← Chapters

အခန်း (၇၁၈)

Vol. 48 Ch. 718

အခန်း (၇၁၈)

Vol. 48 Ch. 718

မည်သည့် သိုင်းတိုက်ရေး နည်းစနစ် တစ်ခုကိုမှ အသုံးမပြုဘဲ တိုက်ခိုက်နေသော ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့် တို့၏ တိုက်ပွဲသည် ကြည့်ရှုနေသူများကို သွေးများ ပွက်ပွက် ဆူစေ၏။

ဤကဲ့သို့ အသားချင်း ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ပွဲကြည့်သူများ အားလုံး၏ နှလုံးသားထဲတွင် ကြီးမားသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။

"ယောကျာ်းတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းတယ်။"

ဤအရာသည် တကယ့်ကို စစ်မှန်သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။

မူလအားဖြင့် ရီရှင်းချန်ကိုသာ အာရုံစိုက်လျက်ရှိသော မိန်းကလေးငယ်များ အားလုံးသည် ရှောင်ကျီ၏ အလုံစုံ သေသပ်လှ‌ပသော ကြွက်သားလှိုင်းများကို မြင်ရချိန်မှာတော့ စိတ်လှုပ်ရှား ရင်ခုန်မိကြ၏။

ဘုန်း

ထိုအချိန်နေရာမှာတော့ ပြိုင်ပွဲတည်နေရာကြီးထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး လေလှိုင်းများ ဖြစ်တည်လာ၏။

ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ့်တို့ နှစ်ယောက်လုံးသည် မိမိခန္ဓာကိုယ်ကို မိမိ ငြိမ်သက်အောင် ထိန်းသိမ်းလိုက်ကြ၏။ ၎င်းတို့၏ ခြေရင်းတွင် ရှိနေသော ကျောက်ပြားများသည် ကွဲကျေလျက်ရှိပြီး စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများသည် အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

၎င်းတို့ တိုက်ခိုက်နေရာရှိ တည်နေရာကြီးမှာလည်း တန့်ကနဲ ဖြစ်သွားတော့၏။

ဟေး

ရီရှင်းချန်သည် စိတ်မရှည်စွာဖြင့် အသံပို့လွှတ်လိုက်သည်။ "မြန်မြန် အဆုံးသတ်တော့ အချိန်ကို ဖြုန်းမနေနဲ့"

ရှောင်ကျီ အနေနှင့် စိတ်အဆာပြေ တိုက်ခိုက်လျက်ရှိနေသည်ကို သူ ကောင်းကောင်းသိရှိပြီး ဖြစ်သည်။ ထို့ကြောင့် အနိုင်ရသူ မည်သူ ဖြစ်သည်ကို ဆုံးဖြတ်နိုင်ရန် မြန်မြန်ဆန်ဆန် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် သူ သတိပေးခဲ့ခြင်း ဖြစ်သည်။

ညအင်ပါယာသည် အမှန်ပင် စဉ်းစားတတ်သူ တစ်ယောက်ဖြစ်၏။

သတိပေးမှုကို ရရှိပေးမှုကို ရရှိပြီးနောက်မှာတော့ ရှောင်ကျီသည် ၎င်း၏ စိတ်အလိုကျ တိုက်ခိုက်လိုသည့် စိတ်များကို ပြန်လည်လျှော့ချလိုက်တော့သည်။

သူ၏ ယှဉ်ပြိုင်ဘက်သည် မဆိုးလှသူဟု ဆိုသော်လည်း သူတို့ဂိုဏ်း၏ နောက်တစ်ဆင့်သို့ တက်နိုင်မှုသည် သူ့အပေါ်တွင် မူတည်နေ၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ မြန်မြန် အနိုင်ယူမှ ဖြစ်ပေတော့မည်။

