အခန်း (၂၄၉)
Vol. 17 Ch. 249
ထိုအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီ၌
ဌာနမှူး အလွန်၀မ်းသာအားရဖြင့် ရွှမ်ယီ၏ လက်အား ဆွဲကိုင်ကာ ခုံတစ်လုံး၌ ထိုင်စေလိုက်သည်။
“ ရွှမ်ယီ.. မင်းက ငါမျှော်လင့်ထားတဲ့အတိုင်း အေးဆေးအနိုင်ရခဲ့တာဘဲ…”
ဌာနမှူးအနေဖြင့် နဂိုကတည်းက ရလဒ်အား မျှော်လင့်ထားပြီးဖြစ်သည့်တိုင် ဝမ်းသာနေဆဲဖြစ်၏။
ရွှမ်ယီက မူလဘုရင်အဆင့်ဇယားတွင် တရား၀င်နံပါတ်(၁)ဖြစ်သွားပြီဖြစ်ပြီး ဗဟိုသူတော်စင်အကယ်ဒမီအား ကိုယ်စားပြုထားသူလည်းဖြစ်၏။ ဤကိစ္စများပြီးနောက် ၎င်းတို့အမည်က တောင်ပိုင်းတိုက်ကြီးတွင် မြည်ဟည်းသွားပေတော့မည်။
ဌာနမှုးက အလွန်စိတ်အားထက်သန်နေသည့် မျက်၀န်းများဖြင့် ရွှမ်ယီ၏လက်အား မလွှတ်တမ်းဆုပ်ကိုင်ထားလေသည်။
ရွှမ်ယီအား ယုံကြည်ပြီး အကယ်ဒမီတွင် နေရာပေးခဲ့ခြင်းက သူ၏ အကောင်းဆုံးသောလုပ်ဆောင်မှုဟု ဆိုရပေမည်။
ရွှမ်ယီ အနည်းငယ် မသက်မသာဖြစ်သွားပြီး အလွန်စိတ်အားထက်သန်နေသည့် ဌာနမှူးအားကြည့်ကာ ၎င်း၏ လက်အား ဆွဲဖယ်လိုက်သည်။
“ ဌာနမှုး..ကျုပ်ကို ဘာပြောစရာရှိလို့လဲ…”
ဌာနမှုးက ပြုံးလိုက်ပြီး
“ ဟီဟီး… စဉ်းစားကြည့်လိုက်ရင် မင်း အကယ်မီကိုရောက်တည်းက သိုင်းတာအို ဌာနမှာ အတန်းတစ်ကြိမ်မှ မသင်ရသေးဘူးနော်…”
ရွှမ်ယီက အလွန်အစွမ်းထက်လှသည်။
သိုင်းတာအိုဌာန၌ သူသာသင်ကြားပေးပါက ကျောင်းသားအများစု များစွာ တိုးတက်သွားပေလိမ့်မည်။
လွန်ခဲ့သော နှစ်၀က်အတွင်း ရွှမ်ယီက မှော်ဆေးတာအိုဌာန၌သာ သင်ကြားပေးခဲ့၏။
ယခုတွင် ဌာနမှူးက ရွှမ်ယီအား သိုင်းတာအိုဌာန၌ အတန်းသင်ကြားခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဌာနမှူး၏ စကားကိုကြားလျှင် ရွှမ်ယီ ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် ခေါင်းယမ်းလိုက်မိ၏။
ဌာနမှူး၏စကားက အမှန်ပင်။ အကယ်ဒမီ၌ စတင်တာ၀န်ထမ်းဆောင်ခဲ့အချိန်မှစပြီး နှစ်၀က်ကျော်အတွင်း သိုင်းတာအိုဌာန၌ တစ်ကြိမ်မှ အတန်းမဖွင့်ရသေးချေ။
သူ၏ အချိန်အများစုကို တပည့်(၆)ယောက်အတွက်သာ အသုံးပြုခဲ့၏။
“ ကောင်းပြီ.. ဒါဆို နောက်တစ်ပါတ်ကျရင် သိုင်းတာအိုဌာနမှာ တံခါးဖွင့်အတန်းတစ်ခု လုပ်လိုက်မယ်….”
