← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

နတ်ဘုရားနက်နဲခြင်းကုန်းမြေတိုက်ကြီးတွင် တောင်ပိုင်းတိုက်ကြီးက ကျန်တိုက်ကြီးများနှင့် အဝေးဆုံးတွင်ရှိနေပြီး စုပေါင်းအင်အားအနိမ့်ကျဆုံးလည်းဖြစ်၏။

တခြားသောတိုက်ကြီးများတွင် တောင်ပိုင်းတိုက်ကြီးမှ လူအနည်းငယ်လေးမျှသာ တွေ့နိုင်သည်။

ယခုတွင် သူက တိုက်တိုက်ဆိုင်ဆိုင်တောင်ပိုင်းတိုက်ကြီးသို့ရောက်လာပြီဖြစ်ရာ ဤအခွင့်အရေးအား လက်မလွှတ်လိုပေ။

ကွဲပြားခြားနားသည့်တိုက်ကြီးများမှ လူများနှင့်တိုက်ခိုက်ခြင်းက သူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး သူ၏ စွမ်းရည်များအား ပို၍ပြည့်စုံသွားစေနိုင်သည်။

ဤသို့ဖြင့် ယန်ဝူဒေါင်တိုက်ခိုက်ရန်ပစ်မှတ်ရှာနေစဉ် ဓားရူး၏ အမည်က တောင်ပိုင်းတိုက်ကြီးတွင် ကျော်ကြားနေချိန်နှင့် တိုက်ဆိုင်သွားသည်။

ဓားရူးအား ရွှမ်ယီက အလွယ်တကူ အနိုင်ယူခဲ့သည့်တိုင် ဓားရူးက အားနည်းသည်ဟု မဆိုလိုပေ။ မူလဘုရင်အဆင့်မှ အစွမ်းထက်ဆုံးများထဲတွင်ပါ၀င်ပြီး အဆင့်ဇယားမှ ကျန်(၉)ယောက်ထက်သာ နိမ့်ကျ၏။

ဤသို့ဖြင့် နာမည်ကြီးနေသည့် ဓားရူးအား ယန်ဝူဒေါင်လာရောက်စိန်ခေါ်ခဲ့သည်။

သို့သော် ထိုလူက တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွား၏။

ဓားရူးထံမှ မူလဘုရင်အဆင့်ဇယားအကြောင်းကြားပြီးနောက် အပြုံးတစ်ခုဖြင့် ထိုလူများအား ရှာဖွေရန် ထွက်လာခဲ့သည်။

ဓားရူး သိုင်းတစ်ကွက်ဖြင့် ထပ်မံရှုံးနိမ့်သွားသည့်သတင်းက မြစ်ဒေသမှတစ်ဆင့် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွား၏။

(၃)ရက်ကြာပြီးနောက် လူတိုင်း ထိုသတင်းအား မတုံ့ပြန်နိုင်သေးမီ ဇောင်မိသားစုတည်ရှိရာဒေသမှ သတင်းတစ်ခု ထွက်ပေါ်လာပြန်သည်။

ဇောင်လီ ရှုံးနိမ့်သွားခဲ့၏။

ထိုသတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအား လှုပ်ခါသွားစေသည်။

ဇောင်လီက ရှေးဟောင်းမိသားစုတစ်ခုဖြစ်သည့် ဇောင်မိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်ကာ မူလဘုရင်အဆင့်၌ အလွန်သန်မာသူတစ်ဦးလည်းဖြစ်၏။

ဇောင်မိသားစုမှ မိုင်(၁၀၀)အကွာတွင် တိုက်ပွဲဆင်နွှဲခဲ့ပြီး သူ၏ အစွမ်းထက်ဆုံးလက်နက်ဖြစ်သည့် မှော်ခေါင်းလောင်းကြီးအားအသုံးပြုခဲ့သည်။

အနီးပတ်၀န်းကျင်မှလူများ သတင်းကြား၍ တိုက်ပွဲအားကြည့်ရန်ရောက်လာသောအခါ

ဇောင်လီတစ်ယောက် ဖြူဖျော့နေသောမျက်နှာနှင့် နှုတ်ခမ်းထောင့်မှသွေးများစီးကျကာ ရပ်နေသည်အား တွေ့လိုက်ရသည်။

