အခန်း (၇၀၅)
Vol. 47 Ch. 705
အတိတ်တုန်းက နဂါးကျားတိုက်ပွဲအတွက် ကျင်းပပြုလုပ်မည်ဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်နိုင်စေရန်အတွက် ပုံရိပ် အစီအရင်တစ်ခုကို စတင်ကာ အသက်သွင်းတတ်သည်။
ထိုသို့ အသက်သွင်းလိုက်သည်ဆိုသည်နှင့် ကုန်းမြေတိုက်ကြီးတွင် ရှိရှိသမျှသော လူများအားလုံးသည် ပုံရိပ်ယောင် အစီအရင်ထဲရှိ ပြိုင်ပွဲဝင်များအားလုံးကို စမြင်ရမှာ ဖြစ်သည်။
သို့ပေမဲ့ လက်ရှိအချိန်တွင် အစီအရင်ကို အသက်သွင်းလိုက်သည့် အချိန်မှာတော့ အားလုံး၏ မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ ပြိုင်ပွဲကျင်းပသည့် မြင်ကွင်းမျိုး မဟုတ်ဘဲ ကျွင်းချောင်ရှောင်း၏ ချောမောလှပသည့် မျက်နှာသာ ဖြစ်လို့နေ၏။
အားလုံး ကြည့်ရှုနေသည့် မြင်ကွင်းရှေ့မှာပဲ ၎င်း၏ ဂိုဏ်းအကြောင်းကို အကြီးအကျယ် ပြောဆိုကြော်ငြာ သွားခဲ့၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် မည်သူမှ မထင်မှတ်ထားခဲ့သော ကိစ္စရပ်မျိုး ဖြစ်သည်။
ကံကောင်းစွာဖြင့် ပွဲစီစဉ်သူများသည် အရေးပေါ် တုန့်ပြန်မှုသည် အားကောင်းလွန်းလှ၏။
တစ်စုံတစ်ယောက် သည် အစီအရင်ရှေ့တွင် ရောက်ရှိနေသည်ကို မြင်ရချိန်မှာတော့ သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် အလျှင်အမြန်ပဲ ထိုသူအား ဆွဲချလိုက်သည်။ ထို့ကြောင့် ဖြစ်ပေါ်သွားသော မြင်ကွင်းမှာ စိတ်ကျန်းမာရေး မကောင်းသည့် အရူးအား ဆရာဝန်များမှ အတင်းဆွဲယူ၍ ခေါ်ဆောင်သွားသည့် သကဲ့သို့ပင် ဖြစ်နေတော့သည်။
"အခု ဆွဲခေါ်ခံလိုက်ရတဲ့လူက ပြိုင်စံရှား ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား။သူက ငယ်ရွယ်သေးတာပဲ။ဒီလိုမျိုး နဂါးကျား တိုက်ပွဲအတွက် ပုံရိပ်ယောင် အစီအရင်ပေါ်မှာ ပထမဦးဆုံး ကိုယ့်ဂိုဏ်းကိုယ် ကြော်ငြာ ရဲတဲ့ ပထမဦးဆုံးလူက သူ ဖြစ်လာပြီပေါ့"
အားလုံးသည် ကျွင်းချောင်ရှောင်း အော်သွားခဲ့သော စကားလုံးနှင့် ပတ်သက်၍ စဉ်းစားနေမိကြသည်။ "ကျုပ်ရဲ့ ဂိုဏ်းကို ဝင်ရောက်ကြပါ။အိမ်မက်တွေကို တူတူ ပျံသန်းစေမယ်။"
ဤစကားလုံးသည် စိတ်ဝင်စားဖွယ်ရာ ကောင်းလှ၏။
များပြားလှသော လူငယ်များ အားလုံးသည် ပြိုင်စံရှားဂိုဏ်းအပေါ်တွင် အလွန်အမင်း စိတ်ဝင်စားသွားကြသည်။
ဤအရာသည် ကြော်ငြာနည်းတစ်မျိုးပင် ဖြစ်တော့သည်။ လူတော်တော်များများသည် ထို အချက်အလက်များအား လျစ်လျူရှုလိုက်မိပြီဖြစ်သော်လည်း တစ်ချို့သော လူများမှာတော့ နှလုံးသား ထဲတွင် စွဲစွဲမြဲမြဲ မှတ်မိသွားကြပြီဖြစ်သည်။
