အခန်း (၇၀၇)
Vol. 48 Ch. 707
လီချင်းယန်သည် ပထမအဆင့် အသွင်ပြောင်းနတ်ဂိုဏ်းနှင့် ရင်ဆိုင်ရမည်ဟု မဲနှိုက်ပြီးသည့်နောက် မှာတော့ အားလုံးသည် ဤဖြတ်မျဉ်းဂိုဏ်းတစ်ခုအနေဖြင့် ကျိန်းသေပေါက် ရှုံးနိမ့်သွားလိမ့်မည်ဟု တွက်ချက်ကြပြီးသား ဖြစ်သည်။
သို့ပေမယ့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ရင်ကော့ကာ ရပ်လျက်ရှိနေကြပြီး ၎င်းတို့၏ မျက်လုံး ထဲတွင် တိုက်ခိုက်လိုခြင်းဆန္ဒများပြည့်ဝနေသည်ကို မြင်ရသည့်အချိန်မှာတော့ ကြည့်ရှုနေသူများ အားလုံးသည် ဆွံ့အနေကြ၏။
၎င်းတို့သည် ရူးသွပ်နေကြသည်လား၊ သို့မဟုတ် ပထမအကျော့မှာတည်းက ပထမအဆင့် ဂိုဏ်းတစ်ခု နှင့်ရင်ဆိုင်တွေ့ရသောကြောင့် အနိုင်ရရှိရန်အခြေအနေမရှိသည်ကို သိရှိသွားကြောင်း အားတင်း ဟနလုပ်ကာ ပြုံးနေကြသည်လား၊ ထိုသို့ဆိုလျှင်တော့ နားလည်လက်ခံနိုင်ပေသည်။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည်လည်း ပထမအကျော့တွင် ပထမအဆင့်ဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်မတွေ့ချင်ကြပေ။ ထို့ပြင် ဤကဲ့သို့ကြီးမားလှသောဂိုဏ်း၏ သိုင်းပြိုင်ပွဲကြီးတစ်ခုတွင် အားနည်းသည့်အဆင့်မှ အားကောင်းသည့် အဆင့်ဆီသို့ တစ်ဆင့်ချင်းစီတိုက်ခိုက်သွားခြင်းက ပို၍စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ သို့ပေမယ့် ၎င်းတို့အနေနှင့် တခြားရွေးချယ်စရာမရှိသောကြောင့် တိုက်ခိုက်ရန်လမ်းသာ ရှိတော့သည်။
စုရှောင်မို နှင့် အခြားတပည့်များအားလုံးသည် လိုင်လီနတ်ဂိုဏ်းကို စိန်ခေါ်ခဲ့စဉ်က မတိုက်ခိုက်ခဲ့ရသောကြောင့် ၎င်းတို့၏သွေးများသည် ဆူဝေလျက်ရှိသည် ပထမအကျော့မှာတည်းက ပထမအဆင့်ဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်တွေ့ရသည်ဆိုသည်မှာ သံသယရှိစရာ မလိုအောင် စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။
“သွားပြီ သွားပြီ” ရီထျန်းချန် ၏ မျက်လုံးတစ်ခုလုံးသည် စိတ်ပျက်မှုများနှင့် လွှမ်းခြုံသွား၏ ပထမအကျော့အတွက် တိုက်ခိုက်ဖို့ရွေးချယ်ရာတွင် ပထမအဆင့်ဂိုဏ်းနှင့် တွေ့ဆုံရသည်ဆိုသည် မှာ အရှေ့တောင်ရန်ကျိုး အတွက် အဆိုးရွားဆုံးသော ကံတရားပင်ဖြစ်ပေလိမ့်မည်။
လက်ရှိအချိန်တွင်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်းအား တတိယအဆင့်ဂိုဏ်းများနှင့်တွေ့ဆုံရန် ဆုတောင်းနေခဲ့၏။ သို့ပေမယ့် ကံတရားသည် သူ့အားမျက်နှာသာမပေးခဲ့ချေ။
“အသွင်ပြောင်းနတ်ဂိုဏ်းက သူတို့၏အားအကောင်းဆုံးသောလူစာရင်းကို မထုတ်ဘူးဆိုပေမယ့် ခေါ်လာတဲ့ တပည့်တွေက အရမ်းကိုအားကောင်းတယ်။ ပြိုင်စံရှားဂိုဏ်းကတော့ ကျိန်းသေပေါက်ရှုံးမှာဘဲ။”
