အခန်း (၂၄၅)
Vol. 17 Ch. 245
ရလဒ်အနေဖြင့် သတင်းများက ဗဟိုသူတော်စင်အကယ်ဒမီသို့ရောက်လာခဲ့၏။ ရွှမ်ယီ၏ တပည့်များက သတင်းရောင်းသူများထံမှ ရရှိခဲ့သူ့ ပုံရိပ်ကျောက်တုံးအား ကိုင်ဆောင်ကာ ရွှမ်ယီထံ အပြေးရောက်လာခဲ့ကြသည်။
“ ဆရာ.. ဓားရူးက ဆရာ့ကို မြစ်ဒေသမှ တိုက်ခိုက်ဖို့ စိန်ခေါ်နေတယ်…”
ရှောင်ဟောင်က ရွှမ်ယီအားပြောလိုက်၏။
ရွှမ်ယီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပုံရိပ်ကျောက်တုံးအား ယူကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။
“ ဓားရူးက ငါ့ခွန်အားကို မေးခွန်းထုတ်ခဲ့ပြီးတော့.. ချီဂျီအန်း တောင်မှာ တိုက်ခိုက်ဖို့စိန်ခေါ်နေတယ်…”
ပုံရိပ်ကျောက်တုံးအတွင်း ချီဂျီအန်းတောင်အား ဓားတစ်လျက်ဖြင့် ချောမွတ်နေအောင် ပိုင်းဖြတ်ထားခဲ့သည်။
ထို့အပြင် ဓားစွမ်းအားက မိုင်ပေါင်းများစွာတိုင်အောင် ရောက်နေခဲ့ပြီး ၎င်း၏ အစွမ်းက အနည်းငယ်ထူးခြားဟန်ရ၏။
သို့သော် ရွှမ်ယီအမြင်တွင် ၎င်းက ဘာမျှမဟုတ်ပေ။
ဓားရူး၏ စွမ်းအားက လူသားဘုရင်အစောပိုင်း အထွတ်အထိပ်အဆင့်၌သာရှိသေးသည်။ တစ်ဖက်တွင် သူ၏ စွမ်းအားကမူ လူသားဘုရင် အထွတ်အထိပ်အဆင့်နား ကပ်နေချေပြီ။
“ ဆရာ ဘယ်လိုဆက်လုပ်ဖို့ စိတ်ကူးထားလဲ…”
တပည့်များအနေဖြင့် ရွှမ်းယီ၏ စွမ်းအားကို အတိအကျမသိသိတိုင် အကြမ်းဖျင်းနားလည်ထားကြ၏။
ယခုတွင် ဓားရူးက လ၀က်နေလျှင် မြစ်ဒေသ၌ တိုက်ခိုက်ရန်စိန်ခေါ်ထားသည်။
သူတို့ဆရာ ဘာဆက်လုပ်မည်နည်း…
“ သူက လူပျက်တစ်ယောက်သာသာပါဘဲ… လွှတ်ထားလိုက်…”
“ ပြီးတော့ ကောလဟာလတွေ ၊ အတင်းအဖျင်းတွေကို လိုက်ဂရုစိုက်မနေနဲ့… မင်းတို့ ခွန်အားက လူတိုင်းကို ပါးစပ်ပိတ်စေနိုင်တဲ့အထိ သန်မာနေရင် ဘာမှဂရုစိုက်နေစရာမလိုဘူး…”
ရွှမ်ယီက အသာအယာပြောလိုက်ပြီး ပုံရိပ်ကျောက်တုံးအား ပြန်ပေးလိုက်ကာ အနည်းငယ်ခေါင်းယမ်းလိုက်၏။
အစောပိုင်းလူသားဘုရင်အဆင့်လောက်က သူ့အနေဖြင့် ဓားတစ်ချက် ယမ်းလိုက်ရုံသာ။ သို့သော် သူ၏ ခွန်အားက လူတိုင်းအတွက် အာရုံစိုက်စရာဖြစ်သွားပေလိမ့်မည်။
အစစ်အမှန်သန်မာသူများနေဖြင့် အရာအားလုံးကို ဖြေရှင်းရန် ဓားတစ်ချက်သာလိုအပ်၏။
ထို့အပြင် ဖြစ်စဉ် အစမှအဆုံးထိ သူက မူလဘုရင်အဆင့်ဇယားအား အနည်းငယ်မျှ ဂရုစိုက်ခဲ့ခြင်းမရှိပေ။
ယုလင်းလုံသာလာမပြောလျှင် ထိုစာရင်းထဲ၌ ပါနေမှန်းပင် သိမည်မဟုတ်ချေ။
ဓားရူး၏ စကားများကရော…?
