← Chapters

အခန်း (၆၉၉)

Vol. 47 Ch. 699

အခန်း (၆၉၉)

Vol. 47 Ch. 699

အလယ်ပိုင်းဒေသတွင် အဓိက လမ်းမပေါင်းများစွာ ရှိနေ၏။

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များ သွားသည့် လမ်းတစ်ခုသည် ကျင်းလင်နိုင်ငံ ဆီသို့ ဦးတည်သွားသည့် လမ်းပေါင်းများစွာထဲက လမ်းတစ်ခု ဖြစ်သည်။

ကျင်းလင်နိုင်ငံ၏ အကျော်ကြားဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သော စွေ့မိသားစုသည် ဤလမ်းကို ရံဖန်ရံခါဆိုသလို သွားနေကြ၏။ ဤလမ်းတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် မည်သူ့ကိုမှ မထီမြင်သည့်ဟန်ဖြင့် မြင်းများကို အသော့နှင်ကာ စီးနင်းသွားလာတတ်လေ့၏။

ဤအရာကို ရင်းနှီးပြီးသားဖြစ်သော နယ်မြေခံများအားလုံးသည် ၎င်းတို့မိသားစု သေချာသည်နှင့် ချက်ချင်းပင် လမ်းဖယ်ပေးကြတော့သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ရှုံးနိမ့်ခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် တွေ့ဆုံခဲ့၏။

တစ်ဖက်လူ မည်သူဖြစ်သည် ၊ မည်ဝါဖြစ်သည်ဆိုသည်ကို တစ်ချက်ကလေးမှ ဂရုမစိုက် ခေါင်းမာတတ်သည့် လူတစ်စုနှင့် တွေ့ဆုံပြီးနောက်မှာတော့ ၎င်းတို့သည် သင်ခန်းစာပေးခြင်းကို ခံရသည်။

သင်ခြင်းရှင်ခြင်းဆိုသည်မှာ အလွှာပါးပါးလေးသာ ခြားနားလှ၏။ ထို့ကြောင့် ၎င်းတို့ သည် ဆက်လက်တိုက်ခိုက်မည်ဆိုပါက ရှင်သန်ခြင်းမှသည် သေဆုံးခြင်းဆီသို့ ရောက်ရှိသွားလိမ့်မည်။

"မင်း … မင်းတို့ ဘယ်သူတွေလဲ"

လွယ်လွယ်ကူကူ ၎င်းတို့အား တားဆီးပိတ်ပင်နိုင်သည့်အပြင် အဝေးထိရောက်အောင် ခြေထောက်နှင့် ကန်ကြောက်နိုင်သည့် လူများ ဖြစ်သောကြောင့် သာမန်လူများ မဟုတ်သည်ကို သူကောင်းကောင်းသိ၏။

ထို့အပြင် စွေ့မိသားစုသည် တစ်ဖက်လူများမှာ ကြမ်းတမ်းလှသည့် လူများ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

"စုရှောင်မို"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူတို့ကို ပြောလိုက်"

"ကောင်းပါပြီ"

စုရှောင်မိုသည် သူ၏ အနက်ရောင် ဆံပင်များအား ယမ်းခါပြီး ပြောလိုက်သည်။

"သေသေချာချာ နားထောင် …. ပြိုင်စံရှားဂိုဏ်းကပဲ။ဒီ ကြည့်လို့ကောင်းပြီး သာမန်ထက်ပိုတဲ့ရုပ်ရှည်သွင်ပြင်နဲ့ လူက ကျုပ်တို့ ဂိုဏ်းချုပ်ပဲ"

“………”

"ပြိုင်စံရှားဂိုဏ်း ဟုတ်လား"

လမ်းသွားလမ်းလာ၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် အရှေ့တောင်ရန်ကျုးမှ လတ်တလော ကျော်ကြားနေသော ဂိုဏ်းအကြောင်းကို ကောင်းကောင်းကြားဖူး၏။