ဟူး ဟူး။

ရှောင်ကျီ၏ စူးရှကြမ်းတမ်းလှသော အကြည့်များသည် ဖြစ်တည်လာခဲ့တော့သည်။ သူ့အနေနှင့် အနိုင်ရရှိသူ မည်သူဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိစေချင်သည်။

၎င်း၏ စိတ်ဆန္ဒအတိုင်း အချိန်ဆွဲ တိုက်ခိုက်ရန် မစဉ်းစားတော့ပေ။ သူ၏ ညာဘက်ခြေထောက်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ မြေပြင်ရှိ ကျောက်ပြားတစ်ချပ်လုံးသည် ချိုင့်ဝင်သွားခဲ့တော့၏။

ပုံရိပ်ယောင် မြင်ကွင်းထဲမှ ကြည့်ရှုမည်ဆိုလျှင် ရှောင်ကျီ နင်းချလိုက်သော ကျောက်ပြားများ၏ မီတာ အနည်းငယ် အကွာအဝေးအတွင်း အားလုံးသည် ချိုင့်ဝင်လျက်ရှိပြီး ကြီးမားလှသည့် အရာကြီးတစ်ခုနှင့် ထုနှက်ခံလိုက်ရသလို ဖြစ်နေလေသည်။

"မဆိုးဘူးပဲ"

မြို့တော်ဝန်ဟန်သည် ချီးကျူးလိုက်မိ၏။

ခြေတစ်လှမ်းလှမ်းလိုက်ရုံနှင့် ကျောက်ပြားများအားလုံးကို ကွေးညွှတ်အောင် ပြုလုပ်နိုင်သည်ဆိုသည်မှာ သာမန် မဟုတ်ချေ။

ခန္ဓာကိုယ်အား နေ့စဉ် ကြံခိုင်အောင် ပြုလုပ်ထားခြင်း မရှိဘဲနှင့် မည်သူမှသည် ဤသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အသက်ငယ်ငယ် ရွယ်ရွယ်နှင့် ဤမျှအားကောင်းလှသော ခန္ဓာကိုယ်ကို တည်ဆောက်ထားနိုင်ခြင်းကြောင့် အနာဂတ်တွင် ပိုမိုမြင့်မားသော အ‌ခြေအနေတစ်ခုကို ရောက်ရှိနိုင်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက သဘောတကျဖြင့် ပြောလိုက်သည်။ "ကျုပ်တပည့်တွေ အားလုံးက မဆိုးပါဘူး။”

“ဒါကို ကျုပ် သိပါတယ်" မြို့တော်ဝန်ဟန်က ပြောလိုက်သည်။

ပြိုင်စံရှား ဂိုဏ်း၏ တစ်ခြားသော တပည့်များသည်လည်း ရှောင်ကျီကဲ့သို့ အလွန်တရာ ကြမ်းတမ်းလှသော ခန္ဓာကိုယ်ပုံပန်းသွင်ပြင်များ ပေါ်ပေါက်နေသည် မဟုတ်သော်လည်း အရင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအရ ၎င်းတို့သည် ကောင်းမွန်လှသည့် ခန္ဓာကိုယ်ဖြစ်ကြောင်းကို သိရှိနိုင်၏။

"ကျုပ်မမှားဘူးဆိုရင်"

မြို့တော်ဝန်ဟန်က ပြုံးကာ ပြောလိုက်သည် "ဂိုဏ်းချုပ်ကျွင်းဆီမှာ ခန္ဓာကိုယ် ကျင့်ကြံနိုင်မယ့် အထူးနည်းစနစ် တစ်ခုခု ရှိမယ်နဲ့တူတယ်။"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်ဂိုဏ်းက ရှေးယခင်ကတည်းက ဆင်းသက်လာတဲ့ ဂိုဏ်းတစ်ခုလေ။ဒါကြောင့် ရှေးတုန်းက ရှိခဲ့တဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်ဆိုတာ သဘာဝပါပဲ။"

"ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ" စနစ်က ပြောလိုက်၏။

"ချီးထဲမှ ဒီလိုမပြောလို့ ဘယ်လို ပြောရမလဲ။ငါ့တပည့်တွေ ဒီလောက်အားကောင်းနေတဲ့ ကိစ္စကို မင်း နည်းနည်း ရှင်းပြစမ်းပါအုံး" ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။

စနစ်က ပြောလိုက်သည်။ "ဒါလည်း အမှန်ပါပဲ"

"ရှေးမှတ်တမ်းမှတ်ရာတွေထဲမှာ ပြိုင်စံရှားဂိုဏ်း အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးဘူး။ ဒါမှ မဟုတ် သမိုင်း မှတ်တမ်းစာအုပ်တွေထဲမှာ ရေးမှတ်မထားတဲ့ ဂိုဏ်းတစ်ခု ဖြစ်နေမလားပဲ" မြို့တော်ဝန်ဟန်သည် ပြုံးကာ ပြောလိုက်သည်။

သူ့အနေနှင့် ပြိုင်စံရှား ဂိုဏ်း၏ နောက်ခံ အကြောင်းကို ရှာဖွေရန် ကြိုးစားခဲ့ဖူးလေသည်လား။ မဟုတ်လျှင် ပါးစပ်ထဲ ထင်ရာ လျှောက်ပြောလိုက်သည်လား မသိပေ။

"မြို့တော်ဝန်ဟန်"

ကျွင်းချောင်ရှောင်းသည် သူ၏ အသံကို ဖိနှိပ်ကာ ပြောလိုက်သည်။ "အရိုးသားဆုံး ပြောရမယ် ဆိုရင် ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းက အမှောင်ဂိုဏ်းတစ်ခု ဖြစ်ခဲ့ဖူးတယ်"

"အမှောင်ဂိုဏ်း ဟုတ်လား"

မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ "ဒါဆိုရင် အံ့အား သင့်စရာ မရှိတော့ဘူး"

ကျွင်းချောင်ရှောင်းကတော့ စကားလမ်းကြောင်းကို ပြောင်းလိုက်တော့သည်။ "မြို့တော်ဝန်ဟန် ကျုပ်တို့ ဂိုဏ်းကို ဝင်ဖို့ အတွက် ခင်ဗျား ကလေးတွေ စိတ်ဝင်စားနိုင်သေးလား"

မြို့တော်ဝန်ဟန်သည် အ‌လောတကြီးဖြင့် တိုက်ပွဲ စင်မြင့်ထက်သို့သာ လှမ်းကြည့်ပြီး ချီးကျူးလိုက်မိ၏။ "ကောင်းတယ်။ တိုက်ခိုက်တာ ကောင်းလိုက်တာ။"

ဒီလူက လူပျိုကြီးလား မသိဘူး

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ တွေးလိုက်မိတော့သည်။ ဒါဆိုရင် ကလေး မရှိနိုင်ဘူး။

သူခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်သည်။ မြို့တော်ဝန် ဟန်သည် ကလေး မပြောနှင့် မိန်းမပင် မရှိချေ။ ထို့ကြောင့် နှစ်ပေါင်းတစ်ထောင်ကျော် တစ်ကိုယ်တည်း နေထိုင်ခဲ့ရသူဟု ဆိုရမည်။

ဂိုဏ်းချုပ်ကျွင်း အနေနှင့် ၎င်း၏ ကလေးများအား ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ခေါ်ဆိုလိုက်ချိန်တိုင်း စကား လမ်းကြောင်းကို ပြောင်းလဲပစ်သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဤအသက်အရွယ် ရောက်နေသည်အထိ လူပျိုကြီးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

….....

