← Chapters

အခန်း (၇၀၆)

Vol. 48 Ch. 706

အခန်း (၇၀၆)

Vol. 48 Ch. 706

လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် အချိန်အမရွေး နေရာမရွေး ကျင့်ကြံခြင်း ဖုံးကွယ်သည့် နည်းစနစ်ကို အသုံးပြုရသည်ကို အသားကျနေပြီဖြစ်သောကြောင့် ၎င်းတို့ဆီမှ ထွက်ပေါ်လာသော အော်ရာများသည် သာမန်ကျလွန်းနေ၏။

အခြားတစ်ဖက်တွင် ရှိသော တည်နေရာထဲသို့ ဝင်ရောက်လာသော ဂိုဏ်းအသီးသီးမှ တပည့်များမှာတော့ ၎င်းတို့၏ အားကောင်းလွန်းသော အခြေအနေကို ထုတ်ဖော်၍ အားရပါးရ ဟန်ရေး ပြလျက်ရှိနေတော့သည်။

သို့ပေမဲ့ အသုံး မဝင်လှချေ။ မည်မျှ အားကောင်းသည်၊ အားမကောင်းသည်ဆိုခြင်းအား တိုက်ခိုက်ကြည့်မည်ဆိုသည့်နောက်မှာသာ သိရှိနိုင်လိမ့်မည်။

ရှောင်ကျီ သည် တည်နေရာထဲသို့ ဝင်ရောက်လာပြီးသည့်နောက်မှာတော့ တစ်ခြားသော ဂိုဏ်းတပည့်များအားလုံးကို သေသေချာချာ ကြည့်ရှုလျက်ရှိ၏။

သူတို့အား တည်နေရာ မေးမြန်းခဲ့သော ခပ်ကြမ်းကြမ်း လူတစ်ယောက်ကို မြင်ရချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုသော စိတ်ဆန္ဒများနှင့် ပြည့်ဝလျက်ရှိနေတော့သည်။

ထိုသူသည် သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်သည်ကို သူ အလိုလို သိရှိနေမိ၏။

ခပ်ကြမ်းကြမ်းလူသည်လည်း သူ့ကို လှမ်းကြည့်ကာ ရယ်ပြနေသည်။ မည်သည့်နှုတ်ထွက်စကားမှ မဆိုကြဘူးဆိုသော်လည်း နှစ်ယောက်သားသည် မျက်လုံးချင်း ဆုံမိကြသည် ဆိုသည်နှင့် ဆိုလိုရင်းကို နားလည်နေမိကြတော့သည်။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကြည့်ရတာ သူက သံမဏိလက်သီးဂိုဏ်းရဲ့ တပည့် ကျောင်းတာ့ကျွမ့် ဖြစ်လိမ့်မယ်။"

သံမဏိ လက်သီးဂိုဏ်း

ဤဂိုဏ်းသည် တတိယအဆင့် ဂိုဏ်းတစ်ခု ဖြစ်ပြီး လက်သီးနည်းစနစ်တွင် ကျွမ်းကျင်လှ၏။

အထူးသဖြင့် ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အားကောင်းမွန်တွင် သာလွန်ကောင်းမွန်လှသော ဂိုဏ်းတစ်ခုပင် ဖြစ်တော့သည်။

ကျောင်းတာ့ကျွမ့် သည် ဖျက်စီး၍ မရနိုင်သော ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်သည်။ ၎င်း၏ တပည့်နှင့်သာ တွေ့ဆုံပြီဆိုပါက အလွန်တရာ ကြည့်ကောင်းလှသော တိုက်ပွဲတစ်ခုကို ကြည့်ရမှာ သေချာသ၏။

"ငါ ဒါကို မျှော်လင့်မိတယ်လေ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ပွဲ၏ စီစဉ်သူများသည် ပြိုင်ပွဲ၏ အစီအစဉ်များကို တောက်လျှောက်ဆိုသလို ရွတ်ဖတ်ပြီးသည့်နောက်မှာတော့ ပြိုင်ပွဲတည်နေရာထဲသို့ ပြိုင်ပွဲဝင်များသည် ပိုမို၍ ဝင်ရောက်လာကြ၏။

