← Chapters

အခန်း (၇၁၁)

Vol. 48 Ch. 711

အခန်း (၇၁၁)

Vol. 48 Ch. 711

ယှဉ်ပြိုင်တိုက်ခိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်လျက်ရှိသည်။ ထင်မှတ်ထားသည့်အတိုင်းပဲ အထူးသဖြင့် ပထမအဆင့် ဂိုဏ်းလေးဂိုဏ်းတို့သည် ၎င်းတို့၏ ယှဉ်ပြိုင်ဘက်များကို လွယ်လွယ်ကူကူ အနိုင်ရရှိပြီး ဒုတိယ အကျော့ဆီသို့ တက်ရောက်သွားခဲ့ကြသည်။

ဟုတ်ပေသည်။ အဆင့်နိမ့်ဂိုဏ်းများအနေဖြင့် အဆင့်မြင့်ဂိုဏ်းများကို အနိုင်ယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေ၏။ ဥပမာအားဖြင့် သံမဏိလက်သီးဂိုဏ်းပင်ဖြစ်သည်။ ဤတတိယအဆင့် ဂိုဏ်းတစ်ခုသည် အလယ်ပိုင်းဒေသတွင်ရှိသော တတိယအဆင့် ဂိုဏ်းတစ်ခုအား အနိုင်ယူကာ ဒုတိယအကျော့ဆီ သို့ တက်ရောက်သွားခဲ့သည်။

ကျောင်းတာ့ကျွမ့်သည် တစ်ပွဲတည်းသာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်ဖြစ်သော်လည်း ၎င်းတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြီး ကြည့်ရှုသူများအားလုံးကို အံ့အားသင့်မိစေ၏။ ဤကလေး၏ အားအင်အဆင့်သည် သာမန်ထက်ပို၍ အားကောင်းလှသည်ဖြစ်ကြောင်း သိသာနေ၏။

“နဂါးကျားတိုက်ပွဲထဲမှာ တကယ့်ကို ပါရမီကောင်းတဲ့လူတွေ ရှိနေတာပဲ”

များပြားလှသော ကျင့်ကြံသူများသည် သူတို့အချင်းချင်း ဆွေးနွေးတိုင်ပင်လျက်ရှိနေကြသည်။ သို့ပေမဲ့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များကို လှမ်း၍ ကြည့်လိုက်မိသည့်အချိန်မှာတော့ ကြိတ်ကာ ပြောဆိုလိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်း တပည့်တွေ အကုန်လုံးက မွန်းစတားကြီးတွေပဲလေ”

“မင်းက ရှောင်ကျီလား”

စင်မြင့်ပေါ်မှာ အောက်သို့ဆင်းသက်လာသော ကျောင်းတာ့ကျွမ့်သည် ပြိုင်စံရှားဂိုဏ်း စောင့်နေရာ ရှေ့သို့ ရောက်ချိန်မှာတော့ ခဏရပ်တန့်ကာ မေးလိုက်သည်။

“အမှန်ပါပဲ” ရှောင်ကျီက ပြောလိုက်သည်။

ကျောင်းတာ့ကျွမ့်သည် သွားဖြီးကာ ပြောလိုက်၏။ “နောက်တစ်ကျော့မှာ ငါတို့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်မိတယ်”

တစ်ဖက်လူသည် ပထမအဆင့်ဂိုဏ်း၏ ဂိုဏ်းသားများ ထုတ်ဖော်အသုံးပြုထားသည့် စိတ်ဝိညာဉ်ပုံရိပ်ယောင် ရုပ်တုကြီးအား ကိုယ်ခန္ဓာအားအင်သက်သက်ဖြင့် အနိုင်ယူခဲ့သည်ကို မြင်ရချိန်မှာတော့ အလွန်တရာ စိတ်လှုပ်ရှားမိ၏။

၎င်းသည် ခန္ဓာကိုယ်အားအင်နှင့်ပတ်သက်လျှင် အလွန်တရာ အားကောင်းလှသောသူနှင့် ထိပ်တိုက်တွေ့ချင် နေမိသည်။ သူ၏ဆရာ ပြောဆိုသည်မှာအမှန်ပင် ဖြစ်တော့သည်။ ပြိုင်စံရှားဂိုဏ်း၏ ဤတပည့်သည် သူ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပင်ဖြစ်သည်။ တကယ်တမ်းသာ တစ်ပွဲလောက် တိုက်ခိုက်ရမည်ဆိုလျှင် ဤနေရာသို့ ရောက်ရှိလာခဲ့ရသော ခရီးသည် သူ့အတွက် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။

