← Chapters

အခန်း (၇၀၃)

Vol. 47 Ch. 703

အခန်း (၇၀၃)

Vol. 47 Ch. 703

နဂါးကျားတိုက်ပွဲအတွက် ဦးဆောင်စီစဉ်ကြသောသူများမှာ အစွမ်းထက်ကြသောသူများပင်ဖြစ်သည်။ ရက်အနည်း ငယ်တွင်းမှာပဲ ပြိုင်ပွဲတည်နေရာကြီးတစ်ခုလုံးသည် တည်ဆောက်ပြီး ဖြစ်နေတော့သည်။ ပွဲကြည့်စင်များအားလုံး သည် များပြားလှသည့်အဆင့်များအဖြစ် ခွဲခြားထားခဲ့ပြီး သာမန်လူများအတွက်၊ မိသားစုနှင့် ဂိုဏ်းများအတွက် ထို့အပြင် ပါဝင်ယှဉ်ပြိုင်မည့်ဂိုဏ်း၏ အကြီးအကဲများအတွက် အထူးတည်နေရာများဖြင့် ခွဲခြားထားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်မို့ သူသည် အထူးဧည့်သည်နေရာတွင် ထိုင်ခွင့်ရခဲ့၏။

တစ်ချိန်တည်းမှာပဲ ပုံရိပ်ယောင်အစီအစဉ်များသည်လည်း ပြည်နယ်ကြီးကိုးခုတွင်ရှိသော မြို့များ အသီးသီးတွင် တည်ထောင်ဖန်တီးပြီး ဖြစ်နေတော့သည်။ ဤအရာမှာ ကုန်ကျစားရိတ်များပြားလွန်းလှသည့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပြီး ဤအစီအရင်များဖြစ်တည်ဖို့အတွက် များပြားလှသည့် အစီအရင်ဆရာများ ကို အသုံးပြုကာ တည်ဆောက်ထားခဲ့ ရသည်။

ဟုတ်ပေသည်။ မြို့များအနေနှင့် ဤပြိုင်ပွဲ၏ စီစဉ်သူများအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ခအဖြစ် ပိုက်ဆံအများ အပြားပေးရန် လိုအပ်နေသေး၏။ နဂါးကျားပြိုင်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်သည် အလွန်တရာ ကောင်းသော ဝင်ငွေလမ်းကြောင်းကို ဖော်ဆောင်နိုင်စွမ်း ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲတွင် မတ်မတ် ရပ်လျက်ရှိပြီး ကြီးမားလှသည့် ပုံရိပ်ယောင်အစီအရင်ကြီးကို မော့ကြည့်လိုက်သည်။ “ဒီနေရာမှာ ငါက ပြိုင်စံရှားဂိုဏ်းရဲ့ လူသစ်ခေါ်ဆောင်တဲ့ ဆောင်ပုဒ်ကို ရွတ်ဖိတ်လိုက်မယ်ဆိုရင် များပြားလှတဲ့ ကျင့်ကြံသူတွေအကုန်လုံးက သိရှိသွားမှာပဲ၊ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြော်ငြာထည့်လိုက်သလို ဖြစ်လိမ့်မယ်”

ဤအကြံသည် သူ၏အမိကမ္ဘာမြေဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ဆိုးရွားသည်မှာ ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ကြော်ငြာထည့်သွင်းခွင့်ကို လက်သင့်ခံလိမ့်မည် မဟုတ်ပေ။ မဟုတ်ပေက တိုက်ခိုက်နေရင်း ကြော်ငြာ ဝင်ဝင်လာေ“ဂိုဏ်းချုပ်ကျွင်း”

ထန်ရမ်သည် အထဲသို့ လျှောက်ဝင်လာပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီနေ့က ဂိုဏ်းအတွက် စာရင်းပေးရမယ့်ရက်လေ၊ ဘာလို့ မသွားသေးတာလဲ”

အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်း၏ စာရင်းပေးသွင်းမှု ကိစ္စများကို ရီထျန်းချန်သည် လွန်ခဲ့တဲ့လကတည်းက ပြုလုပ်ပေးပြီးသားဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်း၏ ပြိုင်ပွဲစတင်ခါနီးတွင် စီစဉ်ဖန်တီးသူများမှာ ပြိုင်ပွဲဝင်မည့်ဂိုဏ်းများ ရောက်၊ မရောက်ကို စစ်ဆေးရန်အတွက် ဤကဲ့သို့ စာရင်းပေးသွင်းမှုကို ပြုလုပ်ကြသည်။

“အလျင်မလိုနဲ့၊ အလျင်မလိုနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအချိန်မှာ လူတွေအများကြီး သွားလာနေကြမှာလေ၊ နည်းနည်းလောက် ထပ်ကြာအောင် စောင့်လိုက်ကြ ရအောင်”

“ကျုပ်က စာရင်းပေးသွင်းတဲ့ တာဝန်ရှိတဲ့လူတစ်ယောက်နဲ့ သိတယ်လေ”

ထန်ရမ်က ပြောလိုက်သည်။ “ဒီတော့ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ စာရင်းပေးသွင်းဖို့အတွက် အကြာကြီးတန်းစီနေစရာ မလိုတော့ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုလည်း သွားကြတာပေါ့”

.............

စာရင်းပေးသွင်းသည့် တည်နေရာသည် အသစ်တည်ဆောက်ထားသည့် တည်နေရာတစ်ခုပင်ဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းများ၏ အထက်အကြီးအကဲ တော်တော်များများသည် ဤနေရာတွင် စုဝေးလျက် ရှိနေကြသည်။

“ဒါက အကြီးအကဲလီ မဟုတ်လား၊ မတွေ့တာတောင် တော်တော်ကြာပြီနော်”

“ဂိုဏ်းချုပ်စုန့်ရဲ့ကျင့်ကြံခြင်းက ပိုပြီးတော့ နက်နဲလာခဲ့တာပဲ”

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံပြီးသည့်နောက်မှာတော့ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသည်မို့ အားတက်သရောဖြင့် အာပေါင်အာရင်းသန်သန် စကားပြောဆိုလျက် ရှိနေကြ၏။

မကြာခင်မှာပဲ ထန်ရမ်သည် ကျွင်းချောင်ရှောင်းအား ခေါ်ဆောင်ကာ စာရင်းပေးသွင်းသည့် တည်နေရာသို့ ရောက်ရှိလာခဲ့သည်။ အထဲတွင်တော့ တန်းစီခြင်းကို မပြုလုပ်ချင်ကြသော လူတော်တော်များများ အထဲမှာ ရှိလို့နေကြသည်။

“ဒါက”

ထန်ရမ်သည် ရုတ်တရက် ကြောင်အသွားမိ၏။ သူသည် သူ၏အဆက်အသွယ်ကို အသုံးပြုပြီးတော့ ဂိုဏ်းချုပ်ကျွင်း တစ်ယောက် စာရင်းပေးသွင်းမှုကို မြန်မြန်ဆန်ဆန် ပြုလုပ်ပေးမည်ဟု တွေးထင်ခဲ့မိ၏။ သို့ပေမဲ့ တကယ်တမ်း မထင်မှတ်မိသည်မှာတော့ များပြားလှသော ဂိုဏ်းများသည်လည်း ဤကဲ့သို့သော ဖြတ်လမ်းနည်းကို အသုံးပြုကာ အထဲသို့ ရောက်ရှိနေကြ၏။

