← Chapters

အခန်း (၇၁၀)

Vol. 48 Ch. 710

အခန်း (၇၁၀)

Vol. 48 Ch. 710

ပထမဦးဆုံးအကျော့၏ ပထမဦးဆုံးတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့် နှစ်ဆယ့်ငါးယောက်လုံးသည် စင်မြင့်ပေါ်မှ လွှင့်စင်ကျသွားခဲ့သည်ဖြစ်သော်လည်း ပြိုင်စံရှားဂိုဏ်း၏ မည်သည့် တပည့်ကမှ ကျရှုံးခြင်းကို မရောက်ရှိခဲ့ကြပေ။

ဒိုင်ဆီမှ ကြေညာမှုကို ကြားလိုက်ရချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အလုံးစုံ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

အစောပိုင်းတုန်းက အသွင်ပြောင်းနတ်ဂိုဏ်းနှင့် ရင်ဆိုင်တွေ့ရာတွင် ပြိုင်စံရှားဂိုဏ်းအနေနှင့် မည်သို့မှ အသာစီး မရယူနိုင်ဘဲ ပြာနှမ်းအောင် အရိုက်ခံရမည်ဟု ထင်မှတ်ခဲ့ကြသည်။ အဆင့်ငါးဂိုဏ်းတစ်ခုအနေနှင့် မည်ကဲ့သို့မှ အနိုင်မယူနိုင်ဘူးဆိုသည်ကို အားလုံးက သိရှိခန့်မှန်းပြီးဖြစ်နေသည်။

ချင်းယန်နိုင်ငံတွင်ရှိသော မြို့သူမြို့သားတိုင်း သည်ပင်လျှင် အားတက်သရောဖြင့် အားပေးနေကြသည်ဆိုသော်လည်း ပထမအဆင့်ဂိုဏ်းတစ်ခု၏ တိုက်ခိုက်ချက် များကို ပြိုင်စံရှားဂိုဏ်းအနေဖြင့် ခံနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့ကြ၏။

အဆုံးသတ်မှာတော့ အသွင်ပြောင်းနတ်ဂိုဏ်းသည် ရှုံးနိမ့်ခဲ့ရပြီဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းသည် ၎င်းတို့အား နင်းဖြတ်ကာ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့သည်။

တကယ်တမ်းမှာတော့ ချင်းယန်နိုင်ငံမှ လူများအနေဖြင့် ပြိုင်စံရှားဂိုဏ်း တောင့်ခံထားဟူသော စကားဖြင့် အားပေးရမည်မဟုတ်ပေ။ အသွင်ပြောင်းနတ်ဂိုဏ်း တောင့်ခံ ထားဟု အော်ရမှာ ဖြစ်သည်။

အသွင်ပြောင်းနတ်ဂိုဏ်းအနေဖြင့် တောင့်ခံမထားနိုင်ခဲ့ချေ။ ၎င်းတို့ အစီအရင်ဖြင့် ဖန်တီးခဲ့ကြသော ပုံရိပ်ယောင်ဓမ္မရုပ်တုကြီးသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် ချိုးဖြတ်ရိုက်နှက်ခြင်းကို ခံခဲ့ရတော့သည်။ ဤအရာမှာ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်နေတော့၏။

အားလုံးသောလူများသည် ပုံရိပ်ယောင်မြင်ကွင်းဆီသို့ လှမ်းကာ ကြည့်ရှုနေကြသည်။ ၎င်းတို့၏ မြင်ကွင်း အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များဆီသို့ ရောက်ရှိနေကြသည်။

ပြိုင်စံရှားဂိုဏ်းမှ လူတချို့သည် တစ်ယောက်နှင့်တစ်ယောက် မှီကာ ရပ်နေကြပြီး တချို့မှာ လက်သီးကိုဆုပ်နေကြသည်။ တချို့က အပျင်းကြော ဆန့်လျက်ရှိနေကြ၏။

“မွန်းစကားတွေ၊ ဒါက တကယ့်ကို မွန်းစကားအဖွဲ့ပဲ”