…….
ရွှမ်ယီ၏ ဓါးချက်အောက်တွင် နဂိုတုန်းက ဆူညံပွတ်လောရိုက်နေသည့် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မူလဘုရင်အဆင့်ဇယား နံပါတ် (၁) ရွှမ်ယီနှင့် ပတ်သက်ပြီး မည်သူမျှ သံသယ မရှိတော့ပေ။
ဝမ်ဝူတျန်နှင့် တစ်ခြားသူများ အာလုံး ရွှမ်ယီထက် နိမ့်ကျနေခဲ့၏။
နဂိုကတည်းက ရွှမ်ယီနှင့် ပတ်သက်ပြီး ယုံကြည်ထားခဲ့ကြသူများက ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုတိုက်ပွဲက ရွှယ်ယီ၏ ခွန်အားအပြင် နန်မင်မျှော်စင်၏ တိကျမှု တရားမျှတမှုတို့နှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ နားလည်သွားကြ၏။
ဗဟိုသူတော်စင် အကယ်ဒမီတွင် သိုင်းတာအိုဌာန နှင့် မှော်ဆေးတာအိုဌာန တို့က ရွှမ်ယီ၏ ခွန်အားနှင့် ပတ်သက်ပြီး ယုံကြည်ခဲ့ကြသည်။
မှော်ဆေးတာအိုဌာနမှ ကျောင်းသားများက နဂိုကတည်းက ရွှမ်ယီ၏ အတန်းအား နားထောင်ဖူးသည်ဖြစ်ရာ ရွှမ်ယီက ထိုမျှ မရိုးရှင်းကြောင်း နားလည်ထားကြပြီး တောင်ပိုင်းတိုက်ကြီးမှ လူအများစုတို့ သံသယဝင်နေခဲ့ကြသည့်တိုင် သူတို့က အမြဲတမ်း ရွှမ်ယီအား ထောက်ခံခဲ့ကြသည်။
သိုင်းတာအိုဌာနမှ လူများကလည်း ရွှမ်ယီဘက်တွင် ရပ်တည်ခဲ့ကြသော်လည်း သူတို့စိတ်ထဲတွင် သံသယ အနည်းငယ်ရှိခဲ့ကြသေးသည်။
ရွှမ်ယီက ငယ်လွန်းသေးသောကြောင့်ဖြစ်၏။
သူတို့အတွက် ရွှမ်ယီက ဘုရင်အဆင့်ကျင့်ကြံသူဆိုသည်ကို ယုံကြည်၍ရသော်လည်း ရွှမ်ယီ၏ ခွန်အားက လူသားဘုရင်အစောပိုင်းအဆင့်နှင့် ညီမျှသည်ဟူသော ကိစ္စကို အနည်းငယ် သံသယရှိနေခဲ့ကြသေး၏။
သို့သော် ရွှမ်ယီ၏ ဓါးချက်ကို မြင်လိုက်ရသောအခါ လူတိုင်း အလွန်အံ့အားသင့်သွားခဲ့ကြသည်။
ထိုဓါးချက်အတွင်း ပါဝင်သော ဓါးရည်ရွယ်ချက်စွမ်းအားက ဓါးကျင့်ကြံသူတစ်ချို့ကို ညာဏ်အလင်းပွင့်သွားစေခဲ့သည်။
လက်ရှိအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီ ဝင်ပေါက်ရှိ ကြီးမားသောမြောင်းကြီးက သိုင်းတာအိုဌာနမှ ကျောင်းသားများအတွက် ဓါးတာအို လေ့ကျင့်ရန် အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံထားရသည်။