"ပြိုင်စံရှား ဂိုဏ်းက နောက်ဆုံး ထုတ်ဖော်လိုက်တဲ့ ဂိုဏ်းပေါင်း တစ်ရာမှာ နံပါတ် တစ်ရာ အဆင့်ဝင်တယ်လေ။ဒီတော့ သူတို့ အားကောင်းနေတယ်ဆိုတာ အံ့အား သင့်စရာ မဟုတ်တော့ဘူး။စွေ့မိသားစုကတော့ ပြသနာပဲ"

အားလုံးသည် တီးတိုး ဆွေးနွေးနေကြ၏။

အလယ်ပိုင်းဒေသတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းအကြောင်း ကြားဖူးကြ၏။

ထိုဂိုဏ်းသည် အလွန်တရာ ကြမ်းရမ်းလှပြီး သူတို့ စိတ်မထင်သည်ဆိုသည်နှင့် တစ်ခြားသော ဂိုဏ်းများကို သွားရောက် သတ်ဖြတ်တတ်သည်။

ပုံမှန်အားဖြင့် မိစ္ဆာဂိုဏ်းအနည်းငယ်သည် ထိုကဲ့သို့ ခံခဲ့ရပြီဖြစ်၏။ ထို့အပြင် အရှေ့မြောက် လုကျိုးတွင် ရှိသော အအေးနန်းတော်သည်လည်း ထိုကဲ့သို့ ခံခဲ့ရ၏။

လောကကြီး၏ အမြင်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ငယ်ရွယ်နုပျိုသော လူများဖြင့် ဖွဲစည်းထားခြင်း ဖြစ်ပြီး မည်သိုသော အရာကိုမှ ကြောက်လန့်တတ်သည့် လူများ မဟုတ်ကြောင်း သတင်း ကြီးထွားနေကြသည်။

စွေ့မိသားစု၏ သိုင်းကျင့်ကြံသူ များသည် နဖူးတွင် ချွေးစေးများ ပျံလာတော့သည်။ သူတို့သည် ပြိုင်စံရှား ဂိုဏ်းအကြောင်း ကောင်းကောင်း ကြားဖူးကြ၏။

ဤဂိုဏ်းသည် အလွန်တရာ ကြမ်းရမ်းလွန်းလှပြီး လိုင်လီနတ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးကိုပင် စိန်ခေါ်ရဲသည်။

တစ်ဖက်သိုင်းကျင့်ကြံသူ၏ မျက်နှာပေါ်ရှိ ဒေါသတရားများသည် ပျောက်ကွယ်သွား၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"

သူ့အနေနှင့် လွင့်စင်လွန်းအောင် အကန်ခံလိုက်ရသည်ဆိုသော်လည်း သူ့အား တားဆီးခဲ့သည့် လူများသည် အလွန်တရာအားကောင်းနေသည်ဆိုသည်ကို သိရှိ၏။ ထို့ကြောင့် ထွက်ပေါ်နေသည့် ဒေါသတရားများသည် လုံးဝ မရှိခဲ့သလို ပျောက်ကွယ်သွားရ၏။

အကယ်၍ ဒေါသထွက်၍ ပြသနာရှာမိမည်ဆိုလျှင်လည်း တစ်ဖက်လူများသည် ၎င်း၏ လူများကို ခေါ်ကာဖြင့် သူ၏ မိသားစုသို့ လာရောက် စိန်ခေါ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ပြသနာ အကြီးအကျယ် တက်ပြီဖြစ်၏။ စွေ့မိသားစုသည် တတိယနှင့် စတုတ္ထဂိုဏ်းများနှင့် နှိုင်းယှဉ်၍ ရသည်ဆိုသော်လည်း မိသားစုကြီး တစ်ခုသာ ဖြစ်သည်။ အစစ်အမှန်ဂိုဏ်းများနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုကြီး ရှိနေသေးသည်။

လိုင်လီနတ်ဂိုဏ်းပင်လျှင် မတတ်နိုင်သည့် ကိစ္စတစ်ခုကို သူတို့ မိသားစုသည် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

ခေါင်းကို ခါယမ်း၍ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "လမ်းပေါ်မှာ အရှိန်မြင့်ပြီးသွားလာတယ်ဆိုတာ အန္တရာယ်များတယ်။တကယ်လို့ ကလေးတစ်ယောက်ကိုသာ ဝင်တိုက်မိလို့ ဆိုရင် ပြသနာမဖြစ်နိုင်ဘူးလား။ဒါက မကောင်းဘူးလေ။"