ရွှမ်ယီအနေဖြင့် အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း…?
၎င်း၏ စကားက အမိန့်ပေလာ…?
အင်ပါယာတစ်ပါး၏ အမိန့်တစ်ခုမို့လား…?
သူက ဒီလိုလုပ်စေချင်တိုင်း အတိအကျ လိုက်လုပ်ပေးရမည်လား..?
ရွှမ်ယီအနေဖြင့် ထိုသို့သော လူမျိုးအား ဂရုစိုက်ရန်ပျင်းလွန်းလှ၏။
ရွှမ်ယီ၏ တပည့်များက ဆရာဖြစ်သူ၏ သဘောထားအား နားလည်ပေသည်။
ရွှမ်ယီနှင့် အချိန်အတော်ကြာ အနီးကပ်ရှိနေခဲ့ကြပြီးနောက် သူ၏ အကျင့်စရိုက်များနှင့် ရင်းနှီးနေချေပြီ။
“ ဆရာရဲ့ တာအိုက စိတ်ရှည်သည်းခံနိုင်စွမ်းကြီးမားတာဘဲ… မလိုအပ်တဲ့ ပြင်ပကိစ္စတွေကြောင့် စိတ်အနှောက်အယှက် နည်းနည်းမှမဖြစ်ဘူး…”
မင်ယွဲ့ရှုက တောက်ပသော မျက်၀န်းများဖြင့် သက်ပြင်းချလိုက်၏။ ဤကိစ္စမှတဆင့် ရွှမ်ယီ၏ ဂရုမစိုက်တတ်သော အကျင့်စရိုက်နှင့် ခိုင်မာသော နှလုံးသားကို မြင်နိုင်ပေသည်။ ရွှမ်ယီနေရာ၌ သူမသာဆိုလျှင် ဤမျှ တည်ငြိမ်နေနိုင်မည်မဟုတ်ပေ။
“ ဆရာရွှမ်လို အားကောင်းတဲ့ ဓားနှလုံးသားမျိုးပိုင်ဆိုင်ထားမှ ပြိုင်ဘက်ကင်း အင်မော်တယ်ဓားတာအိုကို ကျင့်ကြံနိုင်လိမ့်မယ်…”
ကျန်းချန်က လေးစားမှုအပြည့်ဖြင့် ရေရွတ်လိုက်၏။
……
လဝက်ခန့်ကြာပြီးနောက်
မြစ်ဒေသတွင် လူများအလွန်စည်ကားလျက်ရှိနေပြီး ချီဂျီအန်း တောင်၏ပတ်ဝန်းကျင် မြစ်ကမ်းစပ်၌ လူများပြည့်ကျပ်နေခဲ့သည်။
သူတော်စင်ဒေသမှ အင်အားစုကြီးများသာမက ထိပ်တန်းဒေသ (၁၀) ခုအတွင်းမှ လူများစွာတို့လည်းရောက်လာခဲ့၏။
တောင်ပိုင်းတိုက်ကြီးမှ အင်အားစုကြီးတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။
ရွှစ်…
ဓါးအလင်းတစ်ခုထွက်ပေါ်လာပြီး လေကိုခွင်းကာ ချီဂျီအန်း တောင်ထိပ်သို့ ပြင်းထန်စွာ ရောက်ရှိလာသည်။၎င်းက ချီဂျီအန်း တောင်ထိပ်သို့ ရောက်သွားသောအခါ တောင်တစ်ခုလုံးတုန်ခါသွားပြီး အလွန်ကြီးစိုးနိုင်စွမ်းရှိသော ဓါးရည်ရွယ်ချက် စွမ်းအားတစ်ခုက ကောင်းကင်ထက်သို့ ပြေးတက်သွားကာ ကောင်းကင်နှင့်မြေကြီးအား လှုပ်ခါသွားစေ၏။
ထိုလူက ဓါးရူး ဖြစ်သည်။
သူ၏မျက်ဝန်းများက အလွန်ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး အစောပိုင်းလူသားဘုရင်အဆင့် စွမ်းအား အရှိန်အဝါက ပြင်းထန်စွာထွက်ပေါ်နေကာ လေများအားပြင်းထန်စွာ တိုက်ခိုက်စေလျက် သူ၏ဆံပင်များက လွင့်ပျံနေခဲ့သည်။
ဓါးရူး က တိုက်ပွဲကွင်းပြင်အတွင်းသို့ ထည်ဝါစွာ ဝင်ရောက်လာခဲ့ချေပြီ။
“ရွှမ်ယီ… မြန်မြန်တိုက်ကြစို့…”
ဘုန်း…
သူ၏စကားသံတွင် စိတ်ဝိညာဉ်စွမ်းအားများပါဝင်နေပြီး ၎င်းကလေနှင့်အတူ လွင့်ပါသွားကာ လူတိုင်း၏နားထဲ၌ ပီပီသသကြားလိုက်ရသည်။