“ဒါက ထန်ကလန်ရဲ့ ဒုတိယသခင်လေး မဟုတ်လား” လူငယ်တစ်ယောက်သည် ရယ်လိုက်၏။

ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေသော အဘိုးအိုနှစ်ယောက်ဆီမှ အလွန် တရာ ကြမ်းတမ်းလှသော အော်ရာများ ထွက်ပေါ်နေ၏။ ၎င်းတို့သည် တောက်ပရွှေနတ်ဂိုဏ်း၏ အကြီးအကဲများ ဖြစ်ပြီး နဂါးကျားတိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာခဲ့ကြသူများဖြစ်သည်။ ၎င်းတို့အနေနှင့် အလယ်ပိုင်းဒေသမှဂိုဏ်းများမဟုတ်သည်မို့ ရန်ကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို ရှာဖွေကာ ဤကဲ့သို့ ဖြတ်လမ်း နည်းဖြင့် စာရင်းပေးသွင်းမှု လုပ်ငန်းစဉ်ကို လာရောက်လုပ်ကိုင်ကြခြင်းပင် ဖြစ်တော့သည်။ ထိုမှသာလျှင် စာရင်း ပေးသွင်းရာတွင် ပိုမိုမြန်ဆန်လာပေလိမ့်မည်။

“သခင်လေးရန်” ထန်ရမ်သည် အပြုံးတုတစ်ခုကို ပြုံးကာ ပြောလိုက်တော့သည်။ ဤရန်မိသားစုသည် အင်ပါယာမြို့မှ သိုင်းကျင့်ကြံ သူ မိသားစုတစ်ခုဖြစ်ပြီး အရမ်းလည်း အားကောင်းလွန်း၏။ ဤသခင်လေးရန်သည် စီးပွားရေးသာ ပြုလုပ်တတ် သည့် ၎င်းတို့မိသားစု၏ တိုက်ရိုက်မျိုးဆက်များကို ကြိုက်နှစ်သက်ခြင်း မရှိပေ။ ထို့ကြောင့် ဘာမှလုပ်စရာမရှိသည့် ဤကဲ့သို့သောအချိန်မျိုးတွင် တွေ့ဆုံသည်ဆိုပါက ကျိန်းသေပေါက် စကားလုံးမျိုးစုံနှင့် တိုက်ခိုက်ပေလိမ့်မည်။

“ဒုတိယသခင်လေးထန်”

သခင်လေးရန်သည် ပြုံးကာ မေးလိုက်၏။ “ဘယ်လိုလုပ် ရောက်လာတာလဲ၊ ဒါကကော”

“ဒါက ဒီထန်ရဲ့ သူငယ်ချင်းပါ”

ထန်ရမ်သည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။

“ဪ”

သခင်လေးရန်သည် ပြုံးကာ ပြောလိုက်သည်။ “ဒုတိယသခင်လေးထန်က သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တယ်ဆိုတော့ သူက နဂါးကျားတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဂိုဏ်းတစ်ခုရဲ့ အဆင့်မြင့်အဖွဲ့ဝင် တစ်ယောက်ဖြစ်လိမ့်မယ်၊ ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အမှန်ပါပဲ”

တောက်ပရွှေနတ်ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည် ထိုအချင်းအရာကိုမြင်တော့ ကြောင်အသွားခဲ့သည်။ ၎င်းတို့ရှေ့တွင် ရှိနေသော လူငယ်လေးသည် အသက်နှစ်ဆယ်နီးပါးခန့်သာ ရှိနေသေးသည်။ ဂိုဏ်းတစ်ခု၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသေးသည်လား။

“ဘယ်ဂိုဏ်းကလဲ” သခင်လေးရန်က မေးလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဒီကိစ္စကို သိရှိဖို့အတွက် မင်းဆီမှာ အရည်အချင်းမရှိဘူး၊ ဒီတော့ မေးချင်တယ်ဆိုရင် မင်းရဲ့ အကြီးအကဲတွေကို လာပြီး မေးခိုင်းလိုက်”

စကားလုံးများသည် နားထောင်ကောင်းရုံ ပြောဆိုနေသည် ဆိုသော်လည်း သခင်လေးရန် ဆိုသူ၏ အမူအရာ နှင့် အပြောအဆိုသည် မောက်မာမှုများ ပါဝင်လျက်ရှိနေသည်။ ထိုသူသည် ရိုက်နှက်ရန် ထိုက်တန်လှသည့် လူတစ်ယောက်ပင် ဖြစ်တော့သည်။ ထိုကဲ့သို့သော လူမျိုးများနှင့် ပြောဆိုရာတွင် ပေါက်ပန်းလေးဆယ် ပြောဆိုမနေဘဲ လိုရင်းကိုသာ ခပ်နာနာ ပြောဆို ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ငါ့ဆီမှာ အရည်အချင်း မရှိဘူး ဟုတ်လား”

