← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

ယခုအချိန်တွင် ရွှမ်ယီက ပုံမှန်ကဲ့သို့ လေဟာနယ်အားဖြတ်သန်းမသွားဘဲ မည့်သည့်ဒေသသို့ခရီးထွက်ရင်ကောင်းမလဲ စဉ်းစားရင်း ပုံမှန်အတိုင်းလမ်းလျှောက်လာ၏။

ယခုအချိန်တွင် သူ၏စိတ်က ကြည်လင်ရွှင်ပြနေပေသည်။

ဤသို့ဖြင့် တဖြည်းဖြည်း အကယ်ဒမီ၀င်ပေါက်သို့ရောက်လာ၏။

ဘန်း…

အချိန်စူးရှ ထက်မြိသည့်အချိန်အဝါတစ်ခု ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်တွင် ၎င်းအား မည်သည့်အရာမှ မတားဆီးနိုင်သလိုပင်။ ထို့နောက် ကျယ်လောင်သောအသံတစ်ခုဖြစ်ပေါ်လာပြီး အကယ်ဒမီ ၀င်ပေါက်ရှေ့မှ လေဟာနယ်ကွဲအက်သွားသည်။

ရွှမ်ယီ အတွေးနက်နေရာမှ ပြန်လည်သတိ၀င်လာခဲ့ပြီး မျက်မှောင်ကြုတ်ကာ ကောင်းကင်အထက်သို့မော့ကြည့်လိုက်၏။

ထိုအခါ သူ့အား စိတ်အားထက်သန်သော အမူအရာဖြင့် စိုက်ကြည့်နေသည့် ငွေဖြူရောင်လှံ‌ရှည်အားကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူက မြေပြင်ထက်သို့ဆင်းသက်လိုက်ပြီး လွန်ခဲ့သော နှစ်လက ရွှမ်ယီ၏တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မြောင်းနက်ကြီး၏ နံရံအား လက်ဝါးဖြင့်ပွတ်သပ်ထိတွေ့လိုက်သည်။

ထိုအခါ စိတ်တွင်း အလွန်၀မ်းမြောက်မိသွား၏။

ထိုလူက လူသားဘုရင်အလယ်အလတ်အဆင့် တိုက်ခိုက်နိုင်စွမ်းပိုင်ဆိုင်ထားသည့် လှံနတ်ဘုရားဟု လူသိများသော ယန်ဝူဒေါင်ပင်။

ရွှမ်ယီ၏ ဓားချက်အကြွင်းအကျန်အား ထိတွေ့ပြီးနောက် ထိုစွမ်းအားက လူသားဘုရင်အလယ်အဆင့်ထင် မနိမ့်ကျကြောင်း ခံစားမိလိုက်၏။

“ နောက်ဆုံးတော့ မမျှော်လင့်ဘဲ တောင်ပိုင်းတိုက်ကြီးမှာ ငါနဲ့ လက်ရည်တူတဲ့တစ်ယောက်တွေ့ခဲ့ပြီ… အဖြူရောင်၀တ်စုံ ၊ ဓားသဏ္ဍာန်မျက်ခုံး ၊ ပြီးတော့ ဓားရှည်တစ်ချောင်းကိုင်ဆောင်ထားတယ်… မင်းရဲ့ အသက်ရှုသံအရ မူလဘုရင်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ… ကြည့်ရတာ မင်းက မူလဘုရင်အဆင့်ဇယားက နံပါတ်(၁) ရွှမ်ယီဘဲဖြစ်မယ်…”

ယန်ဝူဒေါင်က တောက်ပသောမျက်၀န်းများဖြင့် ရွှမ်ယီအား အပေါ်အောက်စုံဆန်အကဲခတ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက အလွန်ယုံကြည်မှုရှိနေဟန်ရသည်။

“ မင်းရဲ့ ဓားချက်ကနေတဆင့် မင်းရဲ့ခွန်အားက အလယ်အလတ်လူသားဘုရင်အဆင့်ရောက်နေပြီဆိုတာ မြင်နိုင်တယ်… မဆိုးဘူး.. မဆိုးဘူး…”

သူက အလွန်ကျေနပ်နေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ အစက တောင်ပိုင်းတိုက်ကြီးမှာ ငါ့အတွက် ပြိုင်ဘက်မရှိဘူးထင်နေတာ… မမျှော်လင့်ဘဲ မင်းက အလယ်အလတ်လူသားဘုရင်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိနေတယ်… မြောက်ပိုင်းတိုက်ကြီးမှာဆိုရင်တောင် မင်းက ထိပ်တန်းမှာရှိနိုင်လိမ့်မယ်…”

ယန်ဝူဒေါင်က ရွှမ်ယီ၏ ခွန်အားကို အသိအမှတ်ပြုပြီး ချီးမြှောက်လိုက်သည်။

တိုက်ပွဲကြည့်ရန် လိုက်ပါလာသည့် လူအုပ်ကြီး အလွန်အံ့ဩသွား၏။

ရွှမ်ယီက ဓားရူးအား တစ်ချက်ထဲဖြင့် အနိုင်တိုက်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ၏ ခွန်အားက အလယ်အလတ်လူသားဘုရင်အဆင့်တွင် ရှိနေသည်။

သို့သော် ယန်ဝူဒေါင်က ယုံကြည်ချက်အပြည့်ရှိနေသော အမူအရာအားမြင်လိုက်ကြလျှင် ထိုလူ၏ ခွန်အားက အလယ်အလတ်လူသားဘုရင်အဆင့်ထက် ကျော်လွန်နေပြီး ရွှမ်ယီ ရှုံးနိမ့်သွားမည်ကို စိုးရိမ်လာကြသည်။

ယန်ဝူဒေါင်၏ ယခင်တိုက်ပွဲများအားလုံး ဒုတိယတစ်ကြိမ် တိုက်ခိုက်ရန်ပင် မလိုခဲ့ချေ။ တစ်ကွက်တည်းဖြင့် ပွဲသိမ်းခဲ့သည်ချည်းသာ။

ယန်ဝူဒေါင်၏ ခွန်အားက အလယ်အလတ်လူသားဘုရင်အဆင့်ထက် ကျော်လွန်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုသို့တွေးလိုက်မိလျှင် လူတိုင်း ရင်များ ပူလောင်လာကြ၏။

ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးမှလူများ အသိအမှတ်ပြုထားသော မူလဘုရင်အဆင့် နံပါတ်(၁)ဖြစ်ချေသည်။ သူသာရှုံးသွားပါက တောင်ပိုင်းတိုက်ကြီးမှ မူလဘုရင်အဆင့်ကျင့်ကြံသူများအားလုံး မြောက်ပိုင်းတိုက်ကြီးမှ လူတစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံရသည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။

“ မင်း ဘယ်သူလဲ…”

ရွှမ်ယီက နှောင့်ယှက်ခြင်းခံလိုက်သဖြင့် အတန်ငယ်ကျွဲမြီးတိုသွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာကြည့်နေစဉ် ထိုလူက မြောက်ပိုင်းတိုက်ကြီး ၊ တောင်ပိုင်းတိုက်ကြီး နှင့် အလယ်အလတ် လူသားဘုရင်အဆင့် တိုက်ခိုက်ရေးခွန်အားတို့အကြောင်း ပြောနေသည်ကို ကြားလိုက်ရ၏။

ရွှမ်ယီက ယန်ဝူဒေါင်၏ လှုပ်ရှားမှုများအားကြည့်လိုက်ရာ တစ်စုံတစ်ခုအား သဘောပေါက်သွားသည်။

“ မင်းက ငါ့တိုက်ခိုက်မှု အကြွင်းအကျန်ကနေပြီး ငါ့ခွန်အားကို အကဲဖြတ်ချင်နေတာလား…”

ရွှမ်ယီ ခေါင်းယမ်းပြီး အနည်းငယ်ပြုံးလိုက်သည်။

ထိုအချိန်က သူ့ စွမ်အားကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်၏။

ဓားရူးက တောင်ပိုင်းတိုက်ကြီးမှ ထူးချွန်ထက်မြက်သော ကျင့်ကြံသူတစ်ဦးဖြစ်ကာ သူ့၏ ခွန်အားကိုသိချင်သောကြောင့် စိန်ခေါ်တိုက်ခိုက်ချင်ခဲ့ရုံသာဖြစ်သည်။ သူ့အား မည်သည့်ဒေါသထွက်စရာမှမလုပ်ခဲ့ပေ။ ထို့ကြောင့် နေရင်းထိုင်ရင်း ထိုလူအား သတ်စရာအကြောင်းမရှိချေ။

ထို့ကြောင့် ၎င်းအား ချေမှုန်းရန် လုံလောက်သည့် ခွန်အားကိုသာထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်၏။ ထိုခွန်အားက အလယ်အလတ်လူသားဘုရင်အဆင်မျှ ရှိခဲ့သည်။

သူ၏ အစစ်အမှန်ခွန်အားကမူ အထွတ်အထိပ်လူသားဘုရင်အဆင့်သို့ ချဉ်းကပ်နေပြီဖြစ်၏။

ရွှမ်ယီက ထိုမြောက်ပိုင်းတိုက်ကြီးမှလာသော သူနှင့် စကားများရှည်ရှည်ဝေးဝေးပြောနေလိုခြင်းမရှိပေ။

‘ သွသူ တွေးချင်တာတွေးပြီး ပြောချင်တာပြောနေတာဘဲ.. ဒီကောင် မြောက်ပိုင်းတိုက်ကြီးကရောက်လာပြီး တောင်ပိုင်းတိုက်ကြီး မူလဘုရင်အဆင့်ဇယားကလူတွေအကုန်ကို စိန်ခေါ် အနိုင်ယူချင်နေတာလား….”

“ ကိုင်း… ငါ့ဆီက တိုက်ခိုက်မှုတစ်ခု ခံယူလိုက်.. မင်းက တောင်ပိုင်းတိုက်ကြီးက မူလဘုရင်အဆင့်ကျင့်ကြံသူတွေအားလုံးထဲမှာ ငါ့မျက်လုံးထဲ၀င်နိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောလူဘဲ… ပြီးတော့ မင်းက မူလဘုရင်အဆင့်နံပါတ်(၁)ဆိုတော့ ဒီမှာ မင်းထက် သန်မာတဲ့လူရှိတော့မယ်မထင်ဘူး… မင်းကိုအနိုင်ယူပြီးရင် မြောက်ပိုင်းတိုက်ကြီးကိုပြန်တော့မယ်….”

ယန်ဝူဒေါင်က အနည်းငယ်ပြုံးကာ သူ၏ လှံအားမြှောက်လိုက်ပြီး ရွှမ်ယီ၏ လမ်းကြောင်းအား ပိတ်ဆို့လိုက်သည်။

ရွှမ်ယီက အလွန်ယုံကြည်မှုလွန်ကဲနေသည့် ယန်ဝူဒေါင်အား မျက်ခုံးပင့်ကာကြည့်လိုက်၏။

ထိုငနဲအား သူစိတ်မရှည်တော့ချေ။

“ မင်းက မင်းလဘုရင်အဆင့်ကျင့်ကြံသူလေးဘဲ.. ငါရှေ့မှာ လာပြီးမောက်မာဖို့ ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ…”

သူက ထိုကောင်အား အလွယ်တကူနိုင်ယူနိုင်စွမ်းရှိသည်။ ဒါတောင်မှ ထိုကောင်က သူ့အား အလွယ်တကူ အနိုင်ယူနိုင်သကဲ့သို့ ပြုမူနေသည်။

ထိုကောင်က သူ၏ ကျော်ကြားမှုကို အသုံးချကာ တောင်ပိုင်းတိုက်ကြီးအား နှိမ့်ချနင်းခြေရန် ကြိုးစားနေသလော…?

ဤကိစ္စမျိုး ရွှမ်ယီ လက်မခံနိုင်ပေ။

“ ကောင်းပြီ.. မင်းရဲ့မောက်မာ‌မှုတွေ ဘယ်ကလာလဲကြည့်ရအောင်….”

ရွှမ်ယီက ယန်ဝူဒေါင်အား အေးစက်စွာစိုက်ကြည့်လိုက်၏။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး ကိုယ်စား တိုက်ခိုက်ရတော့မည်ဖြစ်ရာ ရွှမ်ယီက အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

“ မဟုတ်ဘူး.. ငါ ‌မောက်မာနေတာမဟုတ်ဘူး… ဘာလို့ဆို မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်မှာမဟုတ်လို့ဘဲ…”

ယန်ဝူဒေါင်က ရွှမ်ယီအား လေးနက်စွာစိုက်ကြည့်လိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် အနည်းငယ်ကွဲအက်သွားကာ သွေးများစီးကျလာပြီး ညာလက်အတွင်း စိမ့်၀င်သွားကာ လှံအတွင်းသို့ရောက်ရှိသွားသည်။

လှံအတွင်းသို့ သူ၏ သွေးအဆီအနှစ်၀င်ရောက်သွားသည်နှင့် ငွေဖြူရောင်လှံက ခရမ်းရောင်အဖြစ်ပြောင်းလဲသွာကာ အလွန်ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာ၏။

ရုတ်တရက် ခရမ်းရောင်လှံက အလွန်တောက်ပသွားသည်။ ယန်ဝူဒေါင်၏ မျက်ခုံးနှစ်ခုကြားမှ ခရမ်းရောင်သွေးကလည်းအလွန်တောက်ပနေပြီး သူ၏ မျက်၀န်းများက ရှေးခေတ်အစွမ်းထက်ကျင့်ကြံသူတစ်ဦးအလား ပြောင်းလဲသွားကာ ခက်ထန်ကြမ်းတမ်းဟန်များ ထွက်ပေါ်လာသည်။ ထို့နောက် အစွမ်းထက် ရှေးခေတ်ကျင့်ကြံသူတစ်ဦး၏ ပုံရိပ်ကာ သူ့ နောက်ကျောဘက်တွင် ဖြစ်ပေါ်လာ၏။

ထိုပုံရိပ်ကလည်း လှံရှည်တစ်ချောင်းကိုင်ဆွဲထားပြီး ရွှမ်ယီထံသို့ ဦးတည် တိုက်ခိုက်လိုက်သည်။

ဘုန်း…

စိတ်ဝိညာဉ်စွမ်းအင်များက မီးတောက်များအဖြစ်ပြောင်းလဲသွားပြီး ပတ်၀န်းကျင်မှ ဥပဒေသများပင် ကွဲအက်သွား၏။ ပတ်၀န်းကျင်မှ လူတိုင်းအမြင်တွင် ထိုလှံချက်က ကမ္ဘာကြီးအား ချိုးဖျက်တော့မည့်အလားပင်။

ယန်ဝူဒေါင်က ဘိုးဘေးများ၏ သွေးမျိုးဆက်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်ပေသည်။

ပြိုင်ဘက်က အလယ်အလတ်လူသားဘုရင်အဆင့်တစ်ယောက်ဆိုလျှင်တောင် အနိုင်ယူနိုင်စွမ်းရှိ၏။

ယန်ဝူဒေါင်အနေဖြင့် သူသာ ဤစွမ်းအားကို ထုတ်ဖော်အသုံးပြုလျှင် တောင်ပိုင်းတိုက်ကြီးက မည်သည့် မူလဘုရင်အဆင့်ကျင့်ကြံသူမှ ခုခံနိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။

All Chapters