ဟမ့်။

မောက်မာလျက်ရှိသော ကျင့်ကြံသူတစ်ယောက်သည် စင်မြင့်ပေါ်တွင် ပျင်းရိစွာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ သူက ပြောလိုက်သည်။ "အားလုံးက အမှိုက်လို ကောင်တွေပဲ။ဒီလိုပြိုင်ပွဲမျိုးကို လာပြီး ပြိုင်တယ်ဆိုတာ အချိန်ဖြုန်းတာနဲ့ ဘာမှ မကွာဘူး။"

၎င်း၏ နာမည်သည် အောင်းဝူရှန် ပင် ဖြစ်သည်။

၎င်းသည် လောကပုန်ကန်ဂိုဏ်း၏ သခင်လေးလည်း ဖြစ်နေတော့သည်။ သူ၏ ပုံမှန်အမူအရာမှာ မောက်မာလှသည်ဆိုသော်လည်း အမှန်ပင် စွမ်းအင်ရှိသူ တစ်ယောက်ပင် ဖြစ်တော့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းက သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။

သူ၏ စကားကို ကြည့်ရမည်ဆိုလျှင် သူရဲကောင်းစာရင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် ကောင်းကင် အဆင့်၏ အမြင့်ဆုံး အပိုင်းတွင် ရပ်တည်နိုင်မှာ သေချာသည်။

အောင်းဝူရှန် သည် အဝေးတစ်နေရာတွင် ရှိသော ကျင့်ကြံသူတစ်ယောက်ကိုလှမ်းကြည့်ကာ အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည်။ "အမှိုက်...."

လီချင်းယန် ရှောင်ကျီနှင့် တစ်ခြားသော သူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသူ လှမ်းကြည့်၍ အမှိုက်ဟု ပြောဆိုနေသူမှာ ရီရှင်းချန် ဖြစ်နေသောကြောင့်ပင်။

ပုံမှန်အားဖြင့် ဂျူနီယာညီလေးသည် တစ်ခြားသူများကိုသာ အမှိုက်ဟု သုံးနှုန်းခဲ့သည်။ လက်ရှိ အခြေအနေမှာတော့ သူသည် တစ်ခြားသော တစ်စုံတစ်ယောက်၏ အမှိုက်ဟု ခေါ်ဆိုခြင်းကို ခံနေရသည်။

"မင်း ငါ့ကို ပြောတာလား" ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။

အောင်ဝူရှန် သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ဘာလဲ မင်းကိုယ်မင်း အမှိုက်လို့ လက်မခံချင်ဘူးလား"

ဂျွတ်

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်‌ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ "မင်း ငါနဲ့ မတွေ့စေနဲ့။ တွေ့တာနဲ့ ငါ မင်းရဲ့ ပါးစပ်တစ်ခုလုံးကို ဆွဲဖြဲပစ်မယ်"

"ဟေး"

အောင်ဝူရှန် က ပြောလိုက်သည်။ "မင်း ငါ့ထက်ပိုပြီး မောက်မာနိုင်မယ်လို့ မထင်ပါဘူး"

ရီရှင်းချန်သည် မည်သည့် စကားကိုမှ ဆက်၍ မဆိုတော့ချေ။

သူ၏ အမူအကျင့်အရဆိုလျှင် ဤလူနှင့် တွေ့ဆုံသည်ဆိုပါက ပက်ပက်စက်စက် တိုက်ခိုက်တော့မှာ သေချာသည်။

"ငါနဲ့ မတွေ့ဖို့ မင်း ဆုတောင်းထားဝောာ့။မဟုတ်ရင် သေတာထက် ဆိုးတဲ့ ခံစားချက်ကို မင်း ရလိမ့်မယ်။"

များပြားလှသော ဂိုဏ်းများသည် တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ဝင်ရောက်လာကြသည်။ နောက်ဆုံးမှ ဝင်ရောက်လာသူများမှာ ပထမအဆင့် ဂိုဏ်းငါးဂိုဏ်းပင် ဖြစ်တော့၏။

