← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

ကလန်..

အကယ်ဒမီ ၀င်ပေါက်အပြင်သို့ရောက်လျှင် လက်တွင်းမှ ဓားရှည်အား ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်လေသည်။

“ တချို့လူတွေက အေးဆေးမနေနိုင်ဘူးပဲ… သေမင်းကို လိုက်ရှာနေကြတယ်…”

ပတ်၀န်းကျင်မှ အကြည့်များအောက်တွင် ရွှမ်ယီက သက်ပြင်းချလိုက်ပြီး ရုတ်တရက် လှုပ်ရှားလိုက်၏။

ဘုန်း…

ဓားအိမ်အတွင်းမှ ထုတ်လိုက်ပြီးနောက် ရွှမ်ယီ၏ ဓားက ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်းသွားစေသည်။

လူတိုင်း ကမ္ဘာပေါ်သို့ ကြယ်များကျရောက်လာသည့်အလား ခံစားလိုက်ရ၏။

ထိုဓားချက်က လူတိုင်းကို တစ်ဒင်္ဂ ကိုယ်နှင့် စိတ် ကင်းကွာသွားစေခဲ့သည်။

အသိပြန်၀င်လာချိန်တွင် အလွန်ထိတ်လန့်သွားကြ၏။ သူတို့ သတိလွတ်သွားသည်က အသက်ရှု (၃)ကြိမ်စာလောက်သာရှိသော်လည်း ထိုအချိန်အတွင်း ၎င်းတို့အသက်အား အကြိမ်ကြိမ်နှုတ်ယူရန် လုံလောက်သည်။

သေခြင်းနှင့် ရှင်ခြင်းအား အဆုံးအဖြတ်ပေးနိုင်သည့် အသက်ရှု(၃)ကြိမ်စာ…

အသိပြန်၀င်လာပြီးနောက် ပတ်၀န်းကျင်အား ကြည့်လိုက်ကြ၏။

သူတို့ရှေ့တွင် ကျောက်တုံးများ ၊ သစ်ပင်များ အကုန်တစ်စစီကွဲကြေနေကာ မိုင်ပေါင်းများစွာ ရှည်လျာပြီး အောက်ချေပင်မမြင်နိုင်သည့် မြောင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။

ထိုမြောင်းကြီး၏ အဆုံးတွင် ဓားရူးက ဒူးတစ်ဖက်ထောက်လျက်အနေအထားဖြင့် ရှိနေခဲ့ပြီး ၎င်း၏ အ၀တ်အစားများပျက်စီးကာ ဆံပင်များပြန့်ကျဲလျက် နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျနေ၏။

သူ့လက်ထဲမှ ဓားနက်ကြီးအား မြေကြီးတွင် ထိုးစိုက်ထားခဲ့သည်။ ဓားကိုယ်ထည်က အက်ကြောင်းများပြည့်နှက်နေ၏။

“ ရှူး…”

လူတိုင်း အသက်ပြင်းပြင်းရှိုက်လိုက်မိကြသည်။

တစ်ချိန်က မူလဘုရင်အဆင့်ဇယား၌ ရှိခဲ့သောသူ ၊ မူလဘုရင်အဆင့်၌ အရမ်းအစွမ်းထက်သော ဓားရူးတစ်ယောက် ရွှမ်ယီ၏ ဓားတစ်ချက်အောက်၌ ဒူးထောက်လိုက်ရချေပြီ။

တိုက်ပွဲကြည့်ရန်ရောက်လာသည့် ပရိတ်သတ်များ အလွန်တုန်လှုပ်သွားကြ၏။

ဗဟိုသူတော်စင်အကယ်ဒမီ၀င်ပေါက်ရှေ့တွင် အောက်ခြေပင်မမြင်ရသော မြောင်ကြီးတစ်ခုရှိနေပြီး ၎င်းအတွင်းမှ ဓားရည်ရွယ်ချက် စွမ်းအားများ ဖြာထွက်နေလေသည်။

ထိုမြောင်ကြီး၏ ဘေးနှစ်ဘက်မှ လူများ နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလိုခံစားနေရ၏။

ကြောက်မက်ဖွယ်ဓားအရှိန်အဝါက ၎င်းတို့ ခန္ဓာကိုယ်အား လာရောက်ကျီစယ်နေသလိုပင်။

သူတို့သာ ယခုနေရာထက် ရှေ့အနည်းငယ်ပိုရောက်နေပါက အရိုးပင် ကျန်ခဲ့ရန် မသေချာပေ။

လူတိုင်းရှေ့တွင် မောက်မာစွာဖြင့် ရွှမ်ယီအား အနိုင်ယူမည်ဟု ကျိန်းဝါးနေခဲ့သော ဓားရူးကမူ မြောင်းကြီး၏ တစ်ဖက်စွန်းတွင် အက်ရာများဖြင့် ဓားကြီးအားကိုင်ဆောင်ထားပြီး ဒူးထောက်လျက်သားရှိနေ၏။