ထို့ကြောင့် ပင် ကျွင်းချောင်ရှောင်း အနေနှင့်ယခုပင် ဆွဲခေါ်၍ ဖယ်ရှား ခံရမည်ကို သိသည်ဆိုလျှင်တောင် စွန့်စား၍ သူ၏ ဂိုဏ်းအား ကြော်ငြာခဲ့ခြင်း ဖြစ်၏။
အလွန်တရာ အသုံးဝင်သည့် နည်းလမ်းပင် ဖြစ်သည်။
"ငါသူ့ကို ချီးကျူးမိတယ်"
ထန်ရမ် ၏ မျက်လုံးသည် ချီးကျူးမှုများနှင့် ပြည့်နက်သွားသည်။
နဂါးကျားတိုက်ပွဲသည် စတင်တော့မှာ ဖြစ်သည်။ လောကကြီးတွင် ရှိသော လူများ၏ အာရုံသည် ဤပုံရိပ်ယောင် အစီအရင်တွင် ရှိလို့နေ၏။ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့သော နေရာမျိုးတွင် သွားရောက်ကာ ကြေညာခဲ့၏။ ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိမှာ သေချာ၏။
ဤကဲ့သို့သော အစီအရင်ရှေ့တွင် သူ၏ ဆေးအရောင်ဆိုင်များအား ကြော်ငြာ လိုက်မည်ဆိုပါက ကုန်းမြေတစ်ခုလုံးတွင် ကျော်ကြားသွားမှာ မြေကြီး လက်ခတ်မလွှဲပင်။
"သူ … သူက သိုင်းအုပ်စိုးသူလား"
ကျွင်းချောင်ရှောင်း၏ အဆင့်နှင့် ပတ်သက်လျှင် ပြင်ပမှ လူများသည် ဓားနှင့် သိုင်းဘုရင်ဟုသာ သိရှိထားရသည်။ ယခု သူသည် တစ်ခါတစ်ရံတွင် ပျံသန်းနိုင်သည်ဟု သတင်းကြားခဲ့သော်လည်း အတောင်ပံကဲ့သို့သော ပျံသန်းနိုင်သည့် အရာတစ်ခုကို အသုံးပြုနိုင်ခဲ့ကြောင်း အားလုံးက သိရှိခဲ့ပြီးဖြစ်သည်။
လက်ရှိ အခြေအနေတွင်မှာတော့ အစီအရင်၏ ရှေ့တွင် မည်သည့် ပစ္စည်း ကိရိယာကိုမှ အသုံးမပြုဘဲ မတ်မတ်ရပ်ခဲ့၏။ ၎င်း၏ ကိုယ်ပိုင်အားအင်ဖြင့် ပျံသန်းခဲ့ပုံပေါ်၏။
ကျွမ်းကျင်သူတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဓားနှင့် သိုင်းဘုရင် အဆင့်ကနေ ချိုးဖြတ်ရောက်ရှိသွားပုံပဲ။အကြမ်းတမ်းဆုံး ဓားတာအိုကို နားလည်နိုင်ဖို လိုတယ်။သူ့ကို ကြည့်ရတာ ဓားနဲ့ သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်နေသလား"
တစ်ယောက်က ပြောလိုက်သည်။
"ဓားနဲ့ သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်ပေါ်လာပြီဆိုတာနဲ့ ကောင်းကင်ကြီးပေါ်မှာ ထူးခြားတဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်တယ်။အခု ဘာတစ်ခုမှလည်း မပြောင်းလဲခဲ့ဘူး။သူက ဘယ်လိုလုပ် ဓားနဲ့ သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်လာမှာလဲ"
"မဆိုးဘူးပဲ။အဲ့ဒါတော့ ဟုတ်တယ်" တစ်ခြားသော ဂိုဏ်းများမှ အကြီးအကဲများသည် သဘောတူလိုက်ကြသည်။
အရင်တုန်းက ချင်းယန်မြို့တွင် ကျွင်းချောင်ရှောင်းသည် ဓားနှင့် သိုင်းဘုရင် အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်။ ထို့ကြောင့် ထူးခြားသည့် ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ကျွင်းချောင်ရှောင်း ဓားနှင့် သိုင်းဘုရင် အဆင့်သို့ ရောက်ရှိသွားခဲ့သောကြောင့် တစ်လောကလုံးက သိရှိသွားစေခဲ့၏။