၎င်းတို့ အနေနှင့် အားအကောင်းဆုံးသော တပည့်များကို စေလွှတ်လိုက်သည် မဟုတ်သော်လည်း ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် သိုင်းတပည့်များအားလုံး၏ အော်ရာသည် ကြီးမားနေပြီး များပြားလှသော ပြိုင်ပွဲဝင်များကို ကြီးမားသည့် ဖိအားများ ခံစား ရစေသည်။

ဂိုဏ်း အသီးသီးမှ ကြည့်ရှုနေကြသော အကြီးအကဲများ အားလုံးသည်လည်း စိတ်ထဲတွင် တိတ်ဆိတ်စွာ ဆုတောင်းနေမိကြသည်။ အကယ်၍ မဲခွဲမည်ဆိုပါက ၎င်းတို့ အနေနှင့် ပထမအဆင့် ဂိုဏ်းများနှင့် မတွေ့ဆုံလိုကြပေ။

မဟုတ်ပါက ပထမအကျော့မှာ‌တင် ရှုံးနိမ့်သွားမှာ သေချာ၏။

ကျွတ်

အောင်းဝူရှန်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ "ဒါလည်း အမှိုက်တွေပဲ"

၎င်းအနေနှင့် ပထအဆင့် ဂိုဏ်းငါးဂိုဏ်းမှ တပည့်များကိုပင် မျက်လုံးထဲ မထည့်ထားချေ။ ဤလူသည် အမှန်ပင် မောက်မာလွန်း၏။

…......

နဂါးကျား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ဂိုဏ်းပေါင်းနှစ်ရာသည် နေရာယူပြီးကြပြီဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူ ငါးထောင်တို့သည်လည်း အလယ်ရှိ စင်မြင့်ကြီးပေါ်တွင် မတ်မတ်ရပ်လျက်ရှိသည်။

"အားလုံးပဲ စိတ်ရှည်လက်ရှည်နဲ့ စောင့်စားနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

မြို့တော်ဝန်ဟန်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီတော့ စကားလုံး အပိုတွေ ပြောပြီး အချိန်မဖြုန်းတော့ဘူး။ဂိုဏ်းရဲ့ တပည့်တွေ အနေနဲ့ ရှေ့ကို လှမ်းတက်လာပြီးတော့ ကိုယ့်ရဲ့ ပထမဆုံး ယှဉ်ပြိုင်ဘက်ကို မဲနှိုက်ကြရအောင်။"

"လာပြီ လာပြီ ပထမအဆင့်မှာတင် ပထမအဆင့် ဂိုဏ်းတွေနဲ့ တွေ့တဲ့လူကတော့ ကံဆိုးတဲ့ ဂိုဏ်းပဲ"

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ရင်တခုန်ခုန်နှင့် ဖြစ်နေကြတော့သည်။

"ဂျူနီယာမောင်လေး”

လုချင်းချင်းက ပြောလိုက်သည်။ "မင်းသွားလိုက်"

ဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်သည်ဆိုသော်လည်း သူမသည် ပြိုင်စံရှားဂိုဏ်းတွင် ထင်ထင်ရှားရှား နေတတ်သူ မဟုတ်ပေ။ သူမ၏ အမူအကျင့်အရဆိုလျှင် သူမသည် အေးအေးသက်သာဖြင့် သိုသိုဝှက်ဝှက်နေခြင်းကို နှစ်သက်သည်။

"ကောင်းပါပြီ"

လီချင်းယန်သည် အသာလျှောက်လှမ်းထွက်သွား၏။

"စီနီယာအစ်ကို"

စုရှောင်မိုက ပြောလိုက်သည်။ "တကယ့်ကို ပိုကောင်းတဲ့ ပြိုင်ဘက်တွေ့အောင် နှိုက်ခဲ့နော်။"