သူ၏ လက်စွဲတော်ခေါင်းလောင်းကြီးက အစိတ်စိတ်အမွှာအမွှာဖြစ်သွားခဲ့ပြီး သူ ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့လေသည်။

‌ဇောင်လီ၏ ပြိုင်ဘက်က ထိုနေရာတွင်မရှိတော့ပေ။

တိုက်ပွဲကွင်းပြင်အားကြည့်လိုက်လျှက် မြေပြင်၌ ဆန့်တန်းတည်ရှိနေသော ချောက်နက်တစ်ခုကိုသာ တွေ့လိုက်ရပြီး ပြိုင်ဘက်က တစ်ချက်တည်းဖြင့် အဆုံးသတ်ခဲ့သည်မှာထင်ရှား၏။

ထိုချောက်ကြီးက လှံဖြင့် တိုက်ခိုက်ရာမှ ထွက်ပေါ်လာဟန်ရပြီး တစ်ချက်တည်းဖြင့် ဇောင်လီ၏ ခေါင်းလောင်းအားပျက်စီးခဲ့စေသလို ဇောင်လီကိုလည်း ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။

ဒီလူ.. အရမ်းသန်မာလွန်းတယ်…

(၇) ရက်ကြာပြီးနောက် အင်ပါယာအဆင့် ခန္ဓာကိုယ်ကျင့်စဉ်အားကျင့်ကြံထာသည့် ဒေါင်နင်းဖန်လည်း ရှုံးနိမ့်သွားသည်။ လူပေါင်းများစွာရှေ့တွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။

ဘုန်း…

လူပေါင်းမျာစွာတို့၏ မျက်၀န်းထဲတွင် ကြောက်မက်ဖွယ် လှံတစ်စင်း၏ ပုံရိပ်တစ်ခု စွဲထင်ကျန်ခဲ့လေသည်။ ထို လှံချက်ထွက်ပေါ်လာသည့်နှင့် တစ်လောကလုံး နေ၀င်သွားသည့်အလားပင်။

လ၀က်ခန့်ကြာပြီးနောက် တာအိုတေးသံများငိုကြွေးကာ ဥပဒေသစွမ်းအားများလည်း ပြန့်ကြဲသွား၏။

တာအို၏ သားတော်အဖြစ်လူသိများသော အန်းယုတာအိုလည်း ရှုံးနိမ့်သွားလေသည်။

ဤတစ်ကြိမ်တွင် ယန်ဝူဒေါင်က စကားတစ်ခွန်းချန်ထားခဲ့၏။

“ မှတ်ထားကြ… ကျုပ်နာမည်က ယန်ဝူဒေါင်… မြောက်ပိုင်းတိုက်ကြီးရဲ့ ထက်ရှသောလှံ… လှံနတ်ဘုရားဘဲ…”

“ တောင်ပိုင်းတိုက်ကြီးက ညီအစ်ကိုတို့… ဒီတစ်ယောက်လည်း အားနည်းတယ်.. မလုံလောက်သေးဘူး….”

ဘုန်း…

ထက်ရှသောလှံဟူသည့် ဘွဲ့နာမည်က တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားလေသည်။

ထို့အပြင် ယန်ဝူဒေါင်က မူလဘုရင်အဆင့်မှ အစွမ်းထက်ဆုံးလူများကိုသာ ပစ်မှတ်ထား စိန်ခေါ်ခဲ့၏။ တောင်ပိုင်းတိုက်ကြီးမှ မူလဘုရင်အဆင့်ဇယားမှ လူများ၏ ခွန်အားကို စမ်းသပ်လိုနေသည်မှာ ထင်ရှားသည်။

ရလဒ်အနေဖြင့် တောင်ပိုင်းတိုက်ကြီးမှလူများ၏ မျက်နှာများ မဲမှောင်ပျက်ယွင်းနေချေပြီ။

တောင်ပိုင်းတိုက်ကြီး၏ မူလဘုရင်အဆင့်ဇယားမှလူများ ယန်ဝူဒေါင်၏ စိန်ခေါ်ခြင်းခံရသူများ တစ်ယောက်ပြီးတစ်ယောက် ၎င်း၏ လှံဖျားအောက်တွင် ရှုံးနိမ့်သွားခဲ့ကြသည်။