ကောင်းကင် နီ ဓားကွက်

ရုတ်တရက်ဆိုသလိုပဲ ရှောင်ကျီ၏ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသော မီးတောက်ကြီးသည် လေထုထဲတွင် ထွက်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ သူသည် တိုက်ခိုက်ရေး စွမ်းအင်များကို ထုတ်ဖော်နေပြီဖြစ်၏။

ဖြောက် ဖြောက် ဖြောက်

ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်ကို ကျင့်ကြံသော ရှောင်ကျီသည် ဓာတ်ငါးပါးနှင့် ပတ်သက်၍ အလုံးစုံသိပြီးပြီဖြစ်သည်။ အလယ်အလတ် နတ်ဘုရား အဆင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ သူသည် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းအင်ကို ဖန်တီးနိုင်နေပြီဖြစ်သည်။

"အရမ်းအားကောင်းတယ်။"

မြို့တော်ဝန်ဟန်သည် လေးလေးနက်နက် ပြောလိုက်မိသည်။ သူ ဤသို့ပင် ထုတ်ဖော် ပြောဆိုလိုက်မိသည်အထိ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာ အားကောင်းလွန်းနေ၏။

ဖြောက်

ကျောင်းတာ့ကျွမ့်သည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ ခြေထောက်အောက်ခြေရှိ ကျောက်ပြားများအားလုံးသည် ကွဲကျေသွား၏။ သူ၏ မျက်လုံးထဲတွင်တော့ ကြီးမားလှသည့် တိုက်ခိုက်လိုစိတ်များ ပြည့်နက်နေသည်။

သူသည် လက်ကို ရှေ့သို့ ဆန့်တန်းလိုက်၏။

ဝမ်

သူ၏ အသားအရည်သည် ရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်လင်ဘုန်းကြီးကျောင်းမှ ကျေးရုပ်ထုများကဲ့သို့ပင် ဆင်တူစွာ ဖြစ်တည်သွားသည်။

“ဖျက်ဆီးမရနိုင်တဲ့ စိတန်ခန္ဓာကိုယ်” အားလုံးသည် အလန့်တကြားဖြင့် ထအော်လိုက်မိ၏။

"ဒါက"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ "ငါ အကာအကွယ်အဆောင်ကို ချိုးဖြတ်လိုက်ချိန်မှာ ဖြစ်တဲ့ ပုံစံ အတိုင်းပါပဲလား"

ဟူးဟူး

တိုက်ပွဲ စင်မြင့်ထက်မှာတော့ ကောင်းကင်နီဓား၏ ခုတ်ပိုင်းချက်သည် ကျဆင်းလာသည်။

ကျောင်းတာ့ကျွမ့် ၏ မျက်လုံးများသည် တောက်ပလျက်ရှိ၏။

စိန်လက်သီး

ဟူး ဟူး

ကျောင်းတော့ကျွမ့် ၏ ခန္ဓာကိုယ်သည် ရွှေရောင် အလင်းတန်းများဖြင့် လင်းထိန်သွားသည်။ ပြီးနောက် လေထဲတွင် စိန်တုံးတစ်ခုကဲ့သို့ အသွင်တူသည့် ပုံရိပ်ယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လေထုထဲတွင်တော့ ကြီးမားလှသော ရွှေရောင်လက်သီးကြီးသည် စိန်တုံးထဲက ထွက်ပေါ်လာပြီး မီးတောက်များအား ထိုးနှက်လိုက်၏။

ဂျိမ်း

နားကွဲလောက်စရာ ပေါက်ကွဲသံကြီးသည် တည်နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ တိုက်ပွဲစင်မြင့်နား အထက်ရှိ တည်နေရာတစ်ခုလုံးပင်လျှင် အက်ကွဲလျက်ရှိနေ၏။

ကြီးမားလှသော ရွှေရောင် လက်သီးကြီးနှင့် ကောင်းကင်နီဓား ခုတ်ပိုင်းချက်တို ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ ကြည့်ရှုနေသူများသည် အသက်ကိုပင် ကောင်းကောင်း မရှူရဲတော့ချေ။