တစ်ခြားသော ဂိုဏ်းများမှ တပည့်များသည် ထိုစကားကို ကြားတော့ ရယ်မောလိုက်ကြ၏။ ၎င်းတို့သည် အောက်ခြေတွင် ရှိနေသော အဆင့်ငါး ဂိုဏ်းတစ်ခု ဖြစ်သည်။ မည်မျှ ကောင်းမွန်သည့် ပြိုင်ဘက်ကို တွေ့ဆုံရရန် မဲနှိုက်သည်ဖြစ်စေ ၎င်းတို့ထက် ပိုမို အားကောင်းသော ဂိုဏ်းနှင့်သာ တွေ့ဆုံရမည် ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ပြောဆိုခြင်းသည် အလကားပင် ဖြစ်သည်။

သို့ပေမဲ့ တကယ်တမ်းမှာတော့ ၎င်းတို့သည် အထင်အမြင်သေးခြင်း ဖြစ်သည်။ စုရှောင်မိုဆိုလိုခြင်းမှာ အားနည်းသည့် ပြိုင်ဘက်ကို မဟုတ်ချေ။ အလွန်တရာ အားကောင်းလှသော ပြိုင်ဘက်များနှင့် မြန်မြန်ဆန်ဆန် တွေ့ဆုံရန် လှမ်းပြောလိုက်ခြင်းပင် ဖြစ်၏။

သူတို့သည် တကယ့်ကို တိုက်ခိုက်ရန် စိတ်အား ထက်သန်လျက်ရှိသည်။

"ဂိုဏ်းချုပ်ကျွင်း"

စင်မြင့်ပေါ်တွင်တော့ သွမ့်ကျိရှို သည် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားဂိုဏ်းက တပည့်တွေ ကျုပ်ဂိုဏ်းက တပည့်တွေနဲ့ မတွေ့တာ ပိုကောင်းလိမ့်မယ်။"

"အင်း"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ နေလိုက်သည်။ စိတ်ထဲမှာတော့ - အင်း ကံကောင်းအောင် လုပ်ပေါ့။ ကောင်လေးတွေ ….. ငါ့အတွက် အရင်ဦးဆုံး သူ့ဂိုဏ်းနဲ့တွေ့အောင် မဲနှိုက်ကြ....။

ဘုတ်

လီချင်းယန်သည် မဲနှိုက်ရာ တည်နေရာတွင် မတ်တပ် ရပ်လိုက်၏။

လက်တစ်ခုသာ နှိုက်လို့ရသည့် လေးထောင့်ပုံစံ သေတ္တာတစ်ခု တည်ရှိနေသည်။ ထိုအထဲတွင်တော့ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ဖောက်ထွင်းကြည့်ရှု၍ မရနိုင်သည့် ကတ်ပြားများ အများအပြား တည်ရှိနေသည်။

ဟူး။

လီချင်းယန်သည် အသက်ကို ဖြည်းဖြည်းရှူလိုက်သည်။ ပြီးနောက် သူသည် စိတ်ကို ဒုံးဒုံးချပြီးသည့်နောက် ဂိုဏ်းနှင့် ရင်ဆိုင်မည့် ပြိုင်ဘက်ကို မဲနှိုက်လိုက်တော့သည်။

အဆင့်လေးဂိုဏ်းတစ်ခုနှင့် တွေ့ရလျှင် ပိုမို၍ ကောင်းမွန်၏။ သို့ပေမဲ့ပထမအဆင့် ဂိုဏ်းတစ်ခုနှင့် တွေ့ရလျှင်လည်း ကိစ္စတော့ မရှိပေ။

လက်ရှိအခြေအနေမှာတော့ ဂိုဏ်း၏ ဒုတိယအစ်ကိုကြီး လီချင်းယန်သည် ကြီးမားသည့် ဖိအားအောက်သို့ ရောက်ရှိနေသည်။

ကောင်းကင်ဘုံမြို့ထဲတွင် ရှိနေသော ရီထျန်းချန်မှာတော့ ၎င်းထက်ပင် ဖိအား ဝင်နေသည်။

သူ၏ နှလုံးသား တစ်ခုလုံးသည် အပြင်ဘက်သို့ ထွက်လုနည်းပါးပင် လည်ချောင်းဝတွင် တစ်လျက်ရှိသည်။