ယန်ဝူဒေါင်က အန်းယုတာအိုအား အနိုင်ယူပြီးနောက် ခွန်ဒေသသို့ ဆက်လက်ထွက်ခွာသွားပြီး ဂေါင်ဆန်ယွန်အာကို စိန်ခေါ်ခဲ့သည်။ ထို့နောက် တောင်ပိုင်းတိုက်ကြီးမှ နတ်ဘုရားမလေးအား အပြင်းအထန်ဒဏ်ရာရစေခဲ့၏။

ထိုသတင်းပျံ့နှံ့သွားပြီးနောက် လူပေါင်းများစွာတို့ ဒေါကန်သွားကြသည်။

“ ဘယ်သူမှ သူ့ကို မနိုင်တော့ဘူးလား…”

“ မြောက်ပိုင်းတိုက်ကြီးက လှံနတ်ဘုရားဆိုတဲ့လူ‌ရှေ့မှာ တောင်ပိုင်းတိုက်ကြီးရဲ့ ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်ကုန်ပြီ….”

တောင်ပိုင်းတိုက်ကြီးမှ လူပေါင်းများစွာတို့ နှလုံးသားများ လေးလံလာသည်။

အကယ်၍ ‌ယန်ဝူဒေါင်သာ တောင်ပိုင်းတိုက်ကြီးမှလူဖြစ်ပါက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပေါ်လာသည့်အတွက် လူတိုင်း၀မ်းသာပေးကြမည်သာ။ ယခုတွင် ထိုသို့မဟုတ်ပေ။ ထိုလူရှေ့၌ တောင်ပိုင်းတိုက်ကြီးမှလူများက နိမ့်ကျနေသယောင်ဖြစ်နေပြီး အရှက်ခွဲခံနေရသည့်အလား ခံစားနေရ၏။

၀မ်နည်းစရာကောင်းသည်က ယခုအချိန်ထိ ထိုလူအား မည်သူမှ မတားဆီးနိုင်သေးချေ။

“ ဝူ၀မ်တျန်.. ဝူဒေသက သိုင်းနတ်ဘုရား… ရွှမ်ယီပေါ်မလာခင် မူလဘုရင်အဆင့်မှာ သူက အစွမ်းထက်ဆုံးဘဲ… ယန်ဝူဒေါင်ရဲ့ တောက်ပမှုကို သူအဆုံးသတ်ပေးနိုင်လောက်မယ်…”

“ ဝူ၀မ်တျန်က ယန်ဝူဒေါင်ကို စိန်ခေါ်လိုက်ပြီတဲ့… နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာပြီ…”

ထိုသတင်းအားကြားလိုက်လျှင် လူတိုင်း ပျော်ရွှင်၀မ်းမြောက်သွားပြီး အားရပါးရရယ်မောလိုက်ကြ၏။

“ ဟားဟားဟား… ယန်ဝူဒေါင်က အစွမ်းထက်တာမှန်ပေမယ့် သိုင်းနတ်ဘုရားက လူသားဘုရင်အဆင့်ကို ချိုးဖျက်လုနီးပါးဖြစ်နေပြီလို့ကြားတယ်… သူ့ ခွန်အားက အစောပိုင်းလူသားဘုရင်အဆင့်ထက် ကျော်လွန်နေပြီ…. ယန်ဝူဒေါင်ကို သူ အဆုံးသတ်ပေးလိမ့်မယ်….”

“ နောက်(၃)ရက်နေရင် ကျားနဲ့ နဂါးကြားက တိုက်ပွဲကြီးလာတော့မယ်…”

(၃)ရက်ကြာပြီးနောက်

ယန်ဝူဒေါင်က ချိန်းဆိုထားသည့်နေရာသို့ ရောက်လာခဲ့သည်။

ဘုန်း…

ရောက်လာပြီးနောက် သူ့အားစောင့်နေသော ၀မ်ဝူတျန်ကိုတွေ့လိုက်သည်။ ထိုလူ၏ စွမ်းအားအထက်အကျများက လူသားဘုရင်အဆင့်သို့ ချိုးဖျက်လုနီးပါးဖြစ်နေ‌၏။

ယန်ဝူဒေါင် အနည်းငယ်လေးနက်သွားပြီး ၀မ်ဝူတျန်အား တည်ငြိမ်စွာကြည့်လိုက်၏။

“ မင်းက တခြား‌လူတွေထက် နည်းနည်းပိုပြီးအစွမ်းထက်ပေမယ့်… ငါ့ရဲ့တိုက်ခိုက်မှုကို တကယ်ပဲ ခုခံနိုင်မယ်လို့ ယုံကြည်နေတာလား….”