ဤကဲ့သို့ တိုက်ခိုက်ရေး အဆင့်သည် တိုက်ပွဲ စင်မြင့်တိုင်းတွင် အဆင့်နိမ့် သိုင်းဘုရင် များ ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ အလွန်တရာ အားကောင်းလှသော တိုက်ခိုက်ချက် နှစ်ခုသည် တစ်ခုနှင့် တစ်ခု ပျက်ပျယ်သွားပြီးသည့် နောက်မှာတော့ ကျောက်စင်မြင့်ကြီး တစ်ခုလုံးပင်လျှင် ယမ်းခါနေသည်။

ကျောင်းတာ့ကျွမ့်သည် အနောက်သို့ လျှင်လျှင်မြန်မြန် ဆုတ်လိုက်ပြီးသည့်နောက်မှာတော့ သူ ဖန်တီးခဲ့ စိန်လုံးကြီးသည်လည်း ပျောက်ကွယ်သွား၏။

ရှောင်ကျီမှာတော့ အနောက်သို့ ဆုတ်ခွာသွားရသည် ဆိုလျှင်တောင်မှ ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်ရခြင်း ဖြစ်သည်။ ဤအရာသည်မှာလည်း ရှေ့သို့ တိုးရန် အားယူလိုက်ခြင်း ဖြစ်တော့သည်။

ဝူး

ပူလောင်လှသော မီးတောက်များအားလုံးသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက် ဓားခုတ်ပိုင်းချက်တစ်ခု သည် ထပ်မံ ဖြစ်တည်လာခဲ့၏။

"ထပ်ပြီး တိုက်ခိုက်တာလား"

မြို့တော်ဝန်ဟန်သည် တုန်လှုပ်သွားမိ၏။ မီးဓာတ် အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်သည် အလွန်တရာ အားကောင်းလှသည် ဆိုသော်လည်း ထိုသိုသော အရာကို ထုတ်ဖော်ရန်အတွင် စိတ်ဝိညာဉ် စွမ်းအင်များမှာ အလွန်တရာ ကုန်ခမ်းလှသည်။

“ကောင်းကင်နီဓား ခုတ်ပိုင်းချက်။” ရှောင်ကျီက အော်ဟစ်လိုက်တော့သည်။

ကောင်းကင်နီဓားခုတ်ပိုင်းချက်တစ်ခုသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ပွဲကြည့်စင်နား အနီးတစ်ဝိုက်တွင် များပြားလှသည့် အပူလှိုင်းများပင် ဖြစ်တည်လာခဲ့၏။

ကျောင်းတာ့ကျွမ့်၏ မျက်လုံးများသည် လေးနက်သွားသည်။

သူသည် ချက်ချင်းပဲ လက်ကို ဆုတ်ထုတ်လိုက်တော့ ရွှေရောင် အလင်းတန်းတစ်ခုနှင့် ဖန်တီးလိုက်သော အကာအကွယ်တစ်ခုသည် သူ၏ ရှေ့တွင် ဖြစ်တည်ခဲ့၏။

ဘုန်း

ကောင်းကင်နီဓားကွက်သည် အတားအစီး အစီအရင်အား ချိုးဖြတ်လိုက်သည်။

အတားအဆီး အစီအရင်တစ်ခုလုံးသည် ကွဲကြေသွားသည် မဟုတ်လျှင်တောင်မှ သေးငယ်လှသော အက်ကွဲကြောင်းများ ဖြစ်တည်လာတော့၏။

ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် ရုတ်တရက်ဖြင့် သူ၏ လက်ကို မြှောက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“မြေကွဲ လက်သီး။”

ဘုန်း ဘုန်း ဘုန်း။

ဟူး ဟူး။

ကြမ်းတမ်းလှသော အားအင်လှိုင်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အောက်ခြေရှိ ကျောက်ပြားများ အားလုံးသည်လည်း အမှုန့်ပင် ဖြစ်သွားခဲ့တော့သည်။