အရင် နဂါးကျား တိုက်ပွဲတွေ အတွင်းမှာတော့ ဂိုဏ်းသည် ဆိုးဝါးသည့် ကံဆိုးခြင်းမျိုးကို ကြုံရပြီး ပထမအကြိမ် မဲနှိုက်လိုက်ပြီးနောက်မှာတော့ ဒုတိယအဆင့်ဂိုဏ်းတစ်ခုနှင့် တွေ့ဆုံကာ ပထမအကျော့တင် ထွက်ခွာရ၏။

နောက်ဆုံးအကြိမ် တိုက်ပွဲမှာတော့ အဆင့်လေး ဂိုဏ်းတစ်ခု ရင်ဆိုင်တွေ့ခဲ့ရသည်ဆိုသော်လည်း အလယ်ပိုင်း ဒေသရှိ အဆင့်လေးဂိုဏ်းဖြစ်သောကြောင့် ၎င်းတို့သည် ပထမအကျော့မှာတည်းက ရှုံး နိမ်သွားခဲ့ရသည်။

“ကောင်းချီးပေးပါ။”

ရီထျန်းချန် သည် ကြိတ်ကာ ဆုတောင်းနေမိ၏။ "ငါတို့ တစ်ခြားပြည်နယ်တစ်ခုခုက အဆင့်လေးဂိုဏ်းနဲ့တွေ့ရမယ်"

ဝှစ်။

လီချင်းယန်သည် သူ၏ လက်ကို အသာမြှောက်ပြီးသည့်နောက် မဲအား နှိုက်ယူလိုက်တော့သည်။ ဤဖြစ်စဉ်မှာ အလွန်တရာ တိုတောင်းလွန်း၏။

ရီထျန်းချန် သည် ဆက်လက်မကြည့်ရဲတော့သဖြင့် မျက်လုံးကိုသာ အသာမှိတ်ထားလိုက်တော့သည်။

"ပြိုင်စံရှားဂိုဏ်းရဲ့ပြိုင်ဘက်က"

ဒီအချိန်မှာတော့ မြို့တော်ဝန်ဟန်သည် ပုံရိပ်ယောင် အစီအရင်ဆီသို့ လှမ်းကြည့်၍ တစ်လုံးချင်းစီ ပြောလိုက်တော့သည်။ "အသွင်ပြောင်းနတ်ဂိုဏ်း"

ဘုတ်

ရီထျန်းချန်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ပြီးနောက် မျက်နှာ အပျက်ပျက်နှင့် ပြောလိုက်သည်။ "ဒါက ပထမအဆင့် ဂိုဏ်းတစ်ခုပါလား"

"သွားပြီ သွားပြီ"

မူချန်းဟုန် သည်လည်း စိတ်ဓာတ်ကျသွားမိသည်။ "စပြီးနှိုက်ကတည်းက ပထမအဆင့်ဂိုဏ်းကို စပြီး နှိုက်မိတယ်။ဒီကောင်လေးက အိမ်သာတက်ပြီး လက်တောင်ဆေးရဲ့လား မသိဘူး"

ချင်းယန်နိုင်ငံတစ်ခုလုံးတွင်မှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။

"ဒီကံကတော့"

မာယွင်တန်သည် သူ၏ ဦးခေါင်းကို အသာအုပ်ကာ ပြောလိုက်သည်။ "ဒီလောက်ဆိုးတဲ့ကံ ရှိမှာကို မဟုတ်ဘူး"

နဂါးကျား တိုက်ပွဲအတွင်းမှာ ရှိသော များပြားလှသော တိုက်ပွဲအတွင်းမှ အကြီးအကဲများသည်လည်း ဖိအားဝင်လျက်ရှိနေကြသည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်များကို သိရှိရန် မဲမနှိုက်ရသေးပေ။

"အခုမှ အသစ်ထွန်းတောက်လာတဲ့ ဂိုဏ်းတစ်ခုက အသွင်ပြောင်းနတ်ဂိုဏ်းနဲ့ တကယ့်ကို တွေ့ခဲ့တာပဲ။သွားပြီ သွားပြီ။အရှေ့တောင်ရန်ကျူးကတော့ ပထမအကျော့မှာထဲက ထွက်ရတဲ့ သူတို့ရဲ့ ကံကို ပြောင်းလဲ မပစ်နိုင်တော့ဘူး"