"သူက ဓားနဲ့ သိုင်းဘုရင်အဆင့်မှာ များပြားလှတဲ့ အကန့်အသတ်တွေ ရှိတာကို သိတာမို့ တစ်ခုတည်း အဆင့်တက်ဖို့ရွေးချယ်ပြီး တစ်ခုကို အလျှော့ပေးလိုက်တာ ဖြစ်မယ်။ဟုတ်တယ်မလား"
"အဲလိုလည်း ဖြစ်နိုင်တယ်။သူက အခု သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်ပြီဆိုတော့ သူ့ရဲ့ ဓားသမားဆိုတဲ့ ဘွဲထူးက ဖယ်ရှား ခံလိုက်ရပြီပေါ့"
အားလုံးက ဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလျက်ရှိနေသည်။
ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းအုပ်စိုးသူ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် ၎င်းအနေနှင့် လက်သင့် ခံနိုင်စွမ်းရှိ၏။
ထိုသို့ ဆိုလျှင်တောင်မှ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းအုပ်စိုးသူ အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့သည်။
များပြားလှသော ဂိုဏ်းများရှိ အကြီးအကဲများ အားလုံးအတွက် ထိတ်လန့် တုန်လှုပ်စရာပင် ဖြစ်နေတော့သည်။ နာမည် တစ်ခုမှ မရှိသော ဂိုဏ်းတစ်ခုအား မကြာသေးသော အချိန်ကာလအတွင်း လျှန်းလျှန်းတောက် အောင်မြင်သည့် ဂိုဏ်းတစ်ခုဖြစ်အောင် ကြိုးစားခဲ့သည် ဆိုတော့ ဂိုဏ်းချုပ်သည် သာမန်လူတစ်ယောက် မဟုတ်သည်ကို အားလုံးက ခန့်မှန်း သိရှိပြီး ဖြစ်၏။
ဘုတ် … ဘုတ်။
ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "စကားလေးတောင် ဆုံးအောင် ပြောခွင့် မပေးဘူး။စိတ်တို စရာပဲ။"
အားလုံးသော လူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားကြသည်။
ပြိုင်ပွဲအတွင်းမှ ထုတ်ပယ် မခံရသည်ကပင် ကံကောင်းခြင်း ဖြစ်နေသည်။ ၎င်းသည် အဘယ့်ကြောင့် စိတ်ဆိုး စိတ်ကောက်နေရသနည်း။
"အားလုံးပဲ"
ထိုအချိန်မှာပဲ ကြီးကျယ်လှသော အသံတစ်ခုသည် ပြိုင်ပွဲကွင်းပြင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
တည်နေရာကြီး၏ စင်မြင့် အလယ်ပေါ်မှာတော့ သတ်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် ဘယ်နေရာကမှန်း မသိဘဲ ပေါ်ပေါက် ရောက်ရှိလာခဲ့သည်။ သူသည် လက်သီးကို ဆုပ်ကာ ပြုံး၍ ပြောလိုက်၏။ "ဒီနဂါးကျား ပြိုင်ပွဲအတွက် ကြိုဆိုပါတယ် ဟန်တုံရှန်း"
သူသည် အင်ပါယာမြို့၏ မြို့တော်ဝန်တစ်ယောက် ဖြစ်၏။ ယခု နဂါးကျားတိုက်ပွဲတစ်ခုလုံးအတွက် တာဝန်ယူဆောင်ရွက်ရသော လူတစ်ယောက်လည်း ဖြစ်သည်။