စွေ့မိသားစုမှ ကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ၎င်းတို့အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ ခေါင်းညိတ်လိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းပြောတာ မှန်ပါတယ်။ကျုပ်တို့ နောက်ဆိုရင် အရှိန်လျှော့ပြီး သွားလာပါမယ်"

ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ အပြောအဆိုနှင့် ပတ်သက်၍ အလွန်တရာ ကျေနပ်သွားသည်။ ထို့ကြောင့် လက်ကို ဝှေ့ယမ်းကာ ပြလိုက်၏။

လီချင်းယန်နှင့် တစ်ခြားသော သူများသည် ဓားများကို ဓားအိမ်ထဲသို့ ထည့်လိုက်ကြသည်။

စွေ့မိသားစု၏ ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ဦးဆောင်ကာဖြင့် လမ်းကို ဆက်လက်သွားလိုက်တော့သည်။

သူတို့ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ဖြစ်သွားဖြတ်လာများ အားလုံးသည် စတင်ကာ ဆွေးနွေးတော့သည်။

"စွေ့မိသားစုက ကျင့်ကြံသူတွေက သိုင်းဆရာ အဆင့် ကျင့်ကြံသူတွေပဲလေ။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ရှုံးနိမ့်သွားတယ်။ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက အရမ်းအားကောင်းတယ်နဲ့တူတယ်"

"ပေါက်ကရတွေ ပြောပြန်ပြီ။ သူတို့က အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ လိုင်လီနတ်ဂိုဏ်းလို နေရာမျိုးကိုတောင် သွားပြီးတော့ စိန်ခေါ်ခဲ့တာလေ။ပြီးတော့ အဲမှာ သိုင်းစစ်သူကြီးတင်မဟုတ်ဘူး သိုင်းဘုရင်ကိုတောင်မှ သူတို့ အနိုင်ယူ တိုက်ခိုက်ခဲ့သေးတယ်။”

“လက်ရွေးစင် ဂိုဏ်းတစ်ရာထဲမှပါတဲ့ သိုင်းတပည့်တွေ အကုန်လုံးက သာမန်ထက်ပိုမယ်ဆိုတာ ခန့်မှန်းကြည့်ရုံနဲ့တင် သိသာတယ်လေ။”

“ကျုပ်အထင်အရဆိုရင် ပြိုင်စံရှား ဂိုဏ်းက ဒီနှစ် နဂါးကျား တိုက်ပွဲမှာ ဖျက်မြင်း တစ်ခု ဖြစ်လာနိုင်တယ်လေ။"

စွေ့မိသားစု၏ သိုင်းကျင့်ကြံသူများသည် မြင်းများနှင့် ကျင်းလင်နိုင်ငံဆီသို့ ဖြည်းဖြည်းစီးကာ ထွက်ခွာသွားတော့သည်။

၎င်းတို့ အနေနှင့် လက်ရှိ ဖြစ်ခဲ့သော ပြသနာများကို ရင်ထဲမှာ မြိုချကာ ထိန်းသိမ်းထား၏။

ထုတ်ဖော်၍လည်း မရနိုင်ပေ။

ပြိုင်စံရှား ဂိုဏ်း၏ လက်ရှိ ဂုဏ်သိက္ခာအရ ၎င်းတို့ အနေနှင့် သွားရောက်ရန်စ၍ ရနိုင်သည့် လူများ မဟုတ်ကြောင်း သူတို့ သိသည်။

…......