တည်နေရာတစ်ခုလုံးတွင် ကျောက်မှုန်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ပုံရိပ်ယောင် မြင်ကွင်းမှတစ်ဆင့် ကြည့်ရှုနေကြသော လူများအားလုံးသည် တိုက်ပွဲ စင်မြင့်ကို သေသေချာချာပင် မမြင်ရတော့ချေ။

ကြည့်ရှုနေသူများအားလုံးမှာလည်း ဆွံ့အလျက်ရှိသည်။

ရှောင်ကျီ၏ လက်သီးချက်သည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် အကြိမ်မည်မျှ ထိုးနှက်နေသည်ဖြစ်ကြောင်းကို သူတို့ သေချာမဆုံးဖြတ်နိုင်တော့ချေ။

ကောင်းကင်တစ်ခုလုံးတွင်လည်း လေ‌များ တိုက်ခတ်နေပြီး ဖုန်လုံးများဖြင့် တစ်ဟူးဟူး ဖြစ်လျက် ရှိနေသည်။

အရာအားလုံး ရှင်းလင်းနေပြီးနောက်မှာတော့ ကြည့်ရှုနေသူများအားလုံးသည် မျက်လုံး ပြူးသွားကြသည်။

၎င်းတို့၏ မျက်လုံးထဲမှာတော့ ကျောင်းတာ့ကျွမ့်၏ ရွှေရောင်လက်သီးကြီးသည် ပျက်စီးသွားခဲ့ပြီဆိုသော်လည်း ကျောင်းတာ့ကျွမ့်၏ ခန္ဓာကိုယ်ရှေ့ရှိ ရွှေရောင် အတားအဆီးကြီးသည် တည်ရှိနေတုန်းပင်ဖြစ်ပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လျက်ရှိ၏။ ပြိုလဲ မသွားခဲ့ချေ။

သို့ပေမဲ့ ၎င်းသည် တိုက်ခိုက်ရေး စင်မြင့်၏ အပြင်ဘက်ဆီသို့ ရောက်ရှိလျက်ရှိနေတော့သည်။

တိုက်ပွဲစင်မြင့်၏ စည်းထဲတွင် ရှိနေသော ရှောင်ကျီသည် ကိုယ်တစ်ပိုင်းကို ကုန်းကာ ဖြင့် အသက်ကို မောကြီးပန်းကြီးဖြင့် ရှူ‌နေရ၏။

ရုတ်တရက် ဆိုသလိုပဲ ကျောင်းတာ့ကျွမ့်၏ အရှေ့ရှိ ရွှေရောင်အတားအဆီးသည် ပြိုလဲသွားရတော့သည်။ သူသည်လည်း အရှေ့ဘက်သို့ ကွေးညွတ်ကာ အသက်ကို မောကြီးပန်းကြီး ရှူနေတော့သည်။

သူ၏ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နက်နေပြီး နာကျည်းနေမှုများကိုလည်း ထင်ပေါ်နေ၏။

"သံမဏိ လက်သီးဂိုဏ်း ထွက်ပြီ …. အနိုင်ရရှိသည့်ဂိုဏ်း ပြိုင်စံရှားဂိုဏ်း"

အချိန်အတော်ကြာပြီးသည့်နောက် ဒိုင်လူကြီး၏ ကျယ်လောင်လှသည့် အော်သံသည် တည်နေရာတစ်ခုလုံးသို ပျံ့နှံ့သွား၏။

ရှောင်ကျီသည် မြေပေါ်တွင် ထိုင်ချလိုက်ပြီး ကျောင်းတာ့ကျွမ့်ကို ပြုံးပြလိုက်သည်။ "အခွင့်အရေးရှိသေးတယ်ဆိုရင် ကျုပ်တို့ထပ်ပြီး တိုက်ခိုက်ကြရအောင်"

All Chapters