သွမ့်ကျိရှို ၏ မျက်နှာပေါ်မှာတော့ များပြားလှသော အမူအရာများဖြင့် အမျိုးမျိုး ပြောင်းလဲလျက်ရှိနေသည်။ အသွင်ပြောင်းနတ်ဂိုဏ်း၏ တပည့်များအားလုံးသည် ရှုံးနိမ့်ခဲ့၏။ သူ့အနေဖြင့် သူမြင်နေရသည်ကို အစစ်အမှန်ဟုတ်လား သေချာရန်အတွက် သူ၏မျက်လုံးများကို ပွတ်သပ်ကာ ကြည့်နေမိ၏။

ဤအရာမှာ အမှန်ပင် ဖြစ်တော့သည်။ သူ၏ တပည့်များ သွားရောက်တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်စွမ်းမရှိသည့် ပထမအဆင့်ဂိုဏ်းမှ တပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရတော့၏။ ဤအရာသည် မယုံကြည်နိုင်စရာပင် ဖြစ်တော့သည်။

“ဟေး”

ဘေးတစ်ဖက်တွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် ထိုင်ခုံအား အသာမှီ၍ ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းက ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပါစေလို့ မျှော်လင့်မိတယ်၊ ဒါဆိုရင် ကျုပ်တို့ နောက်တစ်ဆင့်မှာ တွေ့ဖို့ အခွင့်အရေး ရှိရင် ရှိနိုင်တယ်လေ”

သွမ့်ကျိရှို ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ တိုက်ပွဲမစတင်ခင်တုန်းက သူသည် ပြိုင်စံရှားဂိုဏ်းနှင့် တွေ့ဆုံရန် အတွက် စောင့်ပင် မစောင့်နိုင်ခဲ့တော့ချေ။ သို့ပေမဲ့ ယခု ပထမအဆင့် ဂိုဏ်းပင်လျှင် ရှုံးနိမ့်ခဲ့သည်ကိုမြင်ရချိန်မှာ တော့ ဒုတိယအကျော့တွင် ၎င်းတို့နှင့် တွေ့ဆုံပါက ကံဆိုးခြင်းကို ကြုံရမည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။

များပြားလှသောဂိုဏ်းများမှ အကြီးအကဲများအားလုံးသည်လည်း ထိုကဲ့သို့ပင် တွေးတောနေကြသည်။ ပထမတုန်းက သူတို့ လိုလိုချင်ချင်နှင့် တွေ့ချင်နေကြသော အဆင့်ငါးဂိုဏ်းတစ်ခုသည် လက်ရှိအခြေအနေမှာတော့ လုံးဝကို မတွေ့ချင်သည့် ဂိုဏ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံး သည် အသွင်ပြောင်းနတ်ဂိုဏ်းတပည့်များကို အနိုင်ယူ၍ ၎င်းတို့၏ အားအင်အဆင့်ကို တစ်လောကလုံးသိရှိအောင် ပြသနိုင်ခဲ့ပြီးဖြစ်၏။

.............

ဘုတ်

အရှေ့တောင်ရန်ကျူး ဂိုဏ်းအသိအမှတ်ပြုဗဟိုတွင်ရှိသော ရီထျန်းချန်သည် ထိုင်ခုံပေါ်သို့ ပစ်ကာ ထိုင်ချလိုက် တော့သည်။ အကြီးအကဲကျိုးမှာတော့ သူ၏ဘေးမှနေ၍ ဖေးမထားလျက်ရှိသည်။ ရီထျန်းချန်၏ အသက်ရှုသံများ သည် မြန်ဆန်လျက်ရှိပြီး သူ၏လက်ချောင်းများသည်လည်း တုန်ခါနေ၏။

အသွင်ပြောင်းနတ်ဂိုဏ်းမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်၍ ရှုံးနိမ့်သွားသည်ကို မြင်ရချိန်မှာတော့ ဟောခန်းသခင်၏ သွင်ပြင်သည် အလုံးစုံအံ့အားသင့်လျက် ရှိနေတော့သည်။။ သူ၏ရင်ဘတ်ထဲတွင်ရှိသော နှလုံးသားများသည် ထိတ်လန့်စိုးရွံရလွန်းသောကြောင့် ခုန်ထွက်ကာ လည်ချောင်းနား တွင် တစ်လျက်ရှိနေတော့သည်။