ထိုစကားအားကြားလျှင် ၀မ်ဝူတျန် ရယ်လိုက်သည်။ သူ၏ ကျင့်ကြံမှုက မူလဘုရင်အဆင့်၏ အမြင့်ဆုံးသို့ရောက်နေပြီဖြစ်ပြီး မူလဘုရင်အဆင့်ဇယားမှ ကျန်သူများထက် သာလွန်ပေသည်။

ရွှမ်ယီမှလွဲပြီး အစွမ်းထက်ဆုံးဖြစ်၏။

“ လာ….”

၀မ်ဝူတျန်ရန် တိုက်ခိုက်ရန်အနေအထားပြောင်းလိုက်ကာ သူ့လက်အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်း စုစည်းလာပြီး ကောင်းကင်နှင့်မြေပြင်က သူ၏ ထိန်းချုပ်မှုအောက် ရောက်သွားသလိုပင်။

ပတ်၀န်းကျင်မှလူများက ထိုမြင်ကွင်းအား တောက်ပသော မျက်၀န်းများဖြင့် ကြည့်နေကြ၏။

၀မ်ဝူတျန်၏ လှုပ်ရှားမှုတွင် အမျိုးမျိုးသော သိုင်းပညာရပ်များ ပေါင်းစပ်ပါ၀င်နေသည်။

ယန်ဝူဒေါင် မည့်သို့လှုပ်ရှားပါစေ သိုင်းနတ်ဘုရားရာ ပြန်လည်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေ၏။

“ ကောင်းတယ်…”

ယန်ဝူဒေါင်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး ခေါင်းတစ်ချက်ညိတ်လိုက်ကာ သူ၏ နောက်ကျောမှလှံအား ဆွဲထုတ်လိုက်သည်။

လှံအား ဆွဲထုတ်လိုက်သည်နှင့် လျှပ်စီးများ လက်လာခဲ့ပြီး ကောင်းကင်ထက်၌ တိမ်မည်းများဖြစ်ပေါ်လာကာ တိမ်တိုက်များအကြား မိုးကြိုးနဂါးကြီးများ ထွက်ပေါ်လာ၏။

မိုးခြိမ်းသံများက မိုင်ထောင်ချီတိုင်အောင် ပျံ့နှံ့သွားသည်။

တောက်ပနေသော ကောင်းကင်ကြီးက ချက်ချင်းအလင်းပျောက်သွားပြီး မှောင်ပိန်းသွား၏။

ဘုန်း…

လျှပ်စီးတစ်ချက် လက်လိုက်လျှင် ပတ်၀န်းကျင်မှ လူများ အလွန်ထိတ်လန့်သွားသည်။

လူတိုင်း အသိပြန်လည်လာချိန် ပတ်၀န်းကျင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

တိုက်ပွဲကွင်းပြင်၌ ၀မ်ဝူတျန်၏ ခန္ဓာကိုယ်က မီးလောင်ထားသည့်အလားဖြစ်နေပြီး သွေးများလည်းစီးကျနေသည်။

သူ၏ မျက်နှာက ဖြူဖျော့နေပြီး မယုံကြည်နိုင်စွာဖြင့် ရှေ့သို့ ငေးကြည့်နေမိသည်။

သူ သိသိသာသာရှုံးနိမ့်သွားချေပြီ။

ထိုတိုက်ခိုက်မှုက ကာကွယ်ရန် သူ၏ သိုင်းပညာကို ထုတ်ဖော်အသုံးပြုခဲ့သော်လည်း အကြွင်းမဲ့ခွန်အား၏ရှေ့တွင် သူ၏ လှုပ်ရှားမှုများ သိုင်းပညာများက အသုံးမ၀င်တော့ပေ။

ယန်ဝူဒေါင်‌က ဒုတိယတစ်ကြိမ်တိုက်ခိုက်စရာပင်မလိုဘဲ သူ ရှုံးနိမ့်သွား၏။

All Chapters