မောက်မာပြီး ရန်လိုတတ်သော သခင်လေးရန်သည် မျက်လုံးထဲမှာ ရုတ်တရက် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။

“ရောင်းရင်း”

တောက်ပရွှေနတ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် ခပ်တည်တည်ဖြင့် ပြောလိုက်တော့၏။ “ဒီအဘိုးကြီးကကော သိရှိဖို့အတွက် အရည်အချင်း ရှိရဲ့လား”

“ခင်ဗျားက ဘယ်သူလဲ”

“ဒုတိယအဆင့် တောက်ပရွေနတ်ဂိုဏ်းရဲ့ အကြီးအကဲ သွမ့်ကျိရှု”

“ခင်ဗျားက နည်းနည်းအရည်အချင်းရှိတယ်”

“နည်းနည်း ဟုတ်လား”

သွမ့်ကျိရှု၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဒီရောင်းရင်းလေးကို ကြည့်ရတာ အရမ်းမောက်မာတာပဲ၊ ဘယ်ဂိုဏ်းကလည်းဆိုတာ ကျုပ်သိချင်တယ်”

“အရမ်းကြီး ကြီးကျယ်တာတော့ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကပါ”

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

သွမ့်ကျိရှုသည် ထိတ်လန့်တုန်လှုပ်သွား၏။ “ခင်ဗျားက ကျွင်းချောင်ရှောင်းပေါ့”

ကျွင်းချောင်ရှောင်းသည် သူ၏ခေါက်ယပ်တောင်အား အသာဖွင့်ကာပြောလိုက်သည်။

“အမှန်ပါပဲ၊ ကျုပ်က ကျွင်းချောင်ရှောင်းလေ”

ဤယပ်တောင်၏ မျက်နှာပြင်မှာတော့ ချောမောလှပသော ကျွင်းချောင်ရှောင်းဟူသည့် စာတမ်းကို ရေးထိုးထား၏။

သံသယရှိစရာပင် မလိုချေ။ ဤအရာသည် ဂိုဏ်းချုပ်ကျွင်းကိုယ်တိုင် ပြင်ဆင်ထားသည့်အရာပင်ဖြစ်တော့၏။ သူသည် ထိုအရာအား သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားပြီး ဤကဲ့သို့ မောက်မာတတ်သော လူများနှင့် တွေ့ဆုံရာတွင် ဟိတ်ဟန်ထုတ်ကြွားဝါရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ အနီးအနား ပတ်ဝန်းကျင်တွင်ရှိသော သိုင်းကျင့်ကြံသူများသည် ယပ်တောင်ပေါ်မှာ စကားလုံးများအား မြင်သည့် အချိန်မှာတော့ ထ၍ ရိုက်နှက်ချင်စိတ်ပင် ပေါက်မိနေကြသည်။

“ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းပေါ့”

သွမ့်ကျိရှုသည် အေးစက်စက်ပြုံးကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”

တောင်ပရွှေနတ်ဂိုဏ်းသည် အရှေ့အလယ်ပိုင်းဒေသမှ လာရောက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းသည် မကြာသေးသော အချိန်တုန်းက လိုင်လီနတ်ဂိုဏ်းဆီ လာရောက်၍ စိန်ခေါ်ရင်း များပြားလှသည့် ဂိုဏ်းများမှ တပည့်များကို ရိုက်နှက်နိုင်ခဲ့သေး၏။

သခင်လေးရန်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ကြည့်ရတာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ပုံစံမျိုး ပြောဆိုနေပြီးတော့ တကယ်တမ်း အဆင့်ငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတာကိုး”