ရွှမ်ယီ၏ ဓားချက်အား အနည်းငယ်မျှ တားဆီးနိုင်ခဲ့ခြင်းမရှိချေ။

နဂိုက စိတ်လှုပ်ရှားစွားဖြင့် ဓားရူးဘက်မှ အားပေးနေသူများ ဦးခေါင်းထက်မှ ရေခဲရေဖြင့်လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လူတိုင်း တိတ်ဆိတ်သွားကြ၏။

“ ရွှမ်ယီက မူလဘုရင်အလယ်အလတ်အဆင့်မှာလို့ ဘယ်ကောင်ပြောခဲ့တာလဲကွ…”

အချိန်အတန်ကြာတိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က ထအော်လိုက်၏။

ဓားရူးက ရွှမ်ယီအား စိန်ခေါ်ပြီးချိန်တွင် လူများစွာတို့က ရွှမ်ယီနှင့်ပတ်သက်ပြီး လေ့လာခဲ့ကြသည်။

တစ်စုံတစ်ယောက်က အရှေ့ငြိမ်းချမ်းရေးဒေသတွင် တိုက်ခိုက်စဉ်က ရွှမ်ယီ မူလဘုရင်အလယ်အလတ်အဆင့်၌သာရှိသေးသည်ဟု ပြောကြားခဲ့သည်။

မူလဘုရင်အလယ်အလတ်အဆင့်…

သို့သော် ယခု တိုက်ခိုက်ခဲ့သော ဓားချက်၏ စွမ်းအားကိုကြည့်လျှင် အလတ်အလတ် မူလဘုရင်အဆင့် မည်သို့ဖြစ်နိုင်မည်နည်း။

အလယ်အလတ် လူသားဘုရင်အဆင့်တစ်ယောက်ပင် ထိုသို့ထပ်တူညီစွာ ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။

“ ရွှမ်ယီ…”

ဓားကိုင်ထားသော ရွှမ်ယီအား ကြည့်နေရင်း ဝူ၀မ်တျန်၏ နှလုံးသား တုန်ခါသွားခဲ့သည်။

သူက လူသားဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မည်ဖြစ်ကာ မူလဘုရင်အဆင့်၌ အစွမ်းထက်ဆုံးလူဖြစ်၏။

သာမန်အတိုင်းဆိုလျှင် ရွှမ်ယီက ထူးခြားဟန်မရချေ။

သို့သော် ၎င်း၏ ဓားအား ဆွဲထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားခဲ့၏။

“ သူရဲ့ခွန်အားက လူသားဘုရင်အစောပိုင်းအဆင့်ကိုကျော်လွန်နေပြီ.. အလယ်အလတ် လူသားဘုရင်အဆင့်နဲ့တောင် ယှဉ်နိုင်မှာ စိုးရတယ်…”

အန်းယုတာအို၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် တာအိုတရားသံများ လွင့်ပျံနေပြီး ၎င်း၏ မျက်၀န်းများထဲတွင် တာအို၏ အနှစ်သာရများ တဖျတ်ဖျတ်လက်ကာ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူက ရွှမ်ယီကို အာရုံစိုက်လိုက်ပြီး ခွန်အားကို တွက်ဆကြည့်လိုက်၏။

“ မဟုတ်သေးဘူး… ငါ့အမြင်အရဆိုရင် အလယ်အလတ်လူသားဘုရင်အဆင့်က သူ့အကန့်အသတ်မဖြစ်နိုင်သေးဘူး….”

ထိုစကားသံထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံး အလွန်တုန်လှုပ်သွားတော့၏။

အန်းယုတာအို၏ မျက်လုံးများက ကောင်းကင်နှင့် မြေပြင်အကြားမှ လူတိုင်း၏ စွမ်းအားကို အနီးစပ်ဆုံး အကဲဖြတ်နိုင်စွမ်းရှိသည်။

ယခု ရွှမ်ယီအား ကြည့်လိုက်လျှင် သူ၏ ခွန်အားက အလယ်အလတ်မူလဘုရင်အဆင့်ထက် ပိုကြောင်း တွေ့လိုက်ရ၏။

“ မူလဘုရင်အဆင့်ဇယား နံပါတ်(၁)အဖြစ် သတ်မှတ်ခံခဲ့ရတာ အထူးအဆန်းတော့မဟုတ်ဘူးဘဲ.. ဒီလို စွမ်းအားမျိုးကို ဘယ်သူက ယှဉ်နိုင်မှာလဲ…”