“ဟောခန်းသခင်”

အကြီးအကဲကျိုးသည် ဘေးတစ်ဖက်ရှိ ထိုင်ခုံလက်ရမ်းကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တော့သည်။ “ကျုပ်... ကျုပ်တို့နိုင်ပြီ၊ ပြိုင်စံရှားဂိုဏ်းက နိုင်ခဲ့ပြီ”

“ကျုပ်တို့ နိုင်ခဲ့ပြီ၊ ကျုပ်တို့ နိုင်ခဲ့ပြီ” ထိုင်ခုံပေါ်မှာ မှီရင်းမှ ရီထျန်းချန်သည် အသာလိုက်ပါပြောလျက်ရှိနေတော့၏။ ပြီးနောက် သူသည် ခံစားချက်ကို မည်သို့မှ မထိန်းနိုင်တော့စွာဖြင့် မျက်ရည်များ ကျဆင်းလာခဲ့သည်။

အတိတ် နဂါးကျားတိုက်ပွဲများတွင် အရှေ့တောင် ရန်ကျူးမှ စေလွှတ်ခဲ့သော ဂိုဏ်းများသည် ပထမအကျော့မှာတင် ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသည်။ ဒီတစ်ကြိမ် ပြိုင်စံရှားဂိုဏ်းမှာတော့ ၎င်းတို့ တင်ရှိနေသော စံချိန်များကို ချိုးဖြတ်ကာ ဒုတိယအဆင့်ဆီသို့ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည်ပျော်ရွှင်လွန်းသောကြောင့် မနေနိုင်ဘဲ မျက်ရည်များပင် ကျလာမိခဲ့၏။

ထို့အပြင် အရှေ့တောင် ရန်ကျူးကို ကိုယ်စားပြုသော ဂိုဏ်းတစ်ခုသည် မှတ်တမ်းသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့၏။ ပထမမှတ်တမ်းအနေနှင့် အဆင့်ငါးဂိုဏ်းအနေနှင့် ဒုတိယအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ခြင်းပင်ဖြစ်ပြီး ဒုတိယ တစ်ခုမှာတော့ ပထမအဆင့် ဂိုဏ်းတစ်ခုအား ပထမအကျော့မှာတင် ထွက်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အတိတ်တုန်းက နဂါးကျားတိုက်ပွဲမှာတုန်းကဆိုလျှင် အဆင့်ငါးဂိုဏ်းများသည် ရံဖန်ရံခါဆိုသလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ကြသည်ဆိုသော်လည်း ပထမအကျော့မှာတင် ရှုံးနိမ့်၍ ထွက်ခွာသွားရသည်သာလျှင် ဖြစ်၏။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အဆင့်ငါးဂိုဏ်းများသည် မည်သူမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို မပြုလုပ်ရဲကြတော့ချေ။ ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ကြသော ပထမအဆင့်ဂိုဏ်းများမှာတော့ ဘယ်တုန်းကမှ ဒုတိယအကျော့တွင်ပင် ရှုံးနိမ့်ထွက်ခွာရခြင်းမျိုး မရှိခဲ့ပေ။ ပထမအကျော့ဆိုလျှင် ပို၍ ဆိုးဝါးသေးသည်။

ယနေ့မှာ တော့ ပြိုင်စံရှားဂိုဏ်းသည် အသွင်ပြောင်းနတ်ဂိုဏ်းတစ်ခုလုံးအား အနိုင်ယူနိုင်ခဲ့ပြီး ပထမအဆင့်ဂိုဏ်းတစ်ခုအား ပထမအကျော့မှာတင် ထွက်ခွာအောင် ပြုလုပ်နိုင်ခဲ့သည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်၏။

ဒိုင်လူကြီးက ရလဒ်ကို ကြေညာလိုက်ချိန်တွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ ဤသို့သော မှတ်တမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သော ဂိုဏ်းသည် အားလုံး၏ရှေ့၌ ပေါ်လာခဲ့ပြီဖြစ်သည်။