သူသည် ပြိုင်စံရှားဂိုဏ်းအကြောင်းကို အရင်ကတည်းက ကျိန်းသေပေါက် ကြားခဲ့ဖူး၏။ ဤအတောအတွင်းတွင် အံ့အားသင့်စရာကောင်းသော ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်ဆိုသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ ဤအချိန် မှာတော့ နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ဂိုဏ်းများသည် ပထမနှင့် ဒုတိယအဆင့် ဂိုဏ်းများသာ ဖြစ်တော့၏။

ဥပမာအားဖြင့် တောက်ပရွှေနတ်ဂိုဏ်းကိုသာ ကြည့် ….. ။ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် လိုင်လီနတ်ဂိုဏ်းထက် ပိုမို၍ အားကောင်းနေသည်။

ထို့ကြောင့် တစ်ဖက်လူများသည် သူ့အား လာရောက် အကူအညီတောင်းချိန်တွင် သူသည် ယဉ်ယဉ်ကျေးကျေးဖြင့် လိုက်ပါအကူအညီပေးခြင်းဖြစ်သည်။ သို့ပေမဲ့ အဆင့်ငါးဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ယောက်သည် သူ့ကိုယ်သူ မည်ကဲ့သို့ တွေးတောပြီး အရည်အချင်းရှိသည်ဟု ထင်မှတ်နေသည်လည်း စဉ်းစားမရတော့ချေ။

“နောက်တစ်ယောက်”

ထိုအချိန်မှာပဲ အထဲတွင်ထိုင်နေသော အဘိုးအိုတစ်ယောက်သည် အော်လိုက်၏။

သခင်လေးရန်သည် ကျွင်းချောင်ရှောင်အား အေးစက်စက်ကြည့်ကာ တောက်ပရွှေနတ်ဂိုဏ်း၏ အဘိုးအိုနှစ်ယောက်အား ခေါ်ဆောင် သွားတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

အတည်ပြုချက်များကို ပြုလုပ်ပြီးသည့်နောက်မှာ သွမ့်ကျိရှုသည် သူ့အနားသို့ ရောက်ရှိလာတာ တီးတိုးပြောလိုက် သည်။ “ပထမဦးဆုံးအကျော့မှာ ကျုပ်တို့ဂိုဏ်းနဲ့ မတွေ့စေဖို့ မင်း ဆုတောင်းထားတာ ကောင်းလိမ့်မယ်”

“အင်း” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြန်ပြောလိုက်၏။

သွမ့်ကျိရှုသည် လက်ကိုအသာယမ်းခါကာ ထွက်ခွာသွားတော့ သည်။ သူ၏အနားသို့ ဖြတ်သန်းသွားချိန်မှာတော့ သခင်လေးရန်သည်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သခင်လေးထန်အား ထပ်မံကြည့်လိုက်ပြန်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ပထမသခင်လေးထန်ရဲ့ သူငယ်ချင်းတွေက ပထမနဲ့ ဒုတိယအဆင့် ဂိုဏ်းတွေကကြီးပဲ၊ ဒါပေမဲ့ ဒုတိယသခင်လေး ထန်ကတော့ အဆင့်ငါးဂိုဏ်းတစ်ခုနဲ့ပဲ သိကျွမ်းတယ်လေ၊ နှစ်ယောက်ကြားမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားတာပဲ”

“သခင်လေးရန်”

ထန်ရမ်သည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားစိတ်ပူနေစရာ မလိုပါဘူး”

စီးပွားရေးလောကအကြောင်းကို ကောင်းကောင်းနားလည်သူတစ်ယောက်မို့ သူသည် ခံစားချက်များကို လွယ်လွယ်ကူကူ ထုတ်ဖော်မပြသချေ။

“ကျွင်းချောင်ရှောင်း”

သခင်လေးရန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းရဲ့ မောက်မာမှုနဲ့ ဂုဏ်ယူဝံ့ကြွားမှုတွေက နဂါးကျားတိုက်ပွဲအဆုံးအထိ ရှိနေပါစေလို့ ကျုပ်ဆုတောင်းပေးနေ မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က သခင်လေးရန်ကို စိတ်ဓာတ်မကျစေရပါဘူး၊ ကျိန်းသေပေါက် အဆုံးထိ ဒီပုံစံအတိုင်းပဲ ရှိနေရမှာပေါ့”

ဟမ့်

သခင်လေးရန်သည် နှာခေါင်းကို ရှုံ့ကာ လှည့်ထွက်သွားတော့သည်။

……….