ဒေါင်နင်းဟန်က အောင့်သက်သက်ပြုံးကာ ခေါင်းယမ်းပြီး ထွက်ခွာသွားတော့၏။

သူက ရွှမ်ယီ၏ ခွန်အားအပေါ် အကဲဖြတ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

အကယ်၍ ရွှမ်ယီသာ ထင်သလောက်မသန်မှာလျှင် ၀င်ရောက်နှောက်ယှက်ရန် စိတ်ကူးထား၏။

ယခုတွင်မူ ရွှမ်ယီ၏ ခွန်အားကိုမြင်ပြီးနောက် တိုက်ခိုက်လိုစိတ်များပင် ပျောက်ဆုံးသွားခဲ့လေသည်။

ထို‌ဓားချက်အား တားဆီရန် ယုံကြည်ချက်မရှိပေ။

“ ဒီကမ္ဘာပေါ်မှာ ဒီလိုလူမျိုးလဲ ရှိသေးတာလား…”

တောက်ပိုင်းတိုက်ကြီ၏ နတ်ဘုရားမလေးအဖြစ် သတ်မှတ်ခံထားရသော ယွန်အာက သူမ၏ လှပသော မျက်၀န်းလေးများဖြင့် ရွှမ်ယီအား စိုက်ကြည့်ရင် ရေရွတ်လိုက်သည်။

ရွှမ်ယီ၏ ဓားချက်က သူမနှလုံးသားထဲမှ တစ်စုံတစ်ရာအား ကျိုးပျက်သွားစေခဲ့သည်။

“ ဘယ်သူ တိုက်ခိုက်ချင်သေးလဲ…”

“ မ‌ကျေနပ်တဲ့လူရှိသေးလား…”

“ မကျေနပ်ရင် အခုချက်ချင်း လာတိုက်လို့ရတယ်… နောက်မှ ကျုပ်ကို လာပြီး ကို့ယို့ကားယားလာမလုပ်ကြနဲ့….”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့ပြီး ပတ်၀န်းကျင်အား ဝှေ့ယမ်းကြည့်ရှုလိုက်သည်။

ပွဲကြည့်‌ရန်ရောက်လာသူများ ၊ မကောင်းသောအတွေးများဖြင့်ရောက်လာသူများ အားလုံး ခေါင်းငုံ့ထားလိုက်မိကြ၏။ မည်သူမှ မျက်လုံးခြင်းမဆုံဝံ့ကြချေ။

“ ဟမ့်…”

ရွှမ်ယီက နှာခေါင်းရှုံ့လိုက်ပြီး ဒူးထောက်လျက်သားရှိနေသည့် ဓားရူးအား တစ်ချက်ကြည့်ကာ ထိုနေရာမှ ထွက်လာခဲ့၏။

သူက ကျင့်ကြံရန်ကိုသာစိတ်၀င်စားပြီး နာမည်ကျော်ကြားမှု သို့မဟုတ် မူလဘုရင်အဆင့်ဇယားကဲ့သို့အရာမျိုးအား လုံး၀စိတ်မ၀င်စားပေ။

ရွှမ်ယီ၏ ဓားချက်အားမြင်လိုက်ရပြီးနောက် ဝေဖန်နေကြသူတိုင်း ပါးစပ်များပိတ်သွားခဲ့၏။

နန်မင်မျှော်စင်၏ မူလဘုရင်အဆင့်ဇယားမှ နံပါတ်(၁) ရွှမ်ယီ…

သူနှင့် ထိုက်တန်ပေသည်။

“ ဘာလို့လဲ…”

ထိုအချိန်တွင် မြေပြင်ထက်၌ ဒူးထောက်နေခဲ့သော ဓားရူးက ရှုပ်ထွေးနေသော မျက်၀န်းများဖြင့် ကျောခိုင်းထွက်ခွာသွားသည့် ရွှမ်ယီအား မော့ကြည့်လိုက်၏။

သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူက ဓားရည်ရွယ်ချက်အား နားလည်ထားသူဖြစ်ပြီး ရွှမ်ယီ၏ တိုက်ခိုက်မှုက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားမိခဲ့၏။

သူနှစ်ပေါင်းများစွာ ပြုစုပြိုးထောင်ကာ အပတ်တကုတ်လေ့ကျင့်ခဲ့သည့် ဓားရည်ရွယ်ချက်က ရွှမ်ယီ၏ ဓားရည်ရွယ်ချက်အောင်တွင် ပြင်းထန်စွာ ဖိနှိပ်ခံခဲ့ရပြီး အနည်းငယ်မျှ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပေ။

ဒါက ဘယ်လို ဓားစွမ်းအားမျိုးလဲ…?

ဒီလို အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်ကိုရအောင် အချိန်ဘယ်လောက်တောင် ကျင့်ကြံခဲ့ရမလဲ…?