မူလဘုရင်အဆင့်ဇယားမှ ထုတ်ပယ်ခံလိုက်ရသော ဓါးရူးပင်လျှင် အလွန်အစွမ်းထက်နေချေပြီ။မူလဘုရင် အဆင့်ဇယားမှ တစ်ခြားသန်မာသည့်လူများတွင် မည်သို့သော စွမ်းအားများ ရှိနေမည်နည်း။
ရွှမ်ယီက မူလဘုရင်အဆင့်ဇယားတွင် နံပါတ် (၁) ဖြစ်၏။
လူတိုင်းက မျှော်လင့်ချက်များဖြင့် ချီဂျီအန်း တောင်တိုက်ပွဲကွင်းပြင်သို့ လှမ်းကြည့်နေကြသည်။
ဓါးရူး က ထိုနေရာသို့ ရောက်ရှိနေချေပြီ။
ထိုသို့ဆိုလျှင် ရွှမ်ယီ ကရော အဘယ်မှာနည်း။
လူတိုင်း စောင့်မျှော်နေကြ၏။သို့သော် မနက်ပိုင်းမှ နေ့လည်အချိန်သို့ ရောက်လာသောအခါ ၎င်းတို့၏ စိတ်အားထက်သန်မှုများ အနည်းငယ် လျော့ကျလာခဲ့သည်။
နေ့ခင်းမှ ညသို့ ပြောင်းသွားသော အခါ လူတိုင်းထိတ်လန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် သံသယ များဖြင့် တီးတိုးပြောဆိုနေကြတော့သည်။
နောက်တစ်ရက် မနက်မိုးလင်းသွားပြီး ရွှမ်ယီ ပေါ်မလာခဲ့ပဲ ချီဂျီအန်း တောင် တိုက်ပွဲကွင်းပြင်တွင် ဓါးရူး တစ်ယောက်ထဲသာ ရှိနေခဲ့သည်။
ရွှမ်ယီ ရောက်မလာခဲ့ချေ။
လူတိုင်း တစ်ရက်လုံးလုံး စောင့်နေခဲ့ကြသော်လည်း ရွှမ်ယီ ၏အရိပ်အယောင် ကိုပင် မတွေ့ခဲ့ရပေ။
“ဟမ့်…”
ဓါးရူး က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အမူအယာက အလွန် ရုပ်ဆိုးနေခဲ့သည်။
သူက လူတိုင်းရှေ့မှောက်တွင် ရွှမ်ယီ အားတိုက်ခိုက်ရန် ချိန်းဆိုခဲ့ပြီးဖြစ်ကာ ချီဂျီအန်း တောင်ထိပ်၌ လေအေးတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံလျက် တစ်ရက်လုံး ရပ်စောင့်နေခဲ့သည်။သို့သော် ရွှမ်ယီ က ရောက်မလာခဲ့ချေ။
“ကြွက် တစ်ကောင်လို ပုန်းနေတာပဲ… အရမ်း စိတ်ပျက်ဖို့ကောင်းတယ်…”
ဓါးရူး က လေပေါ်မှနေပြီး ချီဂျီအန်း တောင်တိုက်ပွဲကွင်းပြင်နေရာသို့ အထင်သေးသော မျက်ဝန်းများဖြင့်ကြည့်ကာ အနည်းငယ် ခေါင်းယမ်းလိုက်သည်။ထို့နောက် ပျောက်ကွယ်သွား၏။
သူက အလွန်အထင်အမြင်သေးနေခဲ့ပုံရသည်။
ဤသို့ဖြင့် ရွှမ်ယီ က ဓါးရူး ၏ စိန်ခေါ်မှုကို လက်မခံခဲ့သည့် သတင်းက တောင်ပိုင်းတိုက်ကြီး တစ်ခွင်လုံးသို့ ပြန့်နှံ့သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုသတင်းက အလွန် လှုပ်ခတ်နိုင်စွမ်းရှိသည်။
မူလဘုရင်အဆင့်ဇယား နံပါတ် (၁) နေရာမှ ရွှမ်ယီ က ထိုနေရာနှင့် အမှန်တကယ်ထိုက်တန်မှုရှိရဲ့လား ဟူ၍ လူအများ မေးခွန်းထုတ်လာခဲ့ကြသည်။
သူ၏ စွမ်းအားက အလိမ်အညာတစ်ခုပေလော။
ထိုသို့မဟုတ်လျှင် အဘယ်ကြောင့် ဓါးရူး ၏ စိန်ခေါ်မှုအား လက်မခံဝံ့သနည်း။