“ကျုပ်လည်း အဲလိုထင်ပါတယ်”

ရှောင်ကျီက ပြန်ပြောလိုက်သည်။

တောနက်ထဲမှာ တွေ့ဆုံပြီးသည့်နောက် ကြီးမားလှသည့် စိတ်ဝိညာဉ်သားရဲကြီး ကို ထမ်းကာ လမ်းလျှောက်ထွက်ခွာသွားခဲ့သော ထိုသူကို မြင်ကတည်းက သူသည် အတူတူ တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်ခဲ့ဖူး၏။

ဘုန်း

နောက်ဆုံးဂိုဏ်းနှစ်ဂိုဏ်း တိုက်ခိုက်ခဲ့ပြီးသည့်နောက် နဂါးကျားတိုက်ပွဲ၏ ပထမအကျော့ တိုက်ပွဲများသည် ပြီးဆုံး သွားခဲ့ပြီဖြစ်သည်။ ဂိုဏ်းပေါင်းနှစ်ရာတို့သည် တိုက်ခိုက်ခဲ့ကြပြီး ကောင်းကင်ကြီးတစ်ခုလုံး မှောင်မဲသွားသည် အချိန်မှသာ တိုက်ပွဲများ ပြီးဆုံးသွားခဲ့တော့သည်။

“အားလုံးပဲ”

မြို့တော်ဝန်ဟန်သည် ကျယ်လောင်စွာ ပြောလိုက်၏။ “နဂါးကျားတိုက်ပွဲရဲ့ ပထမအကျော့က ပြီးဆုံးသွားခဲ့ပါပြီ၊ ဒီတော့ မနက်ဖြန်မှာ ကျင်းပမဲ့ ဒုတိယအကျော့ တိုက်ပွဲ ကိုလည်း လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”

“ဒါက စိတ်ကျေနပ်စရာပဲ၊ အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းလေ၊ သူတို့က တကယ့်ကို ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုကို ပြုလုပ်ခဲ့တာ”

တိုက်ပွဲကျင်းပရာ တည်နေရာထဲမှ ထွက်ခွာသွားပြီးသည့်နောက် လာရောက်ကြည့်ရှုနေသူများ အားလုံးသည် လမ်းတစ်လျှောက်တွင် ဂိုဏ်းများအကြား တိုက်ပွဲများအကြောင်း ပြောဆိုလျက် ရှိနေကြ၏။

ကျွင်းချောင်ရှောင်း သည် မတ်မတ်ရပ်လျက် ကျန်ရှိခဲ့သည်။ သို့ပေမဲ့ သူသည် ခြေနှစ်လမ်းလောက် လှမ်းပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည့် သူ့အနောက်မှ လိုက်ပါလာသည်ကို သိလိုက်ရ၏။ ကျွင်းချောင်ရှောင်းအနေနှင့် အပေါ်သို့ ပျံတက်ပြီး အရှက်မဲ့စွာဖြင့် သူ၏ဂိုဏ်းအား ကြော်ငြာမည်ကို သိုင်းအုပ်စိုးသူများက စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် နီးနီးကပ်ကပ်နှင့် လိုက်ပါနေခြင်းဖြစ်သည်။

တွီ

ရုတ်တရက်ဆိုသလိုပဲ ပုံရိပ်ယောင် အစီအရင်ကြီးသည် မဲမှောင်သွားခဲ့တော့သည်။

“...”

အစီအရင်တစ်ခုလုံး ပိတ်သွားသည်ကို သေချာသွားပြီးသည့်နောက်မှာ သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် စိတ်သက်သာရာ ရစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။ ဤသိုင်းအုပ်စိုးသူ ညီနောင်နှစ်ယောက်တို့သည် ဂိုဏ်းချုပ်ကျွင်းကို နေ့ဝက်လောက် သေသေချာချာ စောင့်ကြည့်ခဲ့ရသည်ဖြစ်သောကြောင့် အလွန်တရာ ပင်ပန်းနေ ကြပြီဖြစ်သည်။ သူတို့သည် စားသောက်ဆိုင်တစ်ခုကို ရှာဖွေတွေ့ရှိပြီးသည့်နောက်မှာတော့ ဟင်းပွဲ အနည်းငယ်နှင့် အရက်နှစ်အိုးကို မှာယူကာ စိတ်ပြေလက်ပျောက် သောက်စားလျက်ရှိနေသည်။

.............