ချောက်နက်ဆိုသည်မှာ အလယ်ပိုင်း ကုန်းမြေဒေသ၏ တည်နေရာတွင် ရှိသော နေရာတစ်ခု ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် နဂါးကျား တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့လာခဲ့သည်။ သို့ပေမဲ့ သူသည် ပြိုင်ပွဲဆီသို့ လာရာလမ်းတွင် အချိန်အနည်းငယ် ရှိသည်ဖြစ်သောကြောင့် တပည့်များအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံ ထွက်ပေါ်လာခဲ့သော အမှောင် ဂိုဏ်းကြောင့် သူသည် မပျော်မရွင် ဖြစ်မိနေ၏။ သဲလွန်စ တစ်ခုခု ရရန် ဖြစ်နိုင်သမျှ အမြန်ဆုံး စုံစမ်းရပေလိမ့်မည်။

ဘုန်း ဘုန်း

သို့ပေမဲ့ ထိုတောနက်သို့ ရောက်သည့် အချိန်မှာတော့ တိုက်ခိုက်သည့် အသံများကို ထပ်မံ၍ ကြားနေရသည်။

အဖွဲနှစ်ဖွဲ့သည် တိုက်ခိုက်လျက်ရှိနေကြပြီး ၎င်းတို့ ကျင့်ကြံခြင်းသည် သိုင်းစစ်သူကြီး အဆင့်များဖြစ်ပြီး အလွန်တရာ ကြမ်းရမ်းစွာ တိုက်ခိုက်နေကြခြင်း ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုလူများကို အာရုံစိုက်ရန် ပျင်းရိနေ၏။ တပည့်များကို ခေါ်ဆောင်ကာ ရှောင်၍ ထွက်ခွာသွားခဲ့သည်။

အဆုံးသတ်မှာတော့ သူတို့သည် နက်မှောင်လှသော တောနက်ထဲသို့ ရောက်ရှိချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများ ဆက်လက်တိုက်ခိုက်နေသည်ကို မြင်ရပြန်၏။

ထိုသို့ တိုက်ခိုက်ရသည့် အကြောင်းအရာမှာ ‘မင်းက ငါ့ရတနာကို ခိုးတယ်’ ၊ ‘ငါက မင်းရဲ့ သလင်း အမြုတေကို လုတယ်။’ ထိုကိစ္စနှင့် ပတ်သက်၍ ဖြစ်ပွားကြသည့် ကိစ္စပင် ဖြစ်ပေလိမ့်မည်။

"အလယ်ပိုင်း ဒေသကကျင့်ကြံသူတွေက တကယ့်ကို ကြမ်းတမ်းတာပဲ"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။

သူ့အနေနှင့် သူ့အား မည်သူကမှ ပြသနာရှာသည်မဟုတ်လျှင် တစ်ခြားသူများ၏ တိုက်ခိုက်ပွဲများကို ပါဝင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့၏ ခရီးစဉ်သည် ငြိမ်းချမ်းလျက်ရှိနေတော့သည်။

ဝူး။

တစ်ခြားသော တောအုပ်တစ်ခုထဲသို့ ရောက်သည့် အချိန်မှာတော့ ကြီးမားလှသည့် စိတ်ဝိညာဉ် အမျိုးအစား သားရဲကြီးတစ်ကောင်သည် ထွက်ပေါ်လာ၏။

ထိုသတ္တဝါ ၏ မျက်လုံးများသည် စူးရှနေ၏။

"သေချင်နေတာပဲ" ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။

ဝှစ် ဝှစ်။

ဘေးတစ်ဖက်တစ်ချက်စီမှ ကျင့်ကြံသူ အများအပြား ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အသုံးပြုကာ သိုင်းဘုရင် အဆင့်နှင့် နှိုင်းယှဉ်၍ ရသော စိတ်ဝိညာဉ် သားရဲကြီး ကို တစ်ခါတည်း သတ်ဖြတ်ခဲ့သည်။

"အားလုံးပဲ"

ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသော အဖြူရောင် ဝတ်စုံနှင့် လူသည် ဓားအား ဓားအိမ်ထဲသို့ ထည့်ကာ ကြင်ကြင်နာနာဖြင့် ပြောလိုက်သည်။ "မင်းတို့ အခုလုံခြုံပြီ"

ပြိုင်စံရှားဂိုဏ်း၏ တပည့်များ “....”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အသက်ကယ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်"

အဖြူရောင် ဝတ်စုံနှင့် လူသည် ပြုံးကာ ပြောလိုက်သည်။ "ဒီတောထဲမှာ စိတ်ဝိညာဉ် သားရဲတွေ အများကြီး ရှိတယ်။တကယ်လို့ ခင်ဗျားတို့သွားမယ်ဆိုရင် အဓိကလမ်းက သွားရင်ကောင်းမယ်။ဒါမှ စိတ်ချ လုံခြုံ ရလိမ့်မယ်"