“သူတို့နိုင်သွားပြီ၊ ပြိုင်စံရှားဂိုဏ်းနိုင်ပြီ”

အချိန်အတော်ကြာ ငြိမ်သက်ပြီးသည့်နောက်မှာတော့ ချင်းယန်နိုင်ငံတွင်ရှိသော ဆယ်သန်းကျော်သော နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးလိုက်ကြသည်။ တော်တော်များများသည် စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ရည်များပင် ဝိုင်းလျက်ရှိ၏။

အရှေ့တောင်ရန်ကျူးဆိုသည်မှာ အားအနည်းဆုံးသော စီရင်စုတစ်ခုဖြစ်ပြီး နဂါးကျားတိုက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်သည့် တစ်နေရာစာသာရှိသည်။ အကယ်၍ ဤအတိုင်းသာ ဆက်၍ တိုးတက်သွားမည်ဆိုပါက ၎င်းတို့အနေနှင့် ဒုတိယတစ်နေရာစာကိုပါ ရရှိလာနိုင်သည်။

ချင်းယန်နိုင်ငံသည် အဆင့်ကိုးနိုင်ငံတစ်ခုသာဖြစ်ပြီး သိုင်းကျင့်ကြံသူများ၏ မျက်လုံးများထဲတွင်တော့ အထင်ကြီး လောက်စရာ နိုင်ငံမျိုးမဟုတ်ပေ။ သို့ပေမဲ့ အဆင်ပြေပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ပြိုင်စံရှားဂိုဏ်း ရှိနေသောကြောင့်ပင်ဖြစ်၏။

ပြိုင်စံရှားဂိုဏ်းသည် အရှေ့တောင်ရန်ကျူးနှင့် ချင်းယန်နိုင်ငံကို ကိုယ်စားပြု၍ ယှဉ်ပြိုင်နေခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရားများကဲ့သို့ ဖြစ်တည်နေကြသော ပထမအဆင့် ဂိုဏ်းတစ်ခု၏ တပည့်များကိုပင် အနိုင်ယူနိုင် စွမ်း ရှိနေကြပြီဖြစ်သည်။

သန်းပေါင်းများစွာသော သိုင်းကျင့်ကြံသူများနှင့် မြို့သူမြို့သား အားလုံးတို့သည် မြင်ကွင်းတွင်မြင်နေရသော ပြိုင်စံရှားဂိုဏ်းတပည့်များကို ကြည့်ရှုနေကြ၏။

“ပြိုင်စံရှားဂိုဏ်းက အံ့အားသင့်စရာပဲ”

“ပြိုင်စံရှားဂိုဏ်းက အရမ်းမိုက်တယ်”

ချင်းယန်နိုင်ငံ၏ ကောင်းကင်ယံထက်မှာတော့ အော်ဟစ်ကြွေးကြော်သံများနှင့် ကျယ်လောင်စွာ ပြန့်နှံ့လျက် ရှိနေတော့သည်။

တခြားတစ်ဖက်တွင်ရှိသော သံမဏိအရိုးတောင်၏ ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ တပည့်များ သည် ပျော်ရွှင်ကြသည်ဆိုသော်လည်း ဤကဲ့သို့ ရူးရူးမူးမူး အော်ဟစ်အားပေးမှုကို မပြုလုပ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စီနီယာအစ်ကိုများအနေနှင့် ပထမအဆင့် ဂိုဏ်းတပည့်များကို နိုင်ခဲ့သည် ဆိုသည်မှာ သူတို့အတွက် သာမန်ပင်ဖြစ်၏။

.......

“အရမ်းအားကောင်းလွန်းတယ်၊ သူတို့ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ”

“ငါတို့သာ သူတို့နဲ့တွေ့မယ်ဆိုရင် တကယ့်ကို ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာပဲ”

များပြားလှသော ဂိုဏ်းများမှ ပါဝင်ယှဉ်ပြိုင်ကြသော တပည့်များအားလုံး၏ ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ လက်ရည်လက်စကို တွေ့ပြီးသည့်နောက်မှာတော့ တီးတိုးဆွေးနွေးလျက် ရှိနေကြသည်။ အသွင်ပြောင်းနတ်ဂိုဏ်း တစ်ခုလုံးကို အနိုင်ယူခဲ့ပြီးသည်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ပါရမီရှင်များ အားလုံး၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ပြီးဖြစ်သည်။