“သွားကြစို့၊ သွားကြစို့”

များပြားလှသော စီရင်စုများမှ ကျင့်ကြံသူများသည် တဖြည်းဖြည်း မီးတွေမှိန်လာသည့် အနေအထားတစ်ခုကို မြင်ရချိန်မှာတော့ ထကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့တော့သည်။ ၎င်းတို့အနေနှင့် မနက်ဖြန်တွင် ခပ်စောစောရောက်လာပြီး တိုက်ပွဲကို ကြည့်ရှုရန် ကောင်းမွန်သည့် တည်နေရာတစ်ခုကို ဦးထားမည်ဟု ဆုံးဖြတ် လိုက်တော့သည်။

တွီး

သို့ပေမဲ့ သူတို့ မထွက်ခွာရသေးခင်မှာပဲ မှေးမှိန်လျက်ရှိသော ပုံရိပ်ယောင် အစီအရင်သည် ထပ်မံ၍ ပြန်လည်လင်းလက်လာသည်။ ကျွင်းချောင်ရှောင်း၏ ချောမောလှပသည့် မျက်နှာသည် ထပ်မံ၍ ပေါ်လာပြန်သည်။ သူသည် ဆံပင် များကို အသာသပ်တင်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “အားလုံးပဲ ကျုပ် ကျွင်းချောင်ရှောင်း ပြန်လာခဲ့ပါပြီ”

“……...”

ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။

ဖွီး …။

စိတ်အေးလက်အေးဖြင့် အရက်သောက်လျက်ရှိသော သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည် ရုတ်တရက် ပုံရိပ်ယောင် အစီအရင်ကြီးတစ်ခုလုံး အသက်ဝင်သွားပြီး အရှက်မဲ့လှသော ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာ သည် မြင်ကွင်းတွင် ပြန်လည် ပေါ်ပေါက်လာသည်ကို မြင်ရချိန်မှာတော့ သောက်နေသော အရက်များကို ထွေးထုတ်ကာ ချက်ချင်းဆိုသလိုပဲ လေထဲသို့ ပျံတက်လာကြသည်။

“အစီအရင်က ပိတ်ပြီးသွားပြီ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ထပ်ပြီးတော့ ပွင့်လာရပြန်တာလဲ”

၎င်းတို့နှစ်ယောက်အနေဖြင့် ဤကဲ့သို့ တွေးတောရန် အချိန်လုံလုံလောက်လောက် မရှိပေ။ ထို့ကြောင့် ပြတင်းပေါက်မှတဆင့် မြန်မြန်ဆန်ဆန် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူ၏ဂိုဏ်းအကြောင်း ခံစားချက် အပြည့်ဖြင့် ကြေညာလျက်ရှိသော ကျွင်းချောင်ရှောင်း အနားသို့ ချဉ်းကပ်သွားကြသည်။ ပြီးနောက် လက်မောင်း တစ်ဖက်တစ်ချက်ဆီသို့ ဆွဲကာ အသာအောက်သို့ ခေါ်ယူလာခဲ့တော့၏။

“မြန်မြန်၊ မြန်မြန်၊ အစီအရင်ကို ပိတ်ကြ၊ အစီအရင်ကိုပိတ်ကြ”

များပြားလှသော အစီအရင်ဆရာများအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာကြပြီးတော့ ချွေးသံတရဲရဲနှင့် အလုပ်လုပ်ကြရတော့သည်။ အချိန်အတော်ကြာပြီးသည့်နောက် အစီအရင်ကြီးသည် ပြန်လည် ပိတ်သွားသည်။

ဂိုဏ်းကို ကြော်ငြာရန်အတွက် ပုံရိပ်ယောင်အစီအရင်ကြီးကိုပင် ခိုး၍ ဖွင့်လှစ် ခဲ့လေသည်။ ဂိုဏ်းချုပ်ကျွင်း သည် အမှန်ပင် ဆိုးရွားလှသူဖြစ်၏။