"ကျေးဇူးတင်ပါတယ်" ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။

"သွားကြစို့"

အဖြူရောင် ဝတ်စုံနှင့် လူသည် လက်ကို ယမ်းခါကာ သူ၏ နောက်လိုက်နောက်ပါ ကျင့်ကြံသူများနှင့် အတူ တောနက်ထဲတွင် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

"ဂိုဏ်းချုပ်"

လီချင်းယန်က ပြောလိုက်သည်။ “ဒီလူတွေက နည်းနည်းတော့ အားကောင်းတယ်။သူက သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူတွေ ဆိုပေမယ့် အတူတကွ ပူးပေါင်းပြီး တိုက်ခိုက်ကြတဲ့ အခါမှာ အလွယ်တကွ ပူးပေါင်းပြီး လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်လို့ ရတယ်။”

စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "နဂါးကျားတိုက်ပွဲကို ကျွန်တော်တော့ ပိုပိုပြီးတော့ မျှော်လင့်တကြီး ဖြစ်လာပြီ"

"သွားကြစို့"

ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်ကာ ဆက်လက်ထွက်ခွာသွားတော့သည်။

လမ်းတွင် တိုက်ခိုက်ပွဲများကို တွေ့ခဲ့ရသည်ဆိုသော်လည်း သူသည် ရှောင်ကွင်းကာ ခရီးထွက်လျက်ရှိနေ၏။

အချို့သော သားရဲများဖြင့် တိုက်ခိုက်နေကြသော များပြားလှသော ကျင့်ကြံသူများကို သူ မြင်နေကြရသည်။

၎င်းတို့သည် ကျွင်းချောင်ရှောင်းအား စိတ်မပျက်စေရပေ။ စိတ်ဝိညာဉ်သားရဲများကို ကြိုးကြိုးစားစား တိုက်ခိုက်နေကြသည်ကို မြင်နေရ၏။

ချောက်နက်ဆီသို့ သွားရာ လမ်းတစ်လျှောက်မှာတော့ သူတို့သည် လမ်းတစ်လျှောက်ရှိ ကျင့်ကြံသူ အများအပြားနှင့် တွေ့ဆုံခဲ့ရသည်။

တစ်ချို့သည် ဤနေရာတွင် လေ့ကျင့်ရန် ရောက်ရှိလာကြသော လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ပြီး တစ်ချို့မှာတော့ ဂိုဏ်းများမှ ကျင့်ကြံသူများပင် ဖြစ်တော့သည်။

၎င်းတို့၏ အားအင်အဆင့်သည် ပြိုင်စံရှားဂိုဏ်းများနှင့် ယှဉ်လျှင် ဘာမှ မဟုတ်သော်လည်း ၎င်းတို့၏ တိုက်ကွက်ဖော်ဆောင် အသုံးပြုမှုသည် မဆိုးဝါးလှချေ။ ထို့အပြင် ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းကလည်း ပိုမို အားကောင်းလွန်း၏။

တစ်ချို့သော အဆင့်မြင့် သားရဲရိုင်းများ ဆိုလျှင် တစ်ခြားသော ပြည်နယ်စုမှလူများ တိုက်ခိုက်ပါက လူအရေအတွက် များပြားစွာ ပူးပေါင်း တိုက်ခိုက်မှ အနိုင်ယူနိုင်ပေလိမ့်မည်။

အလယ်ပိုင်း ဒေသ၏ ကျင့်ကြံသူများ မှာတော့ လူ‌အနည်းငယ်လောက် နှင့် အောင်မြင်အောင် တိုက်ခိုက်နိုင်နေကြသည်။

အတိုချုပ်ပြောရမည်ဆိုလျှင် အလယ်ပိုင်းဒေသရှိ လူများ ၊ ကျင့်ကြံသူများ အားလုံးသည် တစ်ခြားသော ပြည်နယ်စုများရှိ ပါရမီရှင်များထက် ပိုမို၍ အားကောင်းသည် ဆိုသည်ပင်။