အားလုံးသည် ချက်ချင်းပဲ ဆွေးနွေးနေမိကြသည်။

၎င်းတို့ထဲမှာတော့ ပြိုင်စံရှားဂိုဏ်းသည် ပြိုင်ပွဲ၏ ဖျက်မြင်း တစ်ခု ဖြစ်လာမည်ဟု တွေးထင်ထားကြသော ကျင့်ကြံသူများပင်လျှင် ခေါင်းကို ခါယမ်းကာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချမိနေကြ၏။

တစ်ခြားသော နယ်မြေများရှိ အဆင့်လေးဂိုဏ်းတစ်ခုခုနှင့်သာ ကြုံရမည်ဆိုလျှင် နောက်တစ်ဆင့် တက်ကောင်းတက်နိုင်သေးသည်။ သို့ပေမဲ့ ပထမအကျော့မှာကတည်းက ပထမအဆင့် ဂိုဏ်းနှင့် တွေ့ခဲ့ရသည်ဖြစ်သောကြောင့် ကျိန်းသေပေါက် ထွက်ရတော့မှာ ဖြစ်သည်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးရှိ ကြည့်ရှုနေသူများအားလုံးသည် လီချင်းယန်အား လိုက်၍ ကြည့်ရှုနေကြ၏။

ပုံရိပ်ယောင်အစီအရင်တစ်ခုလုံးသည်လည်း လီချင်းယန်အား နီးနီးကပ်ကပ် ရိုက်ပြထားသည်။

ဤလူသည် ပထမအဆင့် ဂိုဏ်းတစ်ခုနှင့် တွေ့ဆုံရန်ပင် မဲနှိုက်ခဲ့သည်။ ကံကောင်းခြင်း လူသား ဖြစ်တော့၏။

အင်း

လီချင်းယန်သည် ခေါင်းကို ခါယမ်းပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။ "ငါလည်း အကောင်းဆုံး ကြိုးစားခဲ့တာပဲ"

ခရက်စ် ခရက်စ်။

ရှောင်ကျီ ၊ စုရှောင်မိုနှင့် တစ်ခြားသော သူများသည် ခေါင်းကို ခါယမ်းကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ပြီးနောက် သွားဖြီးကာ ပြောလိုက်သည်။ "ဒါက စိတ်လှုပ်ရှားစရာပဲ။ဟား ဟား ဟား"

သူတို့အားလုံးသည် ရယ်နေကြသည်လား။

ကြည့်ရှုနေကြသော အားလုံး မျက်လုံး ပြူးသွားကြသည်။

သူတို့ ထင်မှတ်ထားသည့် အတိုင်းဆို ငိုယိုသူက ငိုယို၊ မျက်ရည် ဝိုင်းသူက မျက်ရည်ဝိုင်းလျက်ရှိနေရပေလိမ့်မည်။

သွမ့်ကျိရှိုသည်လည်း ကြောင်အသွားမိ၏။

"ဟား ဟား ဟား"

ရုတ်တရက် သူ၏ ဘေးဆီမှ ရယ်သံတစ်ခု ပေါ်လာသည်။

သွမ့်ကျိရှို သည် ဘေးတစ်ဖက်သို လှည့်ကြည့်လိုက်ချိန်မှာတော့ ထိုင်ခုံကို မှီကာ ခြေတစ်ဖက်တင်၍ ရှိသော ဂိုဏ်းချုပ်ကျွင်းသည် မျက်နှာကာ လက်တစ်ဖက်ဖြင့် အုပ်ကာကာ ထူးထူးဆန်းဆန်းရယ်မောနေသည်ကို မြင်လိုက်ရ၏။ "ပထမ အကျော့မှာထဲက ပထမအဆင့်ဂိုဏ်းတစ်ခုနဲ့တွေ့တာ တကယ့်ကို စိတ်လှုပ်ရှား စရာပဲ"

ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ရူးသွပ်နေသည်သာ မဟုတ် ၎င်းတို့၏ ဂိုဏ်းချုပ်သည်လည်း အရူးပင် ဖြစ်နေတော့၏။

All Chapters