မြို့တော်ဝန် ပေါ်ပေါက်လာသည့် အကြောင်းမှာ ပြိုင်ပွဲ စတင်တော့မည်ကို ဆိုလို ခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကြည့်ရှု နေကြသူများသည် စိတ်လှုပ်ရှား နေကြသည်။ "အင်ပါယာမြိုမှာ နဂါးကျား တိုက်ပွဲဆိုတဲ့ ပြိုင်ပွဲမျိုးကို ကျင်းပခွင့် ရတဲ့ အတွက် ကျုပ် တကယ့်ကို ဂုဏ်ယူမိတယ်"
မြို့တော်တော်ဝန် ဟန်သည် ပြုံးကာ ပြောလိုက်သည်။ ပြီးနောက် သူသည် ပြိုင်ပွဲနှင့် ပတ်သက်သော ကြီးမားလှသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သော အရာများအား သေချာ ရှင်းပြသည်။ တစ်ခြားနည်းလမ်းလည်း မရှိပေ။ ဤကဲ့သို့ ပြိုင်ပွဲကြီးများသည် ဤကဲ့သို့သော လှုပ်ဆောင်မှုများဖြင့် တစ်ဆင့်ချင်းစီ သွားရမှာ ဖြစ်သည်။
ကြည့်ရှုနေကြသော လူများ အားလုံးသည် အိပ်ပင် ငိုက်လာကြတော့သည်။
"ပြီးတော့"
အကြာကြီး စကား ပြောနေသော မြို့တော်ဝန်ဟန်သည် ရုတ်တရတ် ဆိုသလိုပဲ စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ "ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဂိုဏ်းရဲ့ တပည့်တွေ အကုန်လုံး ကျေးဇူးပြုပြီးတော့ ပြိုင်ပွဲတည်နေရာ ထဲကို ဝင်လိုက်ကြပါ။"
ချက်ချင်းပဲ အိပ်ငိုက်နေကြသော ပြိုင်ပွဲဝင်များ အားလုံးသည် ပြန်လည် လန်းဆန်းသွားကြ၏။
"စပြီ စပြီ"
များပြားလှတွင် ရှိသော ကျင့်ကြံသူများ အားလုံးသည်လည်း စိတ်လှုပ်ရှား နေကြ၏။
မကြာခင်မှာပဲ ချောမောလှပကာ သာမန်ထက် ပိုသည့် အရည်အချင်းကို ပိုင်ဆိုင်ကြသော လူငယ်များ အားလုံးသည် အမဲရောင် အစီအရင်၏ မြင်ကွင်းထဲတွင် ပေါ်လာကြတော့သည်။
ဂိုဏ်းတစ်ခု၏ တပည့်များ ပေါ်လာသည့် အချိန်တိုင်း ဂိုဏ်း၏ နာမည်အား တစ်စုံတစ်ယောက်သည် ရွတ်ဖတ်လျက်ရှိသည်။ ထို့ကြောင့် အားပေးသူများသည်လည်း ဆူညံ့လျက်ရှိနေတော့၏။
"ဒီ တစ်ခါကတော့ ပြိုင်စံရှားဂိုဏ်း"
အဘိုးအိုတစ်ယောက်၏ အသံသည် ထွက်ပေါ်လာခဲ့သည်။
အဘိုးအိုသည် သေသေချာချာ လေးလေးနက်နက်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒီဂိုဏ်းက ပြိုင်ပွဲမှာ တပည့် ၂၅ ယောက် စုစုပေါင်း ပါဝင်ယှဉ်ပြိုင်မှာ၊ သူတို့က အရှေ့တောင်ရန်ကျူးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော ဂိုဏ်းတစ်ခုပဲ။"
ကြည့်ရှုနေကြသူများ အားလုံးသည် ငြိမ်သက်သွားကြသည်။
တော်တော်များများသည် ဤကဲ့သို့သော ချောင်ကျလှသည့် တည်နေရာတွင် ရှိသော ဂိုဏ်းတစ်ခုအား စိတ်မဝင်စားကြချေ။ ထို့ကြောင့် ချီးကျူးအားပေးမှုကိုပင် မပြုလုပ်ကြပေ။
"ပြိုင်စံရှားဂိုဏ်း …. ပြိုင်စံရှားဂိုဏ်း"