“ဆရာရွှမ်က ဗဟိုသူတော်စင်အကယ်ဒမီက နည်းပြဆရာမဟုတ်ဘူးလား… ဒါဆို ဘာလို့သူ့ကို တံခါးဖွင့်အတန်းတွေမှာ မတွေ့မိတာလဲ…”
အကယ်ဒမီဝင်ပေါက်ရှိ မြောင်းကြီးတွင် ကြွင်းကျန်ခဲ့သော ဓါးရည်ရွယ်ချက်စွမ်းအားမှတစ်ဆင့် ဓါးတာအိုအား နက်ရှိုင်းစွာနားလည်ရန်မလွယ်ကူပေ။ဤသို့ဖြင့် သိုင်းတာအိုဌာနမှ ကျောင်းသားများက ရွှမ်ယီ၏ တံခါးဖွင့်အတန်း အချိန်ဇယားအား ရှာဖွေခဲ့ကြသော်လည်း လုံးဝမတွေ့ရှိခဲ့ကြချေ။ထို့ကြောင့် ရွှမ်ယီအား တံခါးဖွင့်အတန်း သင်ကြားပေးရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။
ရွှမ်ယီက လွန်ခဲ့သည့်နှစ်ဝက်ကျော်ကတည်းက သိုင်းတာအိုဌာန၏ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သိုင်းတာအိုဌာနတွင် အတန်းတစ်တန်းမှ သင်ကြားခဲ့ခြင်းမရှိသေးပေ။
မှော်ဆေးတာအိုဌာနမှ ကျောင်းသားများနှင့် ရင်းနှီးသူတစ်ဦးက ၎င်းတို့ထံမှ သတင်းစကားတစ်ခု ရရှိခဲ့သည်။
ဆရာရွှမ်က လွန်ခဲ့သော နှစ်ဝက်ကျော်အတွင်း မှော်ဆေးတာအိုဌာနတွင် တံခါးဖွင့်အတန်း အနည်းငယ်သင်ကြားခဲ့၏။
ပထမဆုံး အကြိမ်အနည်းငယ်မှလွဲလျှင် ကျန်အကြိမ်များ၌ ကျောင်းသားများပြည့်နှက်နေသည်ဟုဆိုသည်။မှော်ဆေးတာအို၌ ထူးချွန်သူများဆိုလျှင် ရွှမ်ယီ၏ အတန်းမှတစ်ဆင့် အကျိုးကျေးဇူးများစွာရရှိခဲ့ပြီး အတန်းပြီးချိန်တွင် ၎င်းတို့၏ မှော်ဆေးပညာအဆင့်များ မြင့်တက်လာခဲ့ကြသည်။
ယခုအချိန်တွင် မှော်ဆေးတာအိုဌာန၌ ရွှမ်ယီ၏ တံခါးဖွင့်အတန်းက အလွန်ရှားပါးသော အခွင့်အရေးဖြစ်နေချေပြီ။
“ဆရာရွှမ်က မှော်ဆေးပညာမှာလည်း အရမ်းထူးချွန်တယ်ပေါ့…”
ထိုသတင်းအား ကြားလိုက်ရသော သိုင်းတာအိုဌာနမှ ကျောင်းသားများ အလွန်အံ့ဩသွားခဲ့ကြသည်။
မှော်ဆေးပညာ၌ ထူးချွန်သည့်ကျောင်းသားများဆိုလျှင် အတန်းပြီးချိန်တွင် ၎င်းတို့၏ အဆင့်များ မြင့်တက်သွားခဲ့ကြသည်။
သာမန်အချိန်တွင် ၎င်းတို့အတွက် ထိုကဲ့သို့ အဆင့်မြှင့်တင်နိုင်ရန် နှစ်ဝက်ခန့်ကြာမြင့်နိုင်သည်။
“ဒါက ဆရာရွှမ်ရဲ့ သင်ကြားမှုစွမ်းရည် ဘယ်လောက်ကောင်းလဲဆိုတာကို ပြနေတယ်မဟုတ်လား…”
သိုင်းတာအိုဌာနမှ ကျောင်းသားများ၏ မျက်ဝန်းများ ချက်ချင်းတောက်ပလာခဲ့သည်။