ဤနေရာသည် ပါရမီရှိလှသော စွမ်းအားမြင့် ကျင့်ကြံသူများကို မွေးဖွားပေးနိုင်သည့် လူများပင် ဖြစ်တော့သည်။

အလယ်ပိုင်း ဒေသရှိ ကျင့်ကြံသူများ၏ ပိုမို အားကောင်းလှသည်ကို မြင်ရလေလေ လီချင်းယန် ရှောင်ကျီနှင့် တစ်ခြားသော သူများအားလုံးသည် စိတ်လှုပ်ရှား လေလေ‌ ဖြစ်တော့သည်။ ၎င်းတို့သည် ပြိုင်စံရှား ဂိုဏ်းထဲကို ဝင်ရောက်ကတည်းက စိတ်လိုလက်ရ တိုက်ခိုက်ရန် ယှဉ်ပြိုင်ဘက်များကို လစ်ဟင်းလိုအပ်ခဲ့ရ၏။

"ဂိုဏ်းချုပ်"

စုရှောင်မိုက ပြောလိုက်သည်။ “သွေးတွေက ဆူပွက်နေသလို ခံစားရတယ်”

အင်း

လီဖေးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "အလယ်ပိုင်း ဒေသကျင့်ကြံသူတစ်ယောက်ယောက်ကို ရှာဖွေပြီး အားရပါးရ တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ဘူး။”

“အလောမကြီးကြနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နဂါးကျားတိုက်ပွဲ စပြီဆိုတာနဲ့ မင်းတို့က စင်ပေါ်မှာ ကောင်းကောင်း အစွမ်းပြဖို့ ပြင်ထားကြ။”

ဘုန်း ဘုန်း

ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားကြသည်။

အားလုံးသည် အလျင်အမြန်နဲ့ လှည့်ကြည့်လိုက်သည့် အချိန်မှာဝောာ့ အလွန်တရာ ကြီးမားလွန်းလှသော စိတ်ဝိညာဉ် သားရဲတစ်ကောင်ကို ပုခုံးမှာ ထမ်းတင်ကာ တောနက်ထဲမှ လျှောက်လှမ်းလာခဲ့သည်။ သူ လျှောက်လှမ်းလိုက်တိုင်း မြေပေါ်တွင် နက်ရှိင်းလှသော ခြေရာကြီးများ ထင်ကျန်ခဲ့၏။

ထိုလူသည် ကြောင်အအဖြင့် ပြောလိုက်သည်။ "နဂါးကျား တိုက်ပွဲကျင်းပမယ့် နေရာက ဘာနေရာလဲ သိလား"

ကြည့်ရသည်မှာ ဤလူသည် လမ်းပျောက်နေပုံပေါ်သည်။

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်အရပ်ဆီသို့ လက်ညိုးထိုးပြကာ ပြောလိုက်၏။ “အဲနေရာအတိုင်း တည့်တည့်သွားလိုက်။နဂါးကျား တိုက်ပွဲ ကျင်းပမယ့် နေရာကို ရောက်သွားလိမ့်မယ်။

"ကျေးဇူးတင်ပါတယ်။"

ထိုသူသည် စိတ်ဝိညာဉ် သားရဲကြီးကို အသာထမ်းယူကာ ရှေ့သို့ အသာလှမ်းလျောက်သွားလိုက်သည်။

သို့ပေမဲ့ သူ၏ မျက်လုံးများသည် ရှောင်ကျီကို မြင်လိုက်သည့် အချိန်မှာတော့ တန့်ခနဲ ဖြစ်သွားသည်။ ပြီးနောက် ခပ်မြန်မြန်ပဲ ထွက်ခွာသွားတော့သည်။

"ဂျူနီယာညီလေးရှောင်"

လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ "ဒီလူရဲ့ ခန္ဓာကိုယ်အားအင်က အရမ်းကို အားကောင်းတယ်။"

ရှောင်ကျီသည် ခပ်ကြမ်းကြမ်း ထွက်ခွာသွားခဲ့သော လူအား အသာလှမ်းကြည့်လိုက်သည်။ "သူက နဂါးကျားတိုက်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်မယ်နဲ့တူတယ်။"

All Chapters