ချင်းယန်မြို့ထဲတွင်ရှိသော လူထု၏ အားပေးသံကြီးသည် မြို့ကြီး ခုနှစ်ခုလုံးတွင် ဆူညံ့လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းသားများသာ အားပေးနေကြသည်မဟုတ်ဘဲ ချင်းယန် တစ်နိုင်ငံလုံးတွင် ရှိသော လူပေါင်း ဆယ်သန်းကျော်တို့သည် ချီးကျူးလျက်ရှိနေကြတော့သည်။
ထိုကဲ့သို့သော ချင်းယန်နိုင်ငံသူ၊ နိုင်ငံသား များ၏ ချီးကျူးမှု အောက်မှာတော့ လုချင်းချင်းနှင့် လီချင်းယန်တို့ ဦးဆောင်လာခဲ့သော ပြိုင်စံရှားဂိုဏ်း၏ တပည့်၂၅ ယောက်တို့သည် လမ်းကြောင်းအတိုင်း လျှောက်ဝင်လာကြသည်။
ပုံရိပ်ယောင် အစီအရင်ကြီးသည် တပည့်တစ်ယောက်ချင်းစီအား အနီးကပ် ရိုက်ပြလျက်ရှိသည်။ ချင်းယန်နိုင်ငံတစ်ခုလုံးသည် ပိုမို၍ အားပေးသံများနှင့် ကျယ်လောင်လာခဲ့၏။
"သခင်ကြီး"
အဘိုးအိုတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဟိုမှာ သခင်လေးပဲ"
မိသားစုခေါင်းဆောင်သည် သူ၏ ခန္ဓာကိုယ်အား ခက်ခက်ခဲခဲနှင့် ထိန်းချုပ်ထားရ၏။ သူ၏ လက်များအားလုံးသည် တုန်ယင်လျက်ရှိနေတော့သည်။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက လီချင်းယန်သည် သံမဏိအရိုးဂိုဏ်းဆီသို့ ဝင်ရောက်ရန် စိတ်ဆုံးဖြတ်ခဲ့၏။ ထိုအရာကို သိတော့ သူသည် အလွန်အမင်း ဒေါသထွက်ခဲ့သည်။
လက်ရှိ အခြေအနေမှာတော့ ၎င်း၏ သားသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးဖြစ်သော နဂါးကျား တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ သူ့သားသည် မည်မျှ အမြင်ကျယ်သည်ဖြစ်ကြောင်း သူ လေးလေးနက်နက်နှင့် နားလည်လိုက်မိတော့၏။
"သခင် …. သခင်လေး ထွက်လာပြီ"
စုန့်ရွှမ်ကျူး ထွက်ပေါ်လာသည်ကို မြင်လိုက်ချိန်မှာတော့ မိသားစုခေါင်းဆောင်စုန့်သည် ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူ၏ နှလုံးသားထဲတွင် ရှိသော စိတ်လှုပ်ရှား မှုသည် မထိန်းချုပ်နိုင်ဟန်ဖြင့် နှလုံးခုန်သံကိုပင် ဘေးမှ ကြားနေရ၏။
"ဒါက ရှောင်မိုလေးလေ"
လူအုပ်ကြားထဲမှာတော့ အသက် ငါးဆယ်အရွယ် စုံတွဲလေးဖြစ်သော လင်မယား နှစ်ယောက် တည်ရှိနေ၏။ ၎င်းတို့၏သား ဦးခေါင်းကို မော့ကာ လျှောက်လာသည်ကို မြင်ရချိန်မှာတော့ သူတို့၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလျက်ရှိနေတော့သည်။
"ကျိရန် ထွက်လာပြီ … ကျိရန်"
လုံကျိရန် ထွက်လာသည့် အချိန်မှာတော့ လုံမိသားစုရှိ တိုက်ရိုက်တပည့်များ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
အပျော်ဆုံးသော လူများမှာတော့ ပြိုင်စံရှား ဂိုဏ်းမှ တပည့်များ ဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ တပည့်တစ်သောင်းကျော်တို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် ထိုင်လျက် ရှိနေကြပြီး အဓိက ဟောခန်း၏ ရှေ့တွင် ရှိနေသော ပုံရိပ်ယောင် အစီအရင်အား ကြည့်လျက်ရှိနေ၏။