ရွှမ်ယီ၏ ယခင်တိုက်ပွဲမှတဆင့် ရွှမ်ယီ၏ခွန်အားက တောင်ပိုင်းတိုက်ကြီး၏ မူလဘုရင်အဆင့်တွင် နံပါတ် (၁) ဖြစ်ကြောင်းမည်သူမှ မငြင်းနိုင်တော့ပေ။သူ့အား မည်သူယှဉ်နိုင်မည်နည်း။
ယခုတွင် ဆရာရွှမ်၏ သင်ကြားမှုစွမ်းရည်ကလည်း ကောင်းသည်ဟု ကြားလိုက်ရလျှင် သိုင်းတာအိုဌာနမှ ကျောင်းသားများ အလွန်စိတ်အားထက်သန်လာခဲ့ကြသည်။
ရွှမ်ယီက နည်းပြဆရာအဖြစ်တာဝန်လက်ခံခဲ့ပြီး နှစ်ဝက်ကျော်အထိ အတန်းတစ်တန်းမှမသင်ကြားခဲ့ရသေးသော်လည်း မကြာမီ ထိုကိစ္စက ဖြစ်လာပေလိမ့်မည်။
ထိုနေ့တွင် ကျန်းချန် ပြောခဲ့သော စကားက အကယ်ဒမီတွင် ပျံ့နှံ့သွားခဲ့ပြီး ရွှမ်ယီက အလွန်အစွမ်းထက်သော ဓါးကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း လူတိုင်းအခိုင်အမာ ယုံကြည်နေကြ၏။
ဤသို့ဖြင့် ဓါးတာအိုကို လေ့ကျင့်သော ကျောင်းသားများက ရွှမ်ယီ အတန်းဖွင့်လာမည့်နေ့ကို နေ့တိုင်းစောင့်မျှော်နေကြ၏။
မကြာမီ ၎င်းတို့အတွက် စောင့်ဆိုင်းချိန်များ ကုန်ဆုံးသွားခဲ့ချေပြီ။
နောက်အပတ်တွင် ဆရာရွှမ်က ဓါးတာအိုအား တံခါးဖွင့်အတန်းတွင် သင်ကြားပေးတော့မည်။
လူတိုင်း၏ မျက်ဝန်းများတောက်ပလာခဲ့ပြီး နှလုံးသားထဲ၌ မျှော်လင့်ချက်များပြည့်နေကာ လက်သီးအား တင်းကျပ်စွာဆုပ်ထားမိလိုက်ကြ၏။
ဤသို့ဖြင့် သိုင်းတာအိုဌာနမှ ကျောင်းသားများ လာမည့်အပတ်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။
အစပိုင်းတွင် သူတို့က ရွှမ်ယီ၏ တပည့်ဖြစ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့မိကြ၏။ယခုတွင် ရွှမ်ယီက တံခါးဖွင့်အတန်းသင်ကြားပေးတော့မည်ဖြစ်ရာ မည်သူက လက်လွှတ်ချင်မည်နည်း။
တစ်ပတ်ကြာပြီးနောက် ရွှမ်ယီ၏ အတန်းစတင်လိုက်ချေပြီ။
ဗဟိုသူတော်စင်အကယ်ဒမီ၏ သိုင်းတာအိုဌာနမှ ကျောင်းသားအသစ်များသာမက ကျောင်းသားဟောင်းများပါ ရွှမ်ယီ အတန်းသင်ကြားမည့် နေရာသို့ အားတက်သရော ပြေးသွားနေကြသည်။
ထိုအချိန်တွင် သိုင်းတာအိုဌာနမှ မိန်းကလေးတစ်ဦးက အလွန်လှပသော မိန်းကလေးတစ်ဦး၏ လက်ကိုဆွဲပြီး
မြန်ဆန်သောခြေလှမ်းများဖြင့် လျှောက်လာနေခဲ့သည်။
“နင်ဘာဖြစ်လို့ ဒီလောက်တောင် အလျင်လိုနေတာလဲ…?”