ဘယ်နည်းနဲ့မှ မူလဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်သော စွမ်းအားမျိုးမဖြစ်သင့်ပေ။

ရွှမ်ယီထွက်ခွာသွားသောလည်း ဗဟိုသူတော်စင်အကယ်ဒမီမှကျောင်းသားများနှင့် သူ၏ တပည့်များက ထွက်ခွာသွားခြင်းမရှိသေးပေ။

သိုင်းတာအိုဌာနမှ ကျောင်းသားများ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ၏။

ဆရာရွှမ်၏ ဓားရည်ရွယ်ချက်က အလွန်အစွမ်းထက်လှသည်။

ထိုအချိန်တွင် ရွှမ်ယီ၏ တပည့်များ အလွန်ဂုဏ်ယူနေကြ၏။

သူတို့ဆရာအပေါ် ယခင်ထက်ပင် ပို၍လေးစားလာခဲ့ကြသည်။

ထိုအချိန်တွင် ကျန်းချန်က ဓားရူး၏ ရေရွတ်သံကိုကြားလိုက်ရာ ရှေ့တိုးသွားလိုက်၏။

“ ဆရာရွှမ်က အဲ့ဒီဓားရည်ရွယ်ချက်စွမ်းအားမျိုး ပိုင်ဆိုင်နိုင်အောင် ဘယ်လိုကျင့်ကြံခဲ့လဲသိချင်လား…”

ဓားရူ၏ ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး ခေါင်းမော့လိုက်ပါ သွေးများစွန်းပေနေသည့် မျက်၀န်းများဖြင့် ကျန်းချန်အားကြည့်လိုက်သည်။

သူက နဂိုကတည်းက သိုင်းပညာအပေါ် ရူးသွပ်သူတစ်ဦးဖြစ်၏။

ရွှမ်ယီ၏ ဓားချက်ကိုမြင်လိုက်ရပြီးနောက် သူအလွန်မနာလိုအားကျ ဖြစ်သွားခဲ့ရသည်။

ရွှမ်ယီ မည်သို့ကျင့်ကြံခဲ့ကြောင်း အလွန်သိချင်နေ၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ၎င်းအား ရှင်းပြနိုင်သည်ဟုဆိုရာ သူအလွန်အားတက်သွားခဲ့သည်။ ကျန်းချန်အား စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်၏။

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ခမ်းလှမ်းလှမ်းသို့ ငေးကြည့်လိုက်ကာ

“ ဆရာရွှမ်က အခြေတည်ဝိညာဉ်အဆင့်မှာကတည်းက ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်လောက်ကို နားလည်ထားပြီးပြီ… အခု ဘုရင်အဆင့်ရောက်နေပြီဆိုတော့…..”

ဓားရူး အလွန်ထိတ်လန့်သွားခဲ့၏။

ဓားရည်ရွယ်ချက်က အလွန်နားလည်ရန် ခက်ခဲပြီး ဘုရင်အဆင့်ကျင့်ကြံသူများအတွက်ပင် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

သို့သော် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်မှာကတည်းက ဓားရည်ရွယ်ချက် အဆင့်(၂)ကို နားလည်နေပြီတဲ့လား…?

ယခုတွင် ဘုရင်အဆင့်ရောက်နေပြီဖြစ်ကာ အတိအကျမည်မျှတိုးတက်နေပြီမှန်း မသိနိုင်ပေ။

အသက်(၂၀)၀န်းကျင် လူငယ်တစ်ဦးက မူလဘုရင်အဆင့်အထွတ်အထိပ်ကို ရောက်နေရုံမက ဓားရည်ရွယ်ချက်ကိုလည်း ထိုမျှမြင့်မားစွာ နားလည်သဘောပေါက်ထားခဲ့သည်။

ထိုသို့သောလူအား ရှုံးနိမ့်ခဲ့ရသည်က သိပ်ပြီး ခံပြင်းစရာမရှိတော့ပေ။

ထိုလူက ကမ္ဘာကြီး၏ ကန့်သတ်ချက်များကို ချိုးဖောက်ကာ ကျော်လွန်နေသူဖြစ်၏။

သူ၏ ပထမစိန်ခေါ်မှုအား ရွှမ်ယီငြင်းပယ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။ အလကား အချိန်မဖြုန်းချင်သောကြောင့်ဖြစ်ရမည်။

“ဟားဟားဟား…”

ဓားရူးကျယ်လောင်စွာ အော်ရယ်လိုက်ပြီး အက်ရာများပြည့်နေသည့် ဓားနက်ကြီးအား ဆွဲကိုင်ကာ ကျောခိုင်း ထွက်ခွာသွားတော့၏။

…..

All Chapters