“သခင်လေးထန်”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကိုကုတ်ကာပြောလိုက်၏။ “ဒီလူက နည်းနည်းရိုက်နှက်ချင်စရာကောင်းတယ်”

ထန်ရမ်က ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း... သူ့ကို ဂရုစိုက်မနေပါနဲ့”

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်း၏ အလှည့်သို့ ရောက်ရှိလာသည်။ သူသည် အသာလျှောက်သွားပြီးသည့်နောက် ဂိုဏ်း၏အသိအမှတ်ပြုကတ်ပြားအား ပြသလိုက်တော့သည်။

“ရက်အနည်းငယ်အတွင်း ကျင်းပတော့မယ့် နဂါးကျားတိုက်ပွဲကို စောင့်ကြတာပေါ့”

သူ၏ အိမ်တော်ဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် များပြားလှသော ဂိုဏ်းများမှ သတင်းအချက် အလက်များကို စတင်ကာ လေ့လာနေတော့သည်။ သူ့အနေနှင့် တောက်ပရွှေနတ်ဂိုဏ်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို အထူးသဖြင့် ရှာဖွေနေခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသမှ ဂိုဏ်းတစ်ခုဖြစ်သည်မို့ သူ့အား မလိုမုန်းထား ကြည့်ရှုဆက်ဆံသည်ဆိုခြင်းမှာ သဘာဝပင် ဖြစ်တော့သည်။

ရှောင်ကျီအား ခေါ်ဆောင်၍ လိုင်လီနတ်ဂိုဏ်းဆီသို့ သွားရောက်စိန်ခေါ်တိုက်ခိုက်ခဲ့ခြင်းသည် ဤနယ်မြေထဲတွင် ရှိသော ဂိုဏ်းအားလုံးအား ရန်ပြုတိုက်ခိုက်ခဲ့ခြင်းနှင့်ပင် ဆင်တူနေ၏။

..............

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ နဂါးကျားတိုက်ပွဲအတွက် ကျင်းပပြုလုပ်မည့်နေရာတွင် မီးအိမ်များ၊ အလံတိုင်များနှင့် အလွန်တရာ လှပစွာ ဖန်တီးထားတော့သည်။ လမ်းများအားလုံးတွင်လည်း များပြားလှသည့် ကျင့်ကြံသူများသည် ဒီရေအလား တိုးပွားလျက်ရှိနေ၏။ ယနေ့မှာ နဂါးကျားတိုက်ပွဲ ကျင်းပမည့်နေ့ပင် ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် ကြည့်ကောင်းလှသည့် ဂိုဏ်းရဲ့ ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ပြီးနောက် သူ၏တပည့်များနှင့်အတူ အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။

“ဂိုဏ်းချုပ်”

စုရှောင်မို၏ မျက်လုံးများသည် အလွန်တရာ ထက်ရှနေခဲ့သည်။ သူသည် ရှေ့သို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “မြောင်ဟွာခန်းမက လူတွေလည်း လာတာပေါ့”

ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်း၍ ကြည့်လိုက်ချိနမှာတော့ လီအာ၏ ဖေးမမှုနှင့်အတူ လှမ်းလျှောက် လာသည့် ရှစ်ကျန်းရွမ်အား မြင်လိုက်ရတော့သည်။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကြည့်ရတာ သူတော်စင်ကြာပန်းက သူမရဲ့ မျက်လုံးရောဂါကို ကုသနိုင်ပုံမပေါ်ဘူး”

All Chapters