“အဆင့် ၅ ဂိုဏ်းတစ်ခုက အဆင့် ၁ ဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်တွေ့တယ်ဆိုတာ ဖြစ်လာနိုင်တဲ့ ရလဒ် ကို ခေါင်းမသုံးဘဲ ခြေထောက်သုံးပြီးစဉ်းစားရင်တောင်မှ ခန့်မှန်းလို့ရတယ်။ အသွင်ပြောင်း နတ်ဂိုဏ်းက ဒုတိယအကျော့ကို ကျိန်းသေပေါက် တက်မယ်လို့ အာမခံတယ်။”
များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးနေကြပြီး အသွင်ပြောင်းနတ်ဂိုဏ်းမှ ကျင့်ကြံသူများ ကို လှမ်း၍ ကြည့်လိုက်ကြ၏။ ၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင်တော့ အပြုံးများတည်ရှိနေကြသည် ပြိုင်စံရှားဂိုဏ်း၏တပည့်များ မျက်နှာကို ကြည့်ရှုလိုက်ချိန်မှာတော့ အားလုံးသည် နှာခေါင်းပင် ရှုံ့လိုက်မိကြ၏။
“စီနီယာအစ်ကို”
တပည့်တစ်ယောက်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ပထမအကျော့မှာထဲက အဆင့်(၅)တစ်ခုနှင့် ရင်ဆိုင်ရတယ်ဆိုတာ စိတ်လှုပ်ရှားစရာတောင် မကောင်းတော့ဘူး။”
“အင်း။ဟုတ်တော့ဟုတ်တယ်။”
တစ်စုံတစ်ယောက်က ပြောလိုက်သည် “နောက်ထပ်တွေ့မယ့်ရန်သူတွေအတွက် အားအင်တွေကို ညှာတာသလိုဖြစ်တာပေါ့။”
အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များမျက်လုံးထဲမှာတော့ ဒုတိယအဆင့်ဂိုဏ်းနှင့် အခြားဂိုဏ်းများ သည်သာ ကြီးကြီးမားမားရှိလို့နေသည်။ သူတို့အနေနှင့် အဆင့်(၅)ဂိုဏ်းတစ်ခုအား မျက်လုံးထဲတွင်မထည့်ပေ။
သို့ပေမယ့် ဂိုဏ်းချုပ်ကျွင်း၏ မျက်လုံးထဲမှာတော့ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေကြခြင်း သာဖြစ်သည်။
လီချင်းယန်သည် အသွင်ပြောင်းနတ်ဂိုဏ်းနှင့်တွေ့ဆုံရန် မဲနှိုက်ပြီးသည့်နောက်မှာတော့ သူ၏ စနစ်ဆီမှ သီးခြားတာဝန်သည် ဖြစ်တည်လာခဲ့၏ တာဝန်၏ အကြောင်းအရာမှာ အလွန်တရာရိုးရှင်းလွန်း၏။
--တိုက်ပွဲတွင် ပထမအဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူရန်ဖြစ်ပြီး အနိုင်ရမည်ဆိုပါက အတွေ့အကြုံအဆောင် ၂ခု ရပေလိမ့်မည်။
အတိတ်တုန်းကဆိုလျှင် တာဝန်ကိုပြည့်စုံပြီးသည့်နောက်တွင် ဆုလာဘ်များကို ရရှိတတ်သည် ထို့ပြင် မည်သည့်ဆုလာဘ်ကို ရရှိမည်ဆိုသည်ကိုလည်း ကြိုတင်မသိရှိချေ။
ဤတစ်ကြိမ်သီးခြားတာဝန်မှာတော့ တကယ့်ကို ကောင်းမွန်လွန်းနေပြီး ဆုလာဘ်ကိုပါ တခါတည်း ကြေညာထား၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် စနစ်ဆီမှ တာဝန်ပေါ်လာသည်နှင့်တပြိုင်နက် အားရပါးရ ထရယ်နေခြင်းပင် ဖြစ်တော့သည်။
သူ့အနေနှင့် ဤဂိုဏ်းကို အနိုင်ယူနိုင်သည်ဆိုလျှင် ဆုလာဘ်များကို ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် အတွေ့အကြုံအဆောင်(၂)ခုကို သုံး၍ အဆင့်တစ်ခု တိုးတက်အောင် ပြုလုပ် နိုင်ပေလိမ့်မည်။