သို့ပေမဲ့ ဤအရာသည် ပြိုင်ပွဲကို စီမံသည့်သူများအတွက် သတိထားရမည့်အရာ ဖြစ်လာတော့သည်။ ထို့ကြောင့် ၎င်းတို့သည် အစီအရင်ဆရာပေါင်းများစွာကို ညတွင်းချင်း ခေါ်ယူ၍ ပုံရိပ်ယောင်အစီအရင်ကြီးတစ်ခုအား တခြား သူများ ဝင်ရောက်မနှောက်ယှက်နိုင်အောင် သေသေချာချာ ပြင်ဆင်၍ ဖန်တီးကြတော့သည်။ ထို့ပြင် ဤအရှက်မဲ့လှ သော ဂိုဏ်းချုပ်ကျွင်း တစ်ယောက် ဂိုဏ်းကြော်ငြာမှုကို ထပ်မံမပြုလုပ်နိုင်ရန်အတွက် မြို့တော်ဝန်ဟန်သည် သိုင်းအုပ်စိုးသူ တော်တော်များများကို တာဝန်ပေးခဲ့တော့သည်။

နောက်တစ်ရက် ကျွင်းချောင်ရှောင်းသည် ပွဲကြည့်စင်တွင် အေးအေးသက်သာဖြင့် ထိုင်လျက်ရှိ၏။

ဆွစ် ဆွစ် ဆွစ် ဆွစ်

အလွန်တရာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းရံလျက် ရှိ၏။

“...”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်နေသည်။ သူသည် ပြောလိုက်မိသည်။ “ကျေးဇူးပြုပြီး ကျုပ် အိမ်သာသွားချင်လို့ ရလား”

“သွားလေ၊ ခင်ဗျားသွားရင် ကျုပ်တို့လည်း လိုက်ခဲ့မယ်” သိုင်းအုပ်စိုးသူ ဆယ်ယောက်တို့သည် သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။

မြို့တော်ဝန်ဟန် သူတို့အား ပေးထား သောတာဝန်သည် အလွန်တရာ ရိုးရှင်းလွန်းလှ၏။ ဤလူအား တစ်ချက်ကလေးမှ မျက်စိအောက်က အပျောက်မခံဘဲ ကြည့်ရှုထားရန်ပဲ ဖြစ်၏။ ထိုမှသာလျှင် အခွင့်အရေးကို အရယူ၍ လေပေါ်သို့ ပျံတက်ကာ ပုံရိပ်ယောင် အစီအရင်ဆီသို့ သွားမည့်အရာအား တားဆီးနိုင်ပေလိမ့်မည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာလှန်၍ ထိုင်ကာ ပြောလိုက်သည်။ “အခုလောလောဆယ်တော့ ခဏလောက် အောင့်ထားလိုက်ဦးမယ်”

...........

တွီ

ပုံရိပ်ယောင်အစီအရင်ကြီးသည် ထပ်မံ၍ အသက်ဝင်သွားခဲ့ပြီဖြစ်သည်။ မြင်ကွင်းပေါ်မှာတော့ ဒုတိယအဆင့် တက်ရောက်သွားပြီဖြစ်ကြသော ဂိုဏ်းပေါင်းတစ်ရာတို့သည် တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း အပေါ်သို့ တက်လာကြတော့သည်။ အားလုံးသည် အားရပါးရနှင့် အော်ဟစ်အားပေးလျက် ရှိနေကြသည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များ ပေါ်လာချိန်မှာတော့ ကြည့်ရှုနေကြသည့် လူတော်တော်များများသည် အော်ဟစ်ကာ အားပေးလိုက်ကြ၏။

မနေ့တုန်းက အဆင့်တစ်ဂိုဏ်းအား အနိုင်ရခဲ့သော အဆင့်ငါးဂိုဏ်းအား သူတို့သည် အသိအမှတ်ပြုလိုက်ကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် ပရိသတ်များ ရှိလာကြ၏။

ဂိုဏ်းများနေရာယူပြီးကြပြီဖြစ်သည်။ မြို့တော်ဝန်ဟန်သည် အချိန်မဖြုန်းတော့ပေ။ လိုရင်းကိုတည့်တည့်သာ ပြောဆိုပြီး တပည့်များကို မဲနှိုက်ရန်သာ ပြောဆိုလိုက်တော့သည်။