ထိုလှပသော မိန်းကလေးက အံ့ဩစွာဖြင့်မေးလိုက်သည်။သူမတို့နှစ်ယောက်က အလွန်ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြ၏။ ယခုအချိန်တွင် ထိုသူငယ်ချင်းက သူမ၏လက်အား တင်းကျပ်စွာဆုပ်ကိုင်ပြီး တစ်နေရာသို့ ပြေးသွားနေခဲ့၏။မည်သည့်ကိစ္စများရှိနေကြောင်း သူမနားမလည်နိုင်ဖြစ်နေခဲ့သည်။
လှပသော မိန်းကလေးအား ဆွဲခေါ်လာသည့် မိန်းကလေး၏ အမည်က ဒင်းရို ဖြစ်ပြီး သူမက သူမနောက်မှ နားမလည်နိုင်စွာဖြင့် လိုက်ပါလာသည့် အချစ်ဆုံးသူငယ်ချင်းအား လှည့်ကြည့်လိုက်သည်။
လွန်ခဲ့သောတစ်ပါတ်တွင် သူမ၏အချစ်ဆုံးသူငယ်ချင်းက တံခါးပိတ်လေ့ကျင့်နေသည်ဖြစ်ရာ ရွှမ်ယီ၏ တိုက်ပွဲနှင့် လွဲချော်သွားခဲ့ရသည်။သူမက အဆင့်တစ်ဆင့် ချိုးဖျက်တက်ရောက်နိုင်သွားသော်လည်း ဆရာရွှမ်၏ ဓါးချက်ကို လူကိုယ်တိုင်မတွေ့လိုက်ရပေ။ထိုကိစ္စနှင့် ပတ်သက်ပြီး ဒင်းရို အလွန်စိတ်မကောင်းဖြစ်နေခဲ့ရ၏။
“ရီချင်… ငါ့ညီမ ချင်အာ.. ဆရာရွှမ်ရဲ့ တံခါးဖွင့်အတန်းကို ငါတို့အမြန်သွားမှဖြစ်မယ်…ငါညတုန်းကအဲ့ကို သွားခဲ့သေးတယ်… ထိုင်စရာနေရာသိပ်မများဘူး…”
ဒင်းရိုက အနည်းငယ်ခေါင်းယမ်းလိုက်ပြီး ရီချင်အား ကြည့်ကာ သက်ပြင်းချလိုက်လေသည်။သူမ၏ သူငယ်ချင်းဖြစ်သူက အရာရာတွင် ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ပြီး သူမ၏ခန္ဓာကိုယ်အချိုးအစားက အလွန်လှပကာ အသားအရည်ကလည်း ကျောက်စိမ်းရောင် သဲ့သဲ့တောက်ပနေသည်။အဓိကအနေဖြင့် သူမက ဓါးတာအိုတွင် အလွန်ထူးချွန်၏။သူမအား ဗဟိုသူတော်စင်အကယ်ဒမီ၏ နတ်ဘုရားမလေးအဖြစ် အသိအမှတ်ပြုထားကြလေသည်။
သို့သော် သူမက အမြဲတစေ လေ့ကျင့်နေခဲ့ပြီး ယခုပင် ဆရာရွှမ်၏ ဓါးတာအိုအတန်းအား လွဲချော်လုနီးပါးဖြစ်သွားခဲ့သည်။
ယခုတစ်ကြိမ် ဆရာရွှမ်၏ ဓါးတာအိုအတန်းအား လွဲချော်သွားခဲ့လျှင် သူမသူငယ်ချင်း၏ ဓါးတာအိုအပေါ် စွဲလမ်းမှုဖြင့်ဆိုပါက အလွန်အမင်းနောင်တရနေမည်ဖြစ်ကြောင်း ဒင်းရို ယုံကြည်ထားသည်။
ရီချင်က ဇဝေဇဝါ ဖြစ်နေသော်လည်း ဒင်းရို ခေါ်ဆောင်ရာနောက်သို့ အလျင်အမြန်ပြေးလိုက်လာခဲ့၏။