မည်သည့်အရာကို စောင့်နေရမည်နည်း။ အားလုံးကို လိုက်နာရန် ရှိတော့သည်။
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာပျော်ရွှင်နေမိ၏။
ဘာတွေဖြစ်နေသည်ကို လုံးဝမသိသော သွမ့်ကျိရှိုး မှာတော့ အလွန်တရာ အားကောင်းလှသော ပြိုင်ဘက်နှင့် ရင်ဆိုင်တွေ့သောကြောင့် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ဦးနှောက်ပျက်သွားသည်ဟု ထင်မှတ်နေမိသည်။
“အင်း။ သနားစရာကောင်းလိုက်တာ”
ပြိုင်ပွဲအတွက် မဲနှိုက်သည့် လုပ်ငန်းစဉ် သည် ဆက်လက်၍ ဖြစ်တည်နေပြီ အဆင့်နိမ့်ဂိုဏ်းများနှင့် တွေ့ဆုံသွားသည့်ဂိုဏ်းများမှာ ပျော်ရွှင်နေကြကာ ထိပ်ဆုံးအဆင့်ဂိုဏ်းများ နှင့်တွေ့ဆုံရန် မဲကျသည့်သူများမှာတော့ စိတ်ပျက်အားငယ်လျက်ရှိနေကြ၏။
မဲနှိုက်မှုကို ပြုလုပ်ပြီးသည့်နောက်မှာတော့ မြို့တော်ဝန်ဟန်သည် ကြေညာလိုက်သည် “နဂါးကျားတိုက်ပွဲရဲ့ ထမဦးဆုံး အကျော့ပြိုင်ပွဲ စတင်ပါပြီ။”
ဘုန်း … ဘောင်း …။
ပြောပြီးပြီးချင်းမှာ ကောင်းကင်ပေါ်တွင် ဗြောက်အိုးနှင့် မီးပန်းများဖြစ်တည်လာခဲ့၏။
“နောက်ဆုံးတော့စပြီပဲ။”
အခမ်းအနားကျင်းပခြင်းမီးပန်းများ ပစ်လွှတ်ပြီးသည့်နောက်မှာတော့ ကုန်းမြေတိုက်ြ“ပထမအကျော့အတွက် ပထမဦးဆုံးတိုက်ပွဲ - ပြိုင်စံရှားဂိုဏ်းနှင့် အသွင်ပြောင်းနတ်ဂိုဏ်း”
“နှစ်ဖက်တပည့်များ စင်မြင့်ပေါ်ကို တက်ခဲ့ကြပါ။”
ကြီးမားလှသော ပြိုင်ပွဲကြီးတစ်ခုဖြစ်သည်မို့ မြို့တော်ဝန်ဟန်သည် လေးလေးနက်နက်နှင့် စကားလုံး များကို တစ်လုံးချင်းစီပြောဆိုခဲ့၏။ ထိုမှသာ တိုက်ပွဲ၏ အရှိန်အဟုန်သည် ပိုမို၍ ကြည့်ရှုရန် စိတ်လှုပ်ရှားကြမည်မဟုတ်လား။
အသွင်ပြောင်းနတ်ဂိုဏ်း ၏ တပည့် (၂၅)ယောက်တို့သည့် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့ကြသည်။ အားပေးနေကြသည့် ကျင့်ကြံသူများအားလုံးသည်လည်း စိတ်ရောကိုယ်ပါ အော်ဟစ်အားပေးလျက် ရှိနေကြသည်။ ပထမအဆင့်ဂိုဏ်းများတွင် ပရိသတ်အများအပြားတည်ရှိနေ၏။
အခြားတစ်ဖက်တွင်ရှိသော ပြိုင်စံရှားဂိုဏ်းမှ တပည့်(၂၅)ယောက်တို့ စင်မြင့်ပေါ်ကို တက်လာသည့် အချိန်မှာတော့ ပြိုင်ပွဲကွင်းပြင်ကြီးတစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်။ အားပေးချီးမြှောက်သူဟူ၍မရှိပေ။
သို့ပေမယ့် လီချင်းဟန်နှင့် အခြားသောသူများသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်လာချိန်မှာ တော့ ချင်းယန်နိုင်ငံတစ်ခုလုံးသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ကျယ်လောင်စွာ အားပေးလျက် ရှိနေတော့သည်။