“အားလုံးပဲ”

အထက်ဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။ အားလုံးသည် အပေါ်သို့မော့ကာ ကြည့်လိုက်ချိန်မှာတော့ အစီအရင် ကြီး၏ရှေ့တွင် ကျွင်းချောင်ရှောင်းတစ်ယောက် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ပုံရိပ်ယောင် အစီအရင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ဒီလူတွေက ကျုပ်ရဲ့တပည့်တွေပဲ၊ ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ချင်တယ်ဆိုရင် သူတို့လိုပဲ အားကောင်းလာလိမ့် မယ်”

“.........”

အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

“ဒါဆို ဘာလို့စောင့်နေကြတာလဲ၊ စိတ်လှုပ်ရှားကြည့်ရှုရတာထက် ကိုယ်တိုင်ကျင့်ကြံရတာက ပိုပြီးတော့ ကောင်းတယ်”

အော်နေရင်းမှာပဲ သူ၏အသံသည် တဖြည်းဖြည်း ဝေးကွာသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် အစီအရင် နှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့သောကြောင့်ပင်ဖြစ်သည်။

သူသည် ပိုမို ကျယ်လောင်စွာအော်ဟစ်ရင် ပြောဆိုနေရ၏။

ဆွစ် ဆွစ်

ပွဲ၏စီစဉ်သူနှစ်ယောက်ဖြစ်သော သိုင်းအုပ်စိုးသူနှစ်ယောက်သည် ကျွင်းချောင်ရှောင်းအား လက်မောင်းမှ ဆွဲယူကာ ၎င်း၏ ခုံရှိရာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့တော့သည်။ ၎င်းတို့အနေနှင့် ပြီးနောက် ချက်ချင်းပြန်လည် မထွက်ခွာသွားခဲ့ဘဲ လက်အသာပိုက်ကာ ကျွင်းချောင်ရှောင်းအနား ရပ်လျက်ရှိသည်။

“ကျုပ်ပြောမယ်၊ ခင်ဗျားတို့ နှစ်ယောက်”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ “ဒီမှာလူတွေအများကြီး ရှိတယ်၊ ဘာကြောင့် ကျုပ်ကို ဒီအတိုင်းကြီး စိုက်ကြည့်နေရတာလဲ”

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

သူတို့ ခင်ဗျားကိုသာ စိုက်မကြည့်ဘူးဆိုရင် တစ်ခါထပ်ပြီး အပေါ်ကိုပျံတက်ပြီး ကြော်ငြာအုံးမှာ မဟုတ်ဘူးလား၊ ချီးတဲ့မှ... ဘယ်လိုတွေ လျှောက်လုပ်နေတာလဲ။

............

ပထမအကျော့၏ ပထမဆုံးတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အားလုံးသောသူများ၏ အကြည့်အောက်မှာပဲ လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသောသူများသည် ၎င်းတို့၏ ခုံရှိရာသို့ ပြန်လာခဲ့ကြ၏။

“စီနီယာအစ်ကို”

လီဖေးသည် တီးတိုးရေရွတ်လိုက်၏။ “သူတို့က အရမ်းအားနည်းလွန်းတယ်”

လီချင်းယန်က ပြောလိုက်သည်။

“ပထမအဆင့် ဂိုဏ်းတွေက သူတို့ရဲ့တပည့်တွေကို ပါဝင်ယှဉ်ပြိုင်ဖို့ အနေအထားတစ်ခုဖြစ်အောင်သာ စေလွှတ် လိုက်ကြတာလေ၊ တကယ့် လက်ရွေးစင် ထိတ်ထိတ်ကြဲ ကျင့်ကြံသူတွေ စေလွှတ်လိုက်ကြတာ မဟုတ်ဘူး၊ ငါတို့သာ တကယ်လို့ လက်ရွေးစင်တပည့်တွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ဒီလောက် လွယ်လွယ်ကူကူနဲ့ နိုင်မယ် မထင်ဘူး”

