင် ခပ်မတ်မတ် ရပ်နေသည်ကို မြင်လိုက်ရ၏။ ၎င်းတို့၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။
ဤရောင်းရင်း၏ အားအင်အဆင့်သည် သေချာပေါက် သာမန် မဟုတ်ပေ။
"ဒါက ကျင်းလင်နိုင်ငံက စွေ့မိသားစု မဟုတ်လား။ပြသနာတော့ စပြီနဲ့ တူတယ်။ပွဲကောင်းတစ်ခုပဲ"
တည်နေရာပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် အခြေအနေကို မြင်ရချိန်မှာတော့ တီးတိုး ပြောဆို ဆွေးနွေးလျက်ရှိနေကြတော့သည်။
ကျင်းလင်နိုင်ငံသည် အလယ်ပိုင်း ဒေသ၏ နိုင်ငံပေါင်း ဆယ့်သုံးနိုင်ငံထဲမှ တစ်ခု ဖြစ်သည်။ စွေ့မိသားစုသည် ထိုနိုင်ငံ၏ ထိပ်ဆုံး မိသားစုထဲမှ တစ်ခုလည်း ဖြစ်သည်။ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် တတိယနှင့် စတုတ္ထအဆင့် ဂိုဏ်းများနှင့် ပင် နှိုင်းယှဉ်၍ ရနိုင်၏။
အပြင်ဘက်တွင် ရှိသော ဂိုဏ်းတစ်ခုသည် ၎င်းတို့ကို တကယ်ပဲ စဦးတိုက်ခိုက်ခြင်းသည် ကျိန်းသေပေါက် သေလမ်းရှာနေခြင်းသာ ဖြစ်တော့သည်။
“ချီးတဲ့မှ”
ခန္ဓာကိုယ် ခပ်ထွားထွားနှင့် လူသည် သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ဖြတ်သန်းသွားသည်။ သူက ပြောလိုက်၏။ "စွေ့မိသားစု သွားတဲ့ လမ်းကို ဘယ်လိုလုပ် တားဆီးရဲတာလဲ"
ရွှီး …….။
စုရှောင်မိုသည် ထိုသူ၏ ရှေ့၌ ပေါ်လာသည်။
ပြီးနောက် ညဘက်ခြေထောက်သည် ရုတ်တရက် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက် ထိုသူ၏ မျက်နှာကို ကန်ထုတ်လိုက်တော့၏။
ထိုသူသည် ပေအနည်းငယ် အကွာအဝေးဆီသို့ လွင့်စင်သွားသည်။
စုရှောင်မိုသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ "မင်း ပါးစပ်ကို သတိထား"
"ချလွမ် ချလွမ် ချလွမ်"
စွေ့မိသားစုရှိ သိုင်းကျင့်ကြံသူများ အားလုံးသည် ဒေါသတကြီးဖြင့် ၎င်းတို့၏ လက်နက်များကို ထုတ်လိုက်ကြသည်။
နောက်တစ်စက္ကန့် အတွင်းမှာပဲ ၎င်းတို့အားလုံးသည် တည်နေရာမှာပဲ အေးခဲနေကြ၏။ တုတ်တုန်မျှ မလှုပ်ရဲကြတော့ချေ။
အဘယ့်ကြောင့်ဆိုသော် လီချင်းယန် ၊ လီဖေးနှင့် တစ်ခြားသော သူများ အားလုံးသည် ၎င်းတို့၏ လက်ထဲတွင် ထက်မြလှသည့် ဓားများကို ကိုင်ဆောင်၍ ဓားများသည် တစ်ဖက်လူများ၏ လည်ပင်းပေါ်သို့ တင်လျက်ရှိနေတော့သည်။
သံသယရှိစရာပင် မလိုပေ။ ၎င်းတို့သည် ခေါင်းတစ်ချက် လှုပ်ရှားလိုက်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။
စုရှောင်မို၏ ကန်ချက်ကြောင့် အနောက်ဘက်သို လွင့်စင်သွားသော ခပ်ထွားထွားနှင့် ကျင့်ကြံသူသည် နာကျင်စွာဖြင့် မတ်တပ် ပြန်ရပ်လိုက်၏။ ပြီးနောက် သူသည် နာကျင်နေသော မျက်နှာကို ကိုင်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ "မင်း …. မင်း …. ဘယ်သူလဲ"
***