ပြိုင်စံရှားဂိုဏ်းအနေနှင့် ပထမအဆင့်ဂိုဏ်းနှင့် တိုက်ခိုက်ရန် မဲကျခဲ့သည်ဆိုသော်လည်း ချင်းယန်နိုင်ငံမှ ကျင့်ကြံသူ နှင့် သာမန်လူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းသားတို့အား သူရဲကောင်း များကဲ့သို့ သတ်မှတ်ထားကြ၏ ထို့ကြောင့် အားပေးရမည်မှာ သဘာဝပင်ဖြစ်တော့သည်။
“ပြိုင်စံရှားဂိုဏ်း တောင့်ခံထား”
ချင်းယန်နိုင်ငံသားတစ်ယောက်သည် အဆုပ်ကွဲလုမတတ် အော်ဟစ်အားပေးလိုက်၏။
“ပြိုင်စံရှားဂိုဏ်း”
“ပြိုင်စံရှားဂိုဏ်း”
ချင်းယန်နိုင်ငံမှ များပြားလှသောလူများဆီမှ အော်ဟစ်အားပေးသံသည် ကောင်းကင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအထဲတွင် အသက်(၃)နှစ်အရွယ်ရှိသော ကလေးတစ်ယောက်ပင် ပါဝင်နေသေးသည်။ ထိုကလေးလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ကာ အော်လိုက်သည်။
“ပြိုင်စံရှားဂိုဏ်း”
“ပြိုင်စံရှားဂိုဏ်း”
…
“နှစ်ဖက်လုံးမှာရှိတဲ့ ပါဝင်ယှဉ်ပြိုင်သူများ”
အဘိုးအိုတစ်ယောက်သည် စင်မြင့်ပေါ်သို့ လှမ်းတက်ပြီးနောက် ပြောလိုက်သည် “တစ်ယောက်ချင်း တိုက်ခိုက်မလား။ လူစုပြီးတိုက်ခိုက်ကြမလား။”
နဂါးကျား တိုက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသူများသည် အလွန်တရာများပြားလှ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် တစ်ယောက်ချင်း သို့မဟုတ် အဖွဲ့လိုက်တိုက်ခိုက်၍ အနိုင်ရသူကို ဆုံးဖြတ်ရန် ရွေးချယ်ခွင့်ရှိနေကြသည်။
တော်တော်များများသည် အဖွဲ့လိုက်တိုက်ခိုက်ခြင်းကို ရွေးချယ်တတ်ကြသည်။ ထိုမှသာလျှင် ပွဲသည် မြန်မြန်ဆန်ဆန်နှင့်ပြီးဆုံးသွားကြမည်မဟုတ်လား။
“ဘာဘဲဖြစ်ဖြစ် ရပါတယ်။” လီချင်းယန်က ပြောလိုက်သည်။
သူ၏နောက်တွင်ရှိသော စုရှောင်မူနှင့် အခြားသောသူများအားလုံး၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူတို့အတွက် တစ်ယောက်ချင်းပဲဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ကိစ္စမရှိပေ။ စိတ်လိုလက်ရ တိုက်ခိုက်ရလျှင်ကိုပင် ကျေနပ်မည်ဖြစ်သည်။
အသွင်ပြောင်းနတ်ဂိုဏ်းမှ ဦးဆောင်လာသည့်တပည့်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “တစ်ယောက်ချင်းစီ လူ(၂၅)ယောက်တိုက်ခိုက်နေမယ်ဆိုရင် အချိန်ကုန်တယ်။ ဒီတော့ တစ်ခါတည်း အုပ်စုလိုက် တိုက်ခိုက်လိုက်ရအောင်။”
“ကောင်းပြီ။” လီချင်းယန်က ပြောလိုက်သည်။
အဘိုးအိုသည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်တော့၏။ “နဂါးကျားတိုက်ပွဲ၊ ပထမအဆင့် ပထမဦးဆုံးတိုက်ပွဲ အုပ်စုလိုက် တိုက်ပွဲဖြစ်တယ်။”
“အုပ်စုလိုက်တိုက်ပွဲဟုတ်လား။”
“ပြိုင်စံရှားဂိုဏ်းတွေ တကယ့်ကို သတ္တိရှိတာဘဲ။”
“ပထမအဆင့်ဂိုဏ်းနှင့် တိုက်ခိုက်တဲ့အချိန်မှာ အုပ်စုလိုက်တိုက်ခိုက်ဖို့ ရွေးချယ်ရဲတယ်။ သူတို့က အချိန်မဖြုန်းချင်ဘူးနဲ့တူတယ်။ မြန်မြန်ရှုံးတော့လည်း မြန်မြန်အထုတ်ပြင်ပြီး အိမ်ပြန်ရတာပေါ့။”
လူများသည် ဆွေးနွေးလျက်ရှိနေတုန်းမှာဘဲ အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များအားလုံးသည် နေရာယူပြီးကြပြီဖြစ်သည်။ ၎င်းတို့သည် လေထဲမှာတော့ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းထားကြသည်။
“ကောင်းတယ်ကွာ။ ဒီလူတွေအကုန်လုံးဟာ သိုင်းဘုရင်တွေဘဲ။”
“ဒါကပထမအဆင့် ဂိုဏ်းတစ်ခုဘဲ။ အရမ်းအားကောင်းတဲ့ တပည့်တွေ မဟုတ်ဘူး ဆိုရင်တောင်မှ သူတို့က လက်ရွေးစင် တပည့်တွေဘဲ။ ဒီတော့အားကောင်းကြတာ သာမန်ဘဲမဟုတ်လား။”
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များအားလုံးတို့သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့်အချိန် မှာတော့ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းများကို ထုတ်ဖော်လိုက်ကြ၏။ ထို့ကြောင့် ပတ်ဝန်းကျင်ပြိုင်ပွဲတည်နေရာ တစ်ခုလုံးသည် လေးနက်သွားတော့သည်။
ပုံရိပ်ယောင်အစီအရင်တစ်ခုလုံးသည်လည်း သူတို့အား အဓိကဦးစားပေးကာ ပြသလျက်ရှိသည်။
ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များဆီသို့ ရောက်ရှိသွားသည်။
အသွင်ပြောင်းနတ်ဂိုဏ်းဆီမှ သိုင်းဘုရင်(၂၅)ယောက်တို့သည် ရင်ဆိုင်တွေ့ရမည်ဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်း တပည့်များတို့သည် မျက်နှာပျက်ယွင်းနေကြမည်ဟု အားလုံးက ထင်မှတ်နေကြသည်။
သို့ပေမယ့် တကယ်တမ်းမှာတော့ စိတ်ပျက်တုန်လှုပ်မှုသည် တစ်ဦးတစ်လေတွင်မှ မတွေ့ရချေ။ အားလုံးသည် အဆုံးမဲ့ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လျက်ရှိသည်။
အရှေ့ဆုံးတွင် ရပ်လျက်ရှိသော လီချင်းယန်သည် လက်ကို မြှောက်လိုက်၏။
ရှောင်ကျီ၊ ရီချင်းရှန်နှင့် အခြားသောသူများအားလုံးသည်လည်း အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့် တစ်ယောက်ချင်းစီအား ပစ်မှတ်ထားကြသည်။
၎င်းတို့အားလုံးသည် ပြုံးလျက်ရှိနေ၏။ တစ်ချို့ဆိုလျှင် အထင်အမြင်သေးသည့် အရိပ်အယောင်များကိုပင် ပြသနေကြ၏။
“တိုက်ပွဲ စမယ်။” ထိုအချိန်မှာပဲ ဒိုင်လူကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သွားမယ်။” အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များ အော်ဟစ်လိုက်ကြ၏။
သို့ပေမဲ့ သူပြောပြောပြီးချင်းမှာဘဲ လေတစ်ချက်ဝှေ့ကာ တိုက်ခိုက်လာပြီး စုရှောင်မူသည် သူ၏ရှေ့၌ ပေါ်လာသည်။ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်လျက်ရှိသော ညာဘက်ခြေထောက်သည် ထိုသူအား ထိမှန်သွားတော့သည်။
ဘုန်း ..။
ဘုတ် ဘုတ် ဘုတ် ဘုတ်
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်သည် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံပြုလုပ်၍ ကာကွယ်လိုက်သည် ဆိုသော်လည်း အနောက်ဖက်သို့လွင့်စင်သွားသည်။ သူ၏မျက်လုံးထဲမှာတော့ ထိန့်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
စုရှောင်မို သည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက် လေထဲသို့ ခုန်လိုက်သည်။
လေထုထဲတွင်တော့ သူသည် ခြေကန်ချက်များကို အသုံးပြုပြီးသည့်နောက်မှာ ကောင်းမွန်လှသော ပိုက်ကွန်ပုံသဏ္ဍာန် ခြေကန်ချက်များဖြင့် လွှမ်းခြုံကာ တိုက်ခိုက် တော့သည်။
ဘုန်း … ဘုန်း..။
အလွန်တရာကြမ်းတမ်းလှသော ခြေကန်ချက်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်သည် ၎င်း၏ စိတ်ဝိညာဉ် နံရံကို အသက်သွင်းကာဖြင့် ခုခံထားရသည်။ သူသည် ခုခံကာကွယ်ထားနိုင်သည်ဆိုသော်လည်း အနောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်ခွာ သွားရသည်။
ဘုန်း …။
အခြားတစ်ဖက်မှာတော့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေဓာတ်သဘာဝ စိတ်ဝိဉာဉ်စွမ်းအင်များဖြင့် ပြည့်နှက်လျက်ရှိသော ရှောင်ကျီသည် သူ၏ ပြိုင်ဘက်အား အနောက်ဘက်သို့ လွင့်စင်အောင် တိုက်ခိုက်လိုက်၏။ သူ၏ တိုက်ခိုက်ချက်တစ်ခုလုံးသည် အလွန်တရာအားကောင်းလှသည်။ တည်နေရာတစ်ခုလုံးသည် ပုံရိပ်ယောင်များ ထင်ကျန်လျက်ရှိနေ၏။
ကြည့်ရှုနေသူများအားလုံးသည် မျက်လုံးပြူးသွားကြသည်။
တိုက်ပွဲသည် ယခုမှစတင်ခြင်းသာဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ တပည့်နှစ်ယောက်သည် အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များထက်ပိုမို၍ အားကောင်းခြင်းကို ထုတ်ဖော်ပြသလျက်ရှိ၏။
ဘုန်း ….။
ထိုအချိန်မှာတော့ မြင်ကွင်းထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။ အားလုံးလှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်တစ်ယောက် သည် ပြိုင်ပွဲတည်နေရာစင်မြင့်ဆီမှ ပြုတ်ကျတော့မလို ဖြစ်နေသည်။
ရီချင်းရှန်သည် ထိုသူ၏ ရှေ့မှ မတ်မတ်ရပ်ကာ တည်ငြိမ်စွာပြောလိုက်၏။ “အမှိုက်”
ဘုန်း
သူသည် ထပ်၍ ကန်လိုက်တော့သည်။
အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်သည် တိုက်ခိုက်ရေးစင်မြင့်ဆီမှ လွင့်စင်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
“ထွက်သွားပြီ”
“ထွက်သွားပြီ”