၎င်းတို့၏ စီနီယာအစ်မနှင့် စီနီယာအစ်ကို များ ထွက်ပေါ်လာသည်ကို မြင်တော့ တစ်ချို့ဆိုလျှင် ပျော်ရွင်စွာဖြင့် ထ၍ ကခုန်နေမိလျက်ရှိသည်။
"အဘိုးကြီး"
အကြီးအကဲဝေသည် မျက်မှောင်ကို ကုတ်ကာ ဖြင့် ပြောလိုက်သည်။ "ဒီလိုမျိုး ပုံရိပ်ယောင် အစီအရင်ကို ကြားဖြတ်ဆွဲပြီး ခိုးကြည့်တယ်ဆိုတာ ကောင်းတဲ့ အရာရော ဟုတ်ရဲ့လား"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "သိသွားစရာ အကြောင်း မရှိဘူး။သိသွားရင် ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့ အနေနဲ့ အုတ်ခဲတစ်လုံး ကောက်စားလိုက်မယ်။ အဲလောက်ထိ ကိုယ့်ကိုယ်ကိုယ် အာမခံတယ်"
ဟမ်
အဝေးတစ်နေရာရှိ ထိုက်ရွန်အအေးဂိုဏ်းမှ တပည့်တစ်ယောက်သည် အံ့အား သင့်စွာဖြင့် ပြောလိုက်သည်။
"ခုနက အစီအရင်ထဲမှာ ရှိတဲ့ အမျိုးသမီးကို နည်းနည်း ရင်းနှီး သလိုပဲ။ဒါက လုချင်းချင်းလား။”
“ဒီအမျိုးသမီးက ပြိုင်စံရှား ဂိုဏ်းကို ဝင်သွား ခဲ့တာကိုး"
"ပထမအဆင့် ဂိုဏ်းတစ်ခုကနေ အဆင့်ငါးဂိုဏ်းတစ်ခုခုကို ရောက်သွားတယ်ဆိုတာ ဘယ်လောက် ဆိုးဝါးလိုက်တဲ့ ဘဝလဲ။"
အဝေးတွင် ရှိနေသော ပြိုင်စံရှား ဂိုဏ်းတပည့်များသည် လူအများ၏ အကြည့်အောက်မှာပဲ စင်မြင့် ပေါ်သို့ အသာတက်လိုက်ကြသည်။
၎င်းတို့သည် လက်နှစ်ဖက်ကို နောက်သိုပစ်ကာ စီစီရီရီနှင့် ရပ်လျက်ရှိနေကြသည်။ သံမဏိကဲ့သို့သော စိတ်ထားများကို ထုတ်ဖော်လျက်ရှိနေ၏။
ပထမရှေ့မှာ ဝင်ရောက်သွားကြသော တပည့်များသည် ခေါင်းလှည့်ကာ ကြည့်မိလိုက်ကြသည်။
ဤလူများသည် ပြိုင်စံရှား ဂိုဏ်း၏ တပည့်များလား။
အလွန်တရာ စိတ်ဓာတ်ခိုင်မာသည့် ဟန်များကို မြင်နေရသည်ဆိုသော်လည်း ၎င်းတို့၏ အော်ရာများမှာ အားနည်းလွန်းနေသည်။ ပြိုင်ပွဲတွင် ၎င်းတို့နှင့် တွေ့ဆုံသည်ဆိုပါက လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်းရှိနေသည်ဟု အားလုံးက တွက်ချက်လိုက်ကြသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများသည်မှာတော့ ပြိုင်ပွဲဝင်များ အားလုံးကို လှမ်းကြည့်လိုက်ကြ၏။
ထိုသူတို့ ထုတ်ဖော်ထားသော အလွန်တရာ အားကောင်းသည့် ခံစားချက်ကို ခံစားမိချိန်မှာတော့ ၎င်းတို့၏ သွေးများသည် ဆူပွက်လာသည်။
"ကောင်လေးတို့"
ကျွင်းချောင်ရှောင်းသည် ခြေထောက်ကို မြှောက်ကာ သူ၏ အရှေ့ရှိ ထိုင်ခုံပေါ်သို့ တင်ကာ ပြောလိုက်၏။ "မင်းတို့ရဲ့ အားအင်အဆင့်တွေ အကုန်လုံးကို ထုတ်ဖော်ပြသပြီး သက်သေပြလိုက်ကြစမ်း"