ထိုသံသယ စကားသံများက ဗဟိုသူတော်စင် အကယ်ဒမီသို့တိုင်ရောက်ရှိလာခဲ့သည်။
မူလဘုရင် အဆင့်ဇယားဝင် လူဟောင်းက လက်ရှိမူလဘုရင် အဆင့်ဇယား နံပါတ် (၁) မှ လူအား တစ်ယောက်ချင်း မျှတစွာတိုက်ရန် စိန်ခေါ်ခဲ့သည်။သို့သော် ရွှမ်ယီက ထိုနေ့တွင် လုံးဝ ပေါ်လာခဲ့ခြင်းမရှိချေ။
ဓါးရူးက ချီဂျီအန်းတောင်ထိပ်၌ အေးစက်သော လေများနှင့်အတူ တစ်ရက်လုံး စောင့်ဆိုင်းနေခဲ့ရသည်။
ရွှမ်ယီက မူလဘုရင်အဆင့်ဇယားမှ နံပါတ် (၁) ဖြစ်သော်လည်း လူတိုင်း၏ အမြင်တွင် ထိုမျှ မောက်မာမနေသင့်ပေ။
ထိုအချင်းအရာက ဓါးရူး၏ မျက်နှာအား ဖြတ်ရိုက်သည် ထက်ပင် ပိုသေးသည်။ထို့အပြင် မူလဘုရင်အဆင့်ဇယား နံပါတ် (၁) ရွှမ်ယီ ၏စွမ်းအားကို မည်သူမျှ အတည်မပြုနိုင်သေးပေ။
ပြောရမည်ဆိုလျှင် သူက မည်သည့်အစွမ်းထက်ဘုရင်ကိုမဆို လူအများရှေ့တွင် အနိုင်ယူခဲ့ခြင်းမရှိသေးပေ။တစ်ခြားသော မူလဘုရင်အဆင့်မှလူတိုင်း အစွမ်းထက် ဘုရင်အဆင့်မှ ကျင့်ကြံသူများစွာကို စိန်ခေါ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းများရှိသည်။
တစ်စုံတစ်ယောက်က ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် ရွှမ်ယီ၏ အပြုအမူက ဓါးရူးကို လုံးဝဂရုမစိုက်ခြင်းဖြစ်ရမည်။ထိုသို့မဟုတ်လျှင် ရွှမ်ယီ ၏ စွမ်းအားက အတုအယောင်သာဖြစ်ပေလိမ့်မည်။
ရွှမ်ယီက လက်ရှိတွင် ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြတစ်ဦး ဖြစ်နေခဲ့ပြီး ဗဟိုသူတော်စင် အကယ်ဒမီ ကလည်း တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်း အကယ်ဒမီကြီး (၅) ခုထဲမှ တစ်ခုဖြစ်သည်။ထို့ကြောင့် အမှန်တကယ်ဆိုရမည် ဆိုလျှင် ရွှမ်ယီ က ကျော်ကြားသူတစ်ဦး ဖြစ်နေခဲ့ပြီး ၎င်း၏အထောက်အထားများက ဖုံးကွယ်ထား၍မရပေ။
တစ်ချို့လူများက အသးစိတ် စုံစမ်းစစ်ဆေးခဲ့ကြရာတွင် အရှေ့ငြိမ်းချမ်းရေး ဒေသ၌ ရွှမ်ယီ ပေါ်လာစဉ်က ၎င်း၏ကျင့်ကြံမှုက မူလဘုရင် အလယ်အဆင့်တွင်သာရှိသေးကြောင်းသိလိုက်ရသည်။
သို့သော် မူလဘုရင်အဆင့်ဇယားမှ လူတိုင်း မူလဘုရင်အဆင့်အထွတ်အထိပ် ကျင့်ကြံမှု ရှိကြသည်။
“အလယ်အလတ် မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က တကယ်ပဲ လူသားဘုရင် အစောပိုင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်ပါ့မလား…”
တစ်စုံတစ်ယောက်က မနေနိုင်ပဲ မေးခွန်းထုတ်လိုက်မိသည်။
မြစ်ဒေသသို့ ရွှမ်ယီ ရောက်မလာခြင်းက လူအများက သံသယ များကို ပိုမိုတိုးပွားလာစေခဲ့ပြီး နဂိုက နန်မင်မျှော်စင်အား ထောက်ခံသူများပင် ၎င်းတို့၏ယုံကြည်ချက်များ ယိမ်းယိုင်လာခဲ့သည်။