၎င်း၏ တိကျလှေ“နောက်လာမယ့် ယှဉ်ပြိုင်ဘက်တွေက ပိုပြီး အားကောင်းလာစေဖို့ ကျွန်တော် မျှော်လင့်မိတယ်” စုရှောင်မိုက ပြောလိုက်သည်။

လီချင်းယန်က ပြောလိုက်၏။ “နဂါးကျားတိုက်ပွဲမှာ အရမ်းကို အားကောင်းတဲ့ ပါရမီရှင်တွေ ရှိတယ်လို့ ဂိုဏ်းချုပ်က ပြောတယ်၊ ဒီတော့ အခွင့် အရေးရမယ်ဆိုရင် သူတို့ကို တွေ့လိုက်ချင်တယ်”

“ဟုတ်တယ်”

အားလုံးသည် ထိုင်ခုံပေါ်မှာထိုင်ရင်း အာရုံစိုက်ကာ ကြည့်ရှုနေကြသည်။ ကံဆိုးစွာဖြင့် ဒုတိယမြောက်ပွဲတွင် တိုက်ခိုက်ကြသည်မှာ အဆင့်လေးဂိုဏ်းနှစ်ခုဖြစ်ပြီး ၎င်းတို့သည် အလယ်ပိုင်းဒေသမှ မဟုတ်ကြပေ။ တစ်ယောက် နှင့်တစ်ယောက် တစ်ယောက်ချင်းတိုက်ခိုက်ရန်သာ ရွေးချယ်ကြသောကြောင့် ကြည့်ရင်း ကြည့်ရင်း စိတ်လှုပ်ရှားစရာ လုံးဝမရှိချေ။

“ပျင်းဖို့ကောင်းလိုက်တာ”

စုရှောင်မိုနှင့် လီဖေးတို့သည် အိပ်ချင်စိတ်များပင် ဖြစ်မိနေကြ၏။

ဒုတိယအဆင့် ကောင်းကင်ပုန်ကန်နတ်ဂိုဏ်းနှင့် တတိယအဆင့်ဂိုဏ်းတစ်ခုတို့ တိုက်ခိုက်ကြသည့် အချိန်မှသာလျှင် ၎င်းတို့သည် အနည်းငယ် စိတ်ဝင်တစားနှင့် ကြည့်မိနေကြသည်။ နှစ်ဖက်လုံးသည် တစ်ယောက်ချင်းစီ တိုက်ခိုက်မှုကို ရွေးချယ်လိုက်ကြပြီးသည့်နောက် အောင်းဝူရှန်ဟူသော လူသည် သူတစ်ယောက်တည်း နှင့် တစ်ဖက်မှ နှစ်ဆယ့်ငါးယောက်လုံးကို တိုက်ခိုက် အနိုင်ယူခဲ့သည်။

ကျွတ် ကျွတ်

စုရှောင်မိုက ပြောလိုက်သည်။ “နည်းနည်းတော့ အားကောင်းတာပဲ”

“သူက အားကောင်းလှတဲ့ ယှဉ်ပြိုင်ဘက်တစ်ယောက်ပဲလေ”

လီချင်းယန်က ပြောလိုက်မိသည်။

ဒိုင်လူကြီးသည် ရလဒ်ကို ကြေညာပြီးသည့်နောက် အောင်းဝူရှန်သည် စင်မြင့်ပေါ်မှ ခုန်ချလိုက်၏။ သူ၏ မူလ နေရာဆီသို့ပြန်ကာ လမ်းလျှောက်ရင်းမှာပဲ ပြိုင်စံရှားဂိုဏ်းတပည့်များဆီသို့ အကြည့်ရောက်ချိန်မှာတော့ အထင်အမြင် သေးစွာဖြင့် ပြောလိုက်၏။ “အမှိုက်”

ရီရှင်းချန်၏အကြည့်များသည် အေးစက်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ “နောက်တစ်ကြိမ် လောကပုန်ကန်နတ်ဂိုဏ်းနဲ့ တွေ့ပါစေလို့ မျှော်လင့်မိတယ်၊ ငါဒီကောင့်ကို သေအောင် ရိုက်ပြမယ်”

All Chapters