“ကျေးဇူးပြုပြီး ပြိုင်စံရှားဂိုဏ်းနှင့် မကျပါစေနဲ့၊ ပြိုင်စံရှားဂိုဏ်းနဲ့ မကျပါစေနဲ့”

အဓိက တာဝန်ကို ယူထားကြသော တပည့်တစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်လာပြီး သေတ္တာထဲကို လက်နှိုက်ကာ မဲနှိုက်ရန် ပြင်လိုက်တော့သည်။ ပြီးနောက် သူသည် ထိုကဲ့သို့ တီးတိုးရေရွတ်လျက်ရှိနေ၏။ မနေ့ကတုန်းက သူသည်မဲနှိုက်ရာတွင် ပြိုင်စံရှားဂိုဏ်းနှင့် တွေ့ချင်မိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ စိတ်ပိုင်းဆိုင်ရာသည် အလုံးစုံ ပြောင်းလဲသွားခဲ့သည်။

ရွှီး

သူသည် မဲကတ်အားထုတ်ယူလိုက်တော့၏။ မဲကတ်ပေါ်ရှိ သင်္ကေတမှာ ပြိုင်စံရှားဂိုဏ်း မဟုတ်ပေ။ ထို့ကြောင့် သူသည် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။

“စီနီယာအစ်မ”

“မင်းပဲသွားလေ”

“ကောင်းပါပြီ”

လီချင်းယန်သည် တစ်ခါ အပေါ်သို့ တက်လာခဲ့၏။ မဲကိုနှိုက်ပြီးသည့်နောက် သူ၏ မျက်နှာသည် တည်ငြိမ်လျက် ရှိနေတုန်းပင်ဖြစ်သည်။ သို့ပေမဲ့ တခြားသောဂိုဏ်းများ၏ တပည့်များမှာတော့ ကြောက်လန့်ကာ စိုးရိမ်ပူပန်မိနေ ကြသည်။ သူတို့၏ နှလုံးသားများထဲတွင်တော့ ပြိုင်စံရှားဂိုဏ်းနှင့် မတွေ့စေရန် ကြိတ်ကာ ဆုတောင်းမိနေ၏။

ရွှီး

“ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယမြောက် ယှဉ်ပြိုင်ဘက်က”

မြို့တော်ဝန်ဟန်သည် တစ်ဖက်ဂိုဏ်း၏ နာမည်အားတစ်ခါတည်း မကြေညာခဲ့ချေ။ တစ်ဖက်လူများ၏ စိတ်ဝင်စားမှုကို ရရှိရန် အသာစောင့်ဆိုင်းလိုက်၏။ ပြီးနောက် တစ်လုံးချင်း ပြောလိုက်တော့သည်။ “တောက်ပရွှေနတ်ဂိုဏ်း”

“မဆိုးဘူး၊ မဆိုးဘူး”

ပြိုင်စံရှားဂိုဏ်းနှင့် တိုက်ခိုက်ရန် မဲမကျသော ဂိုဏ်းများမှ လူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းရှည် ကြီးကို ချလိုက်မိကြ၏။

သို့ပေမဲ့ အထူးပွဲကြည့်စင်တွင် ထိုင်လျက်ရှိသော သွမ့်ကျိရှို မှာတော့ ကြောင်အသွားသည်။ ဤမျှ များပြားလှသော ဂိုဏ်းများထဲတွင် သူ၏ဂိုဏ်းသည် အဘယ်ကြောင့် လာ၍ ကျနေရသနည်း။

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းသည် သူ့အား ပိတ်ဆို့ကာ ရပ်နေကြသော သိုင်းအုပ်စိုးသူများ၏ ကြားထဲမှ အသာချောင်း၍ ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား ဆုတောင်းတဲ့အတိုင်း ဖြစ်လာပြီ”

“...” သွမ့်ကျိရှို ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သို့ပေမဲ့ သူသည် ကိုယ်ကို ခပ်မတ်မတ်ပြုပြင်ကာ နှာခေါင်းရှုံလိုက်၏။

“တောက်ပရွှေနတ်ဂိုဏ်းနဲ့ တွေ့ရတယ်ဆိုတာ ခင်ဗျားတို့ ဖျက်မြင်း ပြိုင်စံရှားဂိုဏ်းအသင်းအနေနဲ့ ဒီနေရာမှာ အဆုံးသတ်သွားပြီလို့ ဆိုလိုတာပဲ”

“ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။

ဖျောက် ဖျောက်

မဲနှိုက်သည့် လုပ်ငန်းစဉ်သည် ဆက်လက်၍ ဖြစ်တည်နေသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းရှိရာ နေရာမှာတော့ လက်ဖျောက်ချိုးသည့်အသံများသည် တစ်ဖျောက်ဖျောက်နှင့် ထွက်ပေါ်နေသည်။

စုရှောင်မိုသည် ခေါင်းကို ခါယမ်း ပြီး သူ၏လက်ကောက်ဝတ်ကို အသာလှည့်ပတ်နေသည်။ သူ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုသည် တွဲခိုလျက် ရှိနေသည်။ လီဖေး၊ ထျန်းချီနှင့် တခြားသူများ အားလုံးသည် တိုက်ပွဲမစခင် သွေးပူလေ့ကျင့်ခန်းကို ပြုလုပ်လျက် ရှိ၏။

ဂိုဏ်းချုပ်သည် လွန်ခဲ့သည့်ညကတည်းက သူတို့အား အထပ်ထပ် မှာကြားခဲ့သည်။ အကယ်၍ တောက်ပရွှေနတ် ဂိုဏ်းနှင့် တွေ့ဆုံခဲ့မည်ဆိုပါက သေမလောက် အခြေအနေထိရောက်အောင် ရိုက်နှက်ရန်ပင်ဖြစ်သည်။ အဓိက မှာကြားထားသည့်စကားသည် သေမလောက်အခြေအနေထိ ရောက်အောင် ရိုက်နှက်ခြင်းပင်။

မြို့တော်ဝန်ဟန်သည် မဲနှိုက်ခြင်းလုပ်ငန်းစဉ် ပြီးစီးပြီးသည့်နောက်မှာတော့ ကျယ်လောင်စွာ ကြေညာလိုက်၏။ “ဒုတိယအကျော့၏ ပထမဆုံးတိုက်ပွဲ - ပြိုင်စံရှားဂိုဏ်းနဲ့ တောက်ပရွှေနတ်ဂိုဏ်း”

ဘုတ်

လီချင်းယန်သည် မတ်တပ်ရပ်ပြီးနောက် သူ၏ အင်္ကျီလက်ကို အသာယမ်းခါကာ ပြောလိုက်သည်။

“သွားကြစို့”

ရွှီ … ရွှီ

ရှောင်ကျီ၊ စုရှောင်မိုနှင့် တခြားသူများ အားလုံးသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် သိုင်းယှဉ်ပြုင်ရာ စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်ကြသည်။ ၎င်းတို့သည် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်လိုက်ပြီးသည့်နောက်မှတော့ လှမ်းလျှောက်လာလျက်ရှိသော တောက်ပရွှေနတ်ဂိုဏ်း၏ တပည့်များဆီသို့ စူးစိုက်ကြည့်မိနေကြသည်။ သူတို့သည် အလွန်တရာ အားကောင်းလှသော အော်ရာများကို ထုတ်ဖော်နေကြပြီး မျက်လုံးများသည် နီရဲလျက် ရှိနေကြသည်။

သွမ့်ကျိရှို ၏ နှလုံးသားတစ်ခုလုံးသည် တုန်ခါသွား၏။

“ဒီမျက်လုံးတွေက ကြောက်ဖို့ကောင်းလိုက်တာ” ကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များသည်လည်း ဆံပင်တွေ ထောင်ထလုမတတ် ထိတ်လန့်မှုကို ခံစားနေမိကြသည်။

လှမ်းလျှောက်လာကြသော တောက်ပရွှေနတ်ဂိုဏ်းမှ တပည့်များအားလုံးသည်လည်း ထိတ်လန့်နေမိ၏။ လက်ရှိအခြေအနေမှာ သူတို့အား ဖော်ညွှန်းရမည်ဆိုလျှင် ကြောက်ရွှံရွှေနတ်ဂိုဏ်းဟုပင် အမည် ပြောင်းသင့